ထိပ်သီးစီးပွားရေးသမားများ ဘောလုံးအသင်းတွေ ထောင်ကြပြီ

E-mail Print
စစ်အစိုးရနှင့် နီးစပ်သူများ ဖြစ်ကြသော ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးအောင်ကိုဝင်း အပါအ၀င် မြန်မာ စီးပွားရေးသမားကြီး ၈ ဦးက ၎င်းတို့ကိုယ်ပိုင် ပုဂ္ဂလိက ဘောလုံးအသင်းများ ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ပြည့်ုနှစ်တွင် ပထမဆုံးသော မြန်မာ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က မတ်လ ၄ ရက်နေ့တွင် တရားဝင် ပြောကြားသည်။

ထို ဘောလုံးပြိုင်င်ပွဲများဖြစ်ပေါ်လာရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ခြင်း ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များက ၀ိုင်းဝန်အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားရေးအတွက် ယခင်အပျော်တမ်း အဆင့်သာရှိသော ကလပ် ဘောလုံးပြိုင်ပွဲများကို ကျွမ်းကျင် အဆင့်မြင့်တန်းသို့ ပြောင်းလဲခြင်းဖြစ်ပြီး ပြည်တွင်း ထိပ်တန်း စီးပွားရေး သမားကြီး ၈ ဦးက ဘောလုံးအသင်း ၈ သင်းကို တသင်းလျှင် ငွေကျပ် သိန်း ၂၀၀၀ အကုန်ကျခံ ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှသိရှိရသည်။

အဆိုပါ ဘောလုံးအသင်းများထူထောင်ရာတွင် နိုင်ငံခြားမှ ငှားရမ်းထားသည့် ဘောလုံးနည်းပြများ၊ ဘောလုံး သမားများ ပါဝင်မည်ဖြစ်ပြီး ဘောလုံးအသင်း တခုလျှင် ပြည်ပမှ ဘောလုံးသမား ၅ ဦးငှားရမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်သည်။

ပြည်တွင်း ထိပ်တန်း စီးပွားရေးကုမ္ပဏီများက ဖွဲ့စည်းကြမည့် ဘောလုံးအသင်း ၈ သင်းတွင် ဦးတေဇ (ထူးကုမ္ပဏီ) က ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၊ Alpine သောက်ရေသန့် ထုတ်လုပ်သည့် လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ရတနာပုံယူနိုက်တက်၊ ကမ္ဘောဇ ဘဏ်ကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်း က ကမ္ဘောဇယူနိုက်တက် အသင်း၊ အေးရှားဝေါလ်ကုမ္ပဏီ ပိုင်ရှင် ဦးထွန်းမြင့်နိုင်က မကွေးယူနိုက်တက်၊ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က Southern Myanmar ယူနိုက်တက် ဘောလုံးအသင်း၊ ဂရင်းရွိုင်ရယ် ကုမ္ပဏီ ဟုလူသိများသည့် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်က ဥဿာယူနိုက်တက်၊ ဧဒင်ကုမ္ပဏီအကြီးအကဲ ဦးချစ်ခိုင်က Delta ယူနိုက်တက် အသင်း၊ ရွှေနဂါးမင်းကုမ္ပဏီ ဦးဝင်းမြင့်က ဇေယျာရွှေမြေကလပ် အသင်းတို့ ပါဝင်မည်ဖြစ်ကြောင်း မတ် ၄ ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တရားဝင်ထုတ်ပြန်သည်။

