တရုတ် သဘောထားအပေါ် သူတို့အမြင်

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ စီမံကိန်းဆိုင်းငံ့ရေး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် စီမံကိန်း တွင် အများဆုံး ရင်းနှီး မြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment Corporation(CPIC) ဥက္ကဋ္ဌ တို့၏ တုံ့ပြန်ချက် အပေါ် သဘောထား အမြင်များကို ဧရာဝတီ က စုစည်းဖော်ပြလိုက်ပါသည်။

လူရွှင်တော် ပါပါလေး
မန္တလေး

ParParLayသမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်တယ်ကြားရတော့ ကျနော်တို့ တော်တော်ကို ၀မ်းသာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ ရဲ့ အဓိကကျတဲ့ နေရာဖြစ်နေတာကို။

ကျနော့် တယောက်တည်း ခံယူချက်နဲ့ပြောရင်တော့ ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောပဲဗျ၊ ကိုယ့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကို ကိုယ့်နိုင်ငံကပဲ သောက်သုံးစေချင်တယ်၊ ပိတ်တယ်တားတယ် ဆိုရင်တော့ မြန်မာအပါအ၀င် တိုင်းရင်းသား တွေ အကုန်လုံး အခက်အခဲ ဒုက္ခတွေ ရောက်ကြမှာအမှန်ပဲ။

ဦးသောမဗုဒ္ဓိ
ဓမ္မာစရိယစာချတန်း
မစိုးရိမ်တိုက်သစ်(မန္တလေး)

သမ္မတဦးသိန်းစိန် ဆုံးဖြတ်ချက်က ကောင်းပါတယ်၊ ဦးပဉ္ဇင်းတို့ ထောက်ခံတယ်၊ အမှန်ဆို တရုတ်က အကျိုးအမြတ်တွေ ရထားပြီး သားပဲ၊ ဧရာဝတီမပျက်စီးအောင်တော့ ကာကွယ်ရမှာပဲ၊ သူတို့က အင်အားကြီးတော့ ဒီလိုခြိမ်းခြောက်တာမျိုးတွေတော့ ရှိမှာပေါ့၊ မြန်မာပြည်မှာက ဒီဧရာဝတီ တခုပဲ သန်သန်မာမာရှိတာ၊ တရုတ်ကဆက်အနိုင်ကျင့် လုပ်လာမယ်ဆိုရင် တပြည်လုံးက လက်ခံနိုင် မယ် မထင်ဘူး။ ဦးပဉ္ဇင်းတို့ သံဃာတွေကလည်း ဘာသာ သာသနာဘက်က ကန့်ကွက်သွားမှာပဲ။

ဦးလနန်

တွဲဖက် အထွေထွေအတွင်းရေးမှူး
ကချင် လွတ်လပ်ရေး အဖွဲ့(KIO)

U lanan by moemakaသမ္မတ ဦးသိန်းစိန် ပြောသွားတဲ့ကိစ္စမှာ လူတဦးတယောက်ရဲ့ ဆန္ဒကို ပြောကြတဲ့ အပိုင်းလို့ မြင်တယ်။ ဒါ အစိုးရအဖွဲ့ အနေနဲ့ပြော တဲ့ ပုံစံမဟုတ်ဘူး။ သမ္မတ တယောက်အနေနဲ့ ပြောတာဖြစ်တယ်။ နောက်ပြီးတော့ ဥပဒေနဲ့ အဲဒီကိစ္စကို ပိတ်ပင်တာမျိုး၊ သမ္မတ
ပြောဆိုမှုကို ဥပဒေနဲ့ အခိုင်အမာဖြစ်အောင် လုပ်ဆောင်တာမျိုး မတွေ့ရတော့၊ ဒီကစ္စကတော့ သူတို့(CPIC)က ထိခိုက်စရာရှိမယ် မထင်ဘူး။




ဦးအေးသာအောင်
အတွင်းရေးမှူး
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ

U Aye Thar AungCPIC ကပဲ ဖြစ်ဖြစ် တရုတ်အနေနဲ့ပဲ ဖြစ်ဖြစ် သူတို့ကတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက်လုပ်တယ်။ သူတို့ အကျိုးစီးပွားကို ထိခိုက် နစ်နာလာတဲ့ အခါကျတော့ သူတို့ကတော့ တုံ့ပြန်မှာပဲ။

အန်ကယ်တို့ အနေနဲ့ကလည်းပဲ ဧရာဝတီဟာ မြန်မာနိုင်ငံသမိုင်းနဲ့ ကြည့်ပြီးတော့ ပြောပြော ဧရာဝတီမြစ်က မြန်မာပြည်ရဲ့မြောက် ဖျား ကနေ ဟို မြစ်ဝကျွန်းပေါ်အထိ စီးဆင်းနေတဲ့ မြစ်တခုဖြစ်တယ်။ သမိုင်းအစဉ်အဆက် ဧရာဝတီမြစ်ကို မှီခိုနေတဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ထိခိုက်မှာပဲ။

အဲဒီတော့ ဒီနေရာမှာ ဦးသိန်းစိန် အစိုးရအနေနဲ့ကလည်းပဲ အခုတော့ ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့သဘောထားကို လိုက်နာ တဲ့ အနေနဲ့ ရပ်ဆိုင်းထားတယ်။ ဒါကတော့ ကောင်းတယ်၊ သူတို့ရဲ့ စာချုပ်ထဲမှာ ဘယ်လိုအချက်အလက်တွေပါပြီးတော့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာတော့ တကဏ္ဍပေါ့၊ ဒါကတော့ ဥပဒေအရပဲ ဖြစ်ဖြစ်၊ စာချုပ်အရပဲ ဖြစ်ဖြစ် ဖြေရှင်းတာက တကဏ္ဍပဲ၊ ဒီမြစ်ဆုံ ရေကာတာကိုတော့ ဘယ်လိုနည်းနဲ့မှ ပြည်သူတွေကတော့ ဒီနေရာမှာ ဆိုတာ လက်ခံမှာမဟုတ်ဘူး။ ဒီဟာကို ပြည်သူတွေရဲ့ဆန္ဒကို မေ့ပစ်ပြီးတော့လည်းပဲ သမ္မတ ဦးသိန်းစိန် အနေနဲ့သော်လည်းကောင်း၊ အစိုးရအနေနဲ့ သော်လည်းကောင်း လုပ်လိမ့်မယ်လို့တော့ အန်ကယ့် အနေနဲ့ မယူဆဘူး။

ဇေယျာသော်
ဟစ်ပ်ဟော့ပ် အဆိုတော်

zayarthaw by music.multicanvas.netCPIC ဆိုတာ တရုတ်ပိုင် လုပ်ငန်းတခုဖြစ်တဲ့အတွက် CPIC ရဲ့ ဝေဖန်ချက်ဟာ တရုတ်အစိုးရရဲ့ဝေဖန်ချက်ပါပဲ။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံတင်မကဘူး တခြားနိုင်ငံတွေမှာလည်း ဆည်တွေဆောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက လာအိုနိုင်ငံမှာ ဆောက် ဖို့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ဆည်ကြီးတခုကို လာအိုနိုင်ငံက ရပ်တန့်လိုက်တုန်းက တရုတ်က အခုလို ပြင်းပြင်းထန်ထန် ဝေဖန် တာ မကြားရပါဘူး။

အခု မြန်မာနိုင်ငံက မြစ်ဆုံဆည်စီမံကိန်းကို ရပ်တံ့မယ်ဆိုတော့မှ ပြင်းပြင်းထန်ထန် ဝေဖန်တာဟာ ကျနော်တို့ နိုင်ငံကို တရုတ် ရဲ့ကိုလိုနီနိုင်ငံလို၊ သူတို့ရဲ့ ပြည်နယ်လေးတခုလို အဆင့်သတ်မှတ်လိုက်တဲ့သဘောပါပဲ။ မြစ်ဆုံစီမံကိန်းကိုသဘောတူ လုပ်
ဆောင်တုန်းက ပြည်သူလူထုကို အသိမပေးခဲ့ပါဘူး။ အခု ဒီစီမံကိန်းကြီးကို ပြည်သူလူထုက ကန့်ကွက်လို့ သမ္မတက ရပ်တန့် မယ် ဆိုတော့မှ တရုတ်က ဝေဖန်တာဟာ ကျနော်တို့ နိုင်ငံကို သူတို့ သြဇာခံ နိုင်ငံလို့ သတ်မှတ်လိုက်တာပါပဲ။

ကာတွန်း အော်ပီကျယ်

Au-Pi-Kyalကျနော့် အမြင်ကတော့ ဦးသိန်းစိန် အနေနဲ့ ဒီလိုပြောမယ့် အချိန်မှာ သူဟာ တရုတ်အစိုးရပိုင်းတော့ နည်းနည်းလေး တီးခေါက်ပြီး
မှ လုပ်မယ်လို့ ထင်တယ်၊ အခုဟာက အစိုးရက ကုမ္ပဏီ ဘက်ကနေပြီးတော့ ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ်ဆိုတဲ့ စကားတော့ ပြောတာပေါ့။

သို့သော် တရုတ်အစိုးရအနေနဲ့က မြန်မာပြည်မှာ ဒီတခုတည်းမဟုတ်ဘူး၊ ဒီတခုထက်ပိုအရေးကြီးတာက ကျောက်ဖြူ ပဲလေ၊ သူတို့က ကျောက်ဖြူစီမံကိန်းကိုတော့ လုံးဝ အထိခံမှာ မဟုတ်ဘူးလေ၊ သူတို့ ရရှိမယ့် အကျိုးအမြတ်က စီးပွားရေးတင်မကဘူး၊ သူတို့ ဗျူဟာ အရ သိပ်ကြီးမားတယ်၊ ဒီတော့ မြစ်ဆုံကိစ္စကို သူတို့ သိပ်ပြီးလုပ်မယ် မထင်ဘူး။ မြန်မာ အစိုးရနဲ့ မျက်နှာပျက်ခံမယ် မထင် ဘူး။

ကျနော်တို့ကတော့ ဒီတာတမံကြီး ဆက်မဆောက်ဖို့ရယ်၊ သစ်တောတွေကလည်း တော်တော် ပါသွားပြီး တောင်ကတုံး ဖြစ်သွားတဲ့ ဟာရော၊ နောက်ပြီးတော့ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေးပေါ့၊ ဆည်လုပ်တဲ့နေရာမှာ ရွှေတူးတဲ့ ကိစ္စတွေ၊ မြစ်ကြောင်း မထိန်း သိမ်းတဲ့ ကိစ္စတွေ၊ နောက် ကမ်းပါးပြိုတဲ့ ကိစ္စတွေ၊ သောင်ထွန်းတဲ့ ကိစ္စတွေ၊ ဒီရောဂါတွေဖြစ်လာမှပဲ ကျန်တဲ့ ရောဂါ အသေးလေး တွေလည်း ကုစားဖို့ သတိရကြတာ၊ အဲဒီတော့ အဲဒါတွေလည်း လုပ်ရဦးမှာပါ။  


ရုပ်ရှင်သရုပ်ဆောင် ကျော်သူ
နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ

kyaw thu by tharafi.blogspot.comဘာပဲ လုပ်လုပ်ပါ၊ လူသားချင်းစာနာစိတ်ရှိဖို့ အရေးကြီးတယ်၊ ကိုယ့်တိုင်းပြည်ထဲမှာပဲ ဘာလုပ်လုပ်၊ တခြား တိုင်းပြည်ထဲက သယံ ဇာတကို တူးဖော်တာပဲ ဖြစ်ဖြစ်၊ လူသားချင်း စာနာစိတ်ရှိပြီးတော့ အလုပ်လုပ်ရင် အကောင်းဆုံးပါပဲ။ အခုဟာက မြန်မာပြည် ဘက် က ပေးဆပ်လိုက်ရတာတွေက အများကြီး၊ အကောင်အထည် မပေါ်သေးခင် ဒီဘက်က ကုန်သွားတာတွေ တော်တော် များနေပြီ။

အမှန်မှာ သူတို့(တရုတ်)အနေနဲ့ မြန်မာပြည်ကို နစ်နာကြေးတောင် ပြန်ပေးသင့်ပါတယ်၊ လူသားချင်း စာနာစိတ် ရှိရင်၊ သူတို့က စာချုပ် စာတမ်းနဲ့ လုပ်ထားတဲ့အတိုင်း လိုချင်မှာပေါ့၊ ဒါပေမယ့် ဒီဘက်ကလည်း ပြည်သူပြည်သားတွေရဲ့ ဒုက္ခကြောင့် သမ္မတကြီး အနေနဲ့ ဆုံးဖြတ်လိုက်ရတာ၊ ကျနော်တို့ကတော့ သမ္မတကြီးရဲ့ဆုံးဖြတ်ချက်ကို ရာနှုန်းပြည့် ထောက်ခံတယ်။


ဦးဝင်းတင်
ဗဟိုအလုပ်အမှုဆောင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

NLD U Win Tin by Getty Imagesတရုတ်က သူ့အကျိုးစီးပွား ကာကွယ်တယ်ဆိုတာကတော့ အမှန်က သိပ်မဆန်းဘူး၊ အာဖရိကနိုင်ငံတွေမှာ သူတို့ တရုတ် ကုန် သည်တွေ ရင်းနှီးမြှုပ်နှံသူတွေရဲ့အကျိုးစီးပွားတွေ ကာကွယ်တဲ့ စကားကို တော်တော်ပြောတယ်။ ပြောတဲ့နေရာမှာ စာချုပ် အတိုင်း လုပ်တဲ့ တရုတ်ကုမ္ပဏီတွေ ပြောရမှာ၊ နိုင်ငံခြားရေးဌာနတို့ ဘာတို့က ဘာမှဝင်ပြောစရာ အကြောင်းမရှိဘူး၊ အခုလို နိုင်ငံ အလိုက် တာဝန်ယူပြီးတော့ တင်းမာတဲ့စကားတွေ၊ ခြိမ်းခြောက်တဲ့ စကားတွေ ပြောလာတာကတော့ အတော်ဆန်းတယ်လို့ ယူဆတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ မီလိုက်တဲ့ နှစ်ပေါင်း ၅၀ ကျော်က တရုတ် ၀န်ကြီးချုပ် မစ္စတာ ချူအင်လိုင်း မြန်မာပြည်ကို လာတဲ့ အချိန်မှာ တရုတ် လူမျိုးတွေ၊ တရုတ် ကုန်သည်တွေကို ခေါ်ပြီးတွေ့တယ်၊ မိန့်ခွန်းပြောတယ်၊ အဲဒီ မိန့်ခွန်းက တရုတ်လူမျိုးတွေဟာ မြန်မာပြည်မှာ လာပြီးနေထိုင်ကြတယ်၊ စီးပွားရှာကြတယ်၊ အဲဒီ လူတွေဟာ မြန်မာပြည်ရဲ့ ဥပဒေတွေကို လိုက်နာရမယ်၊ ဒေသခံ မြန်မာပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ရမယ်ဆိုတာ ပြောတယ်၊ တရုတ်လူမျိုးတွေကို ဆုံးမတာ။

ဒီနေ့ ဒီအခါမှာတော့ တရုတ်အစိုးရက တရုတ်ကုမ္ပဏီဘက်ကလိုက်ပြီး တင်းတင်းမာမာပြောတာကတော့ မြန်မာအစိုးရကို ဆုံးမသ လို ဖြစ်နေတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က တရုတ်ရဲ့သဘောထားနဲ့ အများကြီးဆန့်ကျင်နေတယ်။ အမှန်ကတော့ မြန်မာ ပြည်သူတွေက လုံးဝမလိုလားဘူး ဆိုရင် တရုတ်ဘက်ကလည်း အများကြီး စဉ်းစားရမှာ။ စောင့်ထိန်းရမယ့် တာဝန် ၀တ္တရားတွေ၊ လိုက်နာရမယ့် ကျင့်ဝတ် သိက္ခာတွေ ရှိတယ် မဟုတ်လား။ ဒါကို တရုတ်အစိုးရက နားလည်ဖို့ ကောင်းတယ်လို့ ထင်ပါတယ်။

မောင်ဝံသ
အတိုင်ပင်ခံ အယ်ဒီတာ၊ ပြည်သူ့ခေတ် ဂျာနယ်

Mg Wutha by Yangon media groupတရုတ် ကုမ္ပဏီဘက်နဲ့ တရုတ်က အကျိုး စီးပွားရေးသမားတွေ ဘက်က စာလို့ရှိရင်တော့ သူတို့ဘက်က နာမှာပေါ့ဗျာ။ ဘာလဲ ဆို တော့ သူတို့ဘက်က အချောင်နှိုက်ထားတာကိုး။ အချောင်နှိုက်ထားတာ ပျက်သွားတာကိုး။ သူတို့က အဲဒီလိုပျက်သွားတဲ့ အခါကျတော့ တော်တော်ကြီးကို သူတို့ဘက်က အဆီတ၀င်းဝင်းနဲ့ စားရမယ့်ထမင်းပွဲကြီးကို ပါးစပ်ထဲရောက်ခါနီးမှ ပုတ်ချခံသလိုမျိုး ဖြစ်မှာကိုး။ အဲဒီလိုဖြစ်နေတယ်။ သူခိုး လက်ခံတဲ့ လူနဲ့ သူခိုးနဲ့ ပေါင်းပြီးတော့လုပ်တော့ နောက်ဆုံးမှာ လူမိသွားတဲ့ အခါကျတော့ သူခိုး က ပြန်ပြီးတော့ လူဟစ်တဲ့သဘော ပြန်ဖြစ်တာပေါ့။      


ဦးအုန်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်

U Ohn by myanmarispကုမ္ပဏီစည်းကမ်းအရ စာချုပ်အရ၊ စရံတွေပေးထားတယ်၊ ငွေတွေ၊ အရင်းအနှီးတွေ တပိုင်းတစ မြှုပ်နှံထားတယ်၊ ဒါတွေ ပြန်ေ တာင်း တာတို့ တရားစွဲတာတို့ ကတော့ သူတို့လုပ်ပိုင်ခွင့်၊ ဒါပေမယ့်လည်း ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားတဲ့ အနေနဲ့ သမ္မတ က ဒီမြစ်ဆုံ စီမံကိန်းကို ရပ်လိုက်တာ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်က သူတို့မသိဘဲလုပ်ရမလား၊ သူတို့ သဘောတူညီချက်မရဘဲနဲ့ လုပ်ရမလား ဆိုတာက၊ ဒါ နိုင်ငံတော် ရဲ့အချုပ် အချာ အာဏာကို စော်ကားတာ၊ အဲဒါတော့ ကျနော် လုံးဝ လက်မခံနိုင်ဘူး။   

