စစ်သူနာပြု ကျောင်းဆင်းများရဲ့ မရေရာသော အနာဂတ်

ကျနော်တို့ဟာ “တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်” (Defence Services Institute of Nursing and Paramedical Science - DSINPS) မှ ကျောင်းဆင်းများဖြစ်ပါတယ်။ ကျနော်တို့ဟာ ၄ နှစ်တာ ပညာသင်ယူခဲ့ပြီး ကျောင်းဆင်းခဲ့သည်မှာလည်း ယခုချိန်အထိ အပတ်စဉ် (၈) ရှိပါပြီ။ ဒါပေမယ့်လည်း အခုအချိန်အထိ ကျနော်တို့ကိုယ်တိုင်ရော တပ်မတော်တခုလုံးကပါ ကျနော်တို့ကို မည်သည့်အဆင့်အတန်းမှန်း သေချာမသိကြသေးပါဘူး။ ဘာကြောင့်လဲဆို အခုထိ ကျနော်တို့ကျောင်းဆင်းများကို တိကျသေချာသော စစ်ဘက်ဆိုင်ရာ ရာထူး အခေါ်အဝေါ် မရှိသေးလို့ပါပဲ။ တိကျတဲ့ အဆင့်အတန်း သတ်မှတ်ပေးခြင်းမရှိသေးလို့ပါပဲ။

10.8သူနာပြုဆိုလျှင် သူနာပြု၊ အထက်တန်းသူနာပြု၊ သူနာပြုဆရာကြီး စသည်ဖြင့်၊ ကျန်တဲ့ ဆေးဘက်ပညာသည်များ ဆိုလျင်လည်း ကျွမ်းကျင် တတိယတန်း၊ ဒုတိယတန်း၊ ပထမတန်း စသသည်ဖြင့် အခေါ်အဝေါ်တွေပဲ ရှိပါတယ်။ ဒါတွေက အရပ်ဘက်ဆိုင်ရာ ရာထူးသတ်မှတ်ချက်များ ဖြစ်ပါတယ်။

ကျနော်တို့ ကျောင်းဆင်းများဟာ သင်တန်းကာလ ၄ နှစ်ကို အလွယ်တကူ ဖြတ်သန်းလာခြင်း မဟုတ်ပါဘူး။ နောက်ပြီး ကျောင်းဆင်းတော့လည်း ခြေလျင်တပ်စုမှူးသင်တန်း တက်ရောက်ခဲ့ရ သလို ခြေလျင်တပ်ခွဲမှူး သင်တန်းနဲ့ ခြေလျင် တပ်ရင်းမှူး သင်တန်းများကိုလည်း တက်ရောက်ရမယ်လို့ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကျောင်းဆင်းပေးခဲ့စဉ်က မိန့်ကြားထားခဲ့ပါတယ်။ အဲဒီလိုတွေလုပ် နေရပေမယ့် ကျနော်တို့ဟာ ယခုချိန်အထိ လုံးဝအသိအမှတ်ပြု မခံရသေးပါဘူး။

အဲဒီအပြင် ကျောင်းဆင်းပြီးနောက် တပ်မတော် စစ်ဆေးရုံတွေကို တာဝန်ကျတဲ့အခါတွေ ကြုံရတဲ့ ဒုက္ခအခက်အခဲများကိုလည်း ရင်ဖွင့်ချင်ပါသေးတယ်။ “မင်းတို့ဘာကောင်လဲ” ဆိုတဲ့ အမေးမျိုးကတော့ ကြားနေကြစကားသံများပဲ ဖြစ်ပါတယ်။ စစ်သည် အဆင့်အတန်းမရွေးက ပြောခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အချို့သော တပ်မှူးများကအစ ကျနော်တို့ ကျောင်းဆင်းများကို အပြန်အလှန် လေးစားမှု မပြုဘဲ အခြေအမြစ်မရှိသည့် လူများအဖြစ် ဆက်ဆံသောကြောင့် တခြားအရာရှိများ၊ တခြားအဆင့် ဆရာကြီးများကပါ နှိမ်ချဆက်ဆံတာကို ခံနေရပါတယ်။

