ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်သည် ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် စတင်ခဲ့သည်။ ဘန်ကောက်သို့ ည ၁၁း၃၀ နာရီတွင် ပြန်လည်ရောက်ရှိမည်ဟု ထိုင်းအစိုးရသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။“ဒီခရီးစဉ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် မိတ်ဆက်ဖို့ပါပဲ” ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ပြောသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်က နေပြည်တော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အဓိက အကြောင်းအရာများထဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခွင့်ရအရာရှိက ဆိုသည်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် တနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းများအကြောင်းလည်း ပြောဆိုကြမည်ဟု သိရသည်။
အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်သည်။
ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ဆွေးနွေးဖွယ် ရှိမရှိ မစ္စတီတီမာချိုင်စိန်က ပြောဆိုခြင်း မရှိသော်လည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထိုင်းက လေးစားပါတယ်” ဟု ဆိုသည်။
ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဂရုမစိုက်ရုံသာမက ရှိမှန်းပင် သိမည်မဟုတ်ကြောင်း ယခင် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ ထိုင်းနိုင်ငံရေးသမား မစ္စတာ ကရိုင်းဆတ် ချွန်ဟာဗန်းက ဧရာဝတီကို ပြောသည်။
“(ထိုင်းဝန်ကြီးချုပ်ဟောင်း) မစ္စတာသက်ဆင်လက်ထက် မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေ အခြေခံတဲ့ ဆက်ဆံမှုလိုမျိုးကို ဒီခရီးစဉ်မှာ ပြန်ထူထောင်မှာတော့ စိုးရိမ်မိတယ်” ဟု သူက ပြောသည်။
မစ္စတာသက်ဆင်အာဏာရှိစဉ်က မြန်မာစစ်အစိုးရနှင့် အငြင်းပွားဖွယ် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိခဲ့ပုံကို မစ္စတာ ကရိုင်းဆတ်က ရည်ညွှန်းခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံး၏အဆိုအရ ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးကုန်သွယ်မှု ကြီးထွားလာနေခြင်းကို နှိမ်နင်းမည်ဟု ထိုင်းအစိုးရက ကြေညာထားသည့် စစ်ဆင်ရေး အကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရသည်။
မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။
ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို စသည့် အာဆီယံနိုင်ငံများကို သွားရောက်ခဲ့ပြီးဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 11157
Comments (15)

written by လူသား, October 09, 2011
မြန်မာလူမျီုးအားလုံးတစ်ယောက်မှ..သုံးကျတဲ့ကောင်မရှီဘူး..မြန်မာလူမျီုးအားလုံးတလွဲဆံပင်ကောင်းနေတဲ့သူတွေကြီးပဲ့ ကိုယ့်ကိုယ့်ကိုယ် ကြည့် သူများများမကြည့်နဲ မြန်မာလူများ ခင်ဗျာ
written by American King, October 07, 2011
- Thailand is known to be a Hookers Country.
- I wonder if I offer $2.5 million U.S. dollars, will this lady prime minister sleep with me for a night.
- I wonder if I offer $2.5 million U.S. dollars, will this lady prime minister sleep with me for a night.
written by နိုင်, October 06, 2011
ထိုင်းဝန် ကြီးပါဆိုနေမှ.. .ထိုင်းအကျိုးရှိဖို.လာတာလေ၊ ကိုယ်.ဘက်က ကိုယ်.ဟာကို အကျိုးရှိအောင်လုပ်တတ်ရင် နုစ်ဦးနူစ်ဘက်အကျိုးရှိမှာပေါ်.။ ကိုယ်.ဘက်က လူကအကျိုးရှိအောင်လုပ်တတ်ဖို.လိုတယ်။ ဘာဖြစ်လို. အရူးချီးဒုတ် ကိုင်ပြီးလိုက်ရမ်းသလို တခြားလူမျီုးခြားတိုင်းပြည်ကိုအဆိုး မြင်ပြီးလိုက်ရမ်းတာလဲ။ ရှိတာမှ အိမ်နီးခြင်း ၄ ၊ ၅ နိုင်ငံ။ ကိုယ်.ဘက်ကလူ တော်အောင် ကိုယ်.ဟာကို ဘာလုပ်သင်.လဲ....? ဪ...စဉ်းစားကြပါ သခင်မျိုးဟေ့ ဒို.ဗမာ ရောင်းရင်းဒို. ။
written by zanaka, October 06, 2011
ဗိုလ်ချုပ် ပြော သလို ပြဲလန်နေအောင်လုပ်ဖို့ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး ခင်ဗျာ.. အရင် ဆုံး ခင်ဗျားတို့ ကျူပ်တို့ တနေ့ အလုပ်ချိန်ကို ၄ နာရီလောက် ထပ်တိုးလိုက်ကြရင် မကောင်းဘူးလား... ကျူပ်တို့ သားသမီးမြေးမြစ်အတွက် ကျူပ်တို့ အနစ်နာခံရတော့မှာပေါ့နော..
written by သြရသ, October 06, 2011
မန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်း
written by သြရသ, October 05, 2011
ဟေ့ကောင်တွေ လျှောက်မပြောနဲ
written by aungthu, October 05, 2011
ကောင်းတာတွေ မျော်လင့် သလား? မထင်!