တရားစွဲတာ စွဲပါ၊ ကမ္ဘာအရပ်ရပ် ဘယ်မှာပဲ စွဲစွဲ၊ ဒါသူတို့ လုပ်နိုင်ပါတယ်၊ ဒါပေမယ့် သမ္မတက ပြည်သူ့ရဲ့အသံကို တန်ဖိုးထားပြီး တော့ အခြေအနေအရ ရပ်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်တာ၊ ဒီအပေါ်မှာ သူတို့က ၀င်ပြီးစွက်ဖက်ရင် မြန်မာနိုင်ငံရဲ့အချုပ်အချာ အာ ဏာကို စော်ကားတာပဲ၊ အလေးမထားတာဘဲလို့ ယူဆတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုအလေးမထားဘဲနဲ့ အနိုင်ကျင့်တဲ့ ပုံစံမျိုးနဲ့ ၀င် စွက်ဖက်တာတော့ လုံးဝလက်မခံပါဘူး။


သခင်ချန်ထွန်း
သံအမတ်ဟောင်း

ChanTunသမ္မတကြီးလုပ်ရပ်က ပြည်သူလူထုကို အလေးထားပြီးလုပ်တဲ့အတွက် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ တရုတ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာခုံရုံး တက်ရမယ်ဆိုလည်း တက်ကြမယ်ပေါ့၊ ဒါပေမယ့် နှစ်နိုင်ငံလုံးကတော့ ဒီအခြေအနေကြောင့် ဆက်ဆံရေး အပျက် ခံမယ် မထင်ဘူး။





ဦးအောင်ကျော်ဇော
တရုတ်-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ

တရုတ်ပြည်က ပြောပြောနေတဲ့ နှစ်နိုင်ငံပြည်သူများတို့၊ ချစ်ခင်မှုတို့ဆိုတာ သူတို့ပါးစပ်ဖျားက အပေါ်ယံပြောတယ်ဆိုတာ ပေါ်လွင် တယ်။ အစိုးရတရပ်နဲ့ ချုပ်ဆိုထားတဲ့ ကိစ္စ တစုံတရာ တိမ်းစောင်းမှုဖြစ်သွားတဲ့အခါမှာ သူတို့ဖော်ပြတာပဲ။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တန်းတူဆက်ဆံရေးကို မဖော်ပြဘူး။ အပေါ်စီးက ပြောတာဖြစ်တယ်။ မြန်မာအစိုးရကတော့ မြန်မာပြည်သူတွေကိုကိုယ်စားပြု ပြော တာ ဖြစ်တယ်။ သူတို့လည်း သိတာပဲ၊ ပြည်သူတွေ ဘယ်လောက် အခက်အခဲဖြစ်တယ် ဆိုတာ။

တရုတ်ပြည်ရဲ့ သဘောထား၊ ကျနော်တို့ တိုင်းပြည်အပေါ်ထားတဲ့ နှစ်ပြည်ထောင်ပြည်သူများ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဆိုတာ ဘာကို ပြောတာလဲ၊ မြန်မာပြည်သူတွေကို မျက်စိထဲ ထည့်မကြည့်ဘူးဆိုတာ ဖော်ပြတာ၊ သူတို့ အကျိုးအမြတ် ထိရင် လုံးဝ လက်မခံဘူးဆိုတာ ပေါ်တာပဲ။ ကျနော်ကတော့ လက်မခံနိုင်ပါဘူး။


လူထု စိန်ဝင်း
သတင်းစာဆရာ

ludu sein win by moemakaတရုတ်ပြည်နဲ့ မြန်မာပြည်ဆိုတာ မော်စီတုန်း ၊ ချူအင်လိုင်း လက်ထက်ကတည်းက ရင်းနှီးစွာ ဆက်ဆံခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ကြ တယ်။ ဒီချစ်ခင်ရင်းနှီးမှု အစဉ်အာလာကို ရသမျှယူမယ်ဆိုတဲ့ လောဘဇောကြောင့် ပျက်စီးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ တရုတ်ဟာ အစဉ်အဆက်က ကိုလိုနီနယ်ချဲ့တွေကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အခုအချိန်မှာ ကိုယ်တိုင်က ကိုလိုနီနယ်ချဲ့လုပ်ရပ်တွေ လုပ်နေတာ သင့်၊ မသင့် စဉ်းစားဖို့ ကောင်းတယ်။ မြန်မာနိုင်ငံ ပြည်သူတွေ အနေနဲ့ကတော့ ဧရာဝတီကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်စောင့်ရှောက် သွားကြရမှာဖြစ်တယ်။ (Weekly Eleven မှ)


