ရှမ်းပြည်နယ်အတွက် ဘယ်သူက လုပ်ပေးမလဲ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ရုံးစိုက်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (Shan Nationalities Democratic Party – SNDP) မှ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို ပါတီလှုပ်ရှားမှု၊ ရွေးကောက်ပွဲ ဝင်ရသည့် သဘောထား၊ နိုင်ငံရေး ဦးတည်ချက် စသည် တို့ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သည် မေလ၂၆ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့ပြီး နိုင်ငံတဝန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။

SNDP သည် ပါတီမူဝါဒ အဖြစ် လူလူချင်း ဖိနှိပ်ချုပ်ချယ်မှု ကင်းခြင်း၊ လူမှုအခြေခံ အခွင့်အရေးများ တန်းတူညီမျှရရှိခြင်း စသည် တို့ကို ချမှတ်ထားသည်။ 

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဇာတိ ဖြစ်သော ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တွင် အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က SNLD မှ နုတ်ထွက်ခဲ့သည်။

မေး ။    ။ ရှမ်းပါတီ အနေနဲ့ ဘယ်နယ်တွေမှာ အဓိကထား ပြိုင်မလဲ ခင်ဗျ။

ဖြေ ။    ။ ကျနော်တို့ကတော့ အဓိက က ရှမ်းပြည်နယ်ပေါ့နော်။ ကချင်ပြည်နယ်ရယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မေး ။    ။ ရှမ်းပြည်နယ်မှာ ပြိုင်မယ်ဆိုတာက ရှမ်းပြည်နယ် တပြည်နယ်လုံးလား။

ဖြေ ။    ။ ရှမ်းပြည်နယ်မှာ မြို့ နယ် ၄၀ မှာ ပြိုင်မယ်။ ကယားမှာ ရှမ်းတွေများတဲ့ မြို့ နယ်က ၃ မြို့ နယ် ရှိတယ်လေ။ အဲဒီ မြို့နယ်တွေ ပြိုင်မယ်။ ကချင်မှာ အနည်းဆုံးကတော့ ၆ မြို့ နယ် ပြိုင်မယ်။ ဆိုင်းဘုတ်လည်း တင်ပြီးပြီ။ မြို့ နယ် EC လည်း ဖွဲ့ပြီးပါပြီ။

မေး ။    ။ အဲဒီအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်နေပါသလဲ။

ဖြေ ။    ။ ကျနော်တို့ စည်းရုံးရေးဆင်းနေပါတယ်။ ဆိုင်းဘုတ်လည်း တော်တော်များများ တင်ပြီးပြီ။

မေး ။    ။ ပါတီဝင်အင်အား စာရင်းက ဘယ်လောက် တင်မယ်လို့ စိတ်ကူးထားလဲ ခင်ဗျ။

ဖြေ ။    ။ တထောင်ကျော် ရမှာပါ ခင်ဗျ။ ကျော်ပါတယ်။ အများကြီး ကျော်ပါတယ်။

မေး ။    ။ အခုလို စည်းရုံးရေးဆင်းတဲ့ ကာလမှာ ဘယ်လို အခက်ခဲမျိုးတွေ ရင်ဆိုင်ရပါသလဲ။

ဖြေ ။    ။ ကျနော်တို့ လောလောဆယ် ဘာတခုမှ မရှိသေးဘူးခင်ဗျ။ SB (ရဲ အထူးသတင်း တပ်ဖွဲ့) တွေက လိုက်ကြည့်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အနှောင့်အယှက် မပေးပါဘူး စောင့်ကြည့်တာပဲ ရှိပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ တချို့နေရာမှာဆို အကူအညီတောင် ပေးသေးတယ်။

မေး ။    ။ အခု အဲဒီဘက်မှာ လှုပ်ရှားမှုတွေက ဘယ်လိုရှိလဲ ခင်ဗျ။ လှုပ်ရှားမှုတွေ အဆင်ပြေလား။

ဖြေ ။    ။ အဆင်ပြေပါတယ်။ 'ဝ' ပါတီ လှုပ်ရှားသလို ကျနော်တို့လည်း လှုပ်ရှားလို့ ရပါတယ်။

