သတင်းစာဆရာ မောင်ဝံသ ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ
တရားဥပဒေ စိုးမိုးရေး လုပ်မယ်၊ အဂတိလိုက်စားတာတွေကို တိုက်ဖျက်မယ်ဆိုတာ ကို ကြိုဆိုတယ်၊ စောင့်ကြည့်ပါမယ်ဆိုတဲ့ စကားမျိုး မပြောချင်ဘူး၊ မြန်မြန် အကောင်အထည်ဖော် မြန်မြန်ဖြစ်အောင်လုပ်ပါလို့ပဲ တိုက်တွန်းချင်တယ်။
ဦးကျော်သူနာရေးကူညီမှု အသင်း
နာရေးကူညီမှု အသင်းနဲ့ ပတ်သက်လို့ သတင်းတွေထည့်ခွင့်ပေးတာ ရှိသလို၊ တခါတလေလည်း ပိတ်ထားသေးတယ်ဆိုတော့၊
ပွင့်လင်းလာပြီလို့ သုံးသပ်ချက်ချရတာတော့ စောသေးတာပေါ့၊ စိတ်ဆန္ဒအရ အရှိအတိုင်းပြောရရင် တိုင်းပြည် မြန်မြန်အေးချမ်းပြီး တိုးတက်စေချင်ပါပြီ။
ဦးအောင်သိန်းရှေ့နေ
အ၀တ်လဲထားတဲ့ အစိုးရဆိုတော့ စစ်တပ်အငွေ့ အသက်ကတော့ မပျောက်သေးတာကို တွေ့နေရတယ်၊ အပြောနဲ့ အလုပ်နဲ့ ညီ မညီတော့ စောင့်ကြည့်ရမယ်၊ ဒီအချိန်မှာတော့ ဇာတိရုပ်ကို ဖမ်းလို့မရသေးဘူး၊ လုပ်စေချင်တာကတော့ ဖွဲ့စည်းပုံမှာ တပ်မတော် သား၂၅ ရာခိုင်နှုန်း ပုံသေယူထားတာမျိုးကိုတော့ ပြောင်းလဲပစ်စေချင်တယ်။
ဦးအောင်မိုးဇော်လူ့ဘောင်သစ် ပါတီ ဥက္ကဋ္ဌ
အရင်အစိုးရနဲ့ အတူတူပါ၊ လက်ရှိအစိုးရ အကောင်အထည်ဖော်တာကလည်း၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လမ်းပြမြေပုံ ၇ ချက် ကိုပဲ လုပ်နေတာလေ၊ ဒါဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်စေချင်တာက ဒီမိုကရေစီ နည်းလမ်းကျအောင် ဖွဲ့စည်းပုံကို ပြင်ဖို့ အရင်လုပ်ရမယ်။
အရှင်ဇ၀န(နိုင်ငံရေး အကျဉ်းသားဟောင်း) သာသနာ့ဥသျှောင်အဖွဲ့ ပြည်တွင်း တာဝန်ခံ
ယူနီဖောင်းသာပြောင်းတယ်၊ လူမပြောင်းသေးဘူးလေ၊ လွတ်လပ်ခွင့်တွေ၊ အသင်းအပင်းဖွဲ့ခွင့်၊ ပြောဆိုခွင့်တွေ ဘာမှမရသေးဘူး၊ အဓိက လုပ်ရမှာကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရမယ်၊ အခုဆို နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ
ဖြစ်နေတယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အရင်တည်ဆောက်ရမယ်။
နေရီဗဆွေ ဒီမိုကရက်တစ် ပါတီ (မြန်မာ)
အစိုးရတက်ခါစပြောတဲ့ မိန်ခွန်းကတော့ ကောင်းတယ်၊ စောင့်တော့ကြည့်ရမှာပေါ့၊ အစိုးရသစ်က နိုင်ငံတကာရဲ့ ရိုသေလေးစားမှု ကို ရအောင် ကြိုးပမ်းနေတယ်၊ ဒါပေမယ့် သမ္မတ ကြိုးပမ်းမှုတွေ အောင်မြင်ဖို့က သူနဲ့ အတူတူ တွဲအလုပ်လုပ်နေတဲ့ သူတွေအပေါ် မှာမူတည်တယ်။
ဦးအေးလွင်ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်(UMFNP)
လောလောဆယ် အခြေအနေကတော့ အောက်ခြေအဆင့်မှာ ဆိုင်းဘုတ်ပဲ ပြောင်းတယ်၊ လူလည်း မပြောင်းဘူး၊ လုပ်ထုံးလုပ်နည်း လည်း မပြောင်းတာကို တွေ့နေရတယ်၊ အရင်ရွေးကောက်ပွဲက စစ်အစိုးရက လုပ်ပေးတာ၊ မကြာမီ လုပ်ပေးမယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကထွက်လာတဲ့ အစိုးရသစ်က လုပ်ပေးမှာဆိုတော့ လွတ်လပ်မှု၊ တရားမျှတမှုတို့နဲ့ အညီ လုပ်ပေးလိမ်မယ်လို့ မျှော်လင့်တယ်၊ အဲ့ဒါဖြစ်မလာရင်တော့ အရင်စစ်အုပ်ချုပ်ရေးနဲ့ အတူတူပဲဆိုတာ သေချာပြီ။
