အပြုသဘော တွေ့ဆုံဆွေးနွေးရေးသည်သာ အဖြေ

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စစ်အစိုးရ၏ သမိုင်းကြောင်းအရ ရွေးကောက်ပွဲဖြင့် မိမိတို့၏ ပြဿနာ အကျပ် အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ကို မကြာသေးမီက ပြောသောမိန့်ခွန်းများတွင်၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်၍ သုံးသပ်စရာ အကြောင်းမရှိ။ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့၏ အဆင့် ၇ ဆင့်ပါ "လမ်းပြမြေပုံ" အတိုင်း ကျင်းပသွားမည်ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၏ ပထမ ၆ လ ပိုင်းတွင် ကျင်းပဖြစ်လိမ့်မည်လော။ အချိန်က သိပ်မကျန်လှတော့ပေ။

WIN TINအရေးကြီးသည်မှာ ရွေးကောက်ပွဲ မကျင်းပမီနှင့် ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင် ဒီမိုကရေစီ ရှိနေစေရေး ဖြစ် သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒခံယူပွဲ နှစ်ခုလုံးမှာ လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့၍နေသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက စနစ်တကျ ကြိုတင်ပြင်ဆင်မှုများ မရှိသကဲ့သို့ ဆန္ဒမဲပေးရာတွင်ဖြစ်စေ၊ မဲရေတွက်ရာတွင် ဖြစ်စေ တရားမျှတမှု ကင်းမဲ့နေခဲ့သည်။ အလားတူပင် ၂၀၀၈ ခု ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲသည်လည်း ဖော်မပြ နိုင်သော ဆိုးရွားပြင်းထန်သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အပျက်အစီးများအကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တနိုင်ငံ လုံးက မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်နေခဲ့ကြသည်။

ဤသို့ နောက်ခံသမိုင်းကြောင်းကို ကြည့်၍ စစ်အစိုးရ၏ အစီအစဉ်အတိုင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲဝင်သည် ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ နိုင်ငံတကာမိသားစုက ရွေးကောက်ပွဲ အတွင်း လွတ်လပ်မှုနှင့် တရားမျှတမှု ရှိစေရန် သေချာကြပ်မတ်ပေးသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်သည် ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမည့်အစိုးရ သည် ဒီမိုကရေစီနည်းကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းအစိုးရကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းကြရမည် ဖြစ်သောကြောင့်ပင်။ ဤဖွဲ့စည်းပုံဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရများကို ပုံဖျက်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိုကျ စစ်တပ်က ဗိုလ်ကျစိုးမိုးရေးကိုသာ ရည်ရွယ်ထားသည်။

တက်လာသည့် အစိုးရသစ်က တိုင်းရင်းသားအုပ်စုများထံမှ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှသာ ရရှိလိမ့်မည် ဖြစ် သည်။ ဤသို့ တင်းကျပ်ဖိနှိပ်ထားသည့် အခြေအနေများအောက် ဖွဲ့စည်းသည့် အစိုးရသစ်က မည်သို့ယုံကြည်မှု တည် ဆောက်နိုင်လိမ့်မည်၊ မည်သို့ တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်မည် ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ပင် ဖြစ်သည်။

ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် အာဏာဖွဲ့စည်းပုံကို မိမိတို့က လက်မခံနိုင်ပေ။ အကယ်၍ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ပါက မိမိတို့၏ ပြဿနာ အကျပ်အတည်းများ ဖြေရှင်းလွတ်မြောက်နိုင်စရာ အကြောင်း မမြင်မိပေ။ ပြဿနာများကို ဖြေရှင်းလိုလျှင် တလမ်းသာရှိသည်။ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း၍ ဖြေရှင်းရန် သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးလှုပ်ရှားသူများဘက်မှ ကိုယ်စားပြု ဦးဆောင်သူတဦးအနေနှင့် ပြည်သူလူထု ကိုယ်စားပြု ခေါင်းဆောင်လည်းဖြစ်သင့်သည်။ တိုင်းရင်းသားအင်အားစုများကလည်း သူ၏ ဦးဆောင်မှုကို လက်ခံကြမည် မှာ မလွဲပေ။ ဒေါ်အောင်ဆန်းစု ကြည်၏ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းသည့် နောက်ဆုံးလုပ်ဆောင်ချက် သည်ပင် ရှေ့ခရီးဆက်နိုင်စရာ လမ်းစဖြစ်သည်။

ရွေးကောက်ပွဲတခုတည်း သက်သက်ဖြင့် တိုင်းပြည်၏ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆပါက မှားယွင်းသည့်ယူဆ ချက်သာ ဖြစ်သည်။ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေးသည်သာ လက်ရှိအကျပ်အတည်းများမှ တခုတည်း သော လွတ်မြောက်ရာလမ်း ဖြစ်တော့သည်။

ဦးဝင်းတင်ရေးသားသည့် Constructive Dialogue is the Solution ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုပြီးနောက် စစ်အစိုးရ၏ ၁၉ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားခြင်း ခံခဲ့ရသူဖြစ်သည်။

Comments (2)Add Comment
0
...
written by ??????, June 17, 2010
ဆရာဦ၀င်းတင်၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ယုံကြည်ချက်နဲ. တိုင်းပြည်အတွက် အနစ်နာခံေ ပြာသူမရှိတာ
ဝမ်းနည်းစရာပါ။ စစ်အစိုးရကလည်း အဲဒီလို လူတွေဆို ယုတ်မာစွာ အချုပ်ထဲ ထောင်ထဲ မတရားသဖြင့် ထဲ့ထားတာ။ အကြောက်တရားကြော င့်ပြောမဲ့လူမရှိတော့ လုပ်ချင်ရာ မိုက် ကန်းယုတ်မာနိုင်တာပေါ့။ ဒါပေမဲ့ သူတရားက သူ.ကို စီရင်ပါလိမ့်မယ်။ မတရားမှုသည် ကြာရှည် မတည်မြဲပါ။ ရဲရဲဝံ့ဝံ့၊ ထိထိမိမိ ပြောတတ်တဲ့ ဆရာကြီး
ဦ၀င်းတင်၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိုလ်တွေ ကို လေးစားလို.မဆုံးပါ။ သက်ရှည် ကျန်းမာပါစေ။
0

written by zawone, February 17, 2010
ဦ၀င်းတင်တို့လို အရည်အချင်း ပြည့်ဝပြီး ယုံကြည်ချက် ခိုင်မာတဲ့ ခေါင်းဆောင်တွေ အများကြီး လိုအပ်ပါတယ်။ နိုင်ငံရေး အခြေ အနေကို အမှန်အတိုင်း မြင်နိုင်ပြီး အမှန် အတိုင်း ရဲရဲဝံ့ဝံ့၊ ထိထိမိမိ ပြောတတ်တဲ့ ဆရာကြီး တို့လို ပုဂ္ဂိုလ်တွေ တော်တော် နည်းပါတယ်။

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်