အိန္ဒြာကျော်ဇင် (ရုပ်ရှင် သရုပ်ဆောင်)သင်္ကြန် ဒီနှစ်မှာ ခရီး တခုခုထွက်မယ်။ ခရီးထွက်ပြီး အပန်းဖြေဖို့ပဲများတယ်။ Beach တခုခုဖြစ်မယ်။ ငပလီဖြစ်မလား၊ ငွေဆောင်ဖြစ်မလားတော့ မသိသေးဘူး။ သင်္ကြန်ဆိုရင် သင်္ကြန်သီချင်း တီးလုံးကို ကြားတာနဲ့ ကြည်နူးတယ်လေ။ သင်္ကြန်ကို ချစ်တယ်။ ပရိသတ်တွေကို ဘေးအန္တရာယ် မဖြစ်အောင် ပျော်ကြပါလို့ …။
နောနော် (တေးရေး၊ တေးဆို)
အရင် တုန်းကလည်း ပျော်တယ်၊ အခုလည်းပျော်ပါတယ်ခင်ဗျ။ သီချင်းတွေဆိုရင်းနဲ့ပဲ ကျော်ဖြတ်ဖြစ်မယ်ထင်ပါတယ်။ ဒီနှစ်သင်္ကြန် ကျနော် ရန်ကုန်မှာပဲရှိမှာပါ ..။
သားစိုး (တေးရေး၊ အဆိုတော်)
ဒီနှစ်က စီးပွားရေး ကျနေတော့ ထူးထူးခြားခြား ဖြစ်မယ်တော့ မထင်ဘူး။ မဏ္ဍပ်လည်းများမယ်လို့ မထင်ဘူး။ သင်္ကြန်မှာ အားလုံးကို ပျော်စေချင်ပါတယ်။ ရေနဲ့ သင်္ကြန်ပဲ ဖြစ်စေချင်ပါတယ်၊ အရက်နဲ့ သင်္ကြန်မဖြစ် စေချင်ပါဘူး လို့။ ကျနော်ကတော့ ရန်ကုန် Air Bagan မဏ္ဍပ်မှာ ရှိပါမယ်။
ခင်မောင်သန့် (ဘေ့စ် ဂစ်တာသမား၊ IC)
ဒီနှစ်တော့ IC က တောင်ကြီးမှာရှိမယ်။ တီးဝိုင်းတော်တော်များများ ရန်ကုန်မှာမရှိဘူး။ ရန်ကုန်ကတော့ ဒီနှစ် သိပ်စည်မယ် မထင်ဘူး။
ဖိုးချစ် (ဇာတ်မင်းသား)
အကြိုနေ့မနက် အထိ ပဲခူး ရွှေမော်ဓော ဘုရားပွဲ ကရမယ်ဗျ။ နောက် အတက်နေ့မှာလည်း ကစရာရှိသေးတယ်။ ဆိုတော့ သင်္ကြန်က ကြားထဲမှာ နှစ်ရက်ပဲရတာလေ။ အဲတော့ ထူးထူးခြား အစီအစဉ် မလုပ် ဖြစ်ပါဘူး။ ရိပ်သာဝင်လို့လည်း မရ၊ လည်လို့လည်းမရ ဖြစ်ကုန်တာပေါ့။ နောက်ရက်တွေမှာတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ ကျနော် သင်္ကြန်မှာ မဏ္ဍပ်ထိုင်လေ့ မရှိပါဘူး ခင်ဗျ။ ကျနော်ထင်ပါတယ် ဒီအချိန်က အရမ်းပူတဲ့ အချိန်မို့လေ .. အေးအောင် ဖန်တီးထားတဲ့ မြန်မာရဲ့ပွဲတော် သဘောပေါ့နော်။ ဒါပေမယ့် လူငယ်တွေက လွတ်လပ်စွာ ပျော်ပါးရင်းကနေ အလွဲသုံးစားဖြစ်ရင် လည်ဖို့ပတ်ဖို့ ခဲယဉ်းမှုတွေဖြစ်နိုင်တယ် ခင်ဗျ။ ဥပမာ - နယ်မှာဆိုရင် မီးသတ်ပိုက်နဲ့ မသင့်တော်တဲ့ နေရာတွေကို ထိုးတာမျိုး၊ ခွက်စောင်းခုတ်တာမျိုး၊ ကျနော်တို့လည်း လူငယ်ပါ ပျော်တတ်ပါတယ်။ ဒါပေမယ့် ရေပက်ခံရတဲ့ သူတွေကို နာကျင်စေတဲ့ ဆန္ဒမဟုတ်ဘဲနဲ့ ပျော်တဲ့သဘောမျိုးနဲ့ဆိုရင် ပိုကောင်းတယ်ခင်ဗျ။ တချို့ကျတော့ ရေပက်ခံရတဲ့ သူတွေကို နာကျင်စေတဲ့ ဆန္ဒမျိုးတွေ ပါလာတာပေါ့နော်။ ရေထဲမှာ အက်ဆစ်တွေထည့်ပက်တာမျိုးတို့၊ မကောင်းတဲ့ရေတွေ ထည့်ပက်တာတောင် ခံရဖူးပါတယ် ခင်ဗျ။