မေး ။    ။ အဓိက ပြိုင်ဆိုင်ရမယ့် ပါတီက ဘယ်ပါတီ ဖြစ်လာမှာပါလဲ။

ဖြေ ။    ။ အဓိက ပြိုင်ဆိုင်ရမယ့် ပါတီတွေကတော့ အင်အားကြီး ပါတီတွေ ဖြစ်မှာပေါ့ဗျာ။ 

မေး ။    ။ အင်အားကြီး ပါတီတွေဆိုတာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တို့လို ပါတီမျိုးလား။

ဖြေ ။    ။ သူတို့ပဲ ရှိမှာပဲ။ သူတို့က အင်အားအကြီးဆုံးလေ။ ငွေရေးကြေးရေး တောင့်တင်းတာကိုး။

မေး ။    ။ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းက ဘာပါလဲ။

ဖြေ ။    ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တော်တော်လေး ထူးခြားမှု ရှိတယ်ခင်ဗျ။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်က တရပ်ပဲ ရှိတယ်။ ပြည်သူ့လွှတ်တော် တရပ်ပဲရှိတယ်လေ။ အခုဟာက လွှတ်တော် ၂ ရပ် ဖြစ်မယ်လေ။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်။ ပြည်ထောင်စု ပုံစံပဲ။ သူက အမျိုးသားလွှတ်တော် ရှိခြင်းအားဖြင့်သူက ဘာနဲ့ သွားတူ သလဲ ဆိုတော့ အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့ သွားတူတယ်။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ငါးဆယ် ရှိတယ် မဟုတ်လား။ ဆီးနိတ် လွှတ်တော် တပြည်နယ်ကို ၂ ယောက်။ ကြီးကြီးသေးသေး အတူတူပဲ။ ဒီမှာလည်း ဒီအတိုင်းပဲ            ပြည်နယ် ကြီးကြီးသေးသေး၊ တိုင်းဒေသ ကြီးကြီးသေးသေး တိုင်း၊ ပြည်နယ်တခုစီကို ၁၂ ဦးကျစီ ညီတူညီမျှပဲလေ။ ဒါက Fair ဖြစ်တာပေါ့နော်။ မျှတတယ်။ ပြည်ထောင်စု တန်းတူ အခွင့်အရေး ရတာပေါ့။ အဲဒါ Main Point တခုနော်။ ကျနော်တို့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အဓိက အကြောင်းအရင်းတခု။

နောက်တခါ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ အရင်တုန်းက ကျနော်တို့ မရခဲ့ဘူးတဲ့ အခွင့်ရေးတခု ရတယ်။ အဲဒါ ဘာလဲဆိုတော့ ပြည်နယ် လွှတ်တော် ရှိလာတယ်။ ပြည်နယ် လွှတ်တော်ရှိတော့ တမြို့ နယ်မှာ အဲဒီ ပြည်နယ် လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကျစီ ထားမယ်။ အဲဒီမှာ ယှဉ်ပြိုင်မယ်။ အဲဒီ ပြည်နယ်လွှတ်တော်လည်း ရှိလာမယ်။ ပြည်နယ်အစိုးရလည်း ရှိလာမယ်။ ပြည်နယ်အစိုးရဆိုတာက အဲဒီ လွှတ်တော်ကိုယ်စားလှယ်ထဲကနေ ဝန်ကြီးချုပ်ဆိုတာ ဖြစ်လာမယ်။ ပြည်နယ် ဝန်ကြီးချုပ်ဆိုတာ ရှိလာမယ်။ ပြည်နယ်ဝန်ကြီးဆိုတာ ရှိလာမယ်။ ပြည်နယ်အစိုးရဆိုတာ ရှိလာမယ်။ အဲဒါ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့  ကျနော်တို့ တိုင်းရင်းသားတွေ အတွက်၊ ပြည်နယ်တွေ အတွက် အခွင့်အရေး တရပ်ပဲ။ ဒါက အဓိက အခွင့်အရေး တရပ်ပဲ။

