တရုတ်နှစ်ကူးကပေးသော အတွေးများ
ကျနော် တရုတ်လူမျိုး မဟုတ်ပါ။ လူမျိုးရေး အစွဲ၊ ဒေသအစွဲ ကြီးသူလည်း မဟုတ်ဟု စကားပလ္လင် ခံလိုပါသည်။ ပြီးခဲ့သော တရုတ် နှစ်ကူးက ပေးလိုက်သည့် အတွေးများကို အခြေခံ၍ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။
တရုတ်ရိုးရာပြက္ခဒိန်အရ နှစ်ဆန်းတရက်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)  မနက်ပိုင်းတွင် ရန်ကုန်မြို့ထဲမှနေ၍  ဘတ်စ်ကားစီးကာ ပြန်လာခဲ့သည်။ ဘတ်စ်ကားသည် မီးပွိုင့်တခုကို ကျော်လာပြီး ရုတ်တရက် ရပ်လိုက်ရသည်။ ရှေ့တွင် ယာဉ်တန်းကြီးက အရှည်ကြီး ဖြစ်နေသည်။ ယာဉ်တိုက်မှုများ ကြီးကြီးမားမား ဖြစ်၍လား၊ သို့မဟုတ် ဗီအိုင်ပီ ယာဉ်တန်းများလာ၍လား၊ တက္ကသိုလ်ရိပ်သာ လမ်းထိပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အရေးကိစ္စ တခုခု ဖြစ်၍လား ဟုလည်း စဉ်းစားမိခဲ့သေးသည်။
ဤသို့နှင့် တဖြည်းဖြည်းချင်းလှိမ့်လာသော ဘတ်စ်ကားမှာ နောက်မီးပွိုင့်သို့ ရောက်သွားတော့မှ ယာဉ်ကြောအကြာကြီးပိတ်နေသည့် အဖြစ်မှန်ကို သိရသည်။ တရုတ်ဘုံကျောင်းတွင် တရုတ်နှစ်ကူးဆုတောင်းပွဲရှိသောကြောင့်ဖြစ်သည်။ ဘုံကျောင်းရှေ့မှ  ဘတ်စ်ကား အဖြတ်တွင် ဘုံကျောင်းထဲ၌ ကြီးကြီးငယ်ငယ် တရုတ်လူမျိုးများကို ဝတ်ကောင်း စားကောင်းများဖြင့် ပျော်ရွှင်စွာ တွေ့ရသည်။ တရုတ်တို့၏ မော်တော်ယာဉ်များက လွန်စွာ ပြည့်နှက်နေသောကြောင့် ယာဉ်ထိန်းရဲ ၁၀ ဦးခန့်က မနည်းပင် လမ်းရှင်းပေးနေရသည်။
ဘုံကျောင်းလာတရုတ်များကို အုံလိုက်ကျင်းလိုက် တွေ့လိုက်ရသည့်အခါတွင် ဘတ်စ်ကား စပယ်ယာက  ခရီးသည် အမြောက်အမြားရရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းကို ဝမ်းသာစွာ လှမ်းအော်ပြောလိုက်သည်။ ဘုံကျောင်းကိုအကျော်တွင် ယာဉ်မောင်းက မှတ်တိုင်သို့ ဇွတ်အတင်း ဝင်ကပ်ကာ စပယ်ယာက ဘုံကျောင်း အသွားအလာ တရုတ် လူအုပ်ကြီးရှိရာသို့ “ရန်ကင်း၊ ၁၂ လုံးတန်း၊ တောင်ဥက္ကလာ၊ ဘေလီ၊ ဒဂုံရောက်မယ်” ဟု အားတက်သရော အော်ခေါ်တော့သည်။ သို့သော် ထိုဘုံကျောင်းလာ လူအုပ်ကြီးထဲမှ ခရီးသည် တဦးတယောက်မျှ တက်မလာပေ။ ၁၀ မိနစ်ခန့်ကြာသည်အထိ စပယ်ယာခမျာ အဆက်မပြတ် အော်ခေါ်ရှာသည်။ ဒုံရင်းက ဒုံရင်းပင်။ တယောက်မျှပင် တက်မလာပေ။
ဤတွင် ကားပေါ်ပါသော ခရီးသည်ထဲမှ အမျိုးသားတဦးက စောင့်ဆိုင်းနေရသည်ကို သည်းမခံနိုင်ကြောင်း ပြောတော့မှ ဘတ်စ်ကားမှာ မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်လာရတော့သည်။ မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင် လွဲသွားပြီးနောက် စပယ်ယာဖြစ်သူမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။  
မှတ်တိုင်မှ အထွက်တွင် ကျနော့်ခေါင်းထဲသို့ တွေးစရာတွေ တပုံတခေါင်းကြီး ဝင်လာသည်။ ကျနော် ပထမဆုံး တွေးမိသည်မှာ မြန်မာပြည်က တရုတ်တွေ ဒီလောက်တောင် ချမ်းသာနေကြပြီလား ဟူ၍ပင်။ များစွာသော ဘုံကျောင်းလာ တရုတ် လူမျိုးများ အားလုံး ကိုယ်ပိုင်ကား၊ စုပေါင်းစပ်ပေါင်းကား၊ သို့မဟုတ် တက္ကစီဖြင့်သာ လာရောက်သည်မှာ အဆိုပါ ဘုံကျောင်းဘေးမှ ဘတ်စ်ကားမှတ်တိုင်လေးက သက်သေပြနေသည်။ အခြားသော ဘတ်စ်ကားများမှာလည်း ထိုနည်း အတိုင်းပင် ခရီးသည် တဦးတယောက်မှ မရပေ။ ဘုံကျောင်း ရှေ့နှင့် ဝဲ၊ ယာ တဘက် တချက်စီတွင် ကိုယ်ပိုင်ကား ကြီးငယ်အသွယ်သွယ်နှင့် တက္ကစီကားများ ပြည့်နှက်နေသည်။
အတွေ့အကြုံအရ ပြောပါက မြန်မာ့ရိုးရာပွဲတော်များ၊ ဘာသာရေးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများဟူသည် ဘတ်စ်ကား ဒရိုင်ဘာတို့နှင့် စပယ်ယာတို့အတွက် မုတ်ဆိတ်ပျားစွဲ ဖန်တီးပေးခဲ့ကြသည်ချည်းသာ ဖြစ်သည်။ မြောက်ဥက္ကလာက မယ်လမုဘုရားပွဲ၊ မိုးကောင်းဘုရားပွဲ၊ ဦးချစ်မောင်ရပ်ကွက်က ရာသီအလိုက် ဘုရားလှည့်ပွဲတိုင်း လိုလိုတွင် ဘတ်စ်ကားများ အလွန် အလုပ် ဖြစ်ကြသည်။ သို့သော် တရုတ်လူမျိုး အများစုသာ ပါဝင်သည့် ဘုံကျောင်း ဆုတောင်းပွဲကမူ တမျိုးတဘာသာ ဖြစ်သည်။ ဘုံကျောင်းလာသူ တရုတ် အများစုမှာ အဲပုဂံ လေကြောင်းလိုင်းနှင့် အခြားသော ဧရာမ စီးပွားရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်သော သူဌေးကြီး ဦးတေဇလောက် မချမ်းသာသည့်တိုင် အချိုးချကြည့်ပါက သာမန် မြန်မာလူမျိုးများထက် ချမ်းသာကြသည်မှာ သေချာသလောက် ရှိသည်။
ညနေပိုင်းရောက်တော့ အဆိုပါ ဘုံကျောင်းရှေ့က အဖြစ်အပျက်ကို ထပ်၍စဉ်းစားမိနေပြန်သည်။ မြန်မာတွေဘာကြောင့် တရုတ်တွေလောက် မချမ်းသာကြတာလဲ။ မိတ်ဆွေတွေထဲက တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များကိုလည်း ဆန်းစစ်ကြည့်မိသလို တရုတ်လူမျိုးများ၏ ဓလေ့စရိုက် အပေါ် အပြစ် ပြောသူများနှင့် အကောင်းပြောသူများ၏ စကားသံများကိုလည်း စိတ်ထဲတွင် ပြန်ဖွင့်ကြည့်မိသည်။ သေချာသည့် အချက်နှစ်ချက် ပေါ်လာသည်။ တချက်က တရုတ်တို့သည် ပိုက်ဆံ ရှာရာတွင် အာရှသားများထဲ၌ အထူးချွန် အပြောင်မြောက်ဆုံး သူများဖြစ်သည်။ နောက်တချက်မှာ တရုတ်လူမျိုးများတွင် ပျင်းရိသူဟူသည် ယနေ့ခေတ်တွင် အတော့်ကို ရှားသည်ဟု ထင်သည်။ ကျနော်နှင့် ရင်းနှီးသော တရုတ်မကြီးတဦးက ပြောဖူးသည်။ “ငါတို့က တနေ့ ပိုက်ဆံ တကျပ် မဝင်ရင် နေမကောင်း ဖြစ်သလို ခံစားရတယ်” ဟူ၏။  သူ၏ သားသမီးများ စင်ကာပူတွင် တလကို ဒေါ်လာ ထောင်ချီရသည့် အလုပ်အကိုင် ရှိနေသည့်တိုင် ထိုတရုတ်မကြီးက ရန်ကုန် တရုတ်တန်း  လမ်းဘေးတွင် ပဲမုန့်နှင့် အချိုမုန့်များကို ယနေ့ထိတိုင် ရောင်းချနေဆဲဖြစ်သည်။
