ဖြစ်စဉ် အကျဉ်းမှာ ကရင် အသိုင်း အဝိုင်းမှ လူငယ် အဆိုတော် ယူးရီကို အမျိုးသားခြင်း လက်ထက်တဲ့ အတွက် Klo & Kwe တေးဂီတ အဖွဲ့ကနေ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။လိင်တူ ထိမ်းမြားခြင်းကို ဘာသာရေး၊ အမျိုးသား ယဉ်ကျေးမှု၊ လူ့အခွင့် အရေး ဆိုတဲ့ ရှုထောင့် ၃ ခုနဲ့ မျှတစွာ သုံးသပ်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံရှိ ဘာသာ အားလုံးက လိင်တူ ထိမ်းမြားခြင်းကို တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံရှိ လူမျိုးများ အားလုံးရဲ့ ရိုးရာယဉ်ကျေးမှု များမှာလည်း လိင်တူ ဆက်ဆံခြင်း၊ ထိမ်းမြားခြင်းကို ရွံရှာဖွယ်အဖြစ် သတ်မှတ်ထားပါတယ်။
တတိယ ရှုထောင့်ဖြစ်တဲ့ လူ့အခွင့်အရေး ရှုထောင့်နဲ့ ဆက်လက် ဆွေးနွေးချင်ပါတယ်။
မိန်းမလျှာ၊ ယောက်ျားလျှာ ဆိုတာ မူလ ခန္ဓာဗေဒ ဖွဲ့စည်းပုံမှာ ဟိုမုန်းဓာတ် မညီမျှခြင်းကနေ ဖြစ်ပေါ်လာတဲ့ အတွက် ကာယကံရှင်များမှာ အပြစ် မရှိသလို လူ့အသိုင်းအဝိုင်းမှာလည်း ခွဲခြား မဆက်ဆံသင့်ပါ။
ယောက်ျားမပီသခြင်း၊ မိန်းမလျှာ ဖြစ်ရခြင်းမှာ အကြောင်းရင်း အများ အပြား ရှိပါတယ်။
၁။ သာမာန်ထက်ပိုသော လိင်စိတ်ပြင်းထန်ခြင်း
၂။ စိတ်ရောဂါကြောင့် ယောက်ျား မပီသခြင်း
၃။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့် ယောက်ျားမပီသခြင်း တို့ ဖြစ်ပါတယ်။
အထက်ပါ အချက်တွေကို အတိုင်းတာတခုထိ ကုသလို့ ရနိုင်တဲ့အတွက် မွေးရာပါ မိန်းမလျှာများနဲ့ ခြားနားပါတယ်။ ကျန်းမာရေး ချို့တဲ့မှုများကို ဆေးကုသမှု ခံယူဖို့ ကာယကံရှင်တွေမှာ တာဝန်ရှိသလို မိသားစု နဲ့ လူမှု အသိုင်းအဝန်းကလည်း ဝိုင်းဝန်း ကူညီသင့်ပါတယ်။
မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို မရသေးပေမယ့် ရရှိလာတဲ့အခါ လက်ခံ ကျင့်သုံးတတ်ဖို့ အဆင်သင့် ဖြစ်နေသင့်ပါတယ်။ ဒီလို လက်ခံ ကျင့်သုံးတတ်ဖို့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေကို လေ့လာပြီး ဆိုးကျိုးထက် ကောင်းကျိုးများကို ယူတတ်ဖို့ အရေးကြီးပါတယ်။
ယနေ့ထိ လိင်တူ ထိမ်းမြားခြင်းကို ဥပဒေနဲ့ တရားဝင် အသိအမှတ် ပြုထားတဲ့ နိုင်ငံများကတော့ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူကီ၊ တောင်အဖရိက၊ စပိန်၊ ဆွီဒင် တို့ပါပဲ။ ပထမဆုံး တရားဝင် အတည်ပြုတဲ့ နိုင်ငံက နယ်သာလန် ဖြစ်ပြီး သတ်မှတ်ခဲ့တဲ့ နေ့ကတော့ ဧပြီလ ၁၊ ၂ဝဝ၁ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ဒီမိုကရေစီ ထွန်းကားခဲ့ပေမယ့် လိင်တူ ထိမ်းမြားခြင်းကို အသိအမှတ် မပြုတဲ့ နိုင်ငံများစွာ ရှိသေးကြောင်း ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူများ သတိ ထားသင့်ပါတယ်။
သြစတြေးလျ နိုင်ငံမှာ လိင်တူ ဆက်ဆံခြင်းကို ခွင့်ပြုပေမယ့် လိင်တူ ထိမ်းမြားခြင်းကို အသိအမှတ် မပြုပါ။ တရားဝင်ဖြစ်ဖို့ လွှတ်တော်မှာ အကြိမ်ကြိမ် တင်သွင်းနေပေမယ့်လည်း မအောင်မြင်သေးပါ။ ပြည်နယ် ၅ဝ ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ လိင်တူ ထိမ်းမြားခြင်းကို အသိအမှတ်ပြုတာ ပြည်နယ် ၅ ခုပဲ ရှိပါတယ်။
သမ္မတဟောင်း ဘုရှ် နဲ့ လက်ရှိ သမ္မတ အိုဘားမားတို့က လူ့အခွင့်အရေးကို ကြိုးစား မြှင့်တင်ကြပေမယ့် လိင်တူ ထိမ်းမြားတာကို ဆန့်ကျင်ကြပါတယ်။ ဘာကြောင့်ပါလဲ။
ထိုင်းနိုင်ငံမှာလည်း လိင်အင်္ဂါ ပြောင်းခြင်း၊ လိင်တူ ဆက်ဆံခြင်းက တရားဝင်ပေမယ့် လိင်တူ ထိမ်းမြားခြင်း ကိုတော့ တရားဝင် အသိမှတ်ပြုခြင်း မရှိသေးပါ။
နှစ်ရှည်လများ ဒီမိုကရေစီ ကျင့်သုံးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံများမှာတောင် လက်မခံနိုင်သေးတဲ့ လိင်တူ ထိမ်းမြားခွင့်ကို ရရှိဖို့ မြန်မာပြည်မှာ မကြိုးစားသင့်သေးပါ။
ကျနော်တို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလိုရှိပေမယ့် ဒီမိုကရေစီ ဆိုတာ “ကိုယ်လုပ်ချင်ရာ လုပ်၍ ရသည်” ဆိုတဲ့သဘောတော့ မဟုတ်ပါ။ မိမိ ပျော်ရွင်မှု အတွက် သူတပါးကို ထိခိုက်လို့ မရသလို မိမိပျော်ရွှင်ဖို့အတွက် လူမှုအသိုင်းအဝိုင်းက ထောက်ခံရမယ်လို့ တသမတ်တည်း တွက်လို့ မရပါ။ မိမိကြောင့် ဒီမိုကရေစီ အနှစ်သာရ မထိခိုက် မပျက်စီးဖို့ သတိ ထားသင့်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ အများစုမှာ လက်မခံနိုင်တဲ့ အရာတခုကို Klo & Kwe တေးဂီတအဖွဲ့ ကလည်း လက်မခံနိုင်တာ ဘာကြောင့်လဲ ဆိုတာကို နားလည်သင့်ပါတယ်။
Set as favorite
Bookmark
Email this
Hits: 14119
Comments (43)

written by abc, April 27, 2011
We can understand and let it but we can not let it that it is a good thing.
written by heinhtet, March 24, 2011
လူဆိုတာ နဂိုကတည်းက.ယောက်ျားနဲ့ မိန်းမဆို တာရှိပါတယ်။ဒါကဘာလဲ ဆိုရင် ယောကျာ်းနဲ့ မိန်းမလက်ထပ်ပြီးမ
written by Flora, June 19, 2010
I don't really think the author is viewing and judging this subject from the middle. We can see his bias mind in some of his words.
Honestly, I don't know much to say about this, most of all, i don't want to argue. But really i don't care gay or bisexual or whatever it it. Those are people's choices of their sexual orientation. I believe they have free right to choose and like. I don't believe being gay and gay marriages effects religions, cultures and ethnicity. And yeah..country's democracy system does not relate with homosexuality. LOL

written by KoKo, June 18, 2010
Now a day there are many gays and lesbians in Burma, no problem in the future they will fight for their rights although some people do not like for the homosexual to marry each other. Im pity of those people who discriminate the gay and lesbian, coz they are not opened mind, if you were like this, one day the gay/lesbian and you will have the fighting in the future in Burma.
So, try to understand the Human’s feeling and what they want ect. We (Human) can not say that the Human have to be the real man and woman, it is the nature that some people become to be the gay and lesbian and Bisexual. We have to be opened mind and understand about their rights.