နောက်တခါ ဘာထူးခြားသေးလဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာနဲ့သွားပြီး အလား သဏ္ဌာန် တူလဲဆိုတော့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့စည်း ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေနဲ့ သူက သွားဆင်တူနေတယ်။ ဘယ်လို ဆင်တူလဲဆိုတော့ ပြည်ထောင်စု ဇယားက လုပ်ပိုင်ခွင့် ဇယားနံပါတ် တစ်၊ ပြည်နယ်လုပ်ပိုင်ခွင့်က ဇယားနံပါတ် နှစ်၊ ဇယား နှစ်ပါတ် နှစ်ဆိုတာ ဘာတွေ လုပ်ပိုင်ခွင့် ရှိလဲဆိုတော့ သူက လယ်ယာ၊ သစ်တော၊ သား၊ ငါး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ပညာရေး၊ စီးပွားရေး၊ နောက်ပြီးတော့ စည်ပင်သာယာ၊ စက်မှုလက်မှု အစုံပါပဲ။ နောက် အဲဒီ ဇယား နှစ် ကို  ပြန်ကြည့်လိုက် မယ် ဆိုရင် တွေ့လိမ့်မယ်။ အဲဒါ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်။

ကျနော် ဥပမာ တခု ပြောမယ်။ လျှပ်စစ်ဆိုလို့ရှိရင် မဟာဓာတ်အားလိုင်းကလွဲလို့ ကျန်တဲ့ အလတ်စားတို့ အသေးစားတို့က ပြည်နယ်အစိုးရ လုပ်ပိုင့်ခွင့်တွေရှိတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိတယ်လေ။ အဲဒါကြောင့် ဒီဟာက ကိုယ့်ရဲ့ အခွင့်အရေးပဲ။ ဒါ ကျနော်တို့ မယှဉ်ပြိုင်ရင် ပြည်နယ်အစိုးရဆိုတာ မျှော်မှန်းလို့ မရသေးဘူး။ ယှဉ်ပြိုင်လို့ရှိရင် ကိုယ် က ပြည်နယ်အစိုးရ ထွက်လာမယ်လေ။   

မေး ။    ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ကြ၊ ပြင်ဆင်ဖို့ ပြောနေကြတဲ့အပေါ် ဘာများ ပြောချင်သေးလဲ ခင်ဗျ။

ဖြေ ။    ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဝေဖန်တာက သူတို့အပိုင်းပေါ့နော်။ ဘာပြောစရာ ရှိလဲဆိုတော့ ခုနက ကျနော် တို့ ပြောသလို ကျနော်တို့ ပြည်နယ်သားတွေ အတွက်တော့ အခွင့်ရေး ရှိတယ်။ ပြည်နယ်အစိုးရ ဆိုတာ ရှိလာမယ်။ ပြည်နယ် လွှတ်တော် ဆိုတာ ရှိလာမယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ ရှိလာမယ်။ ရွေးကောက်ပွဲ ပြီးရင်။ အဲဒီတော့ ဘာပဲ ချွတ်ယွင်းချက် ရှိသလဲဆိုတော့ ထူးခြားမှုက ပြည်နယ်လွှတ်တော်မှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲနဲ့ တပ်မတော်က လွှတ်တော် ကိုယ်စားလှယ်၂၅ ရာခိုင်နူန်း ပါတာပဲ ရှိတယ်။ ဒါကလည်း ကျနော်မြင်တာက တော့ ပြည်သူလူထုက ၇၅ ရာခိုင်နူန်းတောင် ရပြီဗျာ။ တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နူန်းဆိုတာ ပြဿနာ မရှိဘူးလို့ ကျနော် မြင်တယ်လေ။

မေး ။    ။ နောက်တခု မေးချင်တာက ဦးစိုင်းအိုက်ပေါင်းက အရင်တုန်းကလည်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှာ ပါဝင်ခဲ့ဖူးတယ်၊ အခု SLND က ရွေးကောက်ပွဲ မဝင်ဘဲနဲ့ ဦးစိုင်းအိုက်ပေါင်းအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲ ၀င်ရ ပါ သလဲ။

ဖြေ ။    ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အခြေခံဥပဒေမရှိဘဲနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ရတယ်လေ။ အခုဟာက အခြေခံဥပဒေ ရှိပြီးသား။ ခုနက ကျနော် ရှင်းပြခဲ့တဲ့ အခွင့်အရေးတွေ အများကြီး ပေါ်ပေါက်ပြီးသား ဆိုတော့ ရှမ်းပါတီ မထောင်ဘူး ဆိုလို့ ရှိရင်၊ ကျနော်တို့ မဝင်ရင် ရှမ်းပြည်နယ်အတွက် ဘယ်သူက လုပ်ပေးမလဲ။ ကျနော်တို့က အခု နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ အမျိုးချစ်စိတ်နဲ့ အလုပ်လုပ်နေတာ။ ကျနော်တို့ မဝင်ရင် ရှမ်းပြည်နယ်အတွက် ဘယ်သူပြောပေးမလဲ။ လက်ဖက်ရည် ဆိုင်မှာလည်း ပြောလို့မရ။ လွှတ်တော်မှာပဲ ငြင်းကြခုံကြ ပြောကြဆိုကြမယ်လေ။ ဒါက ကိုယ့်အတွက် အခွင့်အရေးပဲလေ။ အခွင့်အရေးတွေ တောင်းဆိုမယ်။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြောလို့ဆိုလို့ရတယ်လေ။

