တရုတ် ရေကာတာသစ်များ ရပ်ဆိုင်းရန် KDRG တောင်းဆို

E-mail Print
ကယားပြည်နယ် အတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုကို ရပ်ဆိုင်းပေးရန် ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့(KDRG )က ယနေ့ တောင်းဆို လိုက်သည်။  

ကယားပြည်နယ်တွင် တရုတ်နိုင်ငံ ဒါးတန်းကော်ပိုရေးရှင်း(Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက် မည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သော ရွာသစ် ရေကာတာ၊ မဂ္ဂါဝပ် ၁၃၀ ထုတ်လုပ်ပေးမည့် ပွန်ချောင်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်သော သဘက်ချောင်း ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းပေးရန်ဖြစ်ကြောင်း KDRG တာဝန် ခံ ခူးတော်ရယ်က ပြောပြသည်။

kayar-pyi-flood“ရေကာတာသစ်တွေ ဆောက်ရင် ပိုပြီးဆိုးလာနိုင်မယ့် ဒုက္ခတွေ ဖြစ်မှာကို ကျနော်တို့ အလွန်ပဲ စိုးရိမ်တယ်”ဟု ခူးတော်ရယ် က ဆိုသည်။

လတ်တလောတွင်လည်း စက်တင်ဘာလ အစောပိုင်းက မိုး ဆက်တိုက်ရွာသွန်းခဲ့ပြီး မိုးဗြဲရေကာတာမှ ရေများ အဆက်မပြတ် ဖွင့်ချခဲ့မှုကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်ရွာများ ရေကြီးရေလျှံဖြစ်နေသည်မှာ ၁ လကျော် ရှိနေပြီဖြစ် သည်။

ဘီလူးချောင်း အနီးရှိ ကျေးရွာ ၃ ရွာနှင့် လယ်ဧက ၅၀၀ ခန့်မှာ ယခုအချိန်အထိ ရေမြုပ်နေကြောင်း သိရသည်။

ထို ရေလွှမ်း မိုးမှု ခံနေရခြင်းကို ထောက်ပြ၍ ရေအားလျှပ်စစ် စီမံကိန်းများ ရပ်ဆိုင်းပေးရန် KDRG အဖွဲ့က ကြေညာချက်ထုတ် ၍ အစိုးရ အာဏာပိုင်များကို တောင်းဆိုခြင်း ဖြစ်သည်။  

ခူးတော်ရယ်က“အသက် ၅၀ လောက် အရွယ်တွေကို မေးကြည့်တော့ သူတို့ ဒီလောက်ရေကြီးတာ ဘ၀မှာ တခါမှမကြုံဖူးဘူး ပြောတယ်၊ ရေကြီးရတဲ့ အကြောင်းက မိုးရွာတာ တခုတည်း မဟုတ်ဘူး၊ ဆည်ရဲ့အကျိုးသက်ရောက်မှုကြောင့် ပါပဲ၊ အောက်ခြေမှာ ခံစားနေရတာကို ကျနော်တို့က တင်ပြတာပါ”ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ ရေကာတာ ခေတ္တ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကြေညာခဲ့သည့်အပေါ် KDRG အနေဖြင့် အားရ ကျေနပ်စွာ ကြိုဆိုကြောင်း၊ ယင်း အန္တရာယ် ဖြစ်စေနိုင်မည့် ရေကာတာ စီမံကိန်းအသစ်များကို ရပ်ဆိုင်းပေးရန်၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများကို ပြန်လည် စုံစမ်းစစ်ဆေးပေးရန် လိုကြောင်းလည်း KDRG ၏ ကြေညာချက်၌ ပါရှိသည်။   

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ၃ ခုဆောက်လုပ်ရန် ယခင်စစ်အစိုးရက ဒါးတန်းကော်ပိုရေးရှင်းနှင့်၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ လက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဒါးတန်းကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတ၀န်းလုံးက သဘောတူလက်ခံထားသည့် လူ့အခွင့် အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေးထိုးကာ အဖွဲ့ ၀င်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု ကို တည်ဆောက်ရန် လျာထားခဲ့သည်။

တရုတ်ကုမ္ပဏီများနှင့် အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများ အတွက် လျှပ်စစ် ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုမှာ တရုတ်သို့ တင်ပို့ရောင်းချမည်ဖြစ်သည်ဟု သိရသည်။  

ထို ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကယားပြည်နယ်အတွင်းရှိ ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံ ၃၇၀၀၀ ခန့် ရွှေ့ပြောင်းရ မည်ဖြစ်ပြီး ယင်းတလဲ လူမျိုးများ ပျောက်ဆုံးရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း၂၀၁၁ ခုနှစ်မတ်လက KDRG က ထုတ်ပြန် ခဲ့ဖူးသည်။

လက်ရှိ အချိန်အထိ ကချင် ၊ ရှမ်း၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။
Comments (4)Add Comment
0
တရုတ်နဲ့အဆင်မပြေရင ကုလားကြီးဆီကနေအကူ ညီတောင်းပေါ့
written by la u, October 06, 2011
တရုတ်နဲ့ အဆင်မပြေရင် ကုလားကြီးဆီကနေ အကူအညီတောင်းပေါ့ဗျာ။ ကုလားဆိုတာ ဘင်္ဂလားဒေ့ရှ်ကိုပြောတာ မပာုတ်ဘူးဗျ အိန္ဒိယကိုပြောတာ။ ဘာပဲပြောပြော သမိုင်းမှာ ကုလားကမြန်မာကို တော့ မကောင်းတာ မလုပ်ခဲ့ပါဘူး။ မြန်မာကိုမှမပာုတ်ဘူး သမိုင်းမှာ နှစ် ၁၀၀၀၀ အတွင်း အိန္ဒိယက မိမိအခွင့်အရေးအတွက် တရုတ်လိုမျိုး ဘယ်နိုင်ငံကိုမှ ကျူးကျော်တိုက်ခိုက် တာမျိုးမရှိခဲ့ဘူးဗျ။
0
...
written by rainbowworrior, October 06, 2011
nuclear power plants are very expansive and very dangerous.
fossil fuel power plants are very dangerous especially very high pollution.
air, solar and tidal power plants are most expensive.
hydro power plants are also dangerous.
then, what shall we do, Myanmar citizens??
shall we buy electricity from other countries or shall we use candles??
please advice what to do for our maiden union of Myanmar.
0
help them
written by people, October 05, 2011
please help to kareni peoples , because alot of peoples homeless, heavy rain and water flood
0
Blow them off
written by Burmese, October 05, 2011
KNU, please blow them off!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်