written by jms, June 15, 2010
"မိမိပျော်ရွှင် ဖို့အတွက် လူမှု အသိုင်း အဝိုင်းက ထောက်ခံရမယ်လို့ တသမတ်တည်း တွက်လို့ မရပါ" ဒီစကားကို လုံးဝ ထောက်ခံပါတယ်။ ဥပမာ ပြောရရင် တော့ဗျာ ကလေး တစ်ယောက်က အဆိပ်ပင်က အသီး ကိုစားမယ် ဆိုပါစို့ဗျာ အဲဒါ တားသင့်သလား၊ ဒါမှမဟုတ် ခွင့်ပြုသ င့်သလားဗျာ။ သဘာဝ တရားကို လွန်
ပြီးတော့ မိမိစိတ် အလို ရမက်ကို လိုက်လွန်း နေရင်တော့ တားမြစ် င့်တယ်လို့ ထင်ပါတယ်။
ပြီးတော့ မိမိစိတ် အလို ရမက်ကို လိုက်လွန်း နေရင်တော့ တားမြစ် င့်တယ်လို့ ထင်ပါတယ်။
written by လင်းလက်ကြယ်, June 10, 2010
လိင်တူ ထိမ်းမြားခြင်း ဆိုတာ လူ့ အခွင့်အရေးနှင့် သက်ဆိုင်သော အရာဖြ စ်ပါတယ် ။ လူနည်းစု ဖြ စ်ချင်ဖြစ်မယ် အဲဒီ အုပ်စု သို့မဟုတ် လူအသီး သီးရဲ့ ခံစားချက်နှင့် ကိုယ်ပိုင်ဆုံြး ဖတ်ခွင့်ကို ပိတ်ပင်ခြင်းသာ လူသား မဆန်တာ ဖြစ်ပါတယ် ။ တိုးတက်တဲ့ နိုင်ငံတွေမှာ လုပ်တာ မလုပ်တာ ကြောင့်လိုက် လုပ်ဖို့ မ လိုပါဘူး ။ ဒါဟာ လူသားထု တစ်ရပ်လုံးနှင့် သက်ဆိုင်တဲ့ အခွင့် အရေး တစ်ခုဖြစ်ပါတယ် ။ အခု မြန်မာ့ နိုင်ငံရေး အနေအထား အရ လိင်တူ လက်ထပ်ဖို့ အခွင့် ပေးဘို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီမှာ အခွင့် တောင်းဖို့ မလိုသေးပါဘူး ။ မြန်မာ လူထုရဲ့စိတ်မှာ လိင်တူ ဆက်ဆံသူတွေ ဟာလည်း ခံစားချက်နဲ့ ချစ်တတ်တဲ့ နှလုံးသား ရှိတယ် ချစ်တဲ့သူနဲ့ အတူ နေချင်မှာပဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေးပဲ ရှိဘို့ လိုအပ်တာပါ ။ ဥပဒေ က ခွင့်ပြု လိုက်ရင် လူတိုင်းက လိုက်လုပ်မ ယ်လို့ ထင်နေကြ တာလည်း မှားယွင်းပါတယ် ။ လိင်တူ ကြို က်နှစ်သက်မှု ဆိုတာ ဖက်ရှင်ဒီဇိုင်း တခုလို လိုက် ပြောင်းဝတ်လို့ ရတဲ့ အရာဝထ္ထုတခု မဟုတ်ပါဘူး ။ ဒီလို ပိတ်ပင်မှုတွေကြောင့်သာ လိင် တူကြိုက်ရဲ့သားနဲ့ မိန်းမ ယူခဲ့ ကြရတဲ့ ယောက်ျားတွေရဲ့ အဖြစ်အပျက်တွေလည်းရှိပါတယ် ဒါပေမယ့် သူတို့ ဟာလည်း ကွယ်ရာမှာ လိင်တူနဲ့ ဆက်ဆံေ န ကြပါတယ် ။ ဥပဒေအရ ဖွင့်ပေး လိုက်ရင် ဒီပြသနာတွေ လျော့ကျ သွားနိုင်ပါတယ် ။ HETEROSEXUAL , HOMOSEXUAL & BISEXUAL အားလုံးမှာ သူနဲ့ သက်ဆိုင်တဲ့ အခွင့် အရေး ကိုယ်စီ ရှိသင့်ပါတယ် ။ ဒီလို အသိ အမှတ်ပြု သာတူညီမျှ အခွင့်အရေးပေး လိုက်ရမှာကို အကျောက် အကန်
ငြင်းဆန်နေတဲ့ ကိုယ့် sexual orientation သာအမှန် လို့ထင်တဲ့ သူဟာ တစ်ကိုယ်ကောင်းဆန် အတ္တများတဲ့ လူသားလို့ ပြောရမှာ ဖြစ်ပါတယ် ။
ငြင်းဆန်နေတဲ့ ကိုယ့် sexual orientation သာအမှန် လို့ထင်တဲ့ သူဟာ တစ်ကိုယ်ကောင်းဆန် အတ္တများတဲ့ လူသားလို့ ပြောရမှာ ဖြစ်ပါတယ် ။
written by Su Su, June 10, 2010
This is just a pathetic racist article and sounds very stereotype.