မေး ။    ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားပါသလဲ။

ဖြေ ။    ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာက လွှတ်တော်ရောက်မှ ပြောရမှာပေါ့။

မေး ။    ။ ရှမ်းတိုင်းရင်းသားပါတီ အနေနဲ့ လွှတ်တော်မှာ ပြောဆိုဆွေးနွေးဖို့ အလေးနက်ရှိတယ်ပေါ့။

ဖြေ ။    ။ ရှိတာပေါ့။ ကျနော်တို့ နိုင်ငံက အမျိုးသား ရင်ကြားစေ့ရေးကို ညီညွတ်မှုမရှိရင် တိုင်းပြည်က ခေတ်နောက်ကျ နေ မှာပေါ့။ အာဆီယံမှာတောင် ကျနော်တို့ နိုင်ငံဟာ သူများထက်စာရင် နည်းနည်း နောက်တန်း ရောက်နေသလို ဖြစ်နေတယ် လေ။ ကျနော်တို့ ရွေးကောက်ပွဲ ပြီးပြီဆိုလို့ရှိရင် တိုင်းပြည်ဘယ်လို တိုးတက်အောင် လုပ်ကြမလဲ၊ ဘယ်လို ညှိနှိုင်းကြမလဲ။ ရန်ဖြစ်နေရင် အချိန်ပဲ ကုန်တယ်လေ။ အဲဒီလောက်ကျရင် ပြေလည်သွားမှာပဲ။

မေး ။    ။ ဘယ်လိုပါတီတွေနဲ့ လက်တွဲဖို့ အလားအလာရှိသလဲ။ မဟာမိတ် လုပ်ဖို့ရော အစီအစဉ် ရှိလားဗျ။

ဖြေ ။    ။ ကျနော်တို့ကတော့ ပါတီတိုင်းနဲ့ မိတ်ဆွေဖြစ်မယ်။ ဘယ်သူ့ကိုမှ ရန်သူလည်း မရှိဘူး။ အားလုံး မိတ်ဆွေလုပ်မယ်။ နောက်ပြီး တိုင်းပြည်မျက်နှာတခုပဲ ကြည့်မယ်။

မေး ။    ။ အခု ဒေါက်တာ တူးဂျာ တို့လို ကချင်ပါတီကို မှတ်ပုံတင် ချမပေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်သပါလဲ။

ဖြေ ။    ။ ကျနော် မသိဘူးဗျ။

မေး ။    ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ကျနော်တို့ လှုပ်ရှားနေသလို သူတို့လည်း လှုပ်ရှားနေပါတယ်။

မေး ။    ။ သူတို့လိုပဲ လှုပ်ရှားခွင့်တွေ ရပါလားခင်ဗျ။

ဖြေ ။    ။ ရတယ်။ ကျနော်တို့ ရတယ်။ ကျနော်တို့တောင် ပိုပြီး လှုပ်ရှားနိုင်တယ်။ ဘယ်လို ပိုပြီး လှုပ်ရှားနိုင်လဲဆိုတော့ ကျနော်တို့ စည်းရုံးရေးတွေက ရွာအထိ သွားတယ်။ ပြီးတော့ မြို့ နယ်ကော်မရှင်ကို ကျနော်တို့ စာတင်လိုက်တယ်။ တပတ်အတွင်း ကြိုတင်ပြီးတော့ပေါ့နော်။ ဘယ်နေ့ ဘယ်ရွာ သွားမယ်ဆိုပြီးတော့ စာတင်ပြီး အဲဒီရွာတွေကို သွားလိုက်တာပဲ လေ။

