MSF ထိုင်းမှ ထွက်၊ မြန်မာများ အခက်တွေ့နိုင်

E-mail Print
ကမ္ဘာ့လူမှုကူညီရေး အဓိက အဖွဲ့အစည်းကြီး တခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) သည် ထိုင်းနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်သောကြောင့် ထိုင်းတွင် တရားမဝင် နေထိုင်နေသည့် မြန်မာ ထောင်ပေါင်းများစွာ ကျန်းမာရေးဆိုင်ရာ အကူအညီများ ဆက်လက် ရရှိနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

MSF-Interviewအောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ MSF သည် ထိုင်းနိုင်ငံတွင် ၃၅ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များ၏ ကြားဝင်စွက်ဖက်မှုများကြောင့် စက်တင်ဘာလကုန်တွင် ယင်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဟု ဖော်ပြထားသည်။

“အကူအညီလိုအပ်နေသူတွေကို ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေ ပေးဖို့ကိစ္စမှာ စီမံခန့်ခွဲရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရလို့ ထိုင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ရပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု MSF ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Mr Denis Penoy က ယမန်နေ့တွင် ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပေမယ့် ကျနော်တို့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အပယ်ခံလူသားတွေကို ကျန်မာရေးဆိုင်ရာ အကူအညီတွေ ဆက်ပေးဖို့ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး” ဟု ဆိုသည်။

MSF အကူအညီများ ရပ်ဆိုင်းမှုကြောင့် ဘန်ကောက်အနီးရှိ MSF စီမံကိန်းများရှိရာ စမွတ်စခွန်ခရိုင်နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူရှိ မြန်မာ ၅ သောင်း ၅ ထောင်ကျော် ကျန်းမာရေးဆိုင်ရာ အကူအညီများ ရရှိနိုင်တော့မည် မဟုတ်ပေ။

“သူတို့တွေဟာ ကျန်မာရေးဆိုင်ရာ အကူအညီ မရရှိကြတဲ့ တရားဝင်အထောက်အထား စာရွက်စာတမ်း မရှိသူတွေ၊ နယ်စပ်တလျှောက် နေတဲ့သူတွေပါ” ဟု Mr Denis Penoy က ဆိုသည်။

MSF သည် စံခလဘူရီအခြေစိုက် မွန်အမျိုးသားကျန်းမာရေးကောင်စီနှင့် ပူးတွဲ၍ ဘုရားသုံးဆူနယ်စပ်တလျှောက်တွင် မြန်မာပြည်ဘက်သို့လည်း ကျန်းမာရေးဆိုင်ရာများ အကူအညီပေးလျက်ရှိသည်။

မွန်ကျန်းမာရေးကောင်စီသည် MSF ၏ အကူအညီဖြင့် မွန်ပြည်နယ်အတွင်းတွင်လည်း ငှက်ဖျားတိုက်ဖျက်ရေးကို ဆောင်ရွက်နေကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက ပြောသည်။

“ငှက်ဖျားတိုက်ဖျက်ရေးက ကျနော်တို့ ပြည်သူတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဆေးဝါးအကူအညီရဖို့ကလည်း ခက်လို့ပါ” ဟု ၎င်းက ပြောသည်။

တရားမဝင် နေထိုင်သည့် မြန်မာများသည် ဆေးရုံသို့သွားရန် ငွေကြေးမတတ်နိုင်၊ သွားရောက်ရန်လည်း ကြောက်ရွံ့နေကြကြောင်း နိုင်ဟံသာက ဆက်လက်ပြောသည်။

MSF သည် ထိုင်းရှိ မြန်မာ တရားဝင်ရွှေ့ပြောင်းအလုပ်သမားများရော ဒုက္ခသည်များကိုပါ အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ အကူအညီဆက်မပေးနိုင်တော့သည့် အတွက် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ၏ ရှေ့ရေးအတွက် စိုးရိမ်ကြောင်း MSF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“MSF ထွက်ခွာသွားတယ်ဆိုတာ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ကျန်းမာရေးကဏ္ဍကို စီမံပေးမယ့် လွတ်လပ်တဲ့ ဘယ်အဖွဲ့အစည်းမှ မရှိနိုင်ဘူးလို့လည်း ဆိုနိုင်ပါလိမ့်မယ်” ဟု Mr Denis Penoy က ဆိုသည်။

ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို တရားဝင်မှတ်ပုံတင်နိုင်ရန် စီစဉ်ပေးနေသော်လည်း တရားမဝင် နေထိုင်သူ ၁.၅ သန်းမှ ၂ သန်းအထိရှိမည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းကြသည်။

ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းသည် မြန်မာပြည်မှ ဖြစ်ကြောင်း၊ ကျန်သူများမှာ ကမ္ဘောဒီးယားနှင့် လာအိုတို့မှဖြစ်ကြောင်း သိရသည်။

ဘယ်လဂျီယံနိုင်ငံ အခြေစိုက် MSF သည် ၁၉၇၆ တွင် ထိုင်းနိုင်ငံအတွင်း စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ MSF ၏ ကျန်းမာရေးလုပ်ငန်းနှင့် ကူညီမှုများသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပေါ် များစွာအကျိုးပြုခဲ့သည်။  ငှက်ဖျား၊ တီဘီ၊ ခုခံကျ ဝေဒနာရှင်တို့ကို အခမဲ့ ကုသပေးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် MSF က နယ်စပ်ဒေသ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၊ မယ်လဒုက္ခသည် စခန်းအတွင်းရှိ မြန်မာပြည်သားများအတွက်  ငှက်ဖျားနှင့် တီဘီ ရောဂါ ကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
Comments (1)Add Comment
0
very sad for migrant people
written by tiger heart, October 09, 2011
....နယ်စည်းမထားဆရာဝန်အဖွဲ. ဆိုတာလွတ်လပ်စွာနဲ. တကယ်နိုင်ငံပေါင်ြးေ မာက်များစွာကိုကူညီနေတဲ. အဖွဲ.အစည်းဆိုတာ နိုင်ငံတကာကသိတယ်...နိုဗယ်ဆုရထားတာလဲသိကြတယ်................ .ထိုင်းအစိုးရကတော့မြန်မာေ တွကိုနွားလိုခိုင်းပြီး ရပိုင်ခွင်တွေကိုတော့ ပိတ်ချင်တယ် ....ထိုင်းအစိုးရကတော့ ....အမ်ဂျီအိုဆိုတာကို .....သူတို.အောက်ဆိုက်ရတဲ. အဖွဲ.လို.ပဲထင်နေပုံရတယ် .....အော်...မြန်မာပြည်သူပြည်သာေ တွကိုယ်စား ၀မ်းနည်းမိပါတယ်............... တကယ်လူသာချင်စာနာတဲ. အဖွဲ.အစည်းတွေ....မြန်မာပြည်သူများ ကိုပြန်လည်ကူညီနိုင်ကြပါစေ လို.ဆုတောင်းရင်.......
မြန်မာနိုင်ငံသာ တိုင်းရင်သားတယောက်
http://burmese.bnionline.net/news/kic/8651-msf----.html

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်