''၁၀ ရက် ကျော်ပြီ။ ဘူတာရုံမှာ နို့မပြတ်သေးတဲ့ ကလေးတွေနဲ့ အိပ်နေရတာ" ဟု သင်္ဃန်းကျွန်း ရထားဝန်ထမ်း အိမ်ယာမှ ထွက်ခွာခဲ့ရသော ရထားဝန်ထမ်းဟောင်း တဦး၏ သမီး ဒေါ်တင်တင်ဝင်းက ပြောသည်။
တခြားနေရာသို့ ပြောင်းရွှေ့ပြီးအိမ်ငှားရန် ငွေကြေးအလုံအလောက် မရှိကြောင်း မလွှကုန်း ဘူတာရုံတွင် ယာယီ နေထိုင်နေသော မီးရထား သံလမ်း ပြုပြင်ရေး ၀န်ထမ်းဟောင်းတဦီးက ပြောသည်။
"အောက်ခြေ၀န်ထမ်းရတဲ့ပိုက်ဆံက စားဖို့ အနိုင်နိုင်။ သူတို့ သတ်မှတ်ထားတဲ့ ကာလမှာ အိမ်တလုံးငှားဖို့ ပိုက်ဆံ မရှာနိုင်တော့ လမ်းဘေးမှာ ကလေးတွေနဲ့ နေတယ်"ဟု သူက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရထားအိမ်ရာများမှ ပြောင်းရွှေ့ရသည့် မိသားစုပေါင်း ၃၀၀၀ နီးပါး ရှိသည်ဟု မီးရထားဝန်ကြီးဌာနထံမှ သိရသည်။
ဝန်ထမ်းမိသားစုဝင် မဟုတ်သူများကို ပြောင်းရွှေ့ရန် တလ ကြိုတင် အသိပေးခဲ့ကြောင်း၊ ၀န်ထမ်းအိမ်ရာများတွင် လူပေါင်းစုံ လာရောက် နေထိုင်ပြီး ရာဇ၀တ်မျိုးစုံ ဖြစ်နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မီးရထားဝန်ထမ်းများ နေထိုင်သည့် ပေ၂၀ ပတ်လည် မြေကွက်တကွက်တွင် မိသားစုသုံးစု အထိ ငှားရမ်းပြီး အတူ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
"ငှားထားတဲ့ လူတွေကို စပေါ် ယူထားလို့ ပြန်မရှင်းနိုင်ရင် အဲဒီဝန်ထမ်းပါ အလုပ် ဖြုတ်ပစ်တယ်" ဟု ဗိုလ်တထောင် ရထားဝန်ထမ်း အိမ်ရာတွင် နေထိုင်သူတဦးက ဆိုသည်။
မိသားစု အများအပြားသည် ပြောင်းရွှေ့ပေးရပြီး ရက်၂၀ ကျော် ကြာလာသည့်တိုင် နေထိုင်ရန်အိမ် ရှာဖွေနိုင်ခြင်း မရှိသေးပေ။
Set as favorite
Bookmark
Email this
Hits: 13717
Comments (11)

written by Ma Gyi , October 05, 2011
So many not fair in Burma.If you know some one power men you will get good business , good position or good job.Now look all those people, no one wants to know some family will have yang kids, small baby or old parent. That is really really sad.In the army so many people own lots of lands and houses.Please do not ignore those people.
written by Aung Aung, October 05, 2011
The family who are not in the service anymore are to move from their apartment belong to the Railways
Dept. But it doesn't apply to the ministers and above. Before they retire they are given lands to build their houses with the bribed money. In our country, there are many VIPs who never get poor or
no where to live.