မအားနန်
ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက် တာဝန်ခံ

တရုတ်အနေနဲ့ ပြန်စဉ်းစားသင့်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြန်ကြည့်မယ် ဆိုရင် ကချင်ပြည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊  မတည်မငြိမ် ဖြစ်နေတဲ့ ဒေသမှာ အစိုးရနဲ့ ဒီလိုမျိုးလုပ်မယ်ဆိုလို့ ရှိရင် သူတို့ရဲ့ စီမံကိန်းတခုလုံး မတည်ငြိမ်ဘူး၊ စိုးရိမ်စရာ အန္တရာယ်တွေလည်း ရှိတယ်ဆိုတာကို ပြောချင်တယ်၊ ပြီးတော့ သူတို့က နှစ်ဦး နှစ်ဘက် အကျိုးရှိမယ့်လုပ်ငန်းလို့ ပြောထားတယ်၊ CPIC ဥက္ကဋ္ဌ ကိုယ်တိုင် က ပြောထားတယ်၊ တကယ်တမ်း သူတို့ ဘက်မှာ အကျိုးအမြတ်တွေက အများကြီး။ ဒီ ဧရာဝတီမြစ်မှာ မှီခိုနေတဲ့ ဒေသခံတွေက ဘာမှ အကျိုးခံစားခွင့်မှမရဘူးဖြစ်နေတယ်။ အစိုးရနဲ့ပဲ စာချုပ် ချုပ်ထားတာ၊ ပြည်သူလူထုကို အသိပေးတာ လည်း မရှိဘူး။
Comments (49)Add Comment
0
မြန်မာပြည်သား
written by Wunna, October 11, 2011
အရေးကြီးပြီ ဒို့ နိုင်ငံသားတွေအားလုံး သွေးစည်းကြရအောင်
တိုက်ဖို့ လိုမယ်ဆိုရင် ကျွန်တော်တို့ အဝေးရောက်တွေလည်း ကိုယ့်နိုင်ငံအတွက် ပြန်လာချမယ်... ကိုယ့်နိုင်ငံကို ဘယ်သူမှ ကျူးကျော်မခံဘူးကွ
0
ကွန်မြူနစ်အားကိုးတ့  စနစ် ကင်းရှင်းကြပါစေ။
written by ဇေယျာ, October 09, 2011
ကျေးဇူးတင်ပါတယ် ဦးသိန်းစိန် ခင်ဗျား၊ အရင်တုန်းက ပြည်ပအားကို ပုစိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြဆိုတဲ့ ပြည်သူ့ သဘောထား အရပြောရမယ်ဆိုရင် တရုတ်အားကိုး တဲ့ အစိုးရ သည်ပုပ်ထဲက သည်ပဲ၊ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်ဆိုတဲ့ မြန်မာ စကားပုံ အတိုင်း ဖြစ်မသွားတာကို ကျေးဇူးတင်ပါတယ်။ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးတာကိုး၊ တကယ်လို့ တရုတ်ကို အဲဒီ မြစ်ဆုံစီမံကိန်းကို ပြီးစီးအောင်ခွင့်ပြုလိုက်ရင် နောင်တချိန်တွင် တရုတ်လူမျိုးတွေဟာ မြန်မာပြည်ကို နယ်ချဲ့မှာ သေချာတယ်။ ဆိုလိုတာက မြန်မာပြည်သူတွေ စဉ်းစားကြည့်ပါ။ Mandalay မှာ အခုဆိုရင် ဘယ်နေရာကိုပဲကြည့်ကြည့် တရုတ်တွေချည်းပဲ ရွှေဆိုင်ဖွင့်ပြီးတော့ စီးပွားရေးနယ်ချဲ့နေကြတယ်။ နောက်ပြီးတော့ မူဆယ်၊ မိုးကုတ်၊ ပြင်ဦးလွင် ဒါတွေနဲ့ တင် အားမရသေးလို့ မြစ်ဆုံကို အကြောင်းပြပြီး ကချင်ပြည်နယ်ကိုပါ သိမ်းပြီးတော့ စီးပွားရေးနဲ့ နယ်ချဲ့ဖို့ စဉ်းစားထားတယ်ဆိုတာ သေချာတာပေါ့။ နှစ်(၅၀)အတွင်း မြစ်ဆုံက ထွက်တဲ့ လျှပ်စစ်ဓါတ်အားတွေကို စိတ်ကြိုက်သုံးပြီးတော့မှ နှစ်ကာလကြာလာတဲ့ အဆိုပါ ရေအားလျှပ်စစ်စက်ရုံကို မြန်မာအစိုးရကို ပြန်ပေးမယ်ဆိုတာ တကယ်တော့ စက်တွေကို အသစ်ကို ပေးတာမဟုတ်ပဲ သူတို့သုံးပြီးသား အဟောင်းတွေကို ပေးလိမ့်မယ်ဆိုတာ (၁၀၀)% ကိုကျော်ပြီး (၂၀၀)% တောင် မကသေးပါဘူး ရာခိုင်နှုန်းအားဖြင့် ထောင်ဂဏန်း၊ သောင်ဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းမကလို့ ကုဋေတောင်ကျော်မယ်ဆိုတာ ကျွန်တော် ရဲရဲ ပြောပါတယ်။ ယခင်တုန်းက ဗြိသိသျှတွေ မြန်မာပြည်ကို နယ်ချဲ့ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေ ကို ဂုတ်သွေးစုပ်ခဲ့ကြတယ်။ အခုတော့ ကွန်မြူနစ်ဝါဒကို ကြီးစိုးထားတဲ့ တရုတ်ဟာ ဒီမိုကရေစီ တတ်သစ်စ မြန်မာနိုင်ငံကို သူတို့ရဲ့ အာဏာစက်ကွင်းထဲကို မရောက်ရောက်အောင် သွတ်သွင်းနေတယ်ဆိုတာ လက်ရှိ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦးနဲ့ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် ဦးရွှေမန်း၊ ဦးခင်အောင်မြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး သိထားကြဖို့လိုတယ်။ ပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွာရေးကို နောက်တခါဆိုရင် တရုတ်နဲ့ လုပ်ရမှာတောင် ကြောက်တောင်ကြောက်လာပြီ။ ကွန်မြူနစ်ဝါဒကို လက်ကိုင်ထားတဲ့ မြောက်ကိုရီးယားလဲ အပါအ၀င်ပေါ့။ ဒီမိုကရေစီနိုင်ငံဖြစ်မှတော့ ဒီမိုကရေစီ နိုင်ငံကြီးတွေနဲ့ တိုင်းပြည်အကျိုးစီးပွားကို ဆက်လက်လုပ်ကိုင်သွားဖို့နဲ့ ကွန်မြူနစ် စနစ်ကျင့်သုံးနေတဲ့ နိုင်ငံများနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ တိုက်တွန်းလိုက်ရပါတယ်။
0
မြန်မာ
written by kokoss192, October 09, 2011
ကျွန်တော်တို့ မြန်မာပြည်ကြီးအဓွန့် ရှည်တည်တံ့နေရေးအတွက်....နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်...smilies/cool.gif
0
...
written by ohnmar, October 09, 2011
တရုတ်ပြည်တွင်းထဲက တရုတ်လူမျိုးအများစု ကိုယ်တိုင်လည်း ကျွန်မတို့လို ဒုက္ခရောက်နေကြပါတယ်။ တရုတ်ကွန်မြူနစ် အစိုးရကျဆုံးပါစေ။
0
စမ်းကြည်.လိုက် လေ
written by johnpaul, October 09, 2011
ကရင် ကြီး
ပြည် ချစ် သား မင်း ဗမာ ကွ လို. မကြွေး ကြော် နဲ. အဲ.ဒီ ကြွေး ကြော် သံ က ဗမာ စစ် သား တွေ တိုင်း ရင်း သား တွေကို သွား တိုက်ရင် အဲ့ဒီလို အော် ပြီး တိုက် တော့ ။ငါ တို. တွေက တစ် မြေ တည်း မှာအတူတူ နေ နေ တာ။ ဒီ တရုတ် တွေ လူ ပါး ဝ လာ ရင် မင်း တို. ဗမာ တွေ တင် ဟု တ် ဘူး ငါ တို. တိုင်း ရင်း သား တွေပါ တို က် ဖို. အဆင် သင့်ပဲ
0
...
written by myanmar, October 08, 2011
တရုတ်ပစ္စည်းတွေကို မ၀ယ်ရေး ၊ မသုံးစွဲရေး ပြည်သူတစ်ရပ်လုံး ညီညွတ်စွာ သပိတ်မှောက်မယ်
0
အမြတ်ကြီးစားတရုတ်မားသိ၇န်
written by zawwin, October 08, 2011
နိုင်ငံကိုလာမထိပါနဲ့ တိဘက်ကိုသိမ်းသလိုသိမ်းမယ်ဆိုရင် တရုတ်နိုင်ငံဆိုတာပျောက်သွားမယ်. .သဘာဝဘေးဆိုတာ လူကြောင့်ဖြစ်တာပါ ..မြန်မာနိုင်ငံကသယံဇာတတွေလဲ ကုန်သလောက်ရှိပြီ တရုတ်ဆိုဘာတရုတ်မှ မကောင်းဘူး..တရုတ်စက်တစ်ရက်စုတ်...၀ယ်မသုံးကျပါနဲ...................
0
...
written by anonymous, October 08, 2011
Hope government really cares people and make decisions to improve freedom and improve economy for ordinary people (not only for themselves and their cronies). Then Burma can improve its own standing when dealing with China.
But beware of just shouting antichinese slogans which will only benefit western countries (which want to us Burma as a pawn) and current government and military dictatorship (which is the real enemy of people).
Beware that the plan to build dam is first agreed by the military government which is really the same government now. This government is playing western powers, china and opposition in Myitsone dam project to achieve their objective of becoming a legitimate government and continue enslaving people for eternity.
Chinese born in Burma should be wary that military government conspired to have them killed in the riots in 1967 and now again trying again to use the same tactics.
0
Just sell yanze river to US
written by 9,, October 08, 2011
If you china think building the dams in our country will cause no harm, why don't you suggest US or other governments to use one or two rivers from China???? They won't delay to pay unlimited $$$ which 7000 millions of chinese people cannot finish eating $$$ through 100 or 1000 years
0
Trust and respect
written by ayeyarwaddy, October 08, 2011
Dear Mr President, Starting from that moment I trust and accept you as Mr President of Myanmar.We understand that you are in difficult situation but you have made tough decition which is right decition also for everybody.Whatever consequences we have to face together.I promise that I will try to be good follower under your ledership.We will try as much as possible to build our country and nation and to get out of that nightmare.As the world know,China doesn't know about social responsibility.China doesn't have business Ethic.China is emphazing only for it's benefit whatever happen to others.Please slow down relationship with China and build the relationship with other countries which do ethical business.Whatever you do, we all are supporting you.If I have a chance to vote again for President, my vote will be only for you,sure, Mr President.
0
CHINA i
written by hanwinaung, October 07, 2011
မြန်မာပြည် လွတ်လပ်တဲ့ တိုင်းပြည်...တရုတ်ရဲ့ ကိုလိုနီ မဟုတ်smilies/angry.gif
0
We are not fool, don't take too much advantage over us
written by yarzar, October 07, 2011
I absolutely agree with all comments. What I have conceived in this issue is that China has never considered upon the others. It is not 17th century and now we get to 21th century. We all are globalized and we can judge upon the thing more or less. Don't think that our people is fool and uneducated. We, people have known about Chinese product and services which make disastrous impacts on majority of our population with enormous lost and damage. Consequently, if we consider in a big picture, we can take note that China take millions of dollars and resource from our country taking advantage over our government and innocent people. If the lowest intellectual person knows about its spoiled ethic on business and its strategies, the Government should better to take account on and make the delightful response most immediately. So I would like to ask the favor of people not to use Chinese product and its service and also to reduce the market share leading to get rib out of China product from our market.
0
သတ္တိ+ဗျတ္တိ
written by winko, October 07, 2011
အမှန်ကိုအမှန်အတိုင်းတွေးခေါ်မျော်မြင်ပြီး အမှန်အတိုင်းပြော-အမှန်အတိုင်းလုပ်စွမ်းနိုင်တဲ့ သဘောသဘာဝရှိတာကို သတ္တိရှိတယ်-လို့ခေါ်ပါတယ်။
အဲဒီအစွမ်း သဘောသဘာဝရှိတဲ့အတိုင်း တကယ်လက်တွေ့အသုံးချပြောဆို-လုပ်ကိုင်တာကို ဗျတ္တိရှိတယ်-လို့ခေါ်ပါတယ်။
မြန်မာနိုင်ငံသား သမ္မတကြီးနှင့်တကွ တိုင်းရင်းသား ပြည်သူအားလုံးဟာ အဲဒီသဘာဝအစွမ်း-သတ္တိနှင့် တကယ်လက်တွေ့အသုံးချ-ဗျတ္တိနှစ်မျိုးလုံး ရှိအောင်+ ရှိပြီးရင်လည်း တိုးပွားများပြားအောင် မြန်မာနိုင်ငံ(ရတနာနိုင်ငံ)ကိုချစ်မြတ်နိုး-အကျိုးလိုလားသော(မေတ္တာ)စိတ်ကိုအရင်းခံပြုပြီး မြန်မာနိုင်ငံကို တကယ့်ရတနာနိုင်ငံဖြစ်ရေး တကယ်အလေးဂရုပေးပြီး မနှေးမြန်မြန် မာမာသန်သန် ကြိုးစားနိုင်ကြပါစေ။
smilies/smiley.gif
0
အချိန်ကျပြီ
written by mgmg, October 07, 2011
တိုင်းရင်းသားအားလုံးတို့ စုစည်းကြဘို့ အချိန်ရောက်ပြီ်။တတိုင်းပြည်လုံးတရုပ်ဆန့် ကျင်ရေးလုပ်ကြစို့ ။
0
China, the major threat for democratization of Myanmar
written by kks240979, October 07, 2011
We all already have know China and Chinese only focus on their benefits. Since era of military regime, they supported regime just to be able to take out our resources freely and limitlessly. They supported regime not because of political and other factors. They could legally ( not "illegally" ) steal a lot of teak, metals and precious stones by supporting regime.