တရုတ်တို့သည် ငွေနှင့်ပတ်သက်လာပါက ညီအစ်ကို၊ မောင်နှမ၊ မိဘချင်းပင် ခြွင်းချက် မထားနိုင်သူများအဖြစ် တချို့က ပြောဖူးသည်။ တရုတ်တို့ အလေ့အထကို ပြစ်တင်ဝေဖန်သည့် သဘောဖြင့် ပြောသည့် ပုံစံမျိုး ဖြစ်ပါလိမ့်မည်။ ကျနော်ကိုယ်တိုင်ပင် အဆိုပါ အလေ့အထမျိုးနှင့် ကြုံဖူးသည်။ 
တခါသော ညချမ်းက အိမ်ပြန်ချိန်မှာ အတော့်ကို နောက်ကျခဲ့သည်။ အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံ ၂၂၅၀ ကျပ် တိတိသာ ကျန်တော့သည်။ အချိန်က ည ၁၁ နာရီ ကျော်ကျော်ဖြစ်သောကြောင့် လိုင်းကားမရှိတော့ဘဲ ကြားကား (ရန်ကုန်အခေါ် အောက်ဆိုဒ်ကား) လောက်သာ ရှိတော့သည်။ တက္ကစီငှားလျှင် ကျပ် ၂၀၀၀ ကျိန်းသေပေးရမည်။ ထို့ကြောင့် ၂၂၅၀တွင် ၂၅၀ ကျပ်သာ ပိုတော့မည် ဖြစ်သည်။ တချိန်တည်းမှာပင် အိမ်ပြန်ရောက်ချိန်နှင့် နံနက် အိပ်ရာထစ အချိန်တွင် သောက်ရန် စီးကရက်တဘူး မဖြစ်မနေ ဝယ်ရဦးမည်။
သောက်နေကျ စီးကရက်က တဘူးကို ကျပ် ၃၀၀ ပေးရ၏။ ထို့ကြောင့် တက္ကစီသာ ငှားပါက စီးကရက်တဘူး ဝယ်ရန် ၅၀ ကျပ် လိုနေမည် ဖြစ်သည်။ မည်သို့ဆိုစေ ၅၀ ဖြင့် တက္ကစီငှားမည့်ကိစ္စကို မဖျက်ချင်သလို၊ စီးကရက် ဝယ်မည့် ကိစ္စကိုလည်း မဖျက်လိုပေ။ ထို့ကြောင့် ဝယ်နေကျ စီးကရက်ဆိုင်ကို ရောက်အောင်သွားသည်။ ဖောက်သည် ဖြစ်နေတော့ ဒီတကြိမ် ၅၀ တော့ လျှော့ပေးကောင်း လျှော့ပေးနိုင်မည်ဟု အတွေးဖြင့် သွားခြင်းလည်း ဖြစ်သည်။
စီးကရက်ဆိုင် ပိုင်ရှင်က တရုတ် အမျိုးသား ဖြစ်သည်။ သူက ကျနော့်ကို မြင်သည်နှင့် စီးကရက်တဘူးကို ထုတ်ပေးသည်။ ကျနော်က အကြွေ အခက်အခဲကို ဦးစွာ ရှေ့တန်းတင်သည့် အနေဖြင့် “ အကိုရေ အကြွေက ၂၅၀ ပဲပါတယ်။ ကျန်တာက ထောင်တန်ဖြစ်နေလို့” ဟုပြောလိုက်သည်။ အခြားသော ဆိုင်များဆိုလျှင် ၅၀ လောက်ဖြင့် အကြွေ အခက်အခဲ ဖြစ်နေလျှင် လျှော့ပေးလေ့ရှိသည်ကို တွေ့ကြုံဖူးသောကြောင့် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ကျနော် မှန်းသလို ဖြစ်မလာပါ။ “ရတယ်၊ ထောင်တန်ပဲပေး”ဟု သူကပြောသည်။ ကျန်သည့် ၅၀ မနက်ဖြန်မှ ပေးပါမည်ဟု ပြောသော်လည်း သူက မရပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ပင် တုံ့ပြန်ပါသည်။
ထိုညက ငွေ ၅၀ ပြဿနာကြောင့် ကျနော်သည် တက္ကစီ မငှားနိုင်တော့။ ၃၀၀ ကျပ်ပေးရသည့် ကြားကားကို စိတ်ရှည်ရှည် စီးကာ ပြန်လာရသည်။ အချိန်လည်း ၄၅ မိနစ်ကျော် ပိုပေးလိုက်ရသည်။ စီးကရက်များ မသောက်တတ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟု တွေးမိသည်။ ထားပါတော့။
ကျနော် ပြောချင်သည်မှာ တရုတ်လူမျိုးများ ငွေကြေးနှင့် ပတ်သက်လာပါက မည်မျှ အတိုင်းအတာ အထိ စည်းစနစ် ရှိသည်ကို ကျနော် ကွက်ကွက် ကွင်းကွင်း မြင်ခဲ့ရပါသည်။ အဆိုပါ စီးကရက် ရောင်းသည့်ဆိုင်မှ ပုဂ္ဂိုလ်ကိုလည်း တရက်တာ ငွေ ၅၀ အကြွေး မပေးနိုင်သောကြောင့် စိတ်မဆိုးမိပါ။ နောက်နေ့တိုင်း သူ့ဆိုင်ကပင် ပုံမှန် ဝယ်ဖြစ်မြဲပင် ဖြစ်သည်။ သူငယ်ချင်း တဦးကတော့ “ငါသာဆို ၅၀ နဲ့ လျှော့ပေးလိုက်မယ်။ ရေရှည်ရမယ့် ဖောက်သည်မျက်နှာကို ကြည့်ရမယ်လေ” ဟု မှတ်ချက်ပြုသည်။ သူ၏မှတ်ချက်ကို ကျနော် ဘာမှ မပြောလိုပါ။ တရုတ်လူမျိုးများ ပိုက်ဆံ ရှာရာတွင် မြန်မာလူမျိုးများထက် တိကျ ပြတ်သားပုံကိုသာ တရေးရေး မြင်ယောင်မိနေပါသည်။
တရုတ်တို့သည် ယင်းသို့ ပိုက်ဆံကို တိတိကျကျ၊ ပြတ်ပြတ်သားသား ရှာသည့် အလေ့အထ ရှိရုံသာမက ငွေကြေး အခက်အခဲများ အပေါ် တုံ့ပြန်ရာတွင်လည်း လွန်စွာ ထူးချွန်သူများဟု ဆိုနိုင်သည်။ ယမန်နှစ် ၂၀၀၉ ခုနှစ် က ဖြစ်ပွားသော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း တရုတ်တို့ ကောင်းစွာ တုံ့ပြန်ခဲ့ကြသည်။ တရုတ်မိတ်ဆွေ တချို့၏ အဆိုအရ ထိုစဉ်က တရုတ်နှစ်ကူးကို တတ်နိုင်သမျှ ငွေ နည်းနည်းပါးပါးမျှသာ သုံးပြီး ကူးခဲ့ကြသည်။ မကြာသေးခင်က တရုတ်ကွန်မြူနစ် အစိုးရက တရုတ်ပြည်သည် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းမှ ဦးစွာ ရုန်းထွက်နိုင်ပြီ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောသည်။   မြန်မာတွေမှာတော့ သူတို့လို မဟုတ်။ ထိုနှစ်က သင်္ကြန်တွင် ပျော်မြဲ ပျော်ကြသည်။ ငွေကြေး မပြည့်စုံသည့်တိုင် ဘီယာသောက်ပြီး လမ်းမများပေါ် အော်နိုင်ခဲ့ကြသော မြန်မာများကို တွေ့ရသည်ဟု မိတ်ဆွေတဦးက ပြောသည်။ “မြန်မာတွေက ပိုက်ဆံ မရှိရင်တောင် ချေးငှားပြီး ရအောင် ပျော်ကြတာ” ဟုပင် သူက ဆိုခဲ့သည်။ ကျနော်တို့ မြန်မာတွေ ဤမျှလောက် အပျော်အပါး များလွန်းသလား။
သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာလူမျိုးများအပေါ် ပေးခဲ့သော မှတ်ချက်များမှာ ခပ်ကြမ်းကြမ်းကြီး ဖြစ်နေသည်။ မြန်မာလူမျိုးများသည် လှေလှော်ပြိုင်ပွဲ ဝင်သည့်အခါ နိုင်ပြီဆိုတာ သိပါက ဆက်မလှော်ဘဲ တက်မကို မိုးပေါ် ထောင်ပစ်လေ့ ရှိခြင်းကို  ဗိုလ်ချုပ်က ပြစ်တင် ကဲ့ရဲ့ဖူးသည်ဟု ကြားဖူးပါသည်။ ယုတ်စွအဆုံး ဗိုလ်ချုပ်က “ဒီပုံစံမျိုးနဲ့ဆို မြန်မာနိုင်ငံ ဟိုဟာနိုင်ငံ ဖြစ်လာလိမ့်မယ်” ဟုပင် ခပ်ကြမ်းကြမ်း သတိပေးခဲ့ဖူးသည်။ ဗိုလ်ချုပ် မမှားပါ။ ယနေ့ တရုတ်လူမျိုးများ ပိုင်ဆိုင်သော စားသောက်ဆိုင်၊ ကေတီဗီ၊ ကလပ်နှင့် အနှိပ်ခန်းတို့တွင် အလုပ် လုပ်နေသူများကို ကြည့်ပါက မြန်မာ မိန်းကလေးများပင် အများဆုံးဖြစ်သည်။ ဤသို့ဖြစ်နေခြင်းကြောင့် တရုတ်လူမျိုးများကို အပြစ် တင်မည်လော။ အပြစ် တင်မိပါကလည်း ကိုယ့်မျက်ချေး ကိုယ်မမြင်သည့် ပြစ်တင်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ အဓိပ္ပာယ်လည်း ရှိမည် မဟုတ်ပါ။
ကျနော်ရိုးရိုးလေးသာပြောချင်ပါသည်။ မြန်မာတွေ ထကြွလုံ့လစိုက်ရေးအတွက် တိုက်တွန်းချင်ခြင်းသာ ဖြစ်သည်။ အဆိုပါ အရေး ကိစ္စတို့ကို အတိုက်အခံ နိုင်ငံရေးသမားများအား ပြောမိပါက စစ်အစိုးရကို အပြစ်တင်မည်။ စစ်အစိုးရ လိုလားသူများကို ပြောပါက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့်ဟု မေးငေါ့ကြလိမ့်မည်။ ကျနော့်အမြင် ပြောရပါမူ အဆိုပါ ကိစ္စများမှာ ကိုယ်တိုင်နှင့် သက်ဆိုင်ပါသည်။ 
တရုတ်လူမျိုးများ နှစ်သစ်ကူးတွင် ကိုယ်ပိုင်ကား ကိုယ်စီနှင့် ဘုံကျောင်း လာနိုင်သည်မှာ သူတို့ ဝါယမ စိုက်ထားသလောက် သူတို့တတွေ အကျိုး ခံစားနေရခြင်းသာ ဖြစ်ပါသည်။ မြန်မာတွေ မပျင်းမရိ၊ အပါးမခို၊ ကြိုးစားကြပါက တနေ့နေ့ တချိန်ချိန်တွင် မြန်မာဟု ရင်ကော့နိုင်မည် ဖြစ်သည်။
(မြသောင်းတင်သည် မြန်မာပြည်တွင်းမှ လူငယ် စာနယ်ဇင်းသမား တဦး ဖြစ်သည်)
Comments (39)Add Comment
0
...
written by snow, July 06, 2010
so good! i like this.
0
...
written by ဇော်လင်း, April 02, 2010
ကိုမြသောင်တင်....
ဒီ ဆောင်ပါးကို မြန်မာတွေ ကြိုးစားစေချင်လို့ ရေးတယ်ဆိုရင်. .အရင်ဆုံး ခေတ် စနစ်ကို လေ့လာ စေချင်ပါတယ်
အပေါ်က. .ကိုစောတင်မောင် ပြောသလိုပဲ... အခု စက်ရုံတွေမှာ မြန်မာတွေ တစ်နေ့ကို... ၁၂ နာရီလောက် အလုပ်လုပ်
နေကြရပါတယ်. ..ဒါ မကြိုးစားလို့လား... သူတို့ လစာကြတော့. ..တနေ့ကို. .၂၀၀၀ တဲ...ဒါ တန်ရာ တန်ကြေးလား
ဘာတွေ ဘယ်လိုပဲ ပြောပြော..သူတို့ အာဏာ လုပွဲမှာ ပြည်သူတွေက မြေဇာပင် ဖြစ်ရတာပါ...
0
အမြင်ကျယ်စေချင်
written by u kyaw, April 02, 2010
နောက်ဆုံး အားလုံး ကိုယ်ကြမ္မာ ကိုယ် ဖန်တီးတာပါ
0
မီးတို့လဲ..................
written by ချုချာလေး, March 29, 2010
အစ်ကိုရေးပြတာ ကောင်းပါတယ်။ ဒါဟာ လူ တော်တော် များများ သတိ ပြုမိကြတဲ့ သရုပ်ပြကွက် တစ်ခုပါ။ ဒါပေမဲ့လေ... စာရေးဆရာကြီးတစ်ယောက်က ဗမာလူမျိုးတွေ အချိန်တန်ဖိုး မထားခြင်း အကြောင်း ထောက်ပြမိတော့ သူ့ တူမက ပြန်ပြောတယ် “အချိန်နဲ့ အလုပ် လုပ်တိုင်းသာ ထိုက်တန်တဲ့ တန်ဖိုး ရနေရင် မီးတို့ ဒီလိုပဲများေ နဖို့ စိတ်တောင် မကူးဘူး၊ဘကြီးလဲ ဒီလို အခန့်သင့် ချက်ပြီးသား ထိုင်စားဖို့ စိတ်တောင် မကူ;နဲ့” လို့ပေါ့။ စာရေးဆရာကြီး ခမျာ လေထန်ကုန်းမှာ လေကုန်အောင် ထန်နိုင်ပေမဲ့ အိမ်မှာတော့ တူမရှေ့က အသာ ထလို့ ထမင်းဝိုင်းကို လက် အမြန် ဆေးပြီး ၀င်ရပါသတဲ့ဗျာ။ ဆိုလိုချင်တာ တော့ဗျာ ကိုယ့်ပြည်သူ ပြည်သားကို အချိန်နဲ့ အမျှ ထမင်းကျွေးမယ့် အလုပ် မပေးနိုင်တာ မည်သူ့တွင် တာဝန်ရှိသနည်း ဆိုရင် ဒီဘူတာကြီးကိုပဲ ဆိုက်ပြန်တော့တာပဲ။ အိမ်ထောင်ဦးစီး မကောင်းတဲ့ မိသားစုဟာ အဆင် မပြေနိုင် သလိုပါပဲ။
ပြောပါရစေ, Low-rated comment [Show]
0
ဤဆောင်းပါး ဖတ်သူများသို့
written by မြသောင်းတင်, March 23, 2010
အခုလို သုံးသပ်ချက်များ ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်.။ ထောက်ပြချက်များ၊ ဝေဖန်ချက်များ နှင့် ဖြည့်စွက် ပြောဆိုချက်များ အားလုံး အတွက်လည်း ထပ်မံ၍ ကျေးဇူး တင်မိကြောင်း ပြောလိုပါတယ်။ ကျွန်တော် အဓိက ပြောလိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံ ထဲမှာ ဘယ်အစိုးရပဲ တက်တက် ကိုယ့်ဘာသာကိုယ် ပြုပြင်လို့ ရတဲ့ အရေး ကိစ္စလေးတွေ ရှိတယ် ဆိုတာကိုပါ။ မြန်မာ နိုင်ငံသား အားလုံး၊ မြန်မာပြည်ကို ချစ်သူများ အားလုံး၊ စာဖတ်သူများ အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ။
မြသောင်းတင်
ရန်ကုန်မြို့
0
ဒီထောက်ပြချက်လေး ကောင်းတယ်။ ရေးသင့်တယ်
written by ရွှေမြန်မာ, March 23, 2010
လေ့လာမိခဲ့တဲ့ အောင်မြင်သော မြန်မာ တရုတ်လူမျိုးရဲ့ နေပုံ ထိုင်ပုံ တချို့
၁။ တရုတ် လူမျိုး တွေဟာ အသုံးစရိတ်ကို ပုံမှန် ဝင်ငွေရဲ့ အဆ ပေါင်း များစွာ နိမ့်ကျပြီး သုံးလေ့ရှိပါတယ်။ လိုချင်တဲ့ အရင်းနှီး ကို ရအောင် အရင်စုပါတယ်။
၂။ သားသမီး အရွယ် ရောက်လျှင် စီးပွားရေး လုပ်ငန်းကို အောက်သက် ကြေအောင် သင်ပြီး မျိုးရိုး စဉ်ဆက် လက်ဆင့်ကန်းလေ့ ရှိတယ်။ မောင်နှမချင်း စုပေါင်း လုပ်ကိုင်ပြီး လုပ်ငန်းကို တိုးချဲ့တတ်တယ်။ မခွဲထွက်ပါ။
၃။ သားသမီးများကို အိမ်ထောင် ချပေးရာတွင် စီးပွားရေး ပေါင်းစည်းခြင်း ပုံစံဖြင့် စနစ် ကျစွာ ပြုလုပ်လေ့ရှိသည်။
၎။ စီးပွားရေး လုပ်ကိုင်ရာတွင် အရှက် အကြောက်မရှိ ငွေရများသော ကိုယ်ပိုင် အလုပ် လမ်းဘေး ဈေးသည်မှစ အရက်ဆိုင်၊ လောင်းကစားဒိုင်၊၊ ပြည့်တန်ဆာထိ လုပ်ကိုင်သည်။
ထိုအရာများမှာ တရုတ် လူမျိုးများ၏ ခက်ခဲ ကြမ်းတမ်းသော ဘိုးဘွား ဘီဘင် ဘဝမှ သင်ကြား ပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာပြည်ဘွား တရုတ်မိတ်ဆွေ တရောက်က အလွန် ခင်မင်သောကြောင့် သူ၏ အဘိုြး မန်မာပြည်မှာ အခြေခြစတွင် အောက်ကျခံ ရုမ်းကန်ခဲ့ ပုံကို ပြောဘူးသည်။ ဘန်ဒါသီးဆေ့ နှင့် ဆန်ပြုပ်ကို သောက်ကာ မိသားစု အားလုံး ကလေးလူကြီး မရွေး ရုံးကန် အလုပ် လုပ်ရပုံ ကို generation (နှစ်၅၀)အဆင့်ဆင့် လက်ဆင့်ကန်း ပြောပြခဲ့သည်။ (မှတ်ချက်-ထို ဆန်ပြုတ် စားရ သောဘဝ သည် တရုတ်ပြည်က ဘဝထက် သာသည်) ၎င်း၏ မျိုးဆက်သည် first generation ၏ လက်ငုက်လက်ရင်းဖြင့် ယခုခါတွင် စက်ရုံ၊ ပွဲရုံ၊ company နှင့် ရွှေဆိုင်များ စွာပိုင်ဆိုင်ကာ မြန်မာပြည်၏ ထိပ်တန်း လူတန်းစားတွင် ရပ်တည် နေနိုင်သည်။ အလားသူ အခြား တရုတ်မိတ်ဆွေများလည်း ၎င်းဒို့ ဘိုးဘွားများရုမ်းကန်မှူများ ကိုလည်း ၎င်းတို့မှတဆင့် ကြားဘူး။
0
တရားသေ စွဲကိုင်ပြောခြင်းကု လက်မခံပါ
written by jumper, March 23, 2010
စာရေးသူသည် ပြောလိုသည်များကို တရားသေ ဆုပ်ကိုင် ပြောနေသည်ဟု ယူဆပါသည်။
တရုတ် လူမျိုး တွေပဲ ကြိုးစားတာလား တရုတ် လူမျိုးတွေပဲ ချမ်းသာတာလား ....မြန်မာ လူမျိုးတွေပဲ မကြိုးစား ဘူးလား...
မြန်မာလူမျိုးတွေပဲ ဆင်းရဲတာလား. ...လုံးဝ လက်သင့်မခံပါ.... တရုတ်ပြည်ကို သွားကြည့်ပါဦးလို့  ...ကမ္ဘာကို ပတ်ကြည့်ပါဦး
လို့ အကြံ ပေးချင်ပါတယ်....စားစရာမရှိ ဆင်းရဲ စုတ်ပြတ်သတ် နေတဲ့  တရုတ် လူမျိုးများ အလုပ်ကို ကြိုးစား မလုပ်ပဲ...
ဘိန်းစားပြီး တောင်းစားနေတဲ့  တရုတ် လူမျိုးများ ရိုက်သတ်လို့ ပင် မကုန်ပါ ......တရုတ်ပြည်မှာ ကုန်းကောက်စရာ မရှိအောင်
ဆင်းရဲလွန်း သဖြင့်ငတ်ပြ တ်သေသော လူပေါင်း များလွန်းလှပါပြီ......ကျွန်တော် တရုတ်လူမျိုးကို လုံးဝမမုန်း ..
ဘယ်လူ မျိုးကိုမှလည်း မမုန်းပါ ...သို့ ပေမယ့် စာရေးသူ တရားသေ ဆုပ်ကိုင်ေ ပြာနေခြင်းကို ဝေဖန်ခြင်းပါ.....
ကျွန်တော်ြေ ပာချင်တာကေ တာ့  တရုတ်လူမျိုးနဲ့ ဗမာလူမျိုးကိုနှိုင်း ယှဉ်ြေ ပာနေတာ ကိုလက်မခံကြောင်းပါ...
ကျွန်ေ တ်ာထ ပ်ပြော ပါမယ်...တရုတ်ပြည်မှာ သေလုအောင်အ လုပ်လု ပ်ပြီးတော့  ဆင်းရဲေ နရတဲ့ လူေ ပါင်းများစွာ
ကျတော့ ကော ဘယ်လိြုေ ပာချင် ပါသလဲ....အဲဒါမြ ကိုးစားတာ လား မကြိုးစားဘူးအေ ချာင်နေတဲ့ အချောင်သမားလို့ 
ပြောရက်ပါေ သးလား .....လောက မှာလုပ်ချငိုင်းဖြစ်ချင်တိုင်း မဖြစ်ဘူး လို့ စာရေး သူကိုအကြံပေးချင်ပါတယ်..
Need to consider population ratio., Low-rated comment [Show]
0
ပိုကောင်းတယ်
written by hugebear, March 22, 2010
မူရင်း ဆောင်းပါးထက် အောက်က ကွန့်မင့်တွေ ဖတ်ရတာ ပို ပညာရနေတယ်...
ကျွန်တော် ရောက်ဖူးတဲ့ ထိုင်းနိုင်ငံမှာလည်း လူ တော်တော်များများက ဘ၀ကို သက်တောင့် သက်သာနဲ့ ဖြတ်သန်းနေကြတယ်....
ကျွန်တော့်အမြင်အရဆို ထိုင်း တော်တော်များများက မြန်မာ တော်တော် များများထက် ညံ့ပါတယ်...
ဒါပေမယ့် သူတို့တစ်တွေ အေးဆေးပါ....
ကျွန်တော့်အမြင် ထိုင်းမှာ အသက် ၅၀ အရွယ် ပညာတတ် လူတစ်စုက တော်တော် တော်ကြတယ်...
သူတို့တွေ ကြိုးစား ဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်က အခု ခေတ်လူငယ်တွေ သက်တောင့် သက်သာနေဖို့ ဖြစ်လာတာပဲ...
လူတစ်စု ကောင်းဖို့နဲ့ နိုင်ငံအပေါ် စေတနာ ရှိဖို့က အဓိကပါ...
0
We need
written by RIT student, March 21, 2010
My family is not rich. My mom is a first generation chinese burmese "school teacher". So that could explain some misconception about "all chinese are businessmen!". I am half-chinese half-burmese.
After I read this article and most of comments, I feel pretty bad about the ways we use to think.
First , the author thinks burmese are not good at doing business. Come to US to see yourselves. Most sushi restaurants in US are run by burmese and we(burmese) dominate this restaurant chains business across US continent. ( It could be a little bit exaggeration smilies/smiley.gif ) I think we are quite good in communication and in guessing what someone wants because we traditionally we consider someone feeling every time before we do something. So I think burmese are good in mind reading. That could give good customer satisfaction.
Second, the author is giving the wrong signal by comparing two races: Chinese vs Burmese. It is misleading. Now readers are comparing country vs country and government vs. government. According to Buddha's teaching, the key point is "Education". U Thant is the first Asian UN secretary. He got this post by passing all other asian fellows. People who want to escape from poverty have to seek good education. So some people would complain how they could get better education without money. Go back to Buddha's teaching. If there is a will, there would be a way. I know some of my friend are studying in US without paying a penny. For my case, my mom started saving every penny as soon as I was born for my education. As a school teacher, it is kind of Mission Impossible. But you can. I think all burmese( every ethnics living inside Burma) should understand the power of education. We should help each other how to get a better education while you are in HELL. If you put your future success on someone else or an organization, it is a very shaky foundation. We should change the way we think.
We burmese are traditionally Buddhists but we rarely practice Buddha's teaching in our daily life. Buddha never draws a line inside Sanga Organization due to your ethnicity. Every ethnic should more united in our current situation. Here if the author bases his story on individuals, that would be a great article and be more productive.