ကျနော်တို့လည်း စစ်ဘက်တက္ကသိုလ်ကို ၄ နှစ် ကျောင်းတက်ပြီးမှ ကျောင်းဆင်းထားတဲ့ ဘွဲ့ရသူနာပြုတွေ ဖြစ်တဲ့အပြင် တော်တော်များများဟာလည်း ခြေလျင်တပ်စုမှူး သင်တန်းပြီးထားတဲ့ တပ်မတော်သားတွေပါပဲ။ အဲဒီလို ပြုမှုခံရတဲ့အတွက် စိတ်ဓာတ်များ၊ ခံယူချက်များ ပျက်ပြားကုန်ကြပါတယ်။ ဒါ့အပြင် ကျနော်တို့အတွက် နေအိမ်ခန်းများကိုလည်း တိတိကျကျ သတ်မှတ်ပေးထားခြင်းမရှိ၊ ဖြစ်သလို ထားပါတယ်။ ဘက်ပေါင်းစုံရဲ့ ဖိနှိပ်မှုတွေကိုလည်း ခံနေရတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ကျနော်တို့တွေရဲ့မျှော်လင့်ချက်တွေဟာ တစစနဲ့ပျက်သုဉ်းခဲ့ရပါတယ်။

သို့ဖြစ်ပါသောကြောင့် “တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်” ကျောင်းမှ မွေးထုတ်ပေးလိုက်သော တပ်မတော်သားသည် ဆေးပညာလောက အတွက်ပါမက နောင်အနာဂတ် ပြည်သူအကျိုး သယ်ပိုးနိုင်သော စစ်သားကောင်း တယောက်ဖြစ်နိုင်ရန်အတွက် ကျနော်တို့၏ စိတ်ဓာတ်များ၊ ကျနော်တို့၏ ပညာအရည်းအချင်းနှင့် လျှော်ညီသော ရာထူးအဆင့်အတန်းနှင့် အခွင့်အရေးများကို သက်ဆိုင်ရာ လူကြီးများအနေဖြင့် ပြုပြင်ပြောင်းလဲပေးပါရန် သတင်းပို့ မေတ္တာရပ်ခံပါတယ်။

(ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ်တွင် စစ်သူနာပြု တက္ကသိုလ်အဖြစ် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်သည်။ ၂၀၀၂ တွင် ဆေးဘက်ဆိုင်ရာ ဘာသာရပ်များပါ တိုးချဲ့သင်ကြားပေးပြီး ၂၀၀၃ တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့၊ ဆေးဘက်သိပ္ပံဆိုင်ရာ ရိုးရိုးဘွဲ့များ ပေးအပ်သည်။)
Comments (21)Add Comment
0
အားလုံးကောင်းပါတယ်
written by Naing, October 09, 2011
ရေးထားတဲ့ comment တွေကတော့ မျိုးစုံပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ Shwemykthar ရေးထားတာကမှန်ပါတယ်။
ဒါပေမယ့် လူတစ်ယောက်အတွက်တော့ ဘယ်အလုပ်ပဲလုပ်ပါထိုက်တန်တဲ့ နေရာဆိုတာရှိရတယ်။ ရာထူး ဆိုတာ
ရူးတာပါတဲ့။ ဆရာတစ်ယောက်က ပြောဘူးတယ်။ ခင်ဗျားသာ ခင်ဗျား ပညာနဲ့ မတန်တဲ့အလုပ်မျိုး ၊ ဆက်ဆံမှုမျိုးခံရ
မယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ? တခါတလေမှာ အလုပ်ထဲမှာ ကိုယ်နဲ့ တန်တဲ့နေရာကို မရတတ်ကြဘူးလေ။ ဒါပေမယ့်
အကြောင်း အမျိုးမျိုးကြောင့် လုပ်နေကြရတတ်တယ်။ အလုပ် လုပ်နေတဲ့သူတစ်ယောက်ကတော့ ဒါကိုနားလည်မှာပါ။
ဥပမာ- ခင်ဗျား အလုပ်အပေါ်မှာ ခင်ဗျားဘယ်လောက်စေတနာထားသလဲ? ကိုယ်တိုင်ရော ဘယ်လောက်နိုင်ငံ အ
တွက် ဘယ်လောက်စေတနာထားပြီး အလုပ်လုပ်ပေးဘူးသလဲ။ မိသားစု အပေါ်မှာရော စေတနာ တကယ်ထားသ
လား။ "ငါ့" ကိုယ်ငါပဲ စေတနာရှိနေတာလား လို့ ခင်ဗျားစဉ်းစားကြည့်ပါဦး။ စဉ်းစားပါနော်။ ခင်ဗျားရေးတာကို ကြို
ဆိုပါတယ်ဗျာ။smilies/smiley.gifsmilies/smiley.gif
0
...
written by xam, October 08, 2011
ဟေ့ကောင်တွေ သေချာမသိဘဲ လျှောက်ရမ်းမနေနဲ့
မင်းတို့သိထားတဲ့ အခွင့်ထူးခံတွေက စစ်တပ်ထဲမှာ သူတို့မျိုဆက်တွေ တစ်ကောင်မှမထားတော့ဘူး။
တဆိတ်ရှိ စစ်တပ်ပဲ ဆဲမနေနဲ့
သေချာလေ့လာပြီးမှပြော။
0
no
written by tookpe, October 06, 2011
အစောကြီးကတည်းက အရာရှိဖြစ်တဲ့ သင်တန်းကိုတတ်ရောပေါ့ကွာ
0
ကိုယ့်ခံစားချက်တွေ ရေးပြတာ ကောင်းပါတယ်
written by ကိုစုညီ, October 03, 2011
ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ရေးပြတာ ကောင်းပါတယ်။ ကြိုဆိုပါတယ်၊ နောင်လည်းရေးပါ၊ တပ်မတော်ထဲက ကောင်းတာရော၊ ဆိုးတာရော အမှန်အတိုင်း၊ အမြင်အတိုင်း ခံစားချက်အတိုင်းပေါ့။ ကျန်တဲ့ သူငယ်ချင်းတွေကိုလည်း ရေးခိုင်းပါ။ တကယ်တော့ တတ်မတော်သားပဲ ဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် အတူတူပါပဲ၊ အိုးမဲသုတ်ထားခံရတာကို မသိဘဲ ခွပ်နေကြမယ်ဆိုရင် အများတကာ အထင်သေးပြီး ကြက်အဆင့်ထက် မသာတဲ့လူတွေ ပဲဖြစ်မှာပါ။ နိုင်ငံခြားသား တစ်ယောက်အနေနဲ့ တွေးကြည့်ပါ ဒီကောင်တွေ အချင်ချင်း ပြေလည်အောင်မနေပဲ အာဏာရူးတွေ အိုးမဲသုတ်ပေးထားတဲ့အတိုင်း ခွပ်နေကြပါလား လို့ ကြက်အဆင့်လောက်ပဲ မြင်စရာ ရှိပါတယ်။
တပ်မတော်သားပဲ ဖြစ်ဖြစ်၊ အရပ်သားပဲ ဖြစ်ဖြစ် အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့လူ၊ တိုင်းပြည်ဘာဖြစ်ဖြစ် ကိုကောင်းစားဖို့သာအဓိက ဆိုတဲ့သူတွေ အလုပ်ဖြစ်နေတာပဲ။ စစ်သားမို့ အရပ်သားမို့ မဆိုင်ပါဘူး။ ပတ်ဝန်းကျင်ကိုသေချာကြည့်ပါ တိုင်းပြည်ဘဏ္ဌာ ခိုးစားနေကြတာ၊ ပြည်သူလူထုကို နင်းပြီး ကြီးပွားနေကြတာ စစ်သားတွေချည်းမဟုတ်ပါဘူး အရပ်သားက များပါအုံးမယ်။ ပြောချင်တာက အရပ်သားပဲဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်တဲ့အုပ်စုနဲ့၊ တိုင်းပြည်ရောင်းစားပြီး ကိုကျိုးပဲ လုပ်မယ့်အုပ်စု နှစ်မျိုးပဲ ရှိပါတယ်။
ကျနော်တို့ အရပ်သားတွေဘက်မှာတော့ ကျောင်းပြီးလို့ အသိအမှတ် မပြုခံရတာကို စာဖွဲ့ မနေကြတော့ပါဘူး။
လိုရင်းပဲ ပြောပါ့မယ်ဗျာ -
တပ်မတော်ထဲမှာ စစ်အာဏာရှင်စနစ်ကြောင့် စားရမဲ့ သောက်ရမဲ့ သားသမီး ပညာသင်မပေးနိုင်တဲ့ ဘ၀ပျက်နေတဲ့ စစ်ဗိုလ်စစ်သားတွေ အများစုကြီးရှိနေသလို၊ အရပ်သားထဲမှာလည်း အတူတူပါပဲ
တပ်ထဲမှာ လုပ်ပိုင်ခွင့်တွေရအောင်ယူ တည့်အောင်ပေါင်းပြီး ကိုယ်ကျိုးရှာ စစ်ဗိုလ်စစ်သားတွေရှိသလို၊ အရပ်သား တွေလည်း ထုနဲ့ထည်နဲ့ပါပဲ။