ထိုသို့ ဖွဲ့စည်းလိုက်သည့် ကလပ်အသင်းများတွင် ကစားမည့် ကစားသမားများထဲ၌ အသင်းပြောင်းရွှေ့ကြေးများ တရားဝင် သတ်မှတ်ထားပြီး အဆင့်မြင့်တန်း ကစားသမားဖြစ်ပါက အသင်းပြောင်းရွှေ့ကြေး ကျပ် ၁၀ သိန်း၊ ပထမတန်းကစားသမား တဦးလျှင် ပြောင်းရွှေ့ကြေး ကျပ် ၅ သိန်း တရားဝင် သတ်မှတ်လိုက်ကြောင်း၊ ပုဂ္ဂလိက ဘောလုံးအသင်းများတွင် ကစားကြမည့် ကစားသမားများ အနေဖြင့် တဦးလျှင် တလ လစာ အနည်းဆုံး ကျပ် ၃ သိန်းမှ ၅ သိန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်ငှားထားတာက ပြင်သစ်နိုင်ငံသား အသင်းမန်နေဂျာနဲ့ နည်းပြချုပ်နှစ်ဦး၊ အိုင်ဗရီကို့စ်က နှစ်ယောက်၊ နိုင်ဂျီးရီးယားက သုံးယောက် ငှားထားတယ်။ ဘောလုံးသမား တွေကိုလည်း ကျနော် လစာ ၅ သိန်းကနေ ဆယ့်ငါးသိန်းအကြား ပေးပါမယ်” ဟု ရတနာပုံ ယူနိုက်တက်ကလပ်အသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အဆိုပါမြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကြီးအတွက် ၂၀၀၉ ခုနှစ်တွင် ငွေကျပ်သိန်း ၃၀၀၀ ၊ ၂၀၁၀ ပြည့်နှစ် တွင် သိန်း ၄၀၀၀၊ ၂၀၁၁ ခုနှစ်တွင် သိန်း ၅၀၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဥဿာယူနိုက်တက် ပိုင်ရှင် ဦးအောင်မိုးကျော်က ပြောသည်။

ယခုလက်ရှိ အခြေအနေတွင် အပျော်တမ်း ကလပ်ပြိုင်ပွဲများတွင် ကြည့်ရှုသူမရှိသည့် အတွက် အရှုံးပေါ်လျှက် ရှိသော်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ပီပီပြင်ပြင် ဖြစ်ပေါ်လာပါက ပရိသတ် သန်းချီရှိလာကာ ဘောလုံးကလပ် အသင်းများ ရပ်တည်နိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများကို အစိုးရရုပ်မြင်သံကြားမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း ဦးဇော်ဇော်က ပြောဆိုသည်။

“မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပခဲ့တဲ့ ၂၀၀၇ - ၀၈ ပြည်တွင်း ဘောလုံးပြိုင်ပွဲတွေရဲ့ ကျင်းပစရိတ် ကျပ် သိန်း တထောင်နီးပါးကုန်ကျပြီး သိန်း ၅၀ လောက်ပဲပြန်ရတယ်။ သိန်းကိုးရာကျော်ရှုံးတယ်။ ပရိသတ်မရှိလို့” ဟု ဦးဇော်ဇော်က ဆိုသည်။

အဆိုပါမြန်မာနေရှင်နယ်လိဂ် အစီအစဉ်များကို မြန်မာဘောလုံးပရိသတ်က ကြိုဆိုကြပြီး စီးပွားရေးသမားများက သိန်းထောင်ချီ အကုန်ကျခံ ဆောင်ရွက်မှုများမှာ မြန်မာဘောလုံးအဆင့်အတန်း မြင့်မားရေးဟူသော ရည်ရွယ် ချက် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း ရန်ကုန်ဘောလုံးပရိသတ်များက ပြောဆိုသည်။

“စီးပွားရေးသမား ဆိုတာက အကျိုးအမြတ်ရှိမှ လုပ်တာ။ ခုဟာက ဦးသန်းရွှေက လုပ်ခိုင်းလို့ လုပ်တာဆိုတော့ သူ့ရည်ရွယ်ချက် မှန်မမှန်စောင့်ကြည့်ဖို့ လိုမယ်။ ဘာပဲပြောပြော သူများနိုင်ငံတွေမှာလို တကယ့် ကျွမ်းကျင် အဆင့်မြင့်တန်း လိဂ် ဘောလုံးပြိုင်ပွဲတွေ ပေါ်လာမယ်ဆိုရင်တော့ လုံးဝကြိုဆိုရမှာပါ” ဟု ပြည်တွင်း သတင်း သမားတဦးက သုံးသပ်ပြောသည်။