အကို နဲ့ ညီမ ထူးမခြားနားယိုးဒယား အကပဲ က မှာ ဘဲ ။
She is a ( TBC ) Thai born Chinese.။
တရုပ် ကိုးကွယ် တာ ' ပိုက်ဆံ ' ။ ဘုရား သည် ' ပိုက်ဆံ '။ တရား သည် ' ပိုက်ဆံ '။
ပိုက်ဆံ အတွက် မဟုတ် ရင် လေတောင်အ ကုန် မ ခံ ဘူး။
အကို နဲ့ ညီမ ထူးမခြားနားယိုးဒယား အကပဲ က မှာ ဘဲ ။
She is a ( TBC ) Thai born Chinese.။
တရုပ် ကိုးကွယ် တာ ' ပိုက်ဆံ ' ။ ဘုရား သည် ' ပိုက်ဆံ '။ တရား သည် ' ပိုက်ဆံ '။
ပိုက်ဆံ အတွက် မဟုတ် ရင် လေတောင်အ ကုန် မ ခံ ဘူး။
written by Maung Maung, October 05, 2011


..... နူရာဝဲစွဲ... လဲရာသူခိုးထောင်း.. မြေနှိမ့်ရာလှံစိုက်. ...အဲဒီတရုတ်... ထိုင်း... ကုလား.... သုံးနိုင်ငံက. ..အကြောင်း အမျိုးမျိုးနဲ့... ချဉ်းကပ်.. .ပြီးရင်. ...သမကြမယ်ပေါ့... နူအောင် လဲကျအောင် နိုမ့်ကျအောင်... သူတို့က အမြဲကြိုးပမ်းတယ်
ပြီးရင်... .ဆေးပေး..... သူခိုးဈေးနဲ့.. တိုင်းပြည်သံယဇာတတွေဝယ် ...ကုန်ချောလုပ် ပြန်လာရောင်း ....သူတို့ဘေထုပ်တွေ
အကောင်းလုပ် လာာရောင်း. ..လုပ်စားနေတဲ့. ...ကောင်တွေချည်းပါ.. ..ထိုင်း ကုလား တရုတ်... တကောင်မှမယုံနဲ့.. .အကုန်မောင်းထုတ်ပစ်. ...သခင်မျိုးဟေ့ ဒို့ဗမာကွ..... ဘာမှတ်လည်း.....


written by Michael, October 05, 2011
ထိုင်းရတ် ထိုင်းပါတီခေါင်းဆောင်၊ ပြည်ပြေး (မဆလခေတ် ပြည်ပြေးနှင့်မတူပါ) သက်ဆင်၏ ညီမ ယင်လတ်တစ်ယောက် တရုတ်ကြီးနှင့်မြန်မာ တင်းမာချိန်တွင် ရောက်လာခဲ့ပေပြီ။ ယင်းအိမ်နီးချင်း ၂ နိုင်ငံ၏ အစိုးရများသည် မြန်မာပြည်အတွက် စိတ်နှလုံးကောင်းမထားနိုင်၊ မထားကြသော သူများဖြစ်သည်ကို မည်သည့်အခါမျှမမေ့အပ်ပေ။ တရုတ်အစိုးရကလည်း မြန်မာကို လက်အောက်ခံအဖြစ်ရှုမြင်သလို၊ ယိုးဒယားကလည်း ရန်သူသဖွယ် သတ်မှတ်ထားကြောင်း ယင်းတိုင်းပြည်များတွင် နေထိုင်ကြသောမြန်မာများ ကျယ်ပြန်.စွာသိကြသည်ပင်။ မြန်မာပြည်တွင် တောများပြုန်းသည့် အဖြစ်အပျက်အား ယိုးဒယားနှင့်နှိုင်းယှဉ်ပါလျင် ပျင်းတောင်ပျင်းသေးတယ် ဟုပင်ဆိုရချိမ့်မည်။ သို.ရာတွင် အနှစ် ၂၀ ကျော်တိုင်တိုင် တိုင်းပြည်ကို ညံ့ဖျင်းစွာစီမံခံ့ခွဲခဲ့သော စစ်ကောင်စီကြောင့်နှင့် ၁၉၆၂မှ စတင်ခဲ့သော လက်သင့်ရာ စားတော်ခေါ်သော စစ်အာဏာရှင်စံနစ်ကြောင့် လူသယံဇာတ၊ သဘာဝသယံဇာတ ကြွယ်ဝသော အမိမြန်မာပြည်နှင့်နိုင်ငံသားတို.သည် ကမ္ဘာ.အလည်တွင် မဆိုထားဘိ၊ အရှေ.တောင်အာရှတွင်ပင် အနှိမ်ခံများအဖြစ် ရောက်ခဲ့ကြရပြီး ဘဝများကို ခက်ခဲစွာ တည်ဆောက် နေကြရပေသည်။ လမ်းခုလတ်တွင် ကြွေလွင့်သူတို.