written by R-Blood, June 10, 2010
လိင်တူ ချစ်သူတွေရဲ့ ထိပ်မြား လက်ထပ်ခြင်းကို ကန့်ကွက်တာဟာ သဘာဝက ဆန့်ကျင်တာပါ။ ဒီလို ဆောင်းပါးတွေကို မရေးခင် အရာရာကို ချင့်ချိန် စဉ်းစားသင့်ပါတယ်။ လိင်တူ ချစ်သူတွေဟာ ဘာကြောင်း ဒီလိုစိတ်တွေဖြစ် ရတယ် ဆိုတာ နားလည် သယောင်ယောင်ေ ရးပြီးတော့ နောက်ဆုံးကျမှ ကွန့်ကွက်တာဟာ တော်တော် အံ့သြသင့်ရပါတယ်.... .ဒါဟာ ဘာကို ပြနေလဲဆိုတော့... . အမှန်ကို အမှန်အတိုင်း.. ...မှန်ပေမယ့်လဲ လက်မခံနိုင်ဘူး ဆိုတာ ပြနေတာဘဲ.. ..ဒါတွေဟာ တိုးတက်ေ ပြာင်းလဲနေတဲ့ လူ့ အသိုင်း အ၀ိုင်း အတွက် တော်တော်ကို အန္တရာယ်ရှိတဲ့ အတွေး အခေါ်တွေပါဘဲ။ မြန်မာပြည်မှာ ဒီလိုအတွေးအ ခေါ်တွေ အဆုံးသတ်ပြီး တိုးတက် ပြောင်းလဲသင့်ပြီ။ အမှန်တော့ ကျနော်တို့ဟာ လူသားတိုင်းကို ပျော်ရွှင်မှုတွေ ဖန်တီးပေးသင့်တယ်။ လိင်တူချစ်သူတွေ လက်ထပ်လို့ အရှက်ရ၊ ကန့်ကွက် ရှုပ်ချ သူတွေဟာ... ..ပြောင်းလဲခြင်း ဆိုတဲ့ ဥပဒေသ ကို လက်ခံနိုင်တဲ့ အတွေးအခေါ် အားနည်းလို့ ပါဘဲ။
written by မင်းသားလေး, June 10, 2010
လိင်တူကြိုက်ပြီး အများကို ဒုက္ခ မပေးသူနဲ့ ကျားကျား ယားယား စစ်ဝတ်စုံ ၀တ်ပြီး လူတကာကို ဒုက္ခ ပေးတဲ့သူ ဘယ်ဟာ ပိုကောင်းလဲ။
written by Golden Karen, June 09, 2010
Think and talk, how do you feel if you see one couple walk behind while you stand alone. Can you alive alone in the whole your life?.They have a love like people, like you, they are human. Klo and Kwe think only about religion. Their band is for religion.
written by Maya Aye, June 09, 2010
Little knowledge is dangerous.