အဆိုပါ မြန်မာနေရှင်နယ်လိဂ်နှင့်အတူ ဘောလုံး လောင်းကစားခြင်းများလည်း ပေါ်ပေါက်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် ဘောလုံးပွဲ လောင်းကစားဒိုင်တချို့က သုံးသပ်သည်။

“ဒီလို တကယ့်ပြိုင်ပွဲတွေ လုပ်တော့မယ်ဆိုရင် လောင်းကစားတွေလည်း ပါလာမယ်ထင်တယ်။ နိုင်ငံတကာ မှာလည်း ဒီလို ကလပ်ဘောလုံးပွဲတွေကို လောင်းကြကစားကြတာက အင်မတန် ကြီးကျယ်တဲ့ စီးပွားရေး ကြီးလိုဖြစ်နေတော့ မြန်မာနိုင်ငံမှာလည်း မြန်မာဘောလုံးကလပ် လောင်းကစားလုပ်ငန်းတွေ အကြီးအကျုယ် ပေါ်လာနိုင်တယ်” ဟု ကမာရွတ်မြို့နယ်၊ ဘောလုံးလောင်းကစားဒိုင်တဦးက သုံးသပ်ပြောသည်။
Comments (30)Add Comment
0
...
written by Myanmar Pyi Thar, March 15, 2009
မြန်မာနိုင် ငံ လို ဘောလုံး အစဉ်အလာရှိခဲ့ တဲ့ နိုင်ငံ မျိုး . ဘောလုံး ကို အရူး အမူး ဖြစ် တဲ့ နိုင် ငံမျိုးမှာ ဒီလို ပရိုဖက်ရှင်နယ် လိဂ် ရှိကို ရှိသင့် ပါတယ် ။ ရှိသမျှ ဘော်လုံး ပရိတ်သတ် တွေ ပရီးမီးယား လိဂ် . စီးရီးအေ . လာလီဂါ ကို ရောက် နေ တာထက် စာရင် . မြန်မာနေရှင် နယ် လိဂ် ဘက် အာရူံပြောင်းလာ မယ် ဆို ရင် မြန်မာ့ ဘောလုံး လောက အတွက် တက် လမ်း ပါပဲ ။ ဦးသန်းရွေ ရဲ့  လမ်းညွန်ချက် ကြောင့်  လုပ် ဖြစ်တယ် ဆို တာ ကို တော့ သဘောမကျ ပေမယ့်  မြန်မာ့  ဘောလုံး ခရေဇီပီ ပီ မြန်မာ နေရှင် နယ် လိဂ် ကို အားပေးသွာမှာပါ ။
0
...
written by eternityheart, March 15, 2009
Wish all myanamr free from dark and trap ?
0
အဟက် အဟက်
written by ဇော်ဝင်း, March 14, 2009
ဘယ်လိုပဲလုပ်လုပ် ကလိမ်ကကျစ် ဥာဏ်နဲ.လုပ်နေလို.ကတော့ ဘာမှ အောင်မြင်မှာ မဟုတ်ဘူး ဒီထက်တောင် စုတ်ပြတ်လာဦးမယ် သူများကို အားကျသင့်ပါတယ် အတုယူသင့်ပါတယ် ဒါပေမယ့် ပုံစံတူ မိတ္ဆူကူးတာကတော့ မကောင်းပါဘူး ဗျာ နေရာ ယူမှာက စီးပွားရေးသမားတွေ ထိခိုက်မှာက အပြစ်မရှိတဲ့ ပြည်သူတွေ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေလိုတယ်
0
အဟင့်
written by ငြိမ်းချမ်းမောင်, March 14, 2009
ကြားရတာ စိတ်ပျက်လိုက်တာဗျာ ဟီး ဟီး မြန်မာပြည်ကြီး ဒီထက်တိုးတက်ဦးမယ် (လောင်းကစားဝိုင်း)
ကိုယ်ပိုင်အတွေး အခေါ် နဲ. စဉ်းစားသင့်ပါတယ် သူများတွေကို အားကျနေပြီး သူများလုပ်သလို လိုက်လို. အမြဲတမ်းသူများနောက်ကပဲလိုက် ကိုယ်ပိုင် အကြံ ကိုယ်ပိုင် အတွေးအခေါ်ကိုတွေးပါလား စီးပွားရေး သမားတွေက ဒီလိုပါပဲဗျာ အချိန်တန်ထိမှာက ပြည်သူတွေ စိုင်းစိုင်းက ပြောတာ မှန်တယ် သေပြီဆရာတဲ့