I think if irrawaddy could host a forum or something like that , it could be great. We can share and discuss a lot. We can help each other and in the same way , we could help our country. One article or one comment could not change the ways we use to think. So why am I writing? I was encouraged by fellow commentators and I also want to contribute my thought and I wish if everybody is participating in it could lead a better result for our country. If someone feels bad due to my comment, I am sorry for that. Please share your ideas.
Thanks,
0
...
written by THEIN, March 21, 2010
I will sugest , all myanmar should have many common supporting places like Chinese Bohn Kyaung with some rules and regulation to support the people who need help.
0
pardon to all myanmar
written by THEIN, March 21, 2010
Addition,
find money like Chinese, save like Indian but as addition don't gamble like Chinese.
I m shame on our myanmar people like behaving as sitting and drinking on platform around peninsula Singapore.we should not compare with Bangladash or Indian.I don't like other people look down to Myanamar.
0
good, but
written by Myo Than, March 21, 2010
I agree with some, not all. Asking for discount 50 kyats? Why didn't the author ask for discount 50 from taxi driver? I am pretty sure that taxi driver will accept 50 kyats less out of over 2000. For cigarette, the seller may not be making 50 kyats profit.
It seems that a story was made up to prove the point. Or just repeat that Chinese taxi driver refused to give discount again.
Anyway, i am glad that the writer can afford for taxi. I cannot afford taxi when I was in Burma. I am a poor ethnic Chinese in Burma.
0
အကြောင်းများစွာ။
written by U pyin nya wa ra, March 21, 2010
ကြီးပွား ချမ်းသာခြင်းမှာ အကြောင်းများစွာ ရှိတတ်ပါတယ်။ ရိုးသားမှူနဲ့ ကြီးပွား ချမ်းသာခြင်း။ မရိုးသားမှူနဲ့  ကြီးပွား ချမ်းသာခြင်း။ သူမျာြး ဖစ်တိုင်း ငါလဲ လုပ်ရင်ဖြစ်မှာဘဲလို့ တွေးလို့ မရပါ။ အခြေခံ လိုအပ်တဲ့ အကြောင်း တရားတွေ ပြည့်စုံပါမှ အကျိုးရလာဒ်ကောင်းတွေ ထွက်ပေါ်လာပါမယ်။ ဥပမာလေးတခု ပေးပါရစေ- ဆိုကြပါစို့  ဘော်လုံးပွဲတပွဲ ကစားတဲ့ အခါမှာ နှစ်သင်းစလုံး အင်အား တူညီကြတယ်။ ဆဲ့တစ်ယောက်စီ ဘဲ။ ဒိုင်တွေကလဲ သမာသမတ် ရှိတယ်။ အားပေးတဲ့ ပရိတ်သတ်လဲ မျှတတယ်။ လေ့ကျင့်ပုံခြ င်းလဲ တူတယ် ဆိုကြပါစို့ ။ ဒါပေမဲ့  ဘော်လုံးသမားတွေ ရဲ့ တဦးနဲ့ တဦး အကွက်မြ င်ပုံခြင်းတော့ မတူနိုင်ဘူး။ ပရိယာယ် သာတဲ့ အသင်းက နိုင်မှာဘဲ။
မြန်မာနိုင်ငံလို ဥပဒေ အတည်မရှိတဲ့ အခြေအေ နမျိုးမှာ ၀ိရိယ ရှိယုံ။ ကံရှိယုံနဲ့ မလုံလောက်ဘူး။ ညာဏ်ဆိုတဲ့ စဉ်းစားေ တွးခေါ်နိုင်မှူကလဲ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေ စဉ်းစားတွေးခေါ်နိုင်မှ ကြီးပွားချမ်းသာဘို့  လွယ်ကူပါမယ်။ နို့ မဟုတ်ရင် သိကြားမင်း မစ တောင် ကြီးပွားချမ်း သာဘို့ မလွယ်ပါဘူး။ ကာလံ ဒေသံ ဓနံ အဂ္ဂံ တဲ့။
0
BRAVO!! SAW TIN MAUNG
written by REALITY, March 20, 2010
THANKS FOR YOUR UNBIASED COMMENT SAW TIN MAUNG. I HOPE PEOPLE SHOULD SEE JUST THE CHARACTER AND EFFORT OF THE SUCCESSFUL PERSONS, NO MATTER WHO THEY ARE. I ADMIRE ANYBODY WHO WORKS HARD , TRADES FAIRLY FOR MUTUAL EQUITY AND THE MOST IMPORTANTLY, THE ONES WHO HELP BUILD THE SOCIETY (REGARDLESS OF HIS OWN OR NOT) AND THEIR COUNTRY .
PLEASE ASK YOURSELVES THAT HOW YOU HAVE HELPED YOUR COUNTRY WHILE COUNTRYMEN HAVE BEEN GOING THROUGH WITH DIFFICULTIES AT THESE MOMENTS.
DID YOUR WEALTH BENEFIT OTHERS OR YOU ACCUMULATE YOUR WEALTH BY TAKING ADVANTAGE OF THE ONES WHO ARE UNFORTUNATE AND LACK OF OPPORTUNITY IN THEIR OWN LAND BECAUSE OF THE FAILED MANAGEMENT?
0
ရေးစေချင်ပါတယ် လေ
written by ကျောင်းသား, March 20, 2010
တရုတ်တွေ ကြီးပွါးနေသလို အိန္ဒိယနွယ်ဖွား တွေ ကြီးပွါးနေတာကိုလည်း မြင်စေ ချင်ပါတယ်။ ရေးစေချ င်ပါတယ် လေ။။။။။။.
0
...
written by တိုးတက်အောင်, March 20, 2010
အရေးကြီးမယ် ထင်တဲ့ အချက်တစ်ခု ထည့်ပြောပါရစေ။
မိသားစု စည်းလုံး ညီညွှတ်ခြင်းပါ။ တရုတ် လူမျိုးများဟာ မိသားစုသြဇာ အတော်ေ ညာင်းပါတယ်။
မိဘရဲ့ အရိပ်အောက်မှာ အားလုံးစုစုစည်းစည်း လုပ်ကိုင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီစောင်မ တတ်ကြပါတယ်။ စီးပွားရေး လုပ်ငန်းများကို မိသားစုအေ မွအဖြစ် လက်ဆင့်ကမ်း လုပ်ဆောင် တတ်ကြတယ်။ ကျွန်တော် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျော်လောက်က ရန်ကုန်မြို့ တရုတ်တန်းက အိမ်တစ်အိမ် ရောက်ခဲ့တုန်းက အိမ်မှာမှန်ေ ဘာင်တွင်းချိတ်ပြီးရေးထားတဲ့ စာကြော င်းများကို ဖတ်ခဲ့ရပါတယ်။
မိသားစုနဲ့ ပါတ်သတ်တဲ့ စာတ န်းများဖြစ်ပါတယ်။ တစ်ခုက "အိမ်၏ေ ပျာ်ရွှင်မှု သည်မိသားစုစည်းလုံးညီ ညွှတ်ခြင်း"
လို့ဆိုပါတယ်။ ဒီ စာဟာ အိမ တစ်အိမ် အ တွက်သာမကပဲ တိုင်းပြည်တ စ်ပြ ည်အတွက်ပါ သက်ဆိုင်ပါတယ်။
အိမ်သာမှဧည့်လာမယ် ဆိုသလို တိုင်းပြ ည်သာမှလည်း အလုပ်အကိုင် အခွင့်အ လမ်းများ ရောက်လာ မှာဖြစ်တယ်။
0
brilliant comments, all.
written by ye Aung, March 19, 2010
In tact, everything really depends on us, who really are responsible for the consequence. We are the only one who to blame if all the things happening in Burma are supposed to be blamed someone. We let this government to stay alive for ages. We are the ones who didn't., or doesn't try hard enough to bring our own faith. We are the one who do not try enough to be the responsible citizens.
But, be remember, one day, if we all have a chance to build Burma , a better place, or best place in the world, we have to build ourselves, and we have many things to do.
