ထိုဖြစ်ရပ်အတွက် FIFA က မြန်မာဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့်အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေးယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။
အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
Set as favorite
Bookmark
Email this
Hits: 19212
Comments (11)

written by FinanceCity, October 06, 2011
နိုင်ငံ ကိုယ်စားပြုအသင်း ဆိုတော့လဲ..... နိုင်ငံရေး အမြင်လေးတွေကတော့ မသိမသာလေး ၀င်လာကြတာ ဓမ္မတာပါပဲလေ..... ပရိတ်သတ်က ဘောလုံးပွဲကို ကိုယ့်ခံစားချက် နိုင်ငံ ရေးအမြင်လေးတွေ တွဲပါလာတယ်ထင်ပါတယ်.....
written by moe z, October 05, 2011
ကိုယ်ညံ့လို့ ရှုံးတာဘဲ၊ မျိုးချစ်စိတ်ရှိတာတော့ ကောင်းပါတယ်။ သူများပြောစရာ ဖြစ်တာပေါ့။ ