NLD မှတ်ပုံတင်ရေး မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ATW210oct2မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Espen Barth Eide နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ဆုံအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

NLD ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် တိကျရေရာစွာ သိရှိလိုကြောင်း သတင်းထောက်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်နေတယ်ဆိုတာတွေ ကြားနေလို့ အဲဒီအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြတာပါ။ ဥပဒေတောင်မှ ဘာမှ အတည်မပြုရသေးတာ ဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ မကြာသေးမီက တွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း၊ ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောခဲ့သည်ဟု သတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မ၀င်ကိစ္စကိုလည်း မဆုံးဖြတ် ရသေးကြောင်း၊ NLD သည် ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အစဉ်တစိုက် တောင်းဆိုခဲ့ပြီး
မျှော်လင့် စောင့်စားလျက်ရှိကြောင်း အလေးအနက် ပြောဆိုသွားသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်မှုကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား မပြေလည်မှုများ ရှိခဲ့လျှင် ညှိနှိုင်း၍  ရေရှည်အကျိုးကို ကြည့်ကာ သဘောထားကြီးကြီးနှင့် ပြေလည်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်နိုင်ငံ ပြည်သူပြည်သား အချင်းချင်းလည်း တဦးအပေါ်တဦး ကြည်ကြည်လင်လင် ဖြစ်စေချင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံအချင်းချင်း နားလည်မှုရှိစွာဖြင့် သင့်တင့်မှုရှိလျှင် အကောင်းဆုံးဖြစ်ကြောင်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်တွင် ခရီးထွက်ရန်မည့်အစီအစဉ် တစုံတရာမရှိသေးကြောင်းလည်း ပြောသည်။

နော်ဝေးနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လာရောက်သည့်ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများအား မကြာမီ လွှတ်ပေးတော့မည်ဟု ပြောဆိုသွားသည်။
Comments (9)Add Comment
0
မှတ်ပုံတင်
written by ayayarwaddy, October 11, 2011
မှတ်ပုံတင်တယ်ဆိုတာ အလွယ်လေ ဆုံဖျက်လိုရတဲ့ဟာ မဟုတ်ဘူးနော် ဒါဟာ ကလေးကစာစရာ မဟုတ်ဘူးဆိုတာကို တော အားလုံးသဘောပေါက်ဖို လိုတယ် လေးစားပါတယ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီဝင်အားလုံးကို
0
...
written by lu lay, October 11, 2011
2008 မှာဘာဖွဲ.စည်းပုံ. အခြေခံဥပဒေမှ. မရှိ.ဘူး... ရူးနေတာဘဲ...
0
...
written by Nay San Thu, October 11, 2011
Firstly, take the Power and then change the law.
0
apmao;w,f
written by မမဦး--, October 11, 2011
မှတ်ပုံတင်ဘို. စောပါသေးတယ်။
လိုအပ်ချက်တွေ အများကြိး၇ှိနေပါသေးတယ်။ စစ်တပ်က လွတ်တော် ထိမ်းချုပ်မှုအောက်မှာ မ၇ျိသေးတာက အခက်အခဲတခုပါဘဲ။ ဒါကျိုကမတို.လဲ လက်မခံနိုင်သေးပါ။
0
လက်ခံမှာလား --NLD
written by minyarzar, October 10, 2011
၂၀၀၈ ဖွဲံ့စည်းပုံက စည်းကမ်းကြီးတယ် ။ NLD လက်ခံနိုင်ပါ့မလား ။ မြန်မာနိုင်ငံကောင်းစားတာမြင်ချင်ရင် ပြန်ပါတော့လားဗျာ ။ သိတ်ရှုတ်တာဘဲ ။ စိတ်ညစ်တယ် ။
0
ပြင်ဆင်ချက်
written by Nai Aung, October 10, 2011
ဦးရွှေမန်းနဲ့တွေ့ခဲ့တာနော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မဟုတ်ဘူး သူကနိုင်ငံခြားရေးဝန်ကြီးရုံးက ဝန်ကြီးအတွင်းရေမှုးပါ
0
meeting on 29 March 2010
written by Mg Hin Tha, October 10, 2011
The National League for Democracy decided at a meeting on 29 March 2010 not to apply to continue as a political party. The NLD accordingly ceased to exist at midnight on Thursday 6 May 2010 after failing to apply for re-registration. The NLD was formally dissolved on 14 September 2010. Two appeals to the Supreme Court against the dissolution of the party have been rejected. An appeal is expected (1 August 2011) to be lodged soon with the UN Human Rights Council on the grounds that the dissolution of the party is an infringement of human rights. It is not clear whether the NLD has ever asked to continue as an unregistered political party, which is permissible in most countries with multiparty democratic systems.
0
...
written by moe moe, October 10, 2011
This latest pressure on the NLD comes soon after Suu Kyi expressed support for calls to establish a UN Commission of Inquiry (CoI) on crimes against humanity and war crimes in Burma in video testimony to the US House Committee on Foreign Affairs. Besides boycotting the elections held last year on Nov. 7, the NLD has also called for amendments to the new Constitution approved through a controversial referendum in 2008. The NLD lodged an appeal to the Supreme Court to protect the party's legal status, but it was turned down in November.
0
၂၀၀၈ ဖွဲ့ စည်းပုံကိုလက်ခံမှ လား
written by တောသား, October 10, 2011
NLD ကိုမှတ်ပုံတင်ရင် ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံကို လက်ခံမှရမယ်လေ။ အဲဒါအဓိကအချက်ပဲ။ ရှင်းရှင်းလေးပါ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်