ဒေါက်တာ မြတ်ဉာဏစိုးလွှတ်တော်ကိုယ်စားလှယ်
အမြဲတမ်း ဘက်နှစ်ဘက် ကြည့်ဖို့လိုပါတယ်။ အစိုးရသစ် တက်လာတဲ့အချိန်ဟာ ဧပြီလ ဖြစ်နေတယ်။ ရုံးပိတ်ရက်ရှည် အများဆုံး ကာလဖြစ်ပါတယ်။ အဲဒီအချက်ကိုလည်း ကျနော်တို့က စာနာ နားလည်ပေးရပါမယ်။
လွတ်ငြိမ်းချမ်းသာခွင့် ကတော့ မကြာခင်ကဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အစည်းအဝေး ကျင်းပပြီး ရင်တော့ တချက်က လွတ်ငြိမ်းချမ်း သာခွင့်ပေးရမယ်။ နောက်တချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တော့ ထိုးစစ်တွေ ရပ်ဆိုင်းရမယ်၊ ဥပမာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီး စောမောင် အနားယူပြီးတော့ ဗိုလ်ချုပ်ကြီး သန်းရွှေ တက်လာတဲ့အချိန်မှာ ထိုးစစ်တွေအားလုံးကို ရပ်ဆိုင်းလိုက်တာရှိပါတယ်၊ အစိုးရ အသစ် အနေနဲ့ ဒီအချက် ၂ ချက်ကို အချိန်ယူပြီး ကျကျနန ဆောင်ရွက်လိမ့်မယ်။
ဦးဉာဏ်ဝင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
တိုင်းပြည်ကို မိန့်ခွန်းပြောပြီး ကတိသစ္စာပြုတုန်းကတော့ သဘောကျခဲ့တယ်၊ အခုတော့ အဲ့ဒါတွေ လက်တွေ့ဖြစ်လာတာ ဘာမှ မတွေ့ရသေးဘူး၊ ဘာပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်က ခန့်အပ်ထားတဲ့ သမ္မတတယောက်အနေနဲ့ တိုင်းပြည်အပြောင်းအလဲတွေကို လုပ်ပေးသင့်တယ်။
ဦးမြင့်စိုး
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
အရင်အစိုးရနဲ့ နှိုင်းယှဉ်ရရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အသက်ရှုပိုချောင်တယ်လို့ ပြောရမယ်၊ အရင်ကတော့ ပို့ကုန် လိုင်စင်လျှောက်ရင် တလလောက်ကြာတယ်၊ အခုဆိုရင် ရက်ပိုင်းအတွင်းချပေးတယ်၊ လုပ်စေချင်တာကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ရကိုင်ရလွယ်ကူအောင် ပံ့ပိုးပေးစေချင်တယ်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)
အစိုးရသစ်လုပ်ရမှာက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ စကားပြောပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်၊ ဒီလို တည်ဆောက်ရင်လည်း လက်ရှိကိုင်စွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင် ပြင်ပ ကနေ လုပ်ဆောင်ရလိမ့်မယ်၊ အဓိက အဖြစ်ချင်ဆုံးဆန္ဒကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးပဲ။
စောသန်းမြင့်
ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီ (SNDP)