လည်း များလှပေပြီ။ တိုင်းပြည်ချောက်ထဲ ကျလုဆဲဆဲတွင် ကယ်တင်ခဲ့သည်ဟူသော သခင်ရှုမောင် (ဗိုလ်နေဝင်း)သည် စင်စစ် တိုင်းပြည်ကို ချောက်ထဲသို. အလျင်အမြန် ကန်ချသည်နှင့်မခြား ပြုနိုင်အားခဲ့သလို၊ နောက်ထပ်စာတိုက် စာရေး တစ်ဖြစ်လဲကလည်း ဒိုင်းဝန်ထက်ပင် ကဲသေးတော့၏။ ယခုအချိန်သည် လုံးဝ (လုံးဝ) အမှားမခံတော့ချေ။ ဦးဆောင်နေသည့် အဝတ်လဲအဖွဲ.ကလည်း၊ မိမိတို.စစ်မှန်သော ပြည်သူ.အစိုးရဖြစ်ကြောင်း သက်သေပြရန်လို၏။ ပြည်သူကလည်းဝန်းရံဖို.၊ ဗိုလ်ချုပ်ပြောသလို အလုပ်ကို (ပြဲအောင်)လုပ်ဖို.လို၏။ တိုင်းရင်းသား အများကလည်း စုစည်းကြဖို.လို၏။ ယခုတစ်ကြိမ်လွဲလျင် နမူနာအနေနှင့် ဆီရာလီယုံ၊ ဆိုမာလီ၊ ကင်ညာ၊ ဆူဒန် တို.ကဲ့သို.ပြန်လည်ထူထောင်ရန် လွန်စွာခက်ခဲသော ပဋိပက္ခများပြည့်နှက် နေသောဘဝတို.သို.သာ လျောကျဖွယ် ရှိတော့ပါကြောင်း လေးနက်စွာ အကြံပြုအပ်ပါသည်။
written by kst, October 05, 2011
ကျန်တာတွေဖယ်ပြီး ပြောရစတမ်းဆို ထိုင်းအတွက်လဲ ခေတ်ပြောင်းတစ်ခု၊ အစဉ်အလာဟောင်း တစ်ခု မြုပ်နှံခြင်း၊ ကျနော်တို့အတွက်လဲ နိမိတ်ကောင်းကောင်း တစ်ခု၊ သူမငယ်ပေမဲ့၊ နုပေမဲ့ ပထမဦးဆုံ့း ဆိုတဲ့ဂုဏ်တော့ ထိန်းမယ်လို့ မျှော်လင့်မိပါတယ်၊ တရုပ်သွေးပါနေတာတော့ သတိရှိရမဲ့ ကိစ်စပေါ့၊ ၆လသတ်တမ်း၊နဲ့ ၀န်ကြီးချုပ် ဖြစ်လာတဲ့သူရဲ့ နောက်ခံကားချပ်၊ သူမကိုလဲ အကောင်းဘက်က မျှော်လင့်မိပါတယ်။ ကျောင်းသူလေး တစ်ယောက်လိုပဲ။
written by zawbourtar, October 05, 2011
ဒီကလေးမရဲ့ အစ်ကို တုန်းက ဘတ်သန်း ၄၀မြန်မာပြည်ကို ချေးဖူးတာရှိတယ်.. အခုကျပုံစံပြောင်းပေါ့.. သန်း၄၀ ဘိုး ကူညီဦးမယ်
written by FinanceCity, October 05, 2011
လုပ်ရိုးလုပ်စဉ် ကိစ္စ တစ်ခုပဲ ဖြစ်မယ်ထင်ပါတယ်. .... ၀န်ကြီးချုပ်က တော့ ဓါတ်ပုံတော့စား သားဗျာ့ ဟာဟာ့.... အပြင်မှာတော့ချောမယ် မထင်ပါဘူး....
written by hero , October 05, 2011
ကောင်းတာအတွက် လာတာဆိုရင်တော့ welcome ပါ အရင် သက်ဆင် လက်ထက်ကလို အကျိုးစီးပွားတွေအတွက် အခြေခံတဲ့ ဆက်ဆံမှုမျိုးတော့ မဖြစ်စေလိုပါဘူး.......
written by Burmese, October 05, 2011
(မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။) Shameful. This young lady will give to our president who is over 50 years old. Anyway, we do not like her uncle Thaksin.
Write comment
| < Prev | Next > |
|---|







