(ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင်မလိုပါဘူး။
အခု သမ္မတ ဖိတ်ထားတာက ဘာမှ ရှင်းလင်းပြတ်သားမှု မရှိဘူး။ ခုန အခြေအနေ ၀န်းကျင်တွေမရှိဘဲ ဖိတ်တာဖြစ်တယ်။ အဲဒီအခြေအနေဆိုရင် တမျိုးပါ။ ကျနော်တို့က ထွက်ပြေးလာတာ မဟုတ်ဘူး။ တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ထွက်လာပြီး အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်တယ်။
(ကိုဂေါ်ဇီလာ ထိုင်းနိုင်ငံရောက် လူရွှင်တော်)အခြေအနေကို စောင့်ကြည့်နေတယ်။ နောက်လဆို ပြန်မယ်။ သူတို့လို အနုပညာသမားတွေ အတွက် ပြည်တွင်းမှာ ရှင်သန်တာက ပိုအားရှိတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးက ပြည်တွင်းမှာပဲ လုပ်လို့ရမယ်။ ပြည်ပမှာ လုပ်လို့မရဘူး။
(ကိုညီညီအောင်၊ အမေရိကန် နိုင်ငံသား၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံကို သွားရောက်သဖြင့် ခေတ္တ ထိမ်းသိမ်းခံရဖူးသူ)သူတို့ စဉ်းစားမယ်ဆိုတာလောက်နဲ့ ပြန်ဖို့ဆိုတာကို ကျနော်တို့ စဉ်းစားပေးလို့ မရသေးပါဘူး။ အကျဉ်းကျနေတဲ့ ကျနော်တို့ ရဲဘော်တွေ၊ ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရတဲ့ သူတွေကို မလွှတ်မချင်း လက်ရှိ မြန်မာနိုင်ငံပြဿနာ စတင်ဖြေရှင်းဖို့ လမ်းပေါက်မပွင့်သေးဘူး။ ဘာကြောင့် ထွက်လာခဲ့ကြတာလဲ၊ တိုင်းပြည်မှာ အာဏာရှင်စနစ် ဆိတ်သုန်းပြီး ဒီမိုကရက်တစ်စနစ် ထူထောင်မှ နိုင်ငံနဲ့ နိုင်ငံသားတွေ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အခင်းအကျင်း အခြေအနေကို ရမယ်လို့ ယုံကြည်ချက်နဲ့ ထွက်လာတာကြောင့် လက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေဟာ မိမိတို့ လိုလားချက်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ အလားအလာ တစုံတရာမတွေ့ရသေးပါဘူး။ ဒီအတွက် ပြန်ဖို့ဆိုတာ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ မဟုတ်သေးဘူးလိုပဲ ပြောချင်တယ်။
(ဦးဇ၀န၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ - မဲဆောက်ရုံး တာဝန်ခံ)မပြန်သင့်ဘူး။ တလျှောက်လုံး ကတိမတည်ခဲ့တဲ့သူတွေရဲ့ စကားကို ခုခါမှာ စိတ်ချလက်ချ မယုံသင့်ဘူးလို့ ပြောချင်တယ်။
