SSA တောင်ပိုင်းကို အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်း

E-mail Print
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S)နှင့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များမှတဆင့် ကမ်းလှမ်းခဲ့သည်။

အစိုးရ အာဏာပိုင်များအနေနှင့် ငြိမ်းချမ်းရေးအတွက် တရားဝင် အကြောင်းကြားလာပါက လက်ခံတွေ့ဆုံ ဆွေးနွေးရန်အဆင် သင့်ရှိသည်ဟု ထိုင်းအာဏာပိုင်များကို အကြောင်းပြန်ခဲ့ကြောင်း SSA -S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီ သို့ ပြောသည်။

“နိုင်ငံတော် အစိုးရက နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဖော်ဆောင်မယ်ဆိုရင် ကျနော်တို့က လည်း လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုပါတယ်”ဟု ၎င်းက ဆိုသည်။

တရားဝင် ကမ်းလှမ်းခြင်းမဟုတ်သော်လည်း SSA -S ၏ မူအရ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုပါက နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းတောင်းဆိုခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ရှင်းပြသည်။

အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းထားသည်။

ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း SSA တောင်ပိုင်းတပ်ဖွဲ့အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်းများအကြား ငြိမ်း ချမ်းရေး တွေ့ဆုံဆွေးနွေးမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့အပြင် ၀ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIO) တို့နှင့် အစိုးရက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မွန်ပြည်သစ် ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း( SSA-N )၊ ကရင်အမျိုးသား အစည်းအရုံ (KNU) တပ်ဖွဲ့ဝင်တို့ကိုလည်း ကမ်းလှမ်းထားသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းသည် ဖဲ့ထုတ် စည်းရုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။  

ငြိမ်းချမ်းရေး သဘောတူညီချက် ယူရာတွင် အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွင်း ပြဌာန်းထားသည့် တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြီး တပ်မတော် အောက်တွင်ထားရှိရန် ဆိုသည့် အချက်ကို ထည့်သွင်းဆွေးနွေးမှုများ မပြုလုပ်တော့ကြောင်း သိရသည်။

SSA တောင်ပိုင်းတပ် က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်(MTA) မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး နောက် ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဦးဆောင်၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် MTA မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA)ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA တောင်ပိုင်းတွင် တပ်အင်အား ၇၀၀၀ ကျော် ရှိကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။



ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့စစ်ရေးအရ မဟာမိတ် ဖွဲ့ခဲ့ကြသော်လည်း SSA တောင်ပိုင်း ပါဝင်ခဲ့ခြင်း မရှိပေ။

အဆိုပါ မဟာမိတ်အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်လွတ် မြောက်ရေး တပ်မတော်(KIA)၊ ကရင်နီ အမျိုးသား တိုး တက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန် ပြည်သစ် ပါတီ(NMSP) နှင့် ရှမ်းပြည်တပ်မတော် မြောက် ပိုင်း(SSA-N) တို့ ပါဝင်ကြသည်။
Comments (3)Add Comment
0
http://www.highsuprashoes.com
written by Justin Bieber Shoes, October 10, 2011
i come here first time. Thank you for sharing your admin would get ready a severely beneficial write-up I congratulate.s I very agree with your views from here.,http://www.highsuprashoes.com
0
...
written by rainbowworrior, October 06, 2011
fighting wars or negative views can weak or even kill our mother union of Myanmar.
these small armed forces should understand what the modern policies and their stances.
so, they must take the chance while they can, but not too much greedy.
0
တိုင်းရင်းသားအရေး ငြိမ်းချမ်းချင်လှပ ပြီဗျာ
written by FinanceCity, October 05, 2011
တိုင်းရင်းသားအရေးမှာ. ....လူနဲစု ရော လူများစု ရော တစ်ဦးအပေါ်တစ်ဦး နိုင်ငံရေး အရ လေးစားစေချင်ပါတယ် ......လက်နက် က ခဏတာပဲ ဖြေရှင်းနိုင်တာပါ.....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်