ဟန်လေး (ကာတွန်းဆရာ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့)
ဒီနှစ် သင်္ကြန်မှာ ပန်းချီရေးရင်း အပန်းဖြေမယ်။ လာမယ့် မေလ ပန်းချီပြပွဲ အတွက် ပြင်ဆင်ထားမယ်။ ဇင်းမယ် သင်္ကြန်က မြန်မာပြည် သင်္ကြန်နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် ထိုင်းသင်္ကြန်က လွတ်လပ်တယ်။ ဒီလိုပဲ မြန်မာပြည်သူတွေကိုလည်း စည်းကမ်းရှိရှိနဲ့ လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝ ပျော်ခွင့်ရစေချင်တယ်။
ဂေါ်ဇီလာ (လူရွှင်တော်၊ သီးလေးသီးအငြိမ့်)
ဦးပဉ္ဖင်း ကတော့ ဧပြီ ၇ ရက်နေ့ကစပြီး ၁၃ ရက်နေ့အထိ ၇ ရက်ကြာအောင် ချင်းမိုင်မြို့မှာပဲ သာသနာ့ဘောင်ထဲ ခေတ္တာခဏ နားခိုနေမှာပါ။

L ဆိုင်းဇီ (တေးရေး၊ အဆိုတော်)
သင်္ကြန်မှာ မန္တလေး 78 shopping World မဏ္ဍပ်မှာ သီချင်းသွားဆိုမှာပါ။ ဆိုင်းဇီရယ်၊ ကို L လွန်းဝါရယ်၊ ဦးခင်မောင်တိုးရယ်၊ ဦးဂျေညီညီ ပါမယ်ရှင့်။ သင်္ကြန်အမြင်ကတော့ ဆိုင်းဇီတို့က ငယ်ငယ်လေးကတည်းက သင်္ကြန်မပျော်ဖူးဘူးပေါ့နော်၊ အခု အဆိုတော်ဖြစ်မှ စပျော်ဖူးတာပါ၊ ဒါပေမယ့် ဘာပဲပြောပြော မြန်မာနှစ်သစ်မှာ ပျော်ရတာ မြန်မာလူမျိုးတယောက် အနေနဲ့ ပျော်ဖို့ကောင်း ပါတယ်။ သင်္ကြန်မှာ ဆိုင်းဇီရဲ့ ပရိသတ်တွေအားလုံးကို သီချင်းဆိုပြမယ် အဲဒီအတွက် အရမ်းဝမ်းသာပါတယ်။
ရသ (အဆိုတော်)
ဒီနှစ် သင်္ကြန်မှာက ဖျော်ဖြေဖို့ သိပ်မရကြဘူး။ ဘယ်လို ပြောမလဲ .. တန်ရာတန်ကြေးမရကြဘူး၊ မကိုက်ကြဘူးပေါ့နော်။ မိန်းက လေးတွေ ပိုအဆင်ပြေတယ်။ ယောကျာ်းလေးတွေ တော်တော်များများ ဘယ်သူမှ မရကြဘူး။ သီချင်းဆိုရတာ အရင်နှစ်တွေကလောက် ဖီးလ်က သိပ်မလာတော့ဘူး။ သင်္ကြန်ခံစားချက်ဘာရှိမလဲ ဆို လွန်ခဲ့တဲ့ သင်္ကြန်နောက်ဆုံးနေ့မှာ ကျနော်အရမ်းချစ်တဲ့ ကောင်မလေးနဲ့ တွေ့တယ်ပေါ့နော်။ ဒီနှစ် ဘာမှ ထူးထူးခြားခြားတော့ ရှိမှာမဟုတ်ပါဘူး။ မန္တလေးသင်္ကြန်ကတော့ ရန်ကုန်သားတွေ အတွက် ကျီးလန့်စာစား သင်္ကြန်ပါပဲ။ ကျီးလန့်စာစား ဆိုတာက ဆိုင်ကယ်ပဲ ဝင်တိုက်မလား၊ စက်ဘီးပဲ ဝင်တိုက်မလား ဆိုပြီး ဟိုကြည့်ဒီကြည့် ကြည့်နေရတယ်၊ ရှုပ်လွန်းအားကြီးလွန်းလို့။ အမျိုးသမီး အဆိုတော် တော်တော်များများကတော့ မန္တလေးမှာ ရှိကြမယ်ခင်ဗျ။
တင်မိုးလွင် (မော်ဒယ်လ်အေဂျင်စီ ပိုင်ရှင်၊ စီစဉ်တင်ဆက်သူ)
မမိုးက သင်္ကြန်မှာ အပြင်မထွက်ဖြစ်တာ ၈ နှစ်လောက်တော့ရှိပြီ။ သင်္ကြန်တွင်းကတော့ ကိုယ်မြင်တာကတော့ ရန်ကုန်ကော မန္တလေးကော သိပ်အစည်ကားကြီးတော့ ဖြစ်မှာမဟုတ်ဘူး။ မဏ္ဍပ်တွေတော့ နည်းနည်ကျဲတာပေါ့နော်၊ တချို့ဖျော်ဖြေရေး အဖွဲ့တွေလည်း မဏ္ဍပ်မရကြသေးဘူး။ မမိုးကတော့ လားရှိုး၊ မူဆယ်ဘက် ဘုရားဖူးသွားမယ်။