(ဦးအောင်မျိုးမင်း၊ ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ပညာပေး ရေးဌာန (မြန်မာနိုင်ငံ) - HREIB)ပြန်ခေါ်တယ်ဆိုတာကတော့ ၀မ်းသာစရာကောင်းပါတယ်။ ဒါပေမယ့်သမိုင်းက အဖြတ်အပျက်တွေက ယုံကြည်နိုင်ဖို့အတွက် ခက်ခဲနေတယ်။ ၈ လေးလုံး ကျောင်းသားတွေ ပြန်လာဖို့ အရင် စစ်ခေါင်းဆောင်တွေ ခေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ပြန်သွားတဲ့ကျောင်းသားတွေ ဘာဖြစ်ခဲ့သလဲ။ အခုထိ ပျောက်ကုန်တာတွေ၊ ထောင်ထဲမှာ ထပ်အဖမ်းခံရပြီး လုံးပါးပါးသွားတာတွေ ဖြစ်ခဲ့တယ်လေ။ ပြန်ခေါ်မယ်ဆိုင်ရင် ပြန်ခေါ်နိုင်မယ့် အာမခံချက်မျိုး၊ ပြန်ခေါ်တာကို ယုံကြည်နိုင်လောက်တဲ့ အနေအထားမျိတွေ ရှိရမယ်၊ ကျနော်တို့လည်း အိမ်ပြန်ချင်တာပေါ့။ အိမ်ပြန်ချင်လို့၊ ကိုယ့်အမိမြေကို ကောင်းကောင်းမွန်မွန်ပြန်ချင်လို့ ၂၃ နှစ်လုံး အလုပ်လုပ်ခဲ့တာပဲ။ ဘယ်သူက မပြန်ချင်ဘဲ ရှိမှာလဲ။ ကျနော်တို့ နှလုံးသားထဲမှာ အမိမြေ ပြန်ရဖို့ရယ်၊ ကိုယ်ယုံကြည်ရာတိုက်ပွဲ ဂုဏ်သိက္ခာရှိရှိ အောင်မြင်ဖို့ လိုချင်တယ်။ ကျနော်တို့ စီးပွားရေးလုပ်ကွက်တွေမလိုဘူး။ နိုင်ငံရေး နေရာတွေလည်း မလိုဘူး။
ဒါပေမယ့် ၈ လေးလုံးက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာထတဲ့သူတွေကို ပြန်ခေါ်ရင် ၈ လေးလုံး မိသားစုတွေထဲက ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်တဲ့သူတွေရော စုံစုံညီညီ ပြန်ဆုံတာမျိုးဖြစ်သင့်တယ်။ မိသားစုတဖက်ကို ပြန်ခေါ်ပြီး ကျန်တဲ့သူတွေ ထောင်ထဲမှာရှိနေသရွေ့ မိသားစုဟာ လွတ်လွတ်လပ်လပ် ပျော်နိုင်မှာမဟုတ်ဘူး။ ကြည်နူးမှုလည်း ပြည့်စုံမှာ မဟုတ်ဘူး။ ဒီတော့ ၈ လေးလုံး မျိုးဆက် အအပါအ၀င် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ။ ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပါ။ ကျနော်တို့တွေရဲ့ နိုင်ငံတ်ာတည်ဆောက်မှု လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါ။
Set as favorite
Bookmark
Email this
Hits: 5442
Comments (13)

written by kay, October 10, 2011
အကုန်လုံးကိုယ်ကျိုးကြည့်နေကြတဲ့သူတွေပါပဲ....တိုင်းပြည်တိုးတက်မှပြန်လာမယ်ဆိုတာကပိုတောင်ဆိုးသေးတယ်...တကယ်တမ်းတိုးတက်စေချင်တယ်ဆိုရင် တတ်နိုင်တဲ့ဘက်က ကိုယ်စွမ်းသလောက်ကူညီပေးရမှာပေါ့...ကိုယ့်နိုင်ငံအတွက်ကိုယ်မလုပ်ပဲသိကြားမင်းတမ်းတနေလို့ဘယ်ဖြစ်ပါ့မလဲ.. တကယ်ကို ကိုယ်ကျိုးမကြည့်ပဲ တိုင်းပြည်အတွက်ဆောင်ရွက်နေတဲ့သူတွေက ထောင်တွေထဲမှာပဲရှိတယ်...
written by BaGyi, October 04, 2011
Royal Dear
(S'pore)
.....အစစ အရာရာ (လူမှုရေး၊ နိုင်ငံရေးေ ပ်ါလစီ၊ ကျန်းမာရေး၊ ပညာေ၇း) ကွာခြားနေတဲ့ေ နရာကို
မိုက်မဲပြီး ပြန်လာဖို့ ဆိုတာတော့.......
