“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။
“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။
သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန် ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘောမတူသောကြောင့် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို အားပေးကြောင်း ဆက်လက်ပြောသည်။
နယူးယောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။
ရပ်ဆိုင်းလိုက်သော မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။
မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့ “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည် တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။
မစ္စတာ ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
Comments (9)

written by mogyo, October 08, 2011
Rubbish!!!
Burmese government killed more than Syrian Government.
Burmese government killed more than Syrian Government.
written by minsoe, October 07, 2011
ဧရာဝတီ တည်မြဲပါစေ။ မြန်မာပြည် ကောင်းစားပါစေ ။ မြန်မာတွေ တိုးတက်ပါစေ ။
written by ဂွစာချေမရွင်းသား, October 07, 2011
ရခိုင်ပြည်နယ်က သဘာဝဓါတ်ငွေ့စီမံကိန်းကိုလည်းလုံးဝရပ်တန့်သင့်ပါတယ်.....
အနှစ်(၅၀)လုံးလုံး တရုတ်ပြည်ကိုရောင်းစားပြီးမှ အကျိုးအမြတ်ကိုတရုတ်ထံကနေပြန်ရယူရမယ်
ဆိုတာက ကလေးကလားဆန်လွန်းအားကြီးတယ် မောင်သန်းရွှေ ရယ်...ဦးဏှောက်ပါတဲ့လူသားကော့
ဟုတ်ရဲ့လား ဦးသန်းရွှေ တစ်ယောက်....ဟားးးးးးးးးးးးးးးးးး
ရွှေသဘာဝဓါတ်ငွေ့ကိုဆက်လက်ဆန့်ကျင်ရဦးမယ်.....
တရုတ်အားကိုးတွေ..(အလိုမရှိ)၂

written by kks240979, October 07, 2011
It's really good to know that Myanmar Government is doing changes. Although we see only a small returns are coming, most of our people know they are doing good things for the country. And also believe it will be continuing. The one thing The President know well is that who is the biggest and nearest enemy for the country and government. The thing I can say is "CHINA is the real enemy for our country". We, soon will be able to see the shift between Friendship and Enemy as we are going democratization.
written by herohnin, October 07, 2011
မဝေနှင်းပွင့်သုန် ပြောသလိုဖြစ်နေပြီ ၊ မြန်မာအစိုးရက နဲနဲရွေ့လိုက်တာနဲ့ ကန် နဲ့ အီးယူတွေက များများ လိုက်ရွေ့တယ် ၊ ဘာပဲပြောပြောပါ ဆယ်စုနှစ် ၂ ခုအတွင်းမှာတော့ ဒီတခါ အပြောင်းအလဲက မျှော်လင့်ရတာ အရသာရှိတယ်လို့ ခံစားရတယ် ။
written by FinanceCity, October 07, 2011
ဆက်ပြီး သဘောထားကြီးပေးပါ အစိုးရကြီးရယ်.....
written by rainbowworrior, October 07, 2011
our world is building up with changes and transformations.
everybody also going like that.
soft and peaceful transformation is the most modernized way of change of our civilization.
this will lead our civilization to more better situations.
but, in this case, please don't just say, must done to everyone including these americans.
i don't like to rely extremely to everyone such as america, china, india and asean, but they are in fact needs for our mother country's development.
we must use their power and strength in equilibrium state, so that they can support our mother nation.
in this case, we must accept that our mother nation also need to payback somethings for them.
manipulating those powers can give our mother nation the best support.
finally, i like to say, our mother nation is now begin her transformation, but need some times to do many things.
please be patient, don't give her too much pressure and that will cause her overload and she will fall again.
and the most important is everybody must now ready to give her some help while she is trying to get up and make her steps on her own legs.
may all those helping our mother nation be great blessed!!

Write comment
| < Prev | Next > |
|---|

Economically and technically shall immediate need to give to Myanmar to get all things ground down practically in time.