အယ်လ်ဂျားဇီးယား သတင်းဌာနနှင့် အင်တာဗျူးတွင် Shakira က “ကမ္ဘာ့ဖလား ဆိုတာ စုစည်းမှု တခုပါ။ ကမ္ဘာ အနှံ့က လူတွေ အားလုံး အာဖရိကကို လာရောက် ကြတော့ ဒီတိုင်းပြည်ကို အသိအမှတ် ပြုရုံသာမက တိုင်းပြည် တည်ရှိနေတဲ့ အာဖရိက တိုက်ကိုလည်း အသိအမှတ် ပြုရာ ရောက်ပါတယ်။ အာဖရိကကို ကွဲပြားတဲ့ အမြင်ကနေ တွေ့မြင်ကြမှာပါ။ အထူးသဖြင့် ယဉ်ကျေးမှု ရှုထောင့်က ကြည့်ရင် သူရဲ့ ယဉ်ကျေးမှုကို ပြခွင့်ရတယ်” ဟု ပြောသည်။
Shakira သည် အသက် ၁၈ နှစ်အရွယ်ကတည်းက ဖောင်ဒေးရှင်းတခုကို ထူထောင်ခဲ့ပြီး ဆင်းရဲ နွမ်းပါးသူများကို ထောက်ပံ့ ကူညီခဲ့သည့်အတွက် ယခု ဖီဖာ၏ ရွေးချယ်မှုသည်လည်း အဆိုပါ ဖောင်ဒေးရှင်းအတွက် အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း ဆိုသည်။
“ကျမက ဖွံ့ဖြိုးဆဲ နိုင်ငံမှာ မွေးဖွားခဲ့တာဆိုတော့ မမျှတတာတွေ အမြောက်အမြားကို တွေ့ခဲ့ရတယ်။ ပြီးတော့ လူတချို့ကပဲ ပြည်စုံကုန်လုံနေပြီးတော့ လူအများစုက မပြည်စုံဘူးဆိုတာကိုလည်း မျက်မြင် တွေ့ခဲ့ရတယ်။ သူတို့ရဲ့ မွေးရာပါ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ပညာရေးကိုတောင် မကူညီနိုင်ခဲ့ဘူး” ဟု Shakira က ပြောသည်။
Shakira သည် တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံတွင် မွေးဖွားခဲ့သည်။
ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များကို ပညာရေး၌ ရင်းနှီးမြှုပ်နှံရန် လူငယ် ၁၀ သန်းက လက်မှတ်ထိုး တောင်းဆိုထားကြကြောင်း၊ လူသားခြင်း ချစ်မြတ်နိုးသည့်စိတ်နှင့် ကောင်းသည့် လုပ်ရပ်များသည် ကူးစက်တတ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် ယခင်က မျိုးဆက်များထက် ပိုမို တက်ကြွကြကြောင်းလည်း Shakira က ပြောသွားသည်။
ယခင်က ဘောလုံးပြိုင်ပွဲများကို နားမလည်သကဲ့သို့ စိတ်လည်း မ၀င်စားခဲ့သော်လည်း ယခုကမ္ဘာ့ဖလား ကျင်းပသည့်အချိန်တွင် ပြိုင်ပွဲများကို ကြည့်ရှုရန်အတွက် မနက်တိုင်းကို အပြုံးဖြင့် နှိုးထခဲ့ပြီး ဘောလုံးကို စွဲလန်းခဲ့ကြောင်း၊ ယခု သူမ၏ သီချင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင် သီချင်းဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ကြောင်းလည်း ဆက်လက်ပြောသည်။
Set as favorite
Bookmark
Email this
Hits: 5585
Comments (2)

Write comment
| Next > |
|---|