ဟုတ်ပ အကိုရာ မိုက်မဲပြီးပြန်မလာပါနဲ့ ...မလာပါနဲ့.... အကို့အတွက်လဲ ဘာမှမလုပ်ပေးနိုင်ဘူး ...အကိုလဲ ဘာမှပြန်လုပ်ပေး နိုင်မှာမဟုတ်ဘူး (ကွာခြားနေတာကိုး)..ဟဟားးးး တော်တော်တရားကျဖို့ ကောင်းတယ် စင်္ကာပူမှာပဲနေဗျာ နော်။
written by PEACE FINDER HERO, September 16, 2011
ပြည်ပက ပညာရှင်တွေ ပြန်ခေါ်တယ်တဲ့ တော်တော်တော့ ရီစရာကောင်းတယ် ပြည်တွင်းက ပညာရှ င်တွေကိုတောင် ကောင်းကောင်းေ နရာပေးလို့လား သူတို့ထင်ရာ သူတို့လုပ်တာပဲ ဘာမှ ပြောင်းလဲမှု မရှိပါဘူးဗျာ အရင်အတိုင်းပဲ
ခင်ဗျားတို့ ပြန်လာရင် ခင်ဗျားတို့ကို ဖမ်းဖို့ပါပဲ ပြန်မလာကြပါနဲ့ အဲဒီမှာပဲ ကြိုးစားပီး ဆက်နေကြပါ ပြောင်းလဲမှုဆိုတာ ဘာမှ မမြင်ရသေးဘူး ဒီတိုင်းပါပဲ
ခင်ဗျားတို့ ပြန်လာရင် ခင်ဗျားတို့ကို ဖမ်းဖို့ပါပဲ ပြန်မလာကြပါနဲ့ အဲဒီမှာပဲ ကြိုးစားပီး ဆက်နေကြပါ ပြောင်းလဲမှုဆိုတာ ဘာမှ မမြင်ရသေးဘူး ဒီတိုင်းပါပဲ
written by aungaung, September 05, 2011
If they release all political prisoners in burma ,eg. Min Ko Naing . Ko Ko Gyi , all democracy activists away from burma will really go back to burma ?????..I don't think so ............This is my only personal point of view ........Isn't it ?
written by ( မ က ဒ တ ) ရဲဘော်ဟောင်း, August 25, 2011
ဦးသိန်း စိန် ရဲ.ပုံပြင်ကြောင့်ဒီဖက်က တိုက်ခံအင် အားစုတွေ အယူဆ မျိုးမျိုးနဲ. စိတ်ဝမ်းကွဲ မှာကိုစိုးရိမ် မိပါတယ်။
ကျနော် အမြင်မှာတော.လူကြားေ ကာင်းအောင် နိုင်ငံရေးမြတ် ထုတ်တဲ.စကားပါ စေတနာ မပါဘူးလို.မြင်ပါတယ်။
အလုပ်ရုံဆွေးနွေး ပွဲနဲ.ချိန်ကိုက်ပြန်ခေါ်တ ယ်ဆိုတော. ဦးသိန်းစိန် ပြန်လာဖို.ခေါ်တာက နိုင်ငံတကာ ကိုရောက်နေတဲ.