ကျနော်တို့ချင်း အိုးမဲတွေ ဖျက်ကြည့်ကြအောင်ပါဗျာ
ရှက်ဖို့ကောင်းပါတယ်။

ကျုပ်တို့ချင်း ပြေလည်ကြပြီဆိုရင် အာဏာရှင်အသိုင်းအ၀ိုင်း ပြေးစရာမြေမရှိပါဘူး။

ပြောပါရစေ -
တပ်မတော်သားတွေဟာ အာဏာရှင်ကိုကာကွယ်ဖို့ မိုးပေါ်က ကျလာတဲ့ မိုးကျရွေကိုယ်တွေ မဟုတ်ဘူး။
ပြည်သူလူထုထဲက မွေးလိုက်တဲ့ သားတွေ၊ အကိုတွေ၊ မောင်တွေ၊ ဦးလေးတွေ၊ သူငယ်ချင်းတွေ၊ ဘုန်းဘုန်းတို့ ဒါယကာတွေ ပါပဲ။ ပြည်သူကမွေးတဲ့ ပြည်သူတွေပါပဲ။

တပ်မတော်သားပြည်သူ၊ အရပ်သားပြည်သူ အချင်းချင်းလက်တွဲကြပါစို့
အတွင်းအပြင် ၀ိုင်းနိုင်ကြစို့၊ တယောက်တလက် ကျိုးပမ်းကြစို့
အမြင်တွေပြောင်းကြစို့

တပ်မတော်သားပြည်သူ အပေါင်းတို့ ပြည်သူကိုသာ ကာကွယ်ကြ
ပြည်သူကို ချစ်မှ ပြည်သူ့တပ်မတော်ဖြစ်မည်

ပြည်သူတပ်မတော် စိတ်ဓာတ် မွေးမြူကြ
အာဏာရှင်လက်ကိုင်ဒုတ်မှ ရုန်းထွက်ကြ
အာဏာရှင်ကိုကာကွယ်တဲ့ တိုင်းဖျက်ပြည်ဖျက် အာဏာရှင် တပ် နှင် ပြည်သူကို ချစ်သော ပြည်သူတပ်မတော်တို့ အပြီးအတိုင် လမ်းခွဲကြ။