The Country's way for democratization took more time than it is needed. The major threat is not from so far away, but it is CHINA. They only want to see us poor, uneducated, still under regime control and unable to deal with other countries except China, because just that situation will make them to be able to steal our resources as they wish to. As our country is on track for democratization, they will try to interrupt that process because they will loose their ground in our country if there are the investments from around the world.

Now, it is the time for all of our nationals to stand on the same side to speak out loud "DOWNFALL WITH CHINA"... From now on, our country would need more and more solid citizens to resist the cruel acts of other countries like CHINA. Thanks a lot for all the people who pointed out the bad side of the Myit Sone Project and Best Wishes for The President, who made the decision in need.
0
Let me type some my wish.
written by ko chin, October 07, 2011
Never before despite we had bad blood between, now i hear some voice unity that's good. Actually i don't wana mutually fight each other of we Burmese,so i avoided to foreign but not for afraid of fight. In this case if we were unitedly fight china i 'll be back to fight. As a man if we valuably spend our life, paying for our nation is better than normally death. In nation's case bravery is as important as wisdom. Union of Myanmar is an independent country, never concerned with china. If china defected our Union of Myanmar i could never accept it. Remember! if we were not unity and in one voice china 'll swallow our nation as a province of Republic of china in one day like a python swallow a deer. So Myanmar wake up and stand for nation ! stop fighting each other !
0
တရုပ်စိတ်
written by Htet Aung Kyaw, October 07, 2011
ကျွန်တော်တို့ နိုင်ငံဟာတရုတ်လက်အောက်ခံမဟုတ်ပါဘူး
ဒါကြောင့်တရုပ် အစိုးရရဲ အထက်က ပြောဆိုမှုတွေဟာ ကျွန်တော်တို့ကိုစော်ကားတာပဲ
ဒါကြောင့် တရုပ်ရဲလုပ်ရပ် ဟာအောက်တန်းကြပါတယ်
တရုပ်နဲ့ ကုန်သွယ်မှုတွေကိုရပ်ပစ် ရပါမယ်
ကျွန်တော်တို့ ဟာ EU ကစီးပွားရေးပိတ်တာတောင် ဂရုမစိုက်တာ
တရုပ်က စိတ်ကူးထဲတောင်မရှိဘူး
တရုပ်ပစည်း မသုံးရရင် ဘေးတောင်ကင်းသေးတယ်
0
သမ္မတကြီးရဲ့ မှန်ကန်ပြီ့း ယောကျာင်္းပီသတဲ့ ဆုံးဖြတ်ချက်ကို အရမ်းလေးစားမိပါကြေ င်း .. တရုတ်နိုင်ငံက မြန်မာပြည်အတွက် ဆိုးကျိုးကိုသာ ရည်ညွန်းစေသော နိုင်ငံဖြစ်နေလို့ပ ... မကောင်းတာမှန်သမျှ မြန်မာပြည်ရဲ့ ကောင
written by MYOKOWIN, October 07, 2011
သမ္မတကြီးရဲ့ မှန်ကန်ပြီ့း ယောကျာင်္းပီသတဲ့ ဆုံးဖြတ်ချက်ကို
အရမ်းလေးစားမိပါကြောင်း .. တရုတ်နိုင်ငံက မြန်မာပြည်အတွက်
ဆိုးကျိုးကိုသာ ရည်ညွန်းစေသော နိုင်ငံဖြစ်နေလို့ပဲ...
မကောင်းတာမှန်သမျှ မြန်မာပြည်ရဲ့ ကောင်းတာတွေနဲ့ မတန်တဆလဲလှယ်ပြီး ကူညီသယောင်နဲ့..
သူတော်ကောင်း ကြက်သူခိုးပါ။
0
This comment is too good -
written by MYOKOWIN, October 07, 2011
This comment is too good ---.>
ဖစ်မှ ဖြစ်ရလေ အမိမြေ၊ အိမ်နားနီးခြင်းတွေဆိုတော့ တည့်လိုက်မခေါ်လိုက်တော့ ဖြစ်နေမှာပါ။ ဒီတရုပ်က အတော်ကို ယုတ်မာတယ်။ မြန်မာပြည်သူတွေ ဆင်းရဲရတာ မလွတ်လပ်တာကို ကမ္ဘာကိုတင်ပြ ကုလသမဂ္ဂကို ပြောပြတော့ ဒီကောင် တရုပ်က မြန်မာ့ ပြည်တွင်းရေးမျှသာဖြစ်ပါသတဲ့။ ခု သူလူတွေကို ထိတော့မှ ဥပဒေ ကနေ စကားပြောမယ်ဆိုပဲ။ ဖိုး တရုပ် ဒါဟာ မြန်မာ ပြည်တွင်းရေး ဆိုတာ မသိဘူးလား။ ပြည်တွင်းရေးပဲဆိုတာကို သိထားရင် ပြည်သူမသိဘဲ သူခိုးလို စိတ်ယုတ်မာ နဲ့ ဒို့ပြည်တွင်းကို ဘာဝင်ခိုးတာလဲ။ အရင်လိုပဲ မြန်မာပြည်တွင်းရေးဆိုတာကို ပြောလေ။
0
စိန်မခေါ်နဲ့ .... စိန်ခေါ်ရင်တိမ်ပေါ်ထ တက်မယ်ကွ
written by ဗမာ့သွေး, October 07, 2011
ငါတို့နိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေကို ကိုယ်ကျိုးစီးပွါးရှာ အတ္တဝါဒီ လူ့ငနွားတွေက အကုန်ထုတ်ရောင်း ... တရုတ်အစိုးရက အချောင်ရတော့ ရသမျှအကုန်နှိုက် ..... အမှန်တကယ် မကောင်းတာက ဒီစီမံကိန်း စလုပ်ဖြစ်အောင် လုပ်ခဲ့တဲ့နွားကြီးတွေ ... ခေတ်သစ်ကိုလိုနီ အချောင်နှိုက်သမားကတော့ နှိုက်မှာပဲ ... ထားပါတော့ ကိုယ့်ဘက်ကမှ မကောင်းခဲ့တာကိုး ... အခုအချိန် မဖြစ်မနေ တားဆီးရပ်တန့်ဖို့လိုအပ်လာတဲ့အတွက် ... အားလုံးက ကိုယ့်နိုင်ငံ ကိုယ့်ရေမြေအတွက် သမိုင်းပေးတာဝန်အဖြစ် ကာကွယ်စောင့်ရှောက်ဖို့လိုလာပြီ .....
ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ခေါ်ပေမဲ့ .... လက်တလော အခြေအနေအရ ကိုယ့်နိုင်ငံမှာ နိုင်ငံရေးပဲလုပ်လုပ် စီးပွါးရေးပဲလုပ်လုပ် လိုအပ်တဲ့ ဥပဒေစိုးမိုးမှု အာမခံချက်ရှိမှု ထင်သာမြင်သာရှိတဲ့ လွတ်လပ်မှု လုပ်ပိုင်ခွင့် ပွင့်လင်းရိုးသားမှု စတာတွေ လိုအပ်နေလို့ မပြန်နိုင်သေးဘူး ....
တရုတ်အစိုးရက ခုလုပ်ရပ်အပေါ် မကျေနပ်လို့ စိန်ခေါ်ရင်တော့ ... အမျိုးကိုထိရင် မချိအောင်နာ ဒို့ဗမာ ... ဆိုတဲ့သီချင်းအတိုင်း ဘယ်ကိုပဲရောက်နေ ရောက်နေ ရောက်ရာကနေ ဖိတ်ခေါ်နေစရာမလိုပဲ ပြန်လာခဲ့မယ် ... အင်အားဘယ်လောက်ကြီးပါစေ ဘယ်လောက်များပါစေ .... ဒါ ငါတို့မြေ ဒါ ငါတို့ပြည် .... လာမထိနဲ့ မီးပွင့်သွားမယ် .... လှေခွက်ချည်းကျန် အလံဘယ်တော့မှ မလဲစေရဘူး ....
0
who is culprit
written by mg la, October 07, 2011
We should think seriously about " who has more responsibility for this mess"
Chinese Govt is doing for its people and country. Quite noble for his people. All counties in the world doing same thing for their own people.
But Than Shwe did it only for his family benefits. Clearly not for our people and country.
According to Los Angeles times, Than Shwe got USD 700 millions bribe money from Asia world and CPIC. Who we should blame? Think about it.....
0
ပြောရမယ်
written by ဖိုးမှန်, October 07, 2011
ဖြစ်မှ ဖြစ်ရလေ အမိမြေ၊ အိမ်နားနီးခြင်းတွေဆိုတော့ တည့်လိုက်မခေါ်လိုက်တော့ ဖြစ်နေမှာပါ။ ဒီတရုပ်က အတော်ကို ယုတ်မာတယ်။ မြန်မာပြည်သူတွေ ဆင်းရဲရတာ မလွတ်လပ်တာကို ကမ္ဘာကိုတင်ပြ ကုလသမဂ္ဂကို ပြောပြတော့ ဒီကောင် တရုပ်က မြန်မာ့ ပြည်တွင်းရေးမျှသာဖြစ်ပါသတဲ့။ ခု သူလူတွေကို ထိတော့မှ ဥပဒေ ကနေ စကားပြောမယ်ဆိုပဲ။ ဖိုး တရုပ် ဒါဟာ မြန်မာ ပြည်တွင်းရေး ဆိုတာ မသိဘူးလား။ ပြည်တွင်းရေးပဲဆိုတာကို သိထားရင် ပြည်သူမသိဘဲ သူခိုးလို စိတ်ယုတ်မာ နဲ့ ဒို့ပြည်တွင်းကို ဘာဝင်ခိုးတာလဲ။ အရင်လိုပဲ မြန်မာပြည်တွင်းရေးဆိုတာကို ပြောလေ။
0
Chemistry teacher
written by Khin Zaw, October 07, 2011
Talking about law and legal.
How about immigration law.
We need to apply tougher law for non Burmese speaking chinese.
Take action who bribes and send them back those illegal Chinese
0
တရုတ်ပစ္စည်းတွေကို မ၀ယ်ရေး ၊ မသုံးစွဲရေး ပြည်သူတစ်ရပ်လုံး ညီညွတ်စွာ သပိတ်မှောက်
written by မင်းသစ္စာ, October 06, 2011
လိုအပ်လာရင် မဟုတ်ဘူး အခုကိုစပြီး တရုတ်ပစ္စည်းတွေကို မ၀ယ်ရေး ၊ မသုံးစွဲရေး ပြည်သူတစ်ရပ်လုံး ညီညွတ်စွာ သပိတ်မှောက်ရမယ်
တရုတ်တွေ လူပါးဝနေတာကြာပြီ ။ စစ်ဗိုလ်တွေ တိုင်းပြည်ကို အာဏာစိုးမိုးဖို့  သွားပြီးဒူးထောက်ထားလို့ တရုပ်က ဒါမျိုးလုပ်ရဲတာပေါ့။ တမျိုးသားလုံး တကယ်စည်း၇ုံးပါလား။ ဘာမှ ကြောက်စရာမလိုဘူး ဗမာတပ်မတော်က ပြည်သူ့ တပ်မတော် စစ်စစ်အဖြစ်ရပ်တည်ပြီး တင်းတင်းမာမာ တုန့် ပြန်ပေါ့။
0
...
written by Richard, October 06, 2011
Thanks and sincerely appreciate Mr. President U Thein Sein's decision.
We all don't want that project happen even though after his terms of Presidency.
NEVER and EVER!