ငယ်ငယ်ကတည်းက ဗမာသွေးဆိုတော့လေ သင်္ကြန်သီချင်းကြားရင်ကို မနေနိုင်ဘူးပေါ့နော်။ ရေပက်ချင်စိတ်၊ အပြင်ထွက်ချင်တဲ့ စိတ်၊ ပွဲတွေဘာတွေ ကြည့်ချင်တဲ့စိတ်က ငယ်ငယ်ကတည်းက ရှိတယ်၊ ဒါပေမယ့် အခုလည်းပဲ အခြေအနေအရ သင်္ကြန်အတွင်းမှာပဲ အချိန်ပိုလေးရှိတော့ အဲဒီအချိန်ထဲမှာပဲ မိသားစုကို အချိန်ပေးပြီး ခရီးတွေဘာတွေ ထွက်ရတာပေါ့။ မမိုးတို့ကျတော့ အရမ်းကားပိတ်တဲ့နေရာ၊ လူကြပ်တဲ့နေရာတွေမှာ မတိုးနိုင်တော့ဘူးလေ။ နောက် သင်္ကြန်တွင်းဆို တနေရာနဲ့ တနေရာဆိုလည်း ရောက်အောင်သွားဖို့က မလွယ်တော့ဘူး။ လှည့်ပတ်ပြီး သွားဖို့က မဖြစ်တော့ဘူးပေါ့နော်။ သင်္ကြန်အတွင်း တနှစ်ပတ်လုံး ကိုယ့်မိသားစုက ကိုယ့်အလုပ်ကို ဝိုင်းလုပ်ပေးနေကြတော့ သင်္ကြန်အတွင်း သူတို့ ဘုရားဖူးတွေ သွားချင်ကြတော့ ကိုယ်က ပြန်လိုက်ပေးရတဲ့ သဘောပေါ့။ အသက်ကလည်း ကြီးလာပြီ ဆိုတော့လေ …။

written by Min Htet, June 19, 2009
written by humaniarity, May 21, 2009
written by လူမုန်း, May 19, 2009
written by နေလင်း, April 21, 2009
ကာတွန်းရဲ့ ပုံနဲ့ ထည့်လိုက်တဲ့ စကားလုံးတွေ ကတော့ တကယ့် ကို လက်ဖျား ခါလောက်တယ်ဗျာ။ အမြဲ အားပေးလျက်ပါ။ နောင်တချိန်မှာ နိုင်ငံတော်အသစ် ပေါ်ထွက်လာတဲ့ အချိန်ကျရင်.. ကိုဟန်လေးတို့က တကယ့် သမိုင်းဝင် အနုပညာသူရဲကောင်းတွေ အဖြစ် ကျန်နေခဲ့မှာပါ။ ဆက်ကြိုးစားပါဗျာ.။ အ မြဲအားပေးနေပါတယ်။
written by Ko Myoe, April 18, 2009
Please keep it up with your great work,
I do always likes all of your creations...
Thank You and Have a happy healthy Burmese New Year to you as well...!
Best regards,
KM.
written by KZL (Sg), April 18, 2009
ကာတွန်းတွေ အရမ်းကောင်းတယ်ဗျာ။ တကွက်ထဲနဲ့ အဓိပ္ပါယ် အများကြီး ပေါ်အောင် ဆွဲနိုင်တယ်။ အတွေးအခေါ်ကလည်း အလွန်ကောင်း။ အစ်ကို့လို ပညာရှင်တစ်ယောက်ကို တကယ် လေးစားပါတယ်။
written by Friday's Mother for 2009., April 15, 2009
written by အာကာထက်, April 15, 2009
| < Prev | Next > |
|---|


. U guy r awsome bye






This is my first time to see your picture. I thought you were an old man because your cartoons are based on well thought ideas.
God Bless you!
Yannaing