0
သြော် စစ်တပ်
written by seven star, October 03, 2011
ရည်ရွယ်ချက်အမျိုးမျိုး၊ လူအမျိုးမျိုးပါလား။ သူတို့ကျတော့ တပ်ထဲဝင်တာနဲ့တင် လမ်းပျောက်နေပြီး ၊ တစ်ချို့ကျတော့ ဗျူဟာမှူးဖြစ်လို့တောင် အပွင့်မတင်ရသေးဘူး။ အိမ်ဆောက်ခိုင်းရတာနဲ့။ စေတနာနဲ့ လုပ်ပေးတဲ့သူရှိတာတောင် အလကားရတဲ့နွား သွားဖြဲကြည့်ချင်တဲ့ သူတွေရှိတယ်။ လောဘအတော မသတ်နိုင်တဲ့ လူတွေ။ အနာဂတ်ရဲ့ စစ်ခေါင်းဆောင် ဖြစ်လာရင်တော့ ရင်လေးစရာပဲ။
0
နောင်လာတို.စဉ်းစားပါ
written by MAT, October 02, 2011
ဗိုလ်ချုပ်အောင်ဆန်း ဖွဲ.ခဲ့တဲ့ မျိုးချစ် တပ်မတော်က မရှိတော့ဘူးကွ ... အခုဟာက တိုင်းဖျက်ပြ ည်ဖျက် အမျိုးဖျက် တပ်မတော်ဖြ စ်သွားပြီ ။
စစ်ထဲဝင်မယ် ဆိုရင် ရှိပြီးသား တိုင်းချစ်ပြ ည်ချစ်စိ တ်လေးပါ ကုန်သွားမယ် ။ ကိုယ်ကျိုး စီးပွားကို တိုင်းပြည် အရေး၊ြ ပည်သူပြည်သား အရေးထက် ပိုပြီး ကာကွယ် တတ်လာလိမ့်မယ်။ မင်း ဘယ်လောက်လော က်တော်တော်
အကပ် မရှိရင်တော့ သွားပြီပေါ့ကွာ ... သိထားဘို.က စစ်တပ်မှာ တော်စရာ တတ်စရာ မလိုဘူး-အထက်က ခိုင်းတာကို မှားမှားမှန်မှန် လုပ်နိုင်ရမယ်။ ဥပမာ -- ဘုန်းကြီးတွေကိုသ တ်ဆိုရင်သ တ်ရဲရမယ် ကိုယ်.လူ ရေ
0
ကိုယ်ချင်းစာကြပါ
written by ပြည်သူ, September 29, 2011
တပ်မတော်ထဲကို ၀င်ထားပြီးသား လူတွေမှာ ခံစားချက်တွေရှိလို့ အားလုံး သိအောင်ြေ ပာတော့လည်း စာနာရကော င်းမှန်းမသိဘူး။ သူတို့မှာ လွတ်လမ်း မရှိလို့ မလုပ်ချင်လဲ လုပ်၊ လုပ်ချင်လဲ လုပ်နေရတာကို ဘာလို့ ထပ်ပြီးနှိ မ်နေကြတာလဲ။ မှားပြီးေ ရွးချယ်မိလို့ စိတ်မကောင်ြး ဖစ်နေကြရတာေ တွကိုရော နည်းနည်းမှ မတွေးမိ ဘူးလား။ သူများအပြစ်ပဲ မြင်နေကြတယ်။ ဘယ်လို စိတ်ဓါတ်တွေနဲ့ အသက်ရှ င်နေကြတာလဲ။ ရေနစ်သူ ၀ါးကူ ထိုးသလို မလုပ်ချင်ပါနဲ့။ ကိုယ့်စိတ်ဓါ တ်ကိုယ် အရင်ပြင် ကြပါဦး။ အပြန်အလှန် ပြောနေကြလို့ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။
0
try more
written by maylikha, September 27, 2011
brother,if u love our nation,to cure our citizen soldiers. its ur own purpose.

0
ရာထူးမက်တဲ့ေ ကာင်
written by moe, September 27, 2011
သူနာပြူလု ပ်ချင်တာမှ မဟုတ်ပဲ..ရာထူး မက်ပြီး ၀င်တယ် ဆိုတာ ရေးထားတဲ့ စာကို ဖတ်ပြီးတာနဲ့ သိသာနေတယ်..
0
About Human Trust Fund
written by FREE.TALKS.GLOBAL, September 26, 2011
Is there somebody know about human trust fund?
0
...
written by yamoncho, September 26, 2011
-တွေ့ဖူးတဲ့ စစ်သူနာပြုတွေက လေးစား အထင်ကြီးစ၇ာ အ၇မ်းကောင်းပါတယ်--
0
မသနားပါဘူး
written by Shwemykthar, September 25, 2011
ဝင်ကတည်းက စိတ်ကောင်းေ စတနာေ ကာင်းနဲ့ဝင်တာမှ မဟုတ်တာ.. .စေတနာကော င်းနဲ့ ဆိုရင် အပြင်မှာလဲ လုပ်လို့ရတာပဲ။ ကျရာေ နရာမှာ စေတနာ့ဝန် ထမ်း လုပ်လို့ရတာပဲ။ အပွင့်တွေ အခက်တွေေ မျှာ်ကိုးပြီး ၀င်ကြတာကိုး၊ စိမ်းစိမ်းဆို အထင်ြ ကီးကြတာကိုး၊ ခံကြပေါ့...
0
I am so sorry
written by Senior General Than Shwe, September 25, 2011
Don't worry ...