We do agree some of the comment above but most of the people are blame into China (PRC). We need to see the issue from both sides and need to think without bias and personality ( in this case Nationality ) involvement.
The important is who let the Chinese come into our land and let them do it? It is obvious that they are not force us to do so. We then notice after the 10% of the project been done. What are we doing??
We should get ride of our traditional thought that if something bad happen we always try to blame on somebody else. It like we close our eyes and shout out loud. We always talk as we use to talk what our environment do. Always talk in group without even think about it. Like a reflex. We should be more mature need to mindful awareness and control of our thought and speech.



0
ကတုံးပေါ်ထိပ်ကွက်၊ထ ပ်ကွက်ပေါ်က ဒက်ချေး
written by ညိုမင်းလွင်(PDP), October 06, 2011
ကျောက်ဖြူဘက်က စီမံကိန်းတွေက နိုင်ငံရေးအရကြည့်ရင် တရုတ်လည်မြိုကို အချိန်မရွေးနင်းနိုင်တဲ့ စီမံကိန်းတွေဖြစ်လို့ လူလည်တရုတ်အစိုးရကလည်း မြန်မာကို ပြန်ပြီးလည်ပင်းညှစ်နိုင်ဖို့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ပေါ်အောင်လုပ်တယ်လို့မြင်ပါတယ်၊ ဒီနေရာမှာ လူထုအသံတွေကြောင့်လို့ ပြောလို့ရသလို သမ္မတကြီးကိုယ်တိုင်ကလည်း တရုတ်အစိုးရအပေါ် နိုင်ငံရဲ့ရှေးရေးကိုကြည့်ပြီး ကတုံးပေါ်ထိပ်ကွက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက စီမံကိန်းကြီး ထာဝရအကောင်အထည် ပေါ်မလာဖို့ဖြစ်ပါတယ်၊ စကားမစပ်အကြံပေးရဦးမယ်၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများအနေနဲ့ ကြား
ဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမယ်ဆိုရင်၊ “မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရေး”ဆိုပြီး
ရွေးကောက်ပွဲကြွေးကြော်သံအဖြစ် သုံးကြဦးပေါ့ဗျာ။ လူထုထံက မဲတွေအများကြီးရမှာ သေချာပါတယ်။အဲဒါတိုရင်
ထိပ်ကွက်ပေါ်က ဒက်ချေးပေါ့ဗျာ။
0
ညီညွတ်ဖို့သာ အဓိက
written by ကိုစုညီ, October 06, 2011
ကျုပ်တို့ တပြည်လုံး ညီညွတ်နေရင် ဘယ်သကောင့်သားမှ လူပါးဝလို့ မရပါဘူး။
အရေးကြီးဆုံးအလုပ်ကို ၀ိုင်းဝန်း လုပ်ဆောင်ကြရအောင်ပါ
တိုင်းရင်းသား ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေနဲ့ ညီညွတ်ရေးကို လူထုလှုပ်ရှားမှုအနေနဲ့ ဆောင်ရွက် ကျိုးပမ်းကြပါစို့။
တိုင်းရင်းသားပြည်သူ တရပ်လုံး ညီညွတ်ရေး သာ အဖြေဖြစ်ပါတယ် ၊ လူတိုင်းပါဝင် ကြံစီ ကျိုးပမ်းကြပါစို့။
အာဏာရှင်အဆက်ဆက် သွေးခွဲခဲ့တဲ့ တပ်နဲ့ ပြည်သူ ၊ စိတ်တူကိုယ်တူ ပြန်ပေါင်းထုပ် နိုင်ရေးသာ ဆောင်ရွက်အောင်မြင်ပြီဆိုလျင်... .. တိုင်းပြည်ရောင်းစားမယ့် အသိုင်းအ၀ိုင်းနဲ့ တိုင်းပြည်ကို အချောင်နှိုက်ချင်တဲ့ နိုင်ငံတွေကို ဆုံမလို့ ရပါပြီ။

ကျုပ်တို့ လုပ်ရမှာက ညီညွတ်ရေးပဲ။ အထူးသဖြင့် တပ်နဲ့ ပြည်သူ ညီညွတ်ရေး။ တပ်နဲ့ ပြည်သူ ပူပေါင်းရေး။
လူယုတ်မာ ရာထူးကြီးတွေနဲ့ပေါင်းပြီး နိုင်ငံကို ကျွန်ပြုတဲ့ကိစ္စကို -
တပ်မတော်က တရုတ်ကိုကာကွယ်ပြီး တိုင်းပြည်ကို ကျွန်ဖြစ်အောင်လုပ်မှာလား ၊
နိုင်ငံတောင်ကိုကာကွယ်ပြီး ပြည်သူလူထုနဲ့ပူးပေါင်း လူယုတ်မာတွေကို ဆန့်ကျင်မှာလား

တပ်မတော်သားအားကိုကို မေးချင်ပါတယ်။

0
တရုတ်နဲ့  ပေါင်းအပါတွေ
written by စစ်ခွေး, October 06, 2011
တရုတ်ကို ချမယ်ဆိုရင် ဒီကိစ္စကို မီးမွှေးခဲ့တဲ့ သန်းရွှေနဲ့ အပေါင်းအပါတွေကိုလည်း တစ်ခါတည်း သုတ်သင်ပစ်ဖို့  လိုပါတယ်။ သူတို့  လုပ်ခဲ့တဲ့ဟာကို နောက်လူတွေက အသက်ပေး ကာကွယ်နေရတာကို သူတို့ က အသံတစ်ချက်မှ ထွက်မလာဘူး၊ တော်တော်မိုက်ရိုင်းတဲ့ သန်းရွှေ။
0
လူမျိုးရေးမုန်းတီှးုတွေကိုရှောင်ရှာ ကြပါ
written by Mg, October 06, 2011
တရုတ်လို.အားလုံးကို ခြုံပြောမယ်အစား တရုတ်အစိုးရလို. ပြောပေးကြဖို. မေတ္တာရပ်ခံလိုပါတယ် ၊လူမျိုးရေးမုန်းတီးမှုတွေ ၊ အထိကရုန်းတွေဖြစ်လာဖို. အားပေးရာ ရောက်မှာစိုးလို.ပါ ၊တရုပ်အစိုးရ မကောင်းတာနဲ. တရုပ်အားလုံးကို မမုန်းတီးစေလိုပါ ၊ ကျွန်တော်တို. နိုင်ငံမှာလည်း တစ်မြေတည်းနေ တစ်ရေထဲသောက်ခဲ့တဲ့ တစ်ရုပ်လူမျိုး မြန်မာနိုင်ငံသား များစွာရှိပါသည် ။
0
...
written by Khin Zaw, October 06, 2011
We, all Burmese , need to apply international immigration laws in our country.
We need to kick out all illegal Chinese immigrant from our country and sue them for the possessionof properties prohibited by law.
0
Totally agree with Sayar Aw P Kye.
written by myatnoe, October 06, 2011
Totally agree with Sayar Aw P Kye. There are alot more things to do.
0
...
written by willy, October 06, 2011
Dear All
Also We should against them( All Myanmar Company),who are working with Chinese company near border area for illegally like Jade trading, Timber, Coal, illegal Gold and Jade mine...and etc...etc...log cargo and above the said case.
0
လိုအပ်ရင်ပြန်လာချမ်ဟေ့.....ဗမာကွ....
written by ပြည်ချစ်သား, October 06, 2011
ဒီလိုမျိုးကိုယ်ကျိုးစီးပွားဘဲ ကြည့်တဲ့တရုတ်ကို.. ချဖို့အတွက်တော့.. အစဉ်သင့်ဘဲဟေ့......
တရုတ်အင်အားကြီးလည်း မကြောက်ဘူးဟေ့... .ငါ့နိုင်ငံ ကို တစ်လက်မတောင် မကြူးကျော်နဲ့...
ဗိုလ်ချုပ်ပြောသလိုဘဲ.. ..ခြေအားရင်ခြေနဲ့ခတ်မယ်. .လက်အားရင်လက်နဲ့ရိုက်မယ် ...ဘာမှမအားရင်. .ပါးစပ်နဲ့ကိုက်မယ်ဟေ့. ...မသေသရွေ့တော့ ..ပြန်ချမယ်. .... .သမတကြီးခုလို ပြန်သူ့ဆနကိုကြည့်တာ.. လေးစားပါတယ်..
0
...
written by K, October 06, 2011
လိုအပ်လာရင် တရုတ်ပစ္စည်းတွေကို မ၀ယ်ရေး ၊ မသုံးစွဲရေး ပြည်သူတစ်ရပ်လုံး ညီညွတ်စွာ သပိတ်မှောက်မယ်
တရုတ်တွေ ပါးဝနေတာကြာပြီ ။
0
Wishing Everlasting Irrawaddy
written by MM Citizen, October 06, 2011
Nowadays ...All Myanmar national are cheers U Thein Sein's decision......
Welcome again for that brave decision...On the other hand., China (PRC) government response aggressively and above tone on the Myanmar and U Thein Sein Govt...They dare to speak their NATIONAL INTEREST....They don't care the voice from people of Myanmar.
In this moment, we already noticed that HOW CHINA stand for our country...What actually inside their mind set and attitude on their neighbourhood country, Myanmar...and What they really want from Myanmar...NOW We can sharply seen their vision on Myanmar
In their country(PRC), the Govt strictly prohibited even chopping the trees ..I mean not allow production of timber for business...I have some photos of notice sign board of "Not Chopping". .. not only that but also control on illegal migrant from Kachin, Bamar, Shan for those who work for their living in China border cities..etc...
But in Yangon, Mandalay ...and other cities in Shan state..they are coming and going out with or without passport and visa... 99% of them are illegal entry.....
I had been seen some young men from China who working for Hair Saloon in Yangon near china town as a hair stylist ... they cannot speak Myanmar language ...Most of chinese from PRC are occupied 2 to 3 Myanmar citizenship ID card with different names...nowadays...
Can U Thein Sein Govt be guaranteed they are not spy from PRC?
When Myanmar Govt strict in this issues, will PRC also speak out for their national interest?
So we need to ask ourself and MM Govt. that our country doesn't not need any travel documents for chinese from mainland...Are they special opportunities for doing anything what ever they want?
Myanmar army usually described like "We always pay our lives for Country in past and future"...
So Myanmar soldier paid their lives for that ?
They were coming to Myanmar illegally and trying to monopoly on Myanmar business economy like Jade trading, Timber, Coal, illegal Gold and Jade mine...and etc...etc...that's we already known
There are many things to said on this topic......In conclusion,
So WE SHOULD ALSO NEED TO REVIEW OUR MYANMAR INTEREST FOR THE PEOPLE OF MYANMAR
0
သွေးထွက်အောင်မှန်တ့  ကျုပ်တို့ အဖွားစကား
written by တရုတ်ဋီကာ, October 06, 2011
လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်လောက် ကျုပ်ငယ်ငယ် မူလတန်းကျောင်းသား ဘ၀ ကတည်းက ကျုပ်အဖွားက သူတို့  ငယ်စဉ်က ကိုယ်တွေ့ အတွေ့အကြုံ ပြန်ပြောပြတာ.. ကြားဘူးတယ်..ပြည်ကြီးက.. ရောက်လာတဲ့.. တရုတ်လူမျိုးတွေဟာ.. ဘယ်လောက်.. ကလိမ်ကကျစ် ၀ါသနာပါသလဲဆိုရင် တခြားသူအပေါ် ကလိန်ကကျစ်မကျရရင် ကိုယ့်ဆံပင်ကို ကိုယ်ကပြန်ပြီး လိမ်ကျစ်နေတတ်တယ်ဆိုပဲ.. ဒါကြောင့်မို့  ရှေးကတည်းက တရုတ်တွေကို ကျစ်ဆံမီးနဲ့ တွေ့နေရတာပေါ့.. သိပ်မှန်တဲ့စကား..
ခုလည်း.. အနှစ် (၅၀) ပြီးရင် မြန်မာပြည်သူတွေ အလကားရမယ်.ဆိုပဲ.. ကလိမ်ကကျစ် မက်လုံး ပေးပုံပြောပါတယ်.. ကောင်းပြီ .. ဆည်ကြီး အနှစ် (၁၀၀) သက်တန်းကုန်ပြီးရင်.. ဖလူးဝစ်ရေအား မခံနိုင်တော့လို့ . ..ပြိုခဲ့သော် မြန်မာနိုင်ငံကြီး ရေအောက်ရောက်သွားမယ့် ဟာတော့ထည့်မပြောဘူးလား..တရုတ်ကြီးပြောတဲ့ အလကားက ဘယ်သူခံစားရမှာမို့ လည်း..ရေအောက်ရောက်သွားမယ့် မြန်မာပြည်သူတွေလား..ရေမြှပ်ပြီးသား မသာတွေလား..
0
ကံကိုယုံ၍ပုံလေသလား ကိုတရုတ်ရယ်
written by ဟန်းမား, October 06, 2011
အစကတည်းက ရေတိုအစိုးရမှန်းသိသားနဲ့ ရေရှည်အလုပ်ကို စာချုပ်တယ်ဆိုတော့.. အင်းတရုတ်လည်း မြန်မာပြည်အကျိုးကိုမကြည့်တာ ထင်ရှားပါပေတယ်။ စစ်အစိုးရ ကို ရေရှည်အုပ်ချုပ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာပေါ်လွင်တယ်။
0
Very obvious to see China's selfish Desire
written by Tint Aung, October 06, 2011
I think this is the first time for our current so-called democratic goverment to see the True attitude towards Myanmar, a country weakened by theDecades-long misleading unwise short-sightedMilitrary rulers. Now, fate of our nation has been in critical sitiation. China has started forcing Myanmar to give what they want only for the good of the Chinese in China, without thinking of the worry and the fear of the whole of Myanmar.
This is the first time for Myanmar ruling group made the Myanmar peoples' dream to come true. The goverment and its people are like father and son. If the goverment does good things for its people, its people will stand side by side with their goverment in the face of danger or war.
0
...
written by willy, October 06, 2011
We heard that some of the people ,who live in Mandalay Area could not speak Myanmar language very well ,some people said that they are Chinese nation people and came form China,therefore we would like to advise Myanmar immigration should check their history,If they are not Myanmar you should catch and send back to China .We thank you that please do not take money from them for issue Myanmar NRC .
0
မပာုတ်တာမှန်သမျှလ်ုတာ တရုပ်ပါပဲ
written by la u, October 06, 2011
တရုပ်ဆိုတဲ့ကောင်တွေက သူတို့ကောင်းစားရေး အတွက်ဆို အလုပ်လုပ်တာပဲ။ ရှက်ရမှန်း ကြောက်ရမှန်း မသိတဲ့ကောင်တွေ။ California မှာဆိုရင် တရုပ်မတွေ လုပ်စားနေတာ အများကြီးပဲ။ မိကောင်းဖခင်သားသမီး တွေတောင်ပါသေးတယ်။ တရုပ်ငွေဘယ်လောက်မက်လဲ ဒါကိုပဲကြည့်လိုက်ပါတော့။
0
...
written by helen, October 06, 2011
သမ္မတကြီးရဲ့ မှန်ကန်ပြီ့း ယောကျာင်္းပီသတဲ့ ဆုံးဖြတ်ချက်ကို
အရမ်းလေးစားမိပါကြောင်း .. တရုတ်နိုင်ငံက မြန်မာပြည်အတွက်
ဆိုးကျိုးကိုသာ ရည်ညွန်းစေသော နိုင်ငံဖြစ်နေလို့ပဲ...
မကောင်းတာမှန်သမျှ မြန်မာပြည်ရဲ့ ကောင်းတာတွေနဲ့ မတန်တဆလဲလှယ်ပြီး ကူညီသယောင်နဲ့..
သူတော်ကောင်း ကြက်သူခိုးပါ။
0
...
written by KooK, October 06, 2011
သမ္မတကြီး ဦးသိန်းစိန်ရဲ့ မြစ်ဆုံဆည်စီမံကိန်း ဆုံးဖြတ်ချက်ဟာ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစား နှစ်ရပ်တို့ရဲ့ ပြန်လည်ပေါင်းစီးခြင်း ညီမျှခြင်းတို့ရဲ့ အာရုဏ်ဦးဖြစ်တယ်။ ဒီ "ပြည်သူ့ဆန္ဒအစစ်" အခြေခံတဲ့ ဆုံးဖြတ်ချက်ကို အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ကုမ္ပဏီ ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံကိုမှ အခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာကို မြစ်ဆုံဆည်စီမံကိန်း ဖြစ်မြောက်ရေးမှာပါဝင်တဲ့ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များအားလုံး သတိပြုထားရမယ်။ ပျက်အစဉ်ပြင်လျှင်ခဏဆိုတဲ့ စကားအတိုင်း ပျက်စီးတော့မယ့် အခြေအနေတစ်ရပ်ကို အချိန်မဆွဲပဲ အခက်အခဲများကြားက ပြင်ဆင်လိုက်တဲ့ သမ္မတရဲ့ သတ္တိရှိတဲ့လုပ်ရပ်ကို မြန်မာနိုင်ငံသားအားလုံး အတုယူကြရမယ်။ အထူးသဖြင့် ငါတစ်ကောကော လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အကျင့်ဆိုးမပျောက်သေးတဲ့ ပြည်တွင်းက အချို့သော လူပုဂ္ဂိုလ်များနဲ့ တရုတ်နိုင်ငံမှ တာဝန်ရှိသူတို့ဟာ ပို၍ပင် အတုယူသင့်တယ်လို့ ပြောပါရစေ။