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့၊ သန့်ရှင်းသော အစိုးရတို့ ဆိုတဲ့ သမ္မတ ပြောတဲ့ မိန်းခွန်းတွေကို ကျနော်တို့ တိုင်းရင်းသားပါတီနဲ့ မဟာမိတ်ပါတီတွေက စုပေါင်းကြိုဆိုတယ်၊ ထောက်ခံဖို့အတွက်တော့ အစိုးရလုပ်ရပ်တွေကို စောင့်ကြည့်နေတယ်၊ ကောင်းတယ်၊ ဆိုးတယ် ဆိုတာကတော့ ပြောမရသေးဘူး၊ အရင်အစိုးရ အဆက်ဆက်ကလည်း အပြောကကောင်းခဲ့တယ်၊ လက်တွေ့မှာ ဖြစ်မလာဘူးဆိုတော့ လောလောဆယ် သုံးသပ်ဖို့ အတွက် အချိန်ယူရမယ်၊ အကောင်အထည် ဖော်စေချင်တာကတော့ သမ္မတကြီး ဦးသိန်းစိန် ပြောခဲ့တဲ့မိန့်ခွန်း အတိုင်း အကောင်အထည် ဖော်ပေးဖို့ပါပဲ။ ။
Set as favorite
Bookmark
Email this
Hits: 6780
Comments (10)

written by phyomgmg, September 21, 2011
ပညာရေးကဏ္ဍကို မပြောင်းလဲသေးသမျှ ကာလပတ်လုံး ဘယ်လိုအစိုးရ တက်တက် ကောင်းဖို့ထက် ဆိုးဖို့ပဲများလာ လိမ့်မယ်။ ပြည်သူ လူထုမပါဘဲ နိုင်ငံတည်ေ ဆာက်လို့မရဘူး။ ကောင်းမွ န်တဲ့နိုင်ငံတ ည်ဆော က်ဖို့ ကောင်းမွန်တဲ့ ပညာရေးစနစ်လို အပ်တယ်။
written by P Moe T, May 17, 2011
အစိုအသစ်အနေနဲ့ အမျိုး၊ဘာသာ၊သာသနာ အရေးကိုလဲဂရုစိုက် သင့်တယ် ထင်ပါတယ်။
written by မောင်မာ, May 16, 2011
အကြင်သူသည် မိမိ အိမ်၌ မွေးထားသော ခွေးထီး ခွေးမ နှစ်မ နှစ်ကောင်တို့၏ မိတ်လိုက်ခြင်းကို မျက်စိ နှစ်ကွင်းဖြင့် ရှင်းရှင်းလင်းလင်း တွေ့မြင်ထား၏။ ထိုသူသည် ခွေးမ ဗိုက်ကြီးပြီး မွေးဖွားအံ့ဆဲဆဲ အချိန်၌ ကြောင်ကလေးများ မွေးလာလေမလား ဟု တွေးတော မျှော်လင့်ငြားအံ့။ ထိုသူ၏ မျှော်လင့်ချက်ကို အရူး၏ မျှော် လင့်ချက် ဟု ဆိုရုံက လွဲလို့ အခြား ဘာများ ဆိုဖွယ်ရာ ရှိမည်နည်း။
written by မောင်ဗမာ, May 13, 2011
ဘယ်သူလဲဆိုတာလဲ သိတယ် ဘယ်ကလာတယ် ဆိုတာလဲသိတယ် ဘာနဲ့လာတယ် ဆိုတာလဲသိတယ် ဘယ်လိုလာတယ် ဆိုတာလဲသိတယ် ဘာတွေလုပ်ခဲ့တယ် ဆိုတာလဲသိတယ် ဒါနဲ့တောင်မှ ဘာလုပ်လိမ့်မယ်
ဘယ်လိုလုပ်မယ် ဆိုတာ မတွေးတတ် မဆင်ခြင်တတ် ကြဘူးလား စိန်ကဲရွေကဲ ထိုနှစ်ကဲထက် မိန်မကဲခတ် လွန်ကဲကတ်၏ တဲ့ ရေ၏အတိမ်အနက်ကို ကြာရိုးကိုကြည့် သိရာ၏တဲ့ လူတယောက်ကို အုပ်စုတစုကို အစိုးရတခုကို ဘယ်လောက်ကြာမှ သိကြမှာလဲ - - - -
written by win aung, May 12, 2011
ကားစုတ်ကြီးတစ်စီးကို ပြင်စီးမယ်ဆိုရင် အရေးကြီးတဲ့ အင်ဂျင်နဲ့ ဘော်ဒီကို အရင်ပြောင်းရင် ကောင်းလေ့မယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်ဗျာ။
written by Ko J J, May 12, 2011
တိုင်းသစ်ပြည်သစ် ပြန်လည်ထူထောင် တဲ့အချိန်မှာ အာဏာရ အစိုးရ အနေနဲ့ ပြည်သူတွေ အတိုက်အခံတွေ
ပြောတာဆိုတာ ဂရုတစိုက် လေးလေးစားစား နားထောင်သင့်တယ်.. ငါလုပ်ချင်ရာ ဆက်လုပ်မယ် ဆိုတဲ့ပုံစံမျိုး
ချိုးနေလို့ ကတော့ ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာဘို့ ဝေးနေအုန်းမှာပါဘဲ..... အစိုးရ ကိုလည်း ပြည်သူတွေ
မနှစ်သက်မှာ အမှန်ပါဘဲ....
ပြောတာဆိုတာ ဂရုတစိုက် လေးလေးစားစား နားထောင်သင့်တယ်.. ငါလုပ်ချင်ရာ ဆက်လုပ်မယ် ဆိုတဲ့ပုံစံမျိုး
ချိုးနေလို့ ကတော့ ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာဘို့ ဝေးနေအုန်းမှာပါဘဲ..... အစိုးရ ကိုလည်း ပြည်သူတွေ
မနှစ်သက်မှာ အမှန်ပါဘဲ....
written by ထိန်လင်းအောင်, May 12, 2011
မည်သို့မည်ပုံပင် ရှိနေကြစေကာမူ မဆလ၊န၀တ၊နအဖ၊ လမ်းပြမြေပုံ ၇ ချက် စသည်ဖြင့် သူတို့ကတော့ သူတို့လမ်း
ကြောင်းအတိုင်း သူတို့လျှောက်ခဲ့ကြပြီ၊ လျှောက်နေကြပြီ၊ ဆက်လျှောက်ကြဦးမည်။ ကျနော်တို့ဘက်ကသာ.... ။
လုပ်စရာရှိတာတွေ လုပ်ကြ၊ လုပ်နိုင်စရာရှိတာတွေ လုပ်ကြ၊ အော်စရာရှိတာတွေ အော်ကြ၊ ဆန့်ကျင်စရာရှိတာတွေ ဆန့်
ကျင်ကြ။ ဘာအတွက်လုပ်နေကြတယ် ဘာအတွက်အော်နေကြတယ် ဆိုတာကိုတော့သိကြဖို့ပါဘဲ။`အချိန်ကတရားသူ
ုဲုဲကြီး` ဆိုတဲ့စကား ကြားဖူးပါတယ်။ `တရားသူကြီး ဆုံးဖြတ်ချိန် ရောက်ဖို့ကတော့ ကျနော်တို့ ညီညွတ်ရေးပေါ်မှာသာ
တည်ပါတယ်။ ညီညီညွတ်ညွတ် ရှိကြဖို့ပါဘဲ။ကျနော်တို့ မုချအောင်မြင်ရမယ်ဆိုတာကိုလည်း ယုံကြည်ကြပါ။
ကြောင်းအတိုင်း သူတို့လျှောက်ခဲ့ကြပြီ၊ လျှောက်နေကြပြီ၊ ဆက်လျှောက်ကြဦးမည်။ ကျနော်တို့ဘက်ကသာ.... ။
လုပ်စရာရှိတာတွေ လုပ်ကြ၊ လုပ်နိုင်စရာရှိတာတွေ လုပ်ကြ၊ အော်စရာရှိတာတွေ အော်ကြ၊ ဆန့်ကျင်စရာရှိတာတွေ ဆန့်
ကျင်ကြ။ ဘာအတွက်လုပ်နေကြတယ် ဘာအတွက်အော်နေကြတယ် ဆိုတာကိုတော့သိကြဖို့ပါဘဲ။`အချိန်ကတရားသူ
ုဲုဲကြီး` ဆိုတဲ့စကား ကြားဖူးပါတယ်။ `တရားသူကြီး ဆုံးဖြတ်ချိန် ရောက်ဖို့ကတော့ ကျနော်တို့ ညီညွတ်ရေးပေါ်မှာသာ
တည်ပါတယ်။ ညီညီညွတ်ညွတ် ရှိကြဖို့ပါဘဲ။ကျနော်တို့ မုချအောင်မြင်ရမယ်ဆိုတာကိုလည်း ယုံကြည်ကြပါ။
written by BAMAR, May 11, 2011
If you do not want to watch their development, what do you want to do? While we watch the new government's conduct, they are also watching DAASK's " Second Penglong Conference" Ha Ha Ha Where is that rhetoric of Second Penglong by the way? We all have watched ASSK for 23 years and she proved to be the worst nightmare of Burma. All she and her "NLD private army" has done is statements after statements and do you see any contribution to development of country?
Write comment
| Next > |
|---|