0
idea of foolish grandson
written by zayar, March 11, 2009
what i think is it is the idea of than shwe's foolish grandson. that guy is crazy with football and may be he will participate in one of those club too.
0
ထွင်လုံး
written by ပွကြီး, March 11, 2009
စီးပွားရေး သမားတွေ အာဏာပိုင်နဲ့ ပေါင်းမှတော့ ဒီကြားထဲမှာ ပျော်ဝင်မိတဲ့ ပြည်သူတွေ မွဲဖို့သာ ပြင်ထားပေတော့ဗျို့
0
...
written by tuntun, March 10, 2009
smilies/angry.gifdont believe to than shwe.
0
...
written by tuntun, March 10, 2009
smilies/angry.gifdont believe.
0
Wow, find it hard to believe
written by Psycho lay, March 10, 2009
Yes, They did choose to represent some states but how are they gonna find some cool stadium in just a year time? Furthermore, those people in rural people barely know all these Barclays Premier League and World Football , they might find it such a waste of time to go and watch the match. And YES, out of 8 teams, 7 contain the name of United , why not find names like 'City' and 'Atheletic' and etc etc. Find it weird. By the way, 8 teams is not enough for the country of over estimated 60 millions people.
0
good but no enough
written by bna, March 10, 2009
8 temas, 50millions peopel. oh my goodness. 4.5million peoples in singapore 12 s league teams.

can i ask u tay za for one setelite channel for our peoples stay in out side myanmar?

How they have their own stadium?
good luck npt league....
0
ဒါတွေက အရေးမကြီးပါဘူး
written by မောင်မျိုး, March 10, 2009
လူတွေကို အာရုံ ပြောင်းအောင် လုပ်တာပါ၊ အရေးကြီးတာက ဘောလုံးပွဲ မဟုတ်သေးပါ၊ စစ်ခွေးတွေ အမြန်ဆုံး ပြုတ်ပြီးရင် သာယာလှပတဲ့ နိုင်ငံတော်ကြီး ဖြစ်အောင်လုပ်လို့ ရပါတယ်၊ စစ်ခွေးတွေ ရှိနေသ၍ ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ပါဘူး ...
0
အဟမ်း..
written by ဥက္ကာ, March 10, 2009
ဖြစ်သင့်တာ ကြာပါပြီ.. လောင်းကြေး တွေလဲ ဘယ်ဈေးရှိမလဲ မသိဘူးနော်.. smilies/smiley.gif .ဘွတ်ကီဒိုင်တွေ ထွက်လာရင် ကောင်းမှာ
0
...
written by သော်ဇင်, March 10, 2009
ဘယ်သူဌေးကမှ “နေပြည်တော် ယူနိုက်တက်”လို့ ကလပ်အသင်း ထောင်တာ မတွေ့ရဘူး။ အဲဒါဘဲ ကြည့်တော့။ အဆဲခံရ လိမ့်မယ်လို့ သူတို့ ကိုယ်တိုင်က ကြိုသိနေတယ်။ လူပါးတွေ။
0
တော်တော်ပိန်းတဲ့ ဇင်သန့်ပဲကွ
written by Myanmar-2, March 10, 2009
ဘာဆိုင်လို့လဲ ဇင်သန့်ရဲ့ မင်းဘာသာမင်း Anti MU ဖြစ်ချင် ဖြစ်ပေါ့ကွ၊ သူ့တို့ဘာသာ သူတို့ ပေးချင်တဲ့ နာမည်ပေးတာ မန်ယူနဲ့ ဘာဆိုင်လို့လဲကွ
0
...
written by Truth, March 10, 2009
If this is Than Shwe's astrologer's advise, this must be the first and only good suggestion ever! I believe the astrologer must not have been able to stay up for the Euro or Premier Leagues live broadcast through satellite dishes, and eventually got this idea to watch standard football matches domestically in the broad daylight. (Has anybody heard how much he lost in football gambling????) CAUTION! I wish we won't see more security forces than the fans and the players in the football grounds if we were to watch the games from halfway round the world.
0
Nay Pyi Taw premier League
written by Thomas, March 10, 2009
Well come to NPL(Nay Pyi Taw Premier League)