0
မှားများနေမလားလို့
written by chanmyae, March 19, 2010
ဒီဆောင်းပါးလေးကို ကြိုက်ပါတယ် ကျွန်တော်လည်း တရုတ်တွေနဲ့ အလုပ် လုပ် ဘူးပါတယ်
သူတို့တွေ ကြီးပွားရခြင်းက တစ်အချက် ကပ်စေးနဲ တယ် နှစ်အချက် အားမနာဘူး သုံးအချက် စည်းကမ်း ရှိတယ်
ဒါပင်မဲ့ သူတို့တွေ လောင်းကစားမက် တာ။ ငွေမက်တာတွေလည်း ရှိပါတယ်
တရုတ်တန်း ဘက်ကို ညဖက် သွားကြည့်လိုက်ပါ ဘော်လုံးပွဲ လောင်းတဲ့ တရုတ်တွေ လောင်ကစား လုပ်တဲ့ တရုတ်တွေ ဘယ်လောက်များလဲ သိပါလိမ့်မယ်
0
ဖြည့်ပြောခြင်း
written by zinyaw, March 18, 2010
ရေးသမျှ comments တွေဖတ်ကြည့် ပါတယ်။ တော်တော်လေး ကောင်းကြပါတယ်။ အဲဒီထဲ က Pho Ke ပြောတဲ့ Motivation and effort from each person is created by open and fair competition. စကားက သိပ်မှန်တယ် ထင်မိတယ်။ တစ်ချို့ အရမ်းကြိုးစား လုပ်ပေမယ့် မအောင်မြင်တဲ့ သူတွေ မြန်မာပြည်မှာ အမျုားကြီး ရှိပါတယ်။ တစ်ချို့တွေဆို တော်တော် အရည် အချင်း ရှိကြတယ်။
ဒါပေမယ့် မြန်မာပြည်ရဲ့ နိုင်ငံရေး စနစ်ကိုက လူ တစ်ယောက်ချင်း open and fair competition မပေးနိုင်ဘူး။ ဥပမာ - ကိုယ်က စီးပွားရေး တွက်ကိန်းနဲ့ လုပ်တတ် ကိုင်တတ်တယ် ထားဦး .. လုပ်ကွက်ေ ကာင်းတွေက ပြိုင်ဆိုင်စရာ မလိုဘဲ (စောတင်မောင် ပြောသလို ပါမစ် တစ် စောင် ကိုင်ပြီး သိန်း ၂၀၀၀ လောက် အိပ်ထဲ ထည့်နေ သူတွေ အများကြီး ) ပါတ်သက်ရာ တွေဆီ အလိုလို ရောက်ပြီးသား၊ ကျန်တဲ့ အရိုးကပ်သားလေးတွေက ငွေများများ ပေါက်နိုင် တဲ့သူဆီရောက်၊ နောက်ဆုံး ငွေလဲမရှိ ၊ အာဏာလဲမရှိ တဲ့သူက မန်နေဂျာတို့၊ ရုံးဝန် ထမ်းတို့ လုပ်ရေ၇ာ။ အဲဒီကြားထဲ ကံလေးကောင်းရင် တော့နိုင်ငံခြား ထွက်လုပ်ကြ တာပေါ့။ ဒါကကြိုးစားတဲ့ အုပ်စုထဲက သူတွေ ကိုပြောတာပါ။ နောက်တစ်ခု က ဗမာတွေ ၊ တိုင်းရင်းသားေ တွကစီးပွားေ ရးလုပ်ရင် အဖွဲ့အစည်းနဲ့ လုပ်လေ့ မရှိဘူး။ဒီလိုအဖွဲ့ အစည်းနဲ့လုပ်ခြင်းအားဖြင့် သတင်းဖလှယ်လို့ရတယ်၊ နည်းပညာမျှလို့ရတယ်။
ဘိုပြောင် ပြောတာ လဲမှန် နေတယ်။ စလုံးေ တွကျတော့လဲ အလုပ် သိပ်မလုပ်တဲ့ သူတွေတောင် နှစ်ကုန် ရုံးပိတ်ရင် နိုင်ငံခြား အပန်းဖြေ ခရီး တွက်နိုင်တယ်။
ဒီအြေ ကာင်းအရာက ပြောရရင် တော်တော် ကျယ်ပြန့်တယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကုန် ပါတ်သက်နေတယ်။ ဒေါင့် တစ်ခုတည်းက ကြည့်လို့တော့ မပြည့်စုံဘူး။ ဖြစ်နိုင်ရင် တစ်ကယ့် အချက် အလက်တွေကို ပါ စာရင်း ကောက်ပြီး သေချာ လေ့လာစမ်းစစ် (statistically analysis) လုပ်ပြီး စာတမ်းပါ ရေးသင့်တယ်။ ဒါမှာ ကျွန်တော်တို့မှာမှားနေတာတွေ ရှိ သိပြီး အမှန်တွေပြ င်နိုင်ကြမှာပါ။
0
Burmese people are not lazy!!!
written by mega, March 18, 2010
I agree with the comments of Saw Tin Mg, Pho Ke,Zinyaw and Bo Pyaung. They had a lot of foreign exposure and up to date. Mya Than Tin article is a little bit out of date. For other comments, i just want to say that criticize the Burmese people from the optimistic point of view. Burmese people are simple( not military junta) kind hearted and easily colored. Some of them are uneducated because of the Burmese government education system in compare to the neighboring and ASEAN countries. There are a lot of educated Burmese people like medical doctors and engineers etc working in neighboring countries, and all over the world as international levels. They are earning white money.There is no doubt that Chinese are brilliant and hard workers, not only in Myanmar but all over the world.
0
50% ဘဲ လက်ခံတယ်
written by ye nain, March 18, 2010
မလေးရှားမှာ မလေးတွေ လည်း မြန်မာတွေလိုပါဘဲ သိပ် အလုပ်မလုပ်ချင်ကြပါ ဒါပေမဲ့ ဘာကြောင့် နေရေး စားရေး ပူစရာ မလိုလဲ။ လူတိုင်း ကားရှိတယ်။ အိမ်ပိုင်ရှိတယ်။ အတိုဆုံး ပြောရရင် ခောတ်စနစ်ကြောင့်ပါ။ မြန်မာပြည်မှာ ရိုးရိုး သားသား စုဆောင်းလို့ ချမ်းသာတာ ခုခောတ်မှာ ရှိလို့လား၊ စားနိုင်ရုံတောင် မနဲ စုရမယ်။ တလ ဘယ်လောက် စုနိုင်မှာလဲ။ အလုပ်အကိုင် ဖန်တီးပေးမှ မပေးနိုင်ဘဲ။ တရုတ်တွေ လောက် လောင်းကစား လုပ်တာ ရှိအုံးမှာလား၊ မလေးရှားက GENTING HIGHT LAND မှာ လာကြည့်လိုက်အုံး။
0
လူငယ်များအား နေရာပေးခြင်း
written by ရဲဝင်း, March 18, 2010
မိမိတို့ရဲ့သားသမီးများကို ငယ်ရွယ်စဉ်ကပင် စီးပွားရေး လုပ်ကိုင် တတ်စေရန် အခွင့်အရေး ပေးမှုသည်လည်း မြန်မာပြည်ဖွား တရုတ်လူမျိုးများကို ကြွယ်ဝချမ်းသာ စေခြင်း အကြောင်းတရား တခု ဖြစ်ပါတယ်။ မြန်မာမိသားစု အများအပြားမှာ လူငယ်များကို အယုံအကြည် နည်းသောကြောင့် မိမိတို့ရဲ့ သားသမီးများကို စီးပွားရေး လုပ်ကိုင်နိုင်စေရန် ပံ့ပိုးကူညီမှု ရှားပါး နေသည်ကို မြင်တွေ့ နေရပါတယ်။ အထူးသဖြင့် မိဘများ သေလွန်မှ သားသမီးများ မိဘ အမွေအနှစ်ကို ရရှိကာ စီးပွားရေးလုပ်ငန်း စတင် လာခြင်းမျိုးကို မြင်တွေ့ နေရပါတယ်။ ဒီအချက်က မိဘများအနေနဲ့ အောင်မြင်သော စီးပွားရေး လုပ်ငန်းကို မတည်ဆောက်နိုင်ခဲ့ ပါက ၎င်းတို့ရဲ့ သားသမီးများ အညွန့်တက် နောက်ကျစေသော အဖြစ်အပျက် တခုဖြစ်နေပါတယ်။ များသော အားဖြင့် မူလ ကနဦး ကတည်းက မိဘအမွေ အနှစ်ကို ခံစားနိုင် ၀% ရှိသော လူငယ်များ ကသာ အစွမ်းအစ ရှိခဲ့ပါက ကြီးပွားလာမှုကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ၎င်းလူငယ်များ၏ ပညာရေးမပြည့်စုံမှုကြောင့် ထိုလူငယ်များ၏ သားသမီးများကို ပညာရေး ပိုင်းတွင် ပိုမို ဦးစားပေးရန် စေခိုင်းခြင်းကြောင့် စီးပွားရေးမျိုးဆက် တဖန်ပြန်လည် ပြတ်တောက် ရပြန်ပါတယ်။ လူငယ်များကို တပိုင်တနိုင် သေးငယ်သော စီးပွားရေး စတင်နိုင်စေရန် မြန်မာမိဘများ အနေဖြင့် ပံ့ပိုး ကူညီသင့်တယ် လို့တွေး ထင်မြင်မိပါတယ် ခင်ဗျာ။
0
...
written by Wai Lwin, March 18, 2010
Nice Article!