My friendly reminder for you is to read documents from the following websites before writing an article. Something which does not have a realistic meaning can turn into a joke.
http://www.apa.org
http://www.un.org/en/documents/udhr/ or http://www.ohchr.org/EN/UDHR/P...LangID=bms
http://www2.ohchr.org/english/law/ccpr.htm
http://www2.ohchr.org/english/law/cescr.htm

written by ချစ်လေးမောင်, June 09, 2010
၁၉၉၁ မေလ ၁၇ ရက်နေ့ ကမ္ဘာ့ ကျန်းမားရေးအဖွဲ့ (WHO) က လိင်တူချင်း ချစ်သူများအား စိတ်ရောဂါ ခံစား နေရသူများ၊ စိတ်ဝေဒနာရပ် တခု အနေဖြင့် သတ်မှတ် ထားသည့် စာရင်းမှနေ၍ ထုတ်ပယ်ထားပါတယ်။ စာရေးသူ ကို ဗဟုသုတ ရမယ့် စာပေများ ဖတ်ဖို့ အကြံပြုလို ပါတယ်။ ဂေးလို့ ခေါ်တဲ့ လိင်တူချစ်သူ တွေ အကြောင်းကို ထဲထဲ ၀င်ဝင် မသိဘဲ ယခုလို ရေးသား လိုက်ခြင်းဟာ ပစ်မှတ်ထား အသားပေး ရည်ရွယ်ထားတဲ့ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် သာမက တစ်ကမ္ဘာလုံးမှာ ရှိသော လိင်တူချစ်သူ ဂေးများကို စော်ကားလိုက် တာနဲ့ အတူတူပါဘဲ ။ www.apa.org ကလည်း Homosexuality is not a mental disorder လို့  ပြောထားပါတယ်။ လက်ထပ်တာကို သဘော တူချင်တူ မတူချင်နေပါ ၊
Homophobia လို့ ခေါ်တဲ့ လိင်တူချစ်သူတွေကို မုန်းတီြး ခင်းကတော့ ရောဂါဖြစ်ပါတယ် လို့  ...။
Homophobia လို့ ခေါ်တဲ့ လိင်တူချစ်သူတွေကို မုန်းတီြး ခင်းကတော့ ရောဂါဖြစ်ပါတယ် လို့  ...။
written by htunhtun, June 09, 2010
article နဲ့ အပေါ် က အမည် မဖော်လိုသူ ရေးတဲ့ comment ကို လုံးဝ ထောက်ခံပါတယ်။ လိင်တူချင်း ဆက်ဆံတာဟာ သဘာဝကို ဆန့်ကျင်တဲ့ အတွက် moral ပိုင်းအရ လုံးဝ မှားယွင်းပါတယ်။ ဖြစ်သင့်၊ ရှိသင့်တာကို ထိန်းသိမ်းပြီး၊ မဖြစ်သင့်၊ မလုပ်သင့်၊ မရှိသင့်တဲ့ ဟာ ကိုတော့ တားမြစ်ရမှာ ဖြစ်ပါတယ်။
written by koye, June 08, 2010
သဘာဝတရား... နဲ့... ကံတရားကို..
ပျောက်သွား အောင်... ဖြစ်မလာအောင်.. ပြောင်းလဲ သွားအောင်...
အတင်း လုပ်ယူလို့ မရပါဘူး...
ကောင်းမွန် တဲ့.... မှန်ကန်တဲ့. .ဖြေရှင်း နည်းကိုပဲ စဉ်;စား သင့်ပါတယ်..
ကဲ့ရဲ့တာတို့. ပြစ်တင် ဝေဖန် တာတို့ကတော့.. မလုပ်သင့်ပါဘူး...
အခုလို... အဖွဲ့အစည်း... လူ့ဝန်းကျင်... ကနေ ဖယ်ကျင်တယ် ဆိုတာက...
ပိုတောင် မလုပ် သင့်ပါဘူး. ......
မိန်းမလျာ ဆိုတာလဲ.. လူသားထဲက... လူတွေပါပဲလေ...
သူတို့မှာလဲ.. လူ့ဝန်းကျင် အသိုင်း အ၀ိုင်းကို... အကျိုးပြုနိုင်တဲ့..
အရည် အချင်းတွေ ရှိမှာပါ....
ဖြစ်ချင်လို့ ဖြစ်လာကြ တာတော့ မဟုတ်နိုင်ေ လာက်ပါဘူး..
လူကို လူလိုပဲ နားလည် ပေးနိုင်ကြပါစေ ..

written by Ta Pyay Thu, June 08, 2010
Dear Anonymous, I pray to whatever God you believe that your program will succeed in teaching you to be an open-minded and tolerant person at the end. Who assigns you to preserve culture and customs of Asia, let alone that of your own country? Again what these have got to do with individuals’ rights, civic rights etc? Go and discover different kinds of rights before jumping into waters you don't know the depth about. The level of tolerance of some comment writers like yourself are shocking especially you think so highly of yourself (by announcing that you do a masters level on human rights and taking references out of context indicating that you did not understand the essence of these texts) just to try to carry weight in your misguided opinions. Using pieces and bits of fragmented knowledge to generalize what you think is true...Dare to think that others should adopt your ideas. That is why we have wars, genocides, dictatorships, totalitarians, hate crimes,...Phoodo's article was too narrow-minded even to write any comment about. But seeing homophobes joined in with pseudo-intellectual gibberish, well there I had to protest against such intolerance!
written by naythoo, June 08, 2010
ဒီမိုဂရေစီက ဘယ်နားနေမှန်း မသိသေးဘူး ဂေးတို့ရဲ့ အခွင့် အရေးကို အခုကတည်းက ပိတ်ပင်နေပြီ။ ဂေးလဲ လူဖြစ်တဲ့ အတွက် လူ့အခွင့် အရေးထဲမှာ အကြုံး ၀င်ပါတယ်ဗျာ။ လိင်တူ လက်ထပ်တာဟာ တပါးသူတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိခိုက်စရာ အကြောင်း မရှိပါဘူး။
written by စိုင်းလန့်တ်, June 08, 2010
ပထမဆုံး ပြောခြင်တာက Human Rights,MA ဆိုပီး... Human Rights ကို သေချာနားမလည်တဲ့ လူကိုပါ...... Human Rights ဆိုတာ All human beings are born free and equal in dignity and rights လို့United Nations Universal Declaration of Human Rights အဖွဲ့အစည်းက ကြေငြာထားပီး, ဆိုလိုရင်းကို MA မပြောနဲ့သာမန် အရပ်ထဲကလူတောင် နားလည်နေတဲ့ အခြေအနေမျိုးမှာ ကိုယ်လိုရာ ဆွဲပီး MA, Human Rights ကိုမှ မထောက် ပြောရဲတာ အံသြပါတယ် ခင်ဗျား....
ထပ်ပီးပြောရမယ်ဆိုရင် ဆောင်းပါးရှင် ကိုယ်၌ကလည်း အကိုးအကားတွေပြပီး နောက်ဆုံး ကိုယ်လိုရာကိုပဲ ဆွဲရေးသွားတာပါ... "မိန်းမလျှာ၊ ယောက်ျားလျှာ ဆိုတာ မူလ ခန္ဓာဗေဒ ဖွဲ့စည်းပုံမှာ ဟိုမုန်းဓာတ် မညီမျှခြင်းကနေ ဖြစ်ပေါ်လာတဲ့ အတွက် ကာယကံရှင်များမှာ အပြစ် မရှိသလို လူ့အသိုင်း အဝိုင်းမှာလည်း ခွဲခြား မဆက်ဆံသင့်ပါ။ " လို့လဲ ဆိုခဲ့ပီး..... နောက်ဆုံး နိဂုံးချုပ်တော့ ကမ္ဘာ့ထိပ်တန်း နိုင်ငံများမှာတောင် လက်မခံနိုင်ညေသးတဲ့အတွက် မြန်မာပြည်မှာလည်း လက်မခံသင့်ပါ ဆိုပီး အတင်းကြီးကို ဆွဲပီး ရေးလိုက်တာပါ.....ကဲ ထားတော့.... လက်မခံနိုင်ရင်လည်း .... ဒါပေမဲ့ အဲဒါဟာ အဖွဲ့ အစည်း တခုကနေ ထုတ်ပယ်ရလောက်အောင် ထိခိုက်နိုင်တာ ဘာများ ရှိပါသလဲ....ဘယ်မှာလဲ Human Rights ? ချင့်ချိန်ကြ ပါဦးဗျာ....

written by red, June 08, 2010
nobody knows about the future.
some more countries will allow same sex marriage in the future.
OR
same sex couples in some countries will get abuses.
i will wait and see.
some more countries will allow same sex marriage in the future.