မေး ။    ။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။

ဖြေ ။    ။ ကျနော်ထင်တာ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် ပေါ်လာပြီဆိုတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တော့ ပေါ်လာမှာပဲဗျ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တော့ ပေးကိုပေးရမယ်ဗျ။ (နိုင်ငံရေးသမား တွေကို ထောင်ထဲထည့်ထားတာက) ဒါ အင်အားဖြုန်းတီး တာပေါ့နော်။ လူတွေထွက်လာရင် အကြံဉာဏ်တူ ရှိမှာပေါ့လေ။ လူတိုင်းက ဦးနှောက်ရှိတယ်ဆိုတော့ ကိုယ်က အသုံးပြုလို့ရတာပေါ့။ တိုင်းရင်းသား အချင်းချင်းလည်း ညီအစ်ကို မောင်နှမ အချင်းချင်းလည်း ချစ်ခင်ကြတာပေါ့။

မေး ။    ။ အခု ရှမ်း SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီးတော့ရော။

ဖြေ ။    ။ ကျနော်ထင်တယ်။ ရွေးကောက်ပွဲပြီးရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ရမှာပဲလေ။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြစ်လာမှာပဲ။

မေး ။    ။ ပါတီရဲ့အဓိက မူဝါဒက ရှမ်းတိုင်းရင်းသားတွေက ရှမ်းပြည်ကောင်းကျိုးနဲ့ ပတ်သက်ပြီးတော့ အဓိက လုပ်သွားမယ့် သဘောလား။

ဖြေ ။    ။ ရှမ်းပြည်ကောင်းကျိုးအတွက် တခုတည်း မဟုတ်ပါဘူး။ ရှမ်းပြည်လည်း ကောင်းမယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေ လည်း အားလုံးကောင်းမယ်။ ပြည်ထောင်စုကြီးလည်း ကောင်းအောင် လုပ်မှာပေါ့။ ကျနော်တို့ မျှော်လင့်ထားတာပေါ့။ ကျနော် တို့ လွှတ်တော်ပါတီ ကိုယ်စားလှယ်လည်း ပြည်ထောင်စု လွှတ်တော်ဆိုတဲ့ အမျိုးသားလွှတ်တော်၊  ပြည်သူ့လွှတ်တော်ထဲမှာ လည်း တချို့ တဝက်က ပါမှာပဲလေ။ ရောက်သွားမှာပဲလို့ ကျနော်လုံးဝ ယုံကြည်တယ်လေ။ အဲဒီ အချိန်ကျရင် ပြန်ဆုံမှာပေါ့။ ပြည်ထောင်စုကိစ္စ အတွက်ကျတော့ သဘောက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရမှာ လုပ်မှာပေါ့။

မေး ။    ။ အခု ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မယ့် နေရာမှာ အနိုင်ရဖို့ ယုံကြည်ထားပါလား။

ဖြေ ။    ။ ယုံကြည်တာပေါ့ဗျာ။ မယုံကြည်ဘဲနဲ့ ဘယ်လိုလုပ်ရွေးကောက်ပွဲ ဝင်တော့မှာလဲ။ ယုံကြည်တယ်။ အကုန်လုံး ရမယ်လို့တော့ မပြောနိုင်ဘူးလေ။ ဒါကတော့ ကျနော်တို့ ဘောလုံး ကန်သလိုပေါ့။ နိုင်မယ်ထင်လို့ ကန်တာပဲလေ။

Comments (12)Add Comment
0
for know
written by saihline, August 02, 2010
ကျွန်တော့် အထင်တော့ ဦးစိုင်းအိုက်ပေါင်း လုပ်သာ မှန်ပါတယ်....
ကျွန်တော်တို့နိင်ငံမှာ (နိင်ငံရေး ဆိုတဲ့) လုပ်ပိုင်ခွင့်ကို အစိုးရက နားပိတ် ပါးပတ် ထားတာ ကြာပြီ။
ဆွေးနွေး ဖို့တောင် မပြောနဲ့ အစလေးေ ဖ်ာလိုက်တာနဲ့ အချုပ်ထဲေ ခ်ါသွားပြီး ...............
ကျွန်တော့်ကို လူကြီးတယောက်က ပြောပြဖူးတယ်...
အစိုးရက မီးစိမ်ြး ပနေချိန်မှာ ရသလောက်အခွင့်ကို သုံးပြီး လုပ်...
မီးဝါပြလာရင် သတိထား..
မီးနီပြလာ ရင်သွား မထိနဲတဲ့....
ကျွန်တော် နားလည်တဲ့ ခုမြန်မာ နိင်ငံရေးအ ခြေအနေကို တင်ပြေ ပးတာပါ..
နော်တခုက (ကိုယ်မလုပ် နိင်ရင် လူများလုပ်တာကို လိုက် မဖျက်ရဘူးတဲံ့)
0
...
written by Moe Gyaw, July 27, 2010
နိုင်ငံရေး သမားနဲ့ တော်လှန်ရေး သမား မတူဘူးလေ။ နိုင်ငံရေး သမားက ဒီလိုချိန်မှာ ဒီလိုေ ပြာမှာဘဲ။
0
အမြင်မှားနေတယ်
written by zawmoe, July 25, 2010
အာဆီယံမှာတောင် ကျနော်တို့ နိုင်ငံဟာ သူများထက် စာရင် နည်းနည်း နောက်တန်း ရောက်နေတယ် လေ။