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သော နိုင်ငံဖြစ်သည်။"
0
မြန်မာနိုင်ငံရဲ့ဆငးရဲနွမ်းပါးမှုအပေ .. တရုတ်နိုင်ငံရဲ့ခေါ်းပုံဖြတ်အမြတ်ထုတ ယူမှု...
written by helen, October 06, 2011
ကျွန်မတို့မြန်မာတွေ အားနာလိုက်လျောမှုအပေါ်တရုတ် အစိုးရမှ..
ခေါင်းပုံဖြတ် အမြတ်ကြီးစား လုပ်ရပ်ဟာ.. တကမ္ဘာလုံးက သိမြင်နေတာမို့..
သူတို့အနေနဲ့ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားတာကို အခွင့်ကောင်းယူပြီး..
ဒီလိုအနိုင်ကျင့် သွေးစုပ်ယူချင်တာ ခုတော့မျက်ဝါးထင်ထင် တွေ့မြင်ရပြီမို့..
ဆက်လက်ပြီး မပက်သက်သင့်ကြောင်း.. ကူညီသယောင်နဲ့.. .ပြည်သူပြည်သားတွေကို နွံနစ်အောင်လုပ်ချင်တာ
သူတို့ရဲ့ ခေါင်းပုံဖြတ်မှုဆိုတာ သိစေချင်ပါတယ်..
0
မဟုတ်တရုတ်တွေကိုသတ ထား
written by Myo Chit Myanmar, October 05, 2011
တရုတ်မြန်မာ နယ် စပ် ဂိတ် တွေ ကို တရုတ်တွေဝင်ချင်တိုင်းဝင်လို့ မရအောင် ဋ္ဌကပ်ဋ္ဌကပ် မတ်မတ်စီစဉ်ထား ဖို့ လိုတယ်...အစီုးရနေ နဲ့  တရုတ် ရဲ့  သဘော ထား ကို သိ သင့်  ပါ ပြီ ...တရုတ် တွေ သူ တို့  နိုင်ငံ မှာ တောင် ဒုက္ခ ရောက် နေ လို့  တခြား နိုင်ငံ တွေ မှာ အခြေ ချ နေ ရ တာ......အဲ ဒါ ဋ္ဌေကာင့်  အစီုးရ နေ နဲ့ တ ရုပ် ကို အားကိုး
မသင့် တော ပါ ဘူး..... smilies/sad.gifsmilies/sad.gifsmilies/sad.gifsmilies/sad.gif
0
ဗမာပြည်ဖွားတရုတ်
written by Burmese, October 05, 2011
ကျွန်တော့် အဖိုးနဲ့ အဖွားက ဟောင်ကောင်ကျွန်းကနေ စစ်ဖြစ်လို့ ပြေးလာတာ၊ ငယ်ငယ်ကတည်းက သင်ပေးတယ် အဖိုးက တရုတ်ပြည်မကြီးက ဟန်လူမျိုးတရုတ်တွေက အရိုင်းအစိုင်းတွေတဲ့၊ သူတို့ အတ္တပဲ သိတဲ့ တိရိစ္ဆာန် သာသာလူတွေတဲ့..။ ဒါအမှန်ပဲဗျ။ ချစမ်းပါဗျာ ဒါမျိုးကတော့ လက်ရှိ အစိုးရနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲ ၀င်သွားမယ်။ ဒီတိရိစ္ဆာန်တွေ မြန်မာပြည်က အဆီအနှစ်ကို စုတ်ယူမျိုဆို့ နေတာ ကြာပြီဗျ။
ပြည်မကြီး တရုတ်ဆို လုံးလုံးကိုကြည့်မရတာ။ အကုန်လုံး ခွေးဝဲစားတွေကြီးပဲ။ စင်္ကာပူလည်း အရင်လိုတောင် မဟုတ်တော့ဘူး။ ထွီ... သနတယ်ဗျာ ဟန်တရုတ် အကြောင်းပြောနေရတာ။
0
ကာကွယ်မယ်
written by kst, October 05, 2011
ဒီတရုပ်က ၀ါးလို့ရသမျှ ၀ါးမှာ၊မျိုနိုင်မှ စူပါဖြစ်မှာကိုး ကျနော်တို့က တရုပ်ရဲ့အစမ်းသပ်ခံ၊ ဘာနဲ့တူလဲဆိုတော့ ဘေးအိမ်က စီးပွားရေးမပြေလည် အဖေက ဒုစရိုတ်အကုန်လုပ်တဲ့လူ၊ သားသမီးတွေက သူကြောက်ရ၊ အဲဒီလူကို ချော့ပေါင်း မြှောက်ပေးငွေပေး(ချီးတာ) ပြီးမှအတိုးအရင်းနဲ့ ဘေးအီမ်ကိုဝါးတာ ၊ဒါအထင်မဟုတ်ဘူး ကိုယ်တွေ့ပါ၊ သူငယ်ချင်းမိသားစု ခွေးဖြစ်ရော၊ ဒါပြည်တွင်းမှာရှိတဲ့ တရုပ်နော်၊ အကျင့် ကတော့ အတူတူပါပဲ။ အထက်က ဆရာတွေပြောတာ အကုန်ထောက်ခံတယ်၊ ကျနော်က မလေးရှားမှာ မိသားစုအတွက် အလုပ်လုပ်နေသူပါ၊ တရုပ်ကိုချဘို့ဆို ပြန်လာပြီးချမယ်ဗျာ၊ သူတို့ယန်စီမြစ် ခုဘာဖြစ်နေတယ်ဆိုတာ သိသိကြီးနဲ့၊ အာဏာရူးသန်းရွှေ သူ့မိသားစုအတွက် ရောင်းစားတာ၊ ဦးသိန်းစိန်ကို ဖယ်ရှားရင်လူကိုဂဠန်ဦးစောထက် စိတ်နာတယ်။
0
myitsone
written by crazy1123421, October 05, 2011
China is already done freely take to my country .They are busyness men,so how to get they will take all .So we need national unity,don't content china till to ....................
0
...
written by Myint, October 05, 2011
တရုတ်လူမျိုးတွေလဲ ဒီမိုကရေစီ အခွင့်ရေးတွေကို နားလည်တောင်းဆို လာနှိုင်ပါစေလို့ ဆုတောင်းပါတယ်။ တရုတ်ကွန်
မြူနစ်ပါတီ လက်အောက်က လွပ်လပ်ရေး ရလာအောင် တနေ့တော့ ဆောင်ရွက်လာကြမှာလို့ မျှော်လင့်ပါတယ်။
0
...
written by eye, October 05, 2011
ရှင်းပါတယ် တရုပ်ကတော့ အကျိုးစီးပွားပြီးရင် အကျိုးစီးပွားပါဘဲ

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်