Dept. But it doesn't apply to the ministers and above. Before they retire they are given lands to build their houses with the bribed money. In our country, there are many VIPs who never get poor or
no where to live.
written by mg Thinking, October 05, 2011
ဝန်ထမ်းအများစုက ပင်ဆင်ယူပြီး အပြင်မှာအိမ်မငှားနိုင် မ၀ယ်နိုင်ပါဘူး ၊သူတို့က ၀န်ထမ်းအိမ်ယာမှာ ပြန်ငှားနေတယ် ဒါကို အကြောင်းပြု ပြီး ပြင်ပက တခြား လက်လုပ်လက်စားတွေကလဲ ပြန်ငှားကြပြန် ရော၊ နိုင်ငံပိုင်အဆောက်အဦကို မိမိဖာသာ ပြင် ဆောက်ေ၇တွင်းတွေ တူး လျပ်စစ်မီးတွေသွယ် ခြံတွေခတ်နဲ့ ၊ ဆင်းရဲ သနားတာတွေ နှင့် Principle ( စည်းမျဉ်းစည်းကမ်း တစ်ခြားစီပါ)
ဝန်ထမ်းနဲ့ မသက်ဆိုင်သူတွေ ကိုစည်းမျဉ်းစည်းကမ်းနှင့် ဖယ်ရှားပစ်သင့်ပါတယ်
ဝန်ထမ်းနဲ့ မသက်ဆိုင်သူတွေ ကိုစည်းမျဉ်းစည်းကမ်းနှင့် ဖယ်ရှားပစ်သင့်ပါတယ်
written by kalyar, October 05, 2011
ပြောင်းဖို့ ကြိုပြောထားကောင်း ထားပါလိမ့်မယ်။ ကြိုပြောရုံလောက်နဲ့ အိမ်ငှားဖို့ငွေ ပိုလျှံမလာနိုင်ပါဘူး။ ပြောင်းရွှေ့သူတွေကို ယာယီနေထိုင်ဖို့ နေရာကြိုတင် စီစဉ်ထားပေးသင့်ပါတယ်။ ဘာပဲလုပ်လုပ် အစအဆုံး ပြည်သူလူထု အဆင်ပြေပါ့မလား ဆိုတာကိုတော့ ထည့်သွင်းစဉ်းစား ထားသင့်ပါတယ်။ အစမကောင်းခဲ့လို့ အနှောင်းမသေချာတာကိုတော့ ဖြစ်သလိုနည်းနဲ့ ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ အသွေးနဲ့အသားနဲ့ အရှက်နဲ့ အသက်နဲ့ လူတွေပါ။
written by thiri, October 04, 2011
ဗိုလ်ချုပ်တွေ ၀န်ကြီးတွေ ယူထားတဲ. မြေကွက်တွေနေရာ တွေထဲမှာ အားလုံးသွားနေခိုင်း လိုက်ရင် ပြီးရောပေါ.
written by U Myint Aung, October 04, 2011
ှနှစ်ပေါင်းများစွာ ဖြစ်ကတတ်ဆန်းထားခဲ့ပြီးမှ ချက်ချင်းပဲ စည်းနဲ့  ကမ်းနဲ့  ထလုပ်တော့ ဖြစ်ကတတ်ဆန်း ထားခဲ့တဲ့သူတွေမှာရော ဖြစ်ကတတ်ဆန်း နေခဲ့ကြတဲ့ သူတွေမှာရော အပြစ်ရှိတာပဲ
written by kst, October 04, 2011
ကိုယ်ချင်းမစာစွာ ပြောတာမဟုတ်ပါ၊ တစ်ကယ်လဲ ရှင်းသင့်တဲ့ အခြေအနေပါ၊ ရာဇ၀တ်မှုမျိုးစုံရှိတယ် ၊လုပ်နေကြသူတွေက ၀န်းထမ်းအစစ် နည်းပါတယ် လူလည်ဝန်းထမ်း တစ်ချို့နဲ့ ပေါင်းပြီးလုပ်ကြတာ ၊၀န်းထမ်းဟောင်းတွေတော့ စဆုံး မဟုတ်တောင် သင့်တော်တဲ့ ထောက်ပံကြေးလေးတော့ ပေးစေချင်ပါတယ် ၊ဘယ်နေရာမှာ မဆို ရိုးသားသူက ဆင်းရဲနွမ်းပါးနေတဲ့ ခေတ်မလား။
written by FinanceCity, October 04, 2011
စိတ်မကောင်း စရာတွေ ဖြစ်ရပါတယ်ဗျာ....
Write comment
| < Prev | Next > |
|---|