0
ကောင်းပါတယ်
written by Kyang Wang, March 18, 2010
မြန်မာပြည်က လူတွေ ဒီစာကို ဖတ်ဖြစ်ရင် သိပ်ကောင်းမှာပဲ
0
မှန်လိုက်ေ လခြင်း
written by ဦးဇင်း, March 18, 2010
မှန်လိုက်လေခြင်း လို့ဘဲ မှတ်ချက်ပေးရေ တာ့မှာဘဲ .... ကြည့်လေ လ္ဘက်ရ ည်ဆိုင်မှာ နှစ်နာရီ သုံးနာရီ ထိုင်ပြီး အချိန်ဖြုံးတဲ့ထဲမှာ တရုတ်ေ တွမပါဘူး ... လောင်း ကစားမှုေ တွမှာ မရှိ ရှိတာ ပေါင်နှံပြီး လောင်းတဲ့ထဲမှာ တရုတ်တွေမပါဘူး ... ဒါတြွေေ ကာင့်ဘဲ ခန်းနားထည်ဝါပြီး တရုတ် စာတွေ ရေးထားတဲ့ တ ရုတ်တိုက်တွေရဲ့ အောက် ခြေမှာ အကြော်ဆိုင် ကွမ်းယာ ဆိုင်တွေ ဖွင့်ထားတဲ့ ဆိုင်တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆိုင်တွေဖြစ် နေတာပါဘဲ
0
reality article
written by ye Aung, March 18, 2010
I like this article. All the facts are very realistic.
0
...
written by Rohingya Boy, March 18, 2010
တရုတ်ဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ်၊ အဖြူ ဖြစ်ဖြစ်၊ အမဲဖြစ်ဖြစ်၊ ရိုးသားစွာ ကြိုးစားပြီး ငွေကြေး ရှာဖွေတဲ့ သူတွေကို ဂုဏ်ပြုကြရမှာပါ။
0
Good letter but not totally right.
written by Pho Ke, March 17, 2010
Yes Burmese are poor because of there is no real market economy and no real democracy in Myanmar. Motivation and effort from each person is created by open and fair competition. In real market economy system, we are forced to struggle not to get behind others, as every one get a chance to take part free and fare competition. I am 50% Chinese as my dad is Chinese. Moreover I have been living and working in several countries. And I have witnessed the behavior changes of people in Thailand, Indonesia and Vietnam. Originally they are easy going people, but under open market economy system, there are a lot of hard working business men, students in these country now a days. ( That's why, I believe that, I understand the reason of this issue) Even for myself, I have to struggle independently to survive in foreign land. It is the same as Chinese in Myanmar. They are foreigner (even though holding NRC cards) and they have to make great effort to survive and get secure life in foreign land (i.e in Myanmar). So they become more success than Burmese.
In conclusion, Myanmar need genuine market economy system and democracy system to produce many successful businessman whom are motivated by open and fair competition under real market economy.
0
ကောင်းတဲ့ ဗျာ...ရေးချက် နာနာလေး ရေးစမ်းပါ။
written by ဗိုက်ကလေး, March 17, 2010
ဒီလို မျိုး ထောက်ပြ..ပြောပြတာ အရမ်း ကျေးဇူး တင်ပါတယ်.. ကျွှန်တော်တို့ မြန်မာတွေက ဗိုလ်ချုပ် ပြောသလိုနဲ့ မှ တန်တယ်ဗျ.... ရိုင်းရိုင်းလေး ပြောမှ နားဝင် လွယ်တာဗျ...နောက်လဲ မှတ်သားစရာ .. ..တွေရေ.ပါအုံးလို့ ....
0
စဉ်းစားစရာ
written by ဘိုပြောင်, March 17, 2010
မှန်သင့်သလောက်လဲ မှန်ပါတယ်... သို့သော် တစ်ကယ်တ မ်းစဉ်းစားကြ ည့်တော့လဲ....
တရု တ်လူမျိုးဆိုတာ မြန်မာနိုင်ငံက တရုတ်လူမျိုးကွက်ကွက်လေးပဲ ကြည့်ပြောသ လိုဖြစ်နေတယ်...
0
အင်မတန်မှ ဖတ်သင့် တွေးတော သင့် လိုက်နာသင့်တဲ့ေ ဆာင်းပါး
written by ဦးဇင်း, March 17, 2010
ဟုတ်ပါတယ် လို့ဘဲ ရှေးဦးစွာ ပြောပါရစေ ...
လ္ဘက်ရည်ဆိုင်မှာ နှစ်နာရီ သုံးနာရီ ထိုင်ပြီး စာဖတ် အချိန်ဖြုံးနေ ကြသူတွေထဲ တရုတ်တွေမပါပါဘူး ... ဒီအကျိုးဆက်ေ တွကြောင့်ဘဲ ၇ ထပ် ၈ ထပ်ရှိပြီး ခန်းနားတဲ့ တရုတ်စာတွေ ကပ်ထားတဲ့ တိုက်တာကြီးတွေရဲ့ ဘေးမှာ မွဲစုတ်စုတ် အကြော်ဆို င်ဖွင့်လေးတွေ ကွမ်းယာဆိုင်လေးေ တွဖွင့်ပြီး နေရတာဟာ မြန်မာ နိုင်ငံသား စစ်စစ်တွေ ဖြစ်ေ နရတာပါ ..
0
အရမ်း ကောင်းတယ်
written by ko ye', March 17, 2010
အရမ်း ကောင်းတဲ့ ဆောင်းပါး တစ်ခုလို့ မှတ်ချက်ချလိုက်ပါရစေဗျာ။
မှန်ပါတယ် အဓိကက ကိုယ်တိုင်ြ ပင်ဆင်ရမှာပါ။
ကျွန်တော်တို့နဲ့ပဲ ဆိုင်တာပါ။
ဖတ်ပြီး တော်တော်တောင် စိတ်ဓါတ် အပြောင်းအလဲ ဖြစ်သွားစေပါတယ်။
0
ဒီလိုမျိုး ဆောင်းပါးမျိုးရေးစေချင်တယ်ဗျို
written by zinyaw, March 17, 2010
ကောင်းတယ်ဗျို့။ ဗမာ အပါအ၀င် တိုင်းရင်းသား အတော်များများ က စီးပွားရှာတဲ့ နေရာမှာ အားနည်းတာ အမှန်ပဲ။ လူထုစိန်ဝင်း ကတောင် သူ့ဆောင်းပါး တစ်ခုမှာ မြန်မာတွေက စီးပွားရေးတော့ မလုပ်တတ်ေ သးပေမယ့် နိုင်ငံရေး အတွေး အခေါ်မှာ မညံ့ဘူး ဆိုတာမျိုး ရေးဖူးတယ်။ လူဆိုတာ ကိုယ့် အားနည်းချက်ကို သိမှ၊ လက်ခံမှ၊ အမှန်ကို ပြင်လို့ ရမှာပါ။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ နအဖ ခေတ်မှာ မြန်မာပြန်ထဲ ပြည်ကြီးကနေ တိုးဝင်လာတဲ့ တရုတ် တော်တော် များများရဲ့ ချမ်းသာပုံမျိုးက တော့ ဘိန်းကုန်သွယ်မှုနဲ့ အများကြီး ဆက်စပ်တယ်။ လဘ်စားမှုတွေနဲ့ ချကိုက်နေတဲ့ အစိုးရရယ် ၊ ပိုက်ဆံ ပေါနေတဲ့ သူတွေရယ် ပေါင်းလိုက်တော့ စီးပွားရေးမှာ သူတို့အတွက် သိပ်ကို လွယ်သွားပြီ။ လွယ်တယ်ဆို တာ ကျွန်တော် နေခဲ့ဘူးတဲ့ တောင်ကြီး တို့၊ တရုတ် နယ်စပ်တို့ လို နေရမျိုးတွေကို ပြောတာပါ။ အခုတော့မသိဘူး။ လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော်ကျော် ကာလတုန်းကတော့ လွယ်တယ်။ မြန်မာပြည်မှာ ဟိုအရင် ကတည်း က ခြေချ နေထိုင်လာတဲ့၊ ရန်ကုန်တို့ ၊ ဧရာဝတီတိုင်း တို့မှာ နေတဲ့ တရုတ် တော်တော် များများ ကတော့ အခု ဒီဆောင်းပါးထဲမှာ ရေးထားသလို ကြိုးစားတယ်၊ ငွေနဲ့ ပါတ်သက်ရင် တိတိကျကျ လုပ်တယ်၊ အားမနာဘူး။ ကောင်းတာ လုပ်လုပ်၊ ဆိုးတာ လုပ်လုပ် သူတို့ ကတော့ ပို ကြိုးစားကြတယ်။