နည်းနည်း မဟုတ်ဘူးဗျို့  နောက်ဆုံးမှာ ။လူများနိုင်ငံမှာ ကွန်ပျူတာတွေ အင်တာနက်တွေနဲ့  ကျုပ်တို့ နီုင်ငံမှာ ကျောက်သင်ပုန်းက မတက်သေးဘူးလေ ။
0
...
written by တိုင်းရင်းသား, July 25, 2010
ပဒေသရာဇ်ကို မမေ့နိုင်တော့ ခက်တယ်
0
...
written by ရန်ကင်း, July 25, 2010
ဘယ်လို လူစား ဆိုတာ သူပြောတဲ့ စကား တွေကို ကြည့်လိုက်တာနဲ့ သိသာတယ်။
ရှမ်း ပြည်အတွက် ဒီလို လူစားမျိုးရဲ့ ပါတီက ကိုယ်စားပြုပြိုင်မယ် ဆိုတာ မယုံနိုင်ဘူး။
တိုင်းပြည် တပြည်ရဲ့ နိုင်ငံရေး ကို ဘောလုံးပွဲ နဲ့ ယှဉ်ပြောတာ ဘာမှ မဆိုင်ဘူး။
0
...
written by sai aik winn, July 25, 2010
"တာဝန် ယူတတ်ဖို့..."ခေါင်းစဉ်ပါ ဦးညိမ်းမောင် ရေးသားဝေဖန် တင်ပြထားသော အကြောင်း အရာနဲ့ ပတ်သက်၍
ကျွန်တော့် အမြင် ဆိုရင် (SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းသည် အခြေအနေ နှင့် အချိန်အခါ ကိုလိုက်၍ ဖြေဆိုခြင်း
သာဖြ စ်လိမ့်မည် ဟု ထင်ပါသည်...
0
ရွေးကောက်ပွဲ ဘောလုံး ကန်သူများသို့
written by ????????, July 24, 2010
ဘောလုံး ကစားနည်းနှင့် ရွေးကောက်ပွဲကို နှိုင်းပြပြော သွားကတ ည်းက မှားနေပြီး ဆိုတာ သတိ ထားမိတယ်၊ ဘာကြော င့်မှားတယ်လို့ပြောရသလဲ ဆိုရင် ဘောလုံးပွဲ ဆိုတာ တသင်းနှင့်တသင်း ယှဉ်းပြိုင် ကစားရာမှာ ကွင်းလ ယ်ဒိုင်နှင့် ဆီးကြ ပ်ဒိုင်တွေက ဘက်လိုက်မှုမရှိဘဲ ယှဉ်းပြိုင် ကစားနေသော အသင်းနှစ်သင်းရဲ့ ကိုယ်ပိုင်ေ ခြစွမ်းတွေနဲ့အနိုင် အရှုံးကစား ပြရတာဖြစ် လို့ပါဘဲ။ ၂၀၁၀ ရွေးကောက်ပွဲ ကျတော့ အများမြ င်နိုင်တဲ့ ဘောလုံးကွ င်းလို့မျိုးကွင်းထဲ့မှာ ကစားမှာ မဟုတ်သလို့ အများ မမြင်နိုင်ရအောင် တစ်နိုင်ငံလုံး မီး အမှောင်ချပြီ ဗိုလ်သ န်းရွှေရဲ့ စားပွဲပေါ်မှာမျှမျှတတေ လးဖြစ်အောင် ကျင်းပမှာ မို့လို့ပါ။
0
Don't think too much
written by Than shwe Naing, July 24, 2010
Hello All Burmese Nationality,
youguy are all under controll Than Shwe Game program, what ever you try, the final answer is,Than shwe and kyaing Kyaing are presendent of Union of Myanmar. don't be stupid,don't waste your energy and people money. just fight don't talk. that is the way only can change.
0
မှန်တာေ ပြာရရင်
written by Burmese, July 24, 2010
ကျေနပ်စရာ တစ်ကွက်မှ မတွေ့ ဘူး။ အရိုး အရင်းနဲ့ တင် ၀မ်းသာ နေမယ့် ပုံပဲ။
0
good one
written by Tuumar, July 23, 2010