But without corruption. No fabourrism. I don't think so. I come back and open the bookie share with Bo Tay Za. Am I right?
0
Break the Ice...
written by Maximus, March 10, 2009
Taw Taw Pain Dar Pal..The Word "United" is not only belong to freaking Manchester Utd..What do you say about "Newcastle United,Westham United,Leeds United?"..

Whatever,action will speak louder than words..Welcome to the plan of Myanmar Football Development..
0
မလွယ်ပါဘူး
written by chit ya aung, March 10, 2009
ပြည်သူတွေကို အာရုံလွှဲပြောင်းမှုတစ်ခုပါ
0
Myanmar United FC
written by yuda, March 10, 2009
Sure, myanmar foot ball condition is seriously not improve, but increase the gambler man woman and boy.
0
myanmar united football club
written by yuda, March 10, 2009
Gambler 95% > fans 5%
0
ရင်ထဲရှိရှိသမျှပြေ ပြရရင်
written by tharsoe, March 10, 2009
၂၀၀၉ အတွက် ဘောလုံးအသင်းတသင်းက
0
မဆိုးပါဘူး သင့်ပါတယ် စလုပ်ကြပေါ့
written by မောင်မောင်ဦး, March 10, 2009
မြန်မာ ဘောလုံးလောက ဒီအတိုင်း စုတ်ပြတ်နေတာနဲ့ စာရင် နည်းနည်းလေးတော့ တက်လာမယ်လို့် မျှော်လင့်ပါတယ်။ ဘောလုံး ပညာရှင်လေးတွေလည်း မက်လုံးပေးထားတော့ ထွက်ပေါ်လာနိုင်ပါတယ
0
ယူနိုက်တက်..... ပြီးတော့..
written by ဇင်သန့်, March 10, 2009
၈သင်းမှာ ၇သင်းက .....ယူနိုက်တက်။ မန်ယူ ရဲ့ Influence ကတော်တော်ပြင်းတာဘဲ
0
will see...
written by YgnCowboy, March 10, 2009
we will see...what will be happen...?
0
မထင်ပါ
written by yankin, March 09, 2009
စစ်အုပ်စု ရဲ့ ချုပ်ကိုင်မှု အောက်မှာ ဘာမှ့ မတိုးတက်လာနိုင်ပါ။
သန်းရွှေ ရဲ့ လမ်းညွန်မှု အောက်မှာ မြန်မာ ဘောလုံး တိုးတက်မှု ဖြစ်မလာနိုင်ပါ။
လောင်းကစား ဒိုင်တွေ စီးပွားတက် လာနိုင်ပါတယ်။
ဒုစရိုက်မှု ခိုးဆိုးလုယက် မတရားမှုများ သာ တိုင်းပြည် အနှံ့ ပိုမို တိုးပွား လာမှာ ဖြစ်ကြောင်း ကြီုတင် ဟောကိန်း ထုတ်လိုက်ပါရစေ။
0
ဘော်လုံးလောကအတွက်
written by khant gyi, March 09, 2009
ယခုလို သတင်းကြားရတာ မြန်မာဘော်လုံးလောက အတွက်သမိုင်း မှတ်တိုင်သစ်တခုပါ။
0
...
written by Thatunmon, March 09, 2009
ဖြစ်သင့်တာကြာပြီ
0
...
written by myanmarchitthu, March 09, 2009
smilies/smiley.gifWelcome to myanamr football club improvement but we need to wait and watch for certain time becuase all myanmar are used to be like " The hay fire " ,they will burn after a short time !!!!
0
Nice
written by cyclone, March 09, 2009
Nice for the our myanmar people to improve in the football sport. Good Job!
0
...
written by Vancouver resident, March 09, 2009
ခြုံပြောရမယ်ဆိုရင်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်