မြန်မာ စာရေးဆရာ တစ်ချို့ကလဲ မြန်မာ့ စိတ်ဓါတ် ဆိုတာမျိုးကို ရောင့်ရဲ တတ်တာ၊ စေတနာ ထားတာတွေနဲ့ ဂုဏ်တင်ကြတယ်၊ ဂုဏ်ယူကြတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေကလဲ မျိုးချစ်စိတ်ဓါတ်ဆိုတာကို တွင်တွင် ဟစ်ကြွေးပြီး သူတို့မှ မကယ်ရင်ဘဲ တိုင်းပြည် ပျက်သွားမယ့်ပုံမျိုး ပြောနေတယ်။ တက္ကသိုလ်မှာ တောင် ပုဆိုး၊ ထမီဝတ်မှ ပေးဝင်တယ်။ ပညာရေး အဆင့်အတန်း မြင့်ဖို့ထက် ပုဆိုး ၀တ်လာဖို့ က သူတို့ အတွက် ပို အရေးကြီးကြတယ်။
ဒါပေမယ့် ပိုက်ဆံ မရှိရင် ကိုယ့်ဘိုးဘွား ပိုင်တဲ့ မြေလဲ ရောင်းကြတယ်၊ ဗိုင်းကောင်း ကျောက်ဖိ ကလေးမ လေးတွေကလဲ လိုအပ်လာရင် နိုက်ကလပ်မှာ တရုတ် ၀တ်စုံလေး ၀တ်ပြီး ဧည့်ကြိုရတယ်။ အလုပ်သမား အခွင့်အရေး ဆိုတာ ဂြိုဟ်နဲ့လားလို့ မေးတဲ့ အိမ်မျိုး တွေမှာ လဲ စာမသင်ဘဲ အိမ်ဖော် လုပ်ရတယ်။ မင်္ဂလာဆောင် ရင်တောင် တော်တော် များများ က အလွယ်တကူ ရပြီး ကောင်းတယ်လို့ လက်ခံတဲ့ တရုတ် အစားအစာ နဲ့ပဲ ဧည့်ခံတော့တာ။ ဒါကြောင့် ပိုက်ဆံ မွဲပြာကြရင်လည်း ယဉ်ကျေးမှု၊ကော လူကော အစစ အရာရာ မြင့်နိုင်ပါဘူး၊
0
မြန်မာတွေကို လုံလ၊ ၀ရိယ၊ မရှိဘူးလို့ လုံးဝ မပြောပါနဲ့။
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), March 17, 2010
မြန်မာနိုင်ငံ ဒီနေ့ ဒီလို ဆင်းရဲနေတာ ပြည်သူတွေကြောင့် မဟုတ်ပါဘူး။ စစ္အစုိးရေ ၾကာင့္ပါ။
မြန်မာနိုင်ငံမှာ ငတ်နေတဲ့ တရုတ်တွေ အများကြီးပါ။ အဓိကက လူမျိုးရေး မဟုတ်ပါဘူး။ စာရေးသူ ကိုမြသောင်းတင် ကို တစ်ခုလောက်ေ မးခွင့်ပြုပါ။ သူဌေးကြီး ဦးတေဇ လို့ေ ရးခဲ့တ ယ်ဆိုတော့ သူ့ကိုကော နည်းနည်းဝေ ဖန်ကြည့်ပါ။ သူတကယ် ၀ရိယကောင်းေ ကာင်းကြိုးစားခဲ့တာလား၊ ကြိုးစားနေတာလား။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တိုင်း အဲ့ဒီလိုချမ်းသာမှာလား။
အခု မြန်မာနိုင်ငံမှာ မိသားစု တော်တော်များများမှာ စားနိုင်ေ သာက်နိုင်ဖို့ အနည်းဆုံး မိသားစုဝင်တစ်ယောက် နိုင်ငံခြားထွက်အ လုပ်လုပ်နေရပါတယ်။ ၂ ယောက်လုပ်ရင် ပိုချောင်လ ည်ပါတယ်။ ၃ ယောက်လောက်လုပ်ရင် ခြံ နဲ့ ကား နဲ့ နေနိုင်ပါတယ်။
သေသေ ချာချာ စဉ်းစားကြည့်ပါ။ မြန်မာတွေ ခင်ဗျားပြောသလို လုံလ၊ ၀ရိယ၊ ဇွဲ မညံ့ပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ လုပ်ကိုင်ဖို့ အခွင့်အလ မ်းတွေ နည်းသထက် နည်းပါးလာပါပြီ။ ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကို အလုပ် ရှင်တိုင်း သဘော ကျပါတယ်။ အဲ့ဒါကို ကြည့်ချင်းဖြင့် ခင်ဗျားပြောတာတွေးတာ တွေနဲ့ ခေတ်ရဲ့လ က်ရှိဖြစ်နေတာနဲ့က ဖြောင့်ေ ဖြာင့်ကြီးဆန့် ကျင်နေပါတယ်။
အခုဖြစ်ေ ပ်ါနေတဲ့ လှိုင်သာယာက လစာ တိုးတော င်းမှုတွေကိုပဲကြည့်ပါ။ အဲ့ဒီမှာ အလုပ်လုပ်ေ နတဲ့သူတွေ ဇွဲ ညံ့မယ်ထင်သလား။ တစ်နေ့ ၁၂ နာရီေ လာက် လုပ်မှ လစာ ၂၀၀၀ ပဲရနေကြ တဲ့သူတွေပါ။ အဲ့ဒီ တစ်ချိန်ထဲမှာပဲ ပါမစ်တစ် စောင်ကိုင်ပြီး သိန်း ၂၀၀၀ လောက် အိပ်ထဲ ထည့်နေသူတွေ အများကြီးပါ။ အဲ့ဒါ ဘယ်သူ့အပြစ်လည်း။ ပြည်သူလား အစိုးရလား။ ပါမစ်ရတဲ့သူေ တွက ကော ဇွဲသိပ်ကြီးေ နလို့လား။ ၀ရိယ သိပ်ကောင်း နေလို့လား။
0
...
written by Tun Win, March 17, 2010
I agree with this article.
0
မြန်မာပြည်ဖွား တရုပ်တ စ်ဦး...
written by မောင်ပေါက်ဖော်, March 17, 2010
စာရေး သူ၏သုံးသပ်ချက်များမှာမှန်က န်ပါသည်။ ကျွန်တော့် အနေနှင့်ဆိုရလျှ င်လူသားတ စ်ယော က်သည် ကိုယ်ဘာလူမျိုးကြောင့်ဘ ယ်လိုဖြစ်နေတာဆိုသောထင်မြင်ယူ ဆချက်ကိုမလက်ခံလိုပါ။အဓိက အရေးကြီးသည်ကမိမိကိုယ်တိုင်ပ င်ဖြစ်ပါ သည်။ဓ လေ့သည်လူမျိုးအ ပေါ်တွင် မူတည်ေ သ်ာလည်းအကျင့်စရို က်သည်ကား မိမိပေါ်တွင်သာမူတ ည်ပါသည်။ြ မန်မာ လူမျိုးများ ထဲတွင်လည်း စီးပွားရေး ကျွမ်းကျင်သူများ၊ အသိပညာ အတတ်ပညာရှင်များ အများအပြား ရှိပါသည်။ ကံ၊ ဥာဏ်၊ ၀ီရိယဟု ပြောလေ့ ရှိသော်လည်း ကျွန်တော်ကတော့ ၀ီရိယ၊ ဥာဏ်၊ ကံဟုသာ ဆိုချင်ပါသည်။ ၀ီရိယ ရှိပြီး၊ ဥာဏ်သုံး စဉ်းစားကာကံလည်း ကူညီပါက မည်သည့် လူမျိုးမဆို အောင်မြင်မှုနှင့် ဝေးကွာမည်မဟုတ်ပါ။ အချုပ်ဆိုရလျှင် သူတစ်ပါး ကောင်းစားသည်မြင်လျှင် ၀မ်းသာ မုဒိသာပွားရမည် ဖြစ်ပြီး၊ သူတစ်ပါး မည်သို့ ကြိုးစားခဲ့မှ ယခု အခြေ ရောက်လာသည့် အတိတ် ဇာတ်ကြောင်းကို နားလည်အောင်ကြိုးစားနိုင်မှသာ မိမိလည်း သူတစ်ပါးနည်းတူ အောင်မြင်မှာ မလွဲဖြစ်ကြောင်း ကိုယ်တွေ့  စာတွေ့  စကား လက်ဆောင် ပါးအပ်ပါသည်။
0
မှန်လေစွ
written by မျိုးလွင်, March 17, 2010
ကြားဖူးတဲ့ စကားပုံလေး တခု ရှိတယ်၊ တရုပ်လိုရှာ ကုလားလိုစု ဗမာလိုမဖြုန်းနဲ့တဲ့၊
Write comment
busy
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်
ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့
မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်
အပြည့်အစုံသို့
ဆန္ဒမစောကြပါနှင့်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။
အပြည့်အစုံသို့
Donate to Irrawaddy
ငွေလဲနှုန်း
အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်