I will figure it out..
0
မြန်မာပြည်က အိမ်ကျယ်များ
written by မောင်ဗမာ, September 24, 2011
ဘယ်စစ်တက္ကသိုလ်ကပဲ ဆင်းဆင်း စစ်ဗိုလ်ဆိုရင် တစ်ကောင်မှ မကောင်းဘူး။ ဒီပုတ်ထဲက ဒီပဲတွေ။ အချင်းချင်း အာဏာတွေပြိုင်၊ ပါဝါတွေလု။ အာဏာရလာရင် ဥပဒေ အထက်မှာေ နပြီး လက်နက် အားကိုးနဲ့ ကိုယ့်နိုင်ငံသား တွေကို အမျိုးမျိုး အနိုင်ကျင့်နေတဲ့ အိမ်ကျယ်တွေ။ တိုင်းပြည်ကို တစ်စစီ ရောင်းစားေ န ဖျက်ဆီးနေတဲ့ သူတွေချည်းပဲ။ တကယ်တန်း တိုက်ပွဲတွေ ဖြစ်တော့ ကိုယ့်တိုင်းပြည်ကို ကာကွယ်မဲ့ စစ်တိုက်မဲ့ စစ်ဗိုလ် မရှိဘူး။

အဲဒီလိုစစ်ဗိုလ်တွေ အုပ်ချုပ်နေတဲ့ ဒီတိုင်းပြည် ဘယ်တော့မှ မတိုးတက်ဘူး။ မရှိတာကို အရှိလုပ်၊ မဟုတ်တာကို အဟုတ်ပြော၊
0
ဝင်ချင်ဦးဟဲ.စစ်တပ်ထဲ။
written by ဘဘကြီး, September 23, 2011
စစ်တပ်ကို အထင်ကြိးပြီး ၀င်တာကိုးကွ။
ကုန်းတပ်က လူ. အခွင်.အရေး ချိုးဖေါက်ပြီး ၇ွာဖျက်- မုဒိန်းကျင်.- လူသတ် သမား မဟုတ်၇င် စစ်တပ်မှာ အရာ မ၀င်ဘူးကွ။
မင်းတို.လိုကောင်တွေ ဒိလိုခံ၇မျ သိမယ် .ကောင်တွေ။ မင်းတို. စစ်ဆေး၇ုံတွေက ဆေးလဲ မ၇ှိတဲ.ဆေး၇ုံေ တွပါကွာ။
0
ကော်လံ မာကော်ကြယ်ကြီးနဲ့
written by pps, September 22, 2011
ကော်လံ မာကော်ကြ ယ်ကြီးနဲ့ ။ ဘာရာထူးမ မရှိပါ။ သူတို့ကို မြင်ရတာ ဂျပန်ခေတ်က လိုပါပဲ။
0
တပ်ပြေးလုပ်
written by တောသား, September 22, 2011
တပ်ပြေးလုပ်ပြီး နိုင်ငံခြားမှာ သူနာပြုအကူ သွားလုပ်ရင် ရတယ်။ ဆရာဝန်တွေထက် အလုပ် လွယ်တယ်၊ စင်္ကာပူတို့  မလေးရှားတို့ မှာပါ။
0
Sad to hear that
written by mann, September 22, 2011
It is bad.
0
LOL
written by Burmese, September 22, 2011
Idiot dumb, you deserve that. This is your choice, no one forced you to attend that stupid course to join filthy Army.
0
အရှုး
written by ကိုဦး, September 22, 2011
လူလိုလို့ ဆွဲစိတာပေါ့ စစ်တပ် အင်အားရှီအောင် သွားတက်တာကိုး။ေ
0
နအဖပါ
written by kun nong, September 21, 2011
နအဖပါဆိုနေမှ ဘယ်က အသိအမှတ် တတ်လို့  တရုတ်ပြည်မှာ ဆေးခန်းလာဖွင့်ပါ ခင်ဗျား
ရတဲ့လစာနဲ့  ဒီမှာဆိုရင် တရက်ထဲတောင် ရနိုင်တယ် အချိန် မနှောင်းခင်

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်