OR
same sex couples in some countries will get abuses.
i will wait and see.
written by bo , June 08, 2010
ဒီလိုရေးတဲ့သူက မကြိုက်ဘူး ဆိုပေမယ့် သူဒီလိုကိစ္စ တွေကို အချိန်ပေး ရေးသားပေးတာကိုက ကျေးဇူး တင်စရာပါ။ ဒါမှ ၅၀% သေချာတဲ့ အခွင့်အရေးတွေ ရှိနေပြီ ဆိုတာ။

written by koye, June 08, 2010
ဒီ နေ့ ခေတ် မှာ ပြော ရ တာ ခက် လာ တယ် ပေါ့ ဗျာ။ မြန် မာ နိုင် ငံ မှာ လူ တွေ က ဖယ် ဖို့ကြိုး စား နေ ဒါ များ နေ တယ်လေ။ခေတ် အ ဆက် ဆက် မှာ ရှိ ခဲ့ တဲ့လူ မူ အ ပြခံ ပြ သာ နာ တစ် ခု လို ဖြစ် နေပါ ပြီ။ ဘယ် လို ယှဉ် တွဲ နေ ထိုင် ရ မယ် ဆို ဒါ ကို မ ကြိုး စား သ၍။။ Democracy ကို ပဲ အ ရင် နား လည် အောင် အ ရင် ကြိုး စား သင့် ပါ တယ်။ပီး မှ Homo ပေါ့ ဗျာ ဖြည် ဖြည် ပေါ့။ ညီ အ ကို တွေပဲ။
written by လမ်းဆုံက ဂျန်းဘုံ, June 08, 2010
အီး ဟီးဟီးဟီး... ဒီဆောင်းပါးကို လိင်တူ ထိမ်းမြားခြင်းနှင့် ပတ်သက်၍ ဆိုတော့ တော်တော် စိတ်ဝင်စားပြီး ၀င်ဖတ်ကြ ည့်လိုက်တယ်... လိင်တူ ထိမ်းမြားခြင်းကို ပြောချင်တာ မဟုတ်ပဲ ဟိုတလောက ကရင် အဆိုတော် ယူရီကို ထုတ်ပယ်လိုက်လို့ Klo & Kwe တေးဂီတ အဖွဲ့ကို အပြစ်တင်တဲ့ အသံတွေ ထွက်လာတော့ Klo & Kwe တေးဂီတ အဖွဲ့ က်ြကနေ မှန်ကန်ကြောင်း ပြန်လည် သက်သေခံတဲ့ စာနဲ့ တူနေသလိုပါပဲ...
Klo & Kwe တေးဂီတ အဖွဲ့ကို ကာကွယ် ရေးသားတဲ့ သတင်း တစ်ပုဒ်လို့ပဲြ မင် မိပါတယ်
Klo & Kwe တေးဂီတ အဖွဲ့ကို ကာကွယ် ရေးသားတဲ့ သတင်း တစ်ပုဒ်လို့ပဲြ မင် မိပါတယ်
written byိချယ်ရီ, June 08, 2010
အရှည် တွေးကြည့်မယ် ဆိုရင် လိင်တူ ထိမ်းမြားခြင်းဟာ ကမ္ဘာကြီးကို အပျက်ဖက်ကို တွန်းပို့နေတာပါဘဲ။ မသိချင် ယောင်ဆောင်ပေးလို့ ရပေမဲ့ တ၇ားဝင်ပါတယ် လို့တော့ လက်ခံပေးလို့ မရဘူး။
written by lin, June 07, 2010
"မိမိ ပျော်ရွင်မှု အတွက် သူတပါးကို ထိခိုက်လို့ မရသလို" ဒီအဆိုကို လက္ခံပေမဲ့..
"မိမိပျော်ရွှင်ဖို့အတွက် လူမှု အသိုင်း အဝိုင်းက ထောက်ခံရမယ်လို့ တသမတ်တည်း တွက်လို့ မရပါ" ဒီစကားကိုတော့ လက္မခံ ပါဘူး....။ အကယ်၍.. ထောက်ခံခိုင်းတာ မဟုတ်ပဲ လူ့အခွင့်အရေး ရှုထောင့်ကနေ လူသားခြင်း စာနာနားလည်မှု ပေးခိုင်းတာ ဆို၇င်ကော....?လိမ်တူ ဆက်ဆံသူ နှစ်ဦးကို ကန့်ကွက်ခြင်း ၇ှုံ့ချခြင်းဟာ သူတို့၇ဲ့ လူ့အခွင့် အေ၇းကို ၀င်ရောက် စွက်ဖက်ခြင်း လို့ပဲ မြင်ပါတယ်.....။လူထဲက လူတွေ အချင်းချင်း ခွဲခြား မဆက်ဆံ သင့်ပါ..။

Write comment
| < Prev | Next > |
|---|