အသိ ပညာရှင်တွေ အတတ်ပ ညာရှင်တွေကို ရည်ရွယ်ပြီးပြော တယ်လို.ကျနော်ယူ ဆပါတယ်။
တကယ်လို. ဦးသိန်းစိန် က စေတနာအ မှန်နဲ.ပြောတဲ.စကားဆို လို.ရှိရင် လုပ်ငန်းစဉ်ေ တွကိုချန်ထားခဲ.ပြီးတော. စကားပြောစော သွားတယ်လို.ပြောရမှာပါ။
ဦးသိန်းစိန် ပြန်ခေါ် တယ်ဆိုတဲ. စကားကို (NLD) ခေါင်းဆောင်ပိုင်း တချို.ကလည်းကြို ဆိုတယ်လို.သိရ ပါတယ်
အဲဒါ စိတ်ဝမ်းကွဲေ စမယ်.လက်ခ ဏာတရပ်ပါ။

written by Truth, August 24, 2011
စင်ကပူရိုင် ရာပြောတာ ဟုတ်တယ် ။ဘာေ ရးကြီးခွ င်ကြယ်လုပ်ေ ဆွးနွေးေ နကြတာလဲ ။ခင်ဗျား တို့ပြ န်လာမှာလဲ မဟုတ်ဘဲနဲ့။ေ အးလေ. .ဟိုမှာ အခြေအနေ မကောင်းေ တာ့ဘူးဆိုရင်ေ တာ့တမျိုးပေါ့။ ဘယ်လိုမှမအော င့်မေ့နဲ့ရှင်းရှင်ြးေ ပာကြည့်တာပါ။
written by ဌေးတင့်, August 23, 2011
ကျွန်တော်တို့  အနစ် ၂၀ ကျော် ပြောလာတဲ့ စကားရှိပါတယ် ။ ကျွန်တော်တို့ တိုက်ပွဲ ဝင်နေတာ ဗိုလ်ချုပ်တွေ စစ်အုပ်စုဝင်တွေ မဟုတ်ပါဖူး ။ တိုင်းပြည်ကို ဆင်းရဲတွင်း သံသရာထဲက မတက်နိုင် လုပ်ထားတာက အာဏာရှင် စနစ်ဆိုး စနစ်ဖြစ်ပါတယ် ။ ဒီစနစ်ဆိုးကြီး မြန်မာပြည်က အပြီးတိုင် ထွက်ခွာသွားဖို့ ကျွန်တော်တို့  အားလုံးမှာ တာဝန်ရှိနေပါတယ် ။ အုပ်ချုပ်သူနဲ့  ပြည်တွင်း အတိုက်အခံ နားလည်မှုရှိတဲ့ အခြေလို့  ပြောကြရင် ကျွန်တော်တို့  စဉ်းစားဖို့ က မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အာဏာရှင် စနစ်ဆိုးကြီးကို စတင်ခြေမှုံးဖို့  ပြင်ဆင်ချိန်ပါ ။ ယဉ်ကျေးမှုကို အခြေခံတဲ့ ခိုင်မာတဲ့ ဥပဒေတွေ ချမှတ်ဖို့ လိုပါတယ် ။ အဲဒီ အများ သဘောတူညီလာတဲ့ ဥပဒေတွေကို ကာကွယ်စောင့်ရှောက်ဖို့  ပြည်သူ့ ရဲ့ တပ်ဖွဲ့  နဲ့  တရားရေးဝန်ထမ်းများ ။ တရားသူကြီး အဖွဲ့ များက အစိုးရ လက်အောက်မှ ကင်းလွတ်ပြီး သီးခြားရပ်တည်ဖို့ လိုပါတယ် ။
အဲဒီလို မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးပြီး လူ့ အခွင့်အရေး အတွက် လုံခြုံစိတ်ချ၇တဲ့ အခြေအနေရောက်ရင် မြန်မာပြည်ကို အုပ်တံတိုင်းနဲ့ ခတ်ထားရင်တောင် လူတိုင်း ခိုးဝင်လာကြမှာပါ ။
အဲဒီလို မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးပြီး လူ့ အခွင့်အရေး အတွက် လုံခြုံစိတ်ချ၇တဲ့ အခြေအနေရောက်ရင် မြန်မာပြည်ကို အုပ်တံတိုင်းနဲ့ ခတ်ထားရင်တောင် လူတိုင်း ခိုးဝင်လာကြမှာပါ ။
written by bill, August 23, 2011
I hope we all know about our Gov.no need to explain too much about of dem..