Sounds like real Shan who truely love Shan state and its people.
Good luck and I wish you could do something to prevent the military abuse on Shan locals on countryside.
0
Only if
written by tawtarlay, July 23, 2010
I do have any any doubt upon your capability in trying to get a place in Congress if this is a fair election. However, how can you believe that there would be no cheating in this election ?
0
တာဝန် ယူတတ်ဖို့...
written by ညိမ်းမောင်, July 23, 2010
ရှမ်းတိုင်းရ င်းသားများ ဒီမိုကရက်တစ် ပါတီ (Shan Nationalities Democratic Party – SNDP) မှ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း...အနေနဲ တိုင်းပြည်နဲ လူမျိုြး ကုံတွေနေရတဲ့ ပြဿနာကို လွယ်လွယ် ကူကူနဲေ ဖြရှင်းနိုင်မယ် အထင်တ စ်လုံးရယ် ဘောလုံးကန်တဲ့ သဘောမျိုးထားပြီး လုပ်ဆောင်နေတာတော့ အတော်အံသြ လောက်ပါေ ပတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ ရှမ်းအမျိုးသားခေါင်းဆောင် -၁၉၉၀ ရွေးကောက် တင်မြောက်ခံ ပြည်သူ့ကိုယ်စားလှယ် (လွှတ်တော်အမတ်) ဦးခွန်ထွန်းဦးတို့ မလွတ်မြော က်ခြင်းအ ပေါ်မှာ တွေးခေါ်ပုံ အတော် ဆိုးဝါး မှားယွင်းပါတယ်။ ဘာကြောင့်လဲ... တိုင်းပြည် တစ်ခုမှာ နိုင်ငံ့အရေးကို ၀င်ရောက်ပါဝင် ပြောဆိုခဲတဲ့ ပြော ဆိုနေတဲ့ ပြောဆိုလိုတဲ့... လူထုအတွက် ကိုယ်စားပြုေ ပြာဆိုနေတဲ့ ပုဂ္ဂိုလ်တွေကို ဖမ်းဆီး ထိမ်းသိမ်း အကျဉ်း ချထားပြီး... ဖိနှိပ်သူ- စစ်အာဏာရှ င်တစ်စု စိတ်တိုင်းကျ ချုပ်ချယ် ကျင်းပမယ့် ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေး အကျဉ်း သားတွေ လွတ်လာမယ်လို့ ထင်တယ် ဆိုတာ အခြေခံ အကြောင်း ပြချက်လဲမရှိ ဗိုလ် သန်းရွှေကတော့ လုပ်ပေး လိုက်မှာပဲ... ဆိုတဲ့ အထင်တ စ်လုံးနဲတော့ ပါတီထောင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ဖို့ မသင့်ပါဘူး။ တကယ်တမ်း လူထုနဲတိုင်းပြည် အကျိုးကြ ည့်တာမှန်ရင် မတရားမှုကို လက်ပိုက် မကြည့်ရဘူး... အမှန်တရား ပေါ်ပေါက်ရှင်သန်ရေး အတွက် ရပ်တည်ြေ ပာဆိုရ လိမ့်မယ်. .. ဒါမှလဲ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ေ ကျပြွန် လိမ့်မ ယ်လို့ မြင်ပါတယ်။ ပါတီခေါင်းဆောင်တစ်ဦးရဲ့ တာဝန်ဟာ ဒီထက်ကြီးပါတယ်... ဘောလုံး ကန်သလို အခြေ အမြစ်မရှိ အထင်တ စ်လုံးနဲတော့ လူမျိုးနဲ တိုင်းပြည်ကို မစော်ကားသင့်ဘူး။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်