I hope we call understand from 2010 election,,
So ........................plz dun believe dem in dream about dem
I hope we call understand from 2010 election,,
So ........................plz dun believe dem in dream about dem
written by Royal Dear, August 23, 2011
ပြည်ပရောက်နေတဲ့ သူတွေကို ပြန်ခေါ်ဖို့ထက်
ပြည်တွင်းမှာရှိတဲ့ အရည်အချင်း ရှိသူတွေကို ဘယ်လို နေရပေးမလဲ။
ဘယ်လို မြှင့်တင်မလဲ ဆိုတာ ကို စဉ်းစားပြီး အကောင်အထည်ေ ဖ်ါမယ်ဆို ပိုထိေ ရာက်ပါတယ်။
ပြည်ပမှာ ရောက်နေ တဲ့သူတွေကလည်း ပြန်လာ ဖို့ ဆိုတာ လုံးဝ (လုံးဝ)ကို မဖြစ်နိုင်သေ လာက်ပါပဲ။
အစစ အရာရာ (လူမှုရေး၊ နိုင်ငံရေးေ ပ်ါလစီ၊ ကျန်းမာရေး၊ ပညာေ၇း) ကွာခြားနေတဲ့ေ နရာကို
မိုက်မဲပြီး ပြန်လာဖို့ ဆိုတာတော့.. .သားသမီး၊ ညီအစ်ကိုေ မာင်နှမချင်း ကိုယ်ချင်စြာ ကည့်သင့်ပါတယ်။
ဟုတ်ပြီ.. .ပြန်လာရင် ဘယ်လိုတွေ လုပ်ပေးမှာလဲ..
ဥပမာ..... လူအချင်းချင်း လူလို ဆက်ဆံဖို့.... (စီးပွားရေးတစ်ခု လုပ်တော့မယ်ဆို.. လုပ်ခွင့်ရဖို့... ဟိုလူပေးရ. .ဒီလူပေးရ)
တရားဥပဒေ... ..( ချမှတ်ထားတဲ့ ဥပဒေ... .ပြည်သူတွေ လိုက်နာဖို့ လိုသလို... ချမှတ်ထားတဲ့ လူတွေလည်း လိုက်နာဖို့ လိုတယ်)
ပညာရေး... (ဆင်းရဲချမ်းသာ မရွေး ပညာတတ်ဖို့.. .ကျောင်းတွေမှာ ရှိနေတယ့် ချစားေ နတဲ့ ဆရာစိတ်ဓါတ်ကို ဘယ်လြို ပင်ပေးမှာလဲ)
ပြောမယ်ဆို အများကြီးပါ...
ဒါကြောင့် ပြန်လာဖို့ မဖြစ်နိုင်ပါ။ လာဖြစ် ရင်တောင်မှ မေမေ့ကို လွမ်းလို့ ပြန်လာလ ည်ရုံပါ။။

written by ကောင်းမြတ်, August 22, 2011
ဒီအစီအစဉ် တင်ဆက်ပေး မှုအတွက် ကျေးဇူးပါ။
မိသားစု တဖက်ကို ပြန်ခေါ်ပြီး ကျန်တဲ့သူတွေ ထောင်ထဲမှာ ရှိနေသရွေ့ မိသားစုဟာ လွတ်လွတ် လပ်လပ် ပျော်နိုင်မှာ မဟုတ်ဘူး။ ကြည်နူးမှုလည်း ပြည့်စုံမှာ မဟုတ်ဘူး။ ဒီတော့ ၈ လေးလုံး မျိုးဆက် အအပါအ၀င် ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပါ။ ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပါ။ ကျနော်တို့တွေရဲ့ နိုင်ငံတာ် တည်ဆောက်မှု လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို အသိ အမှတ်ပြုပါ။

written by Burmese, August 22, 2011
They ain't head back to Myanmar for sure as they already have stable life in those countries. That's the fact and respect the fact. $ (or) Kyat, which one will you choose if you were them?
Even Thein Sein will guarantee...I don't think so. Except Ko Godzilla, the brave comedian and I guess he truly loves his country.
Even Thein Sein will guarantee...I don't think so. Except Ko Godzilla, the brave comedian and I guess he truly loves his country.
Write comment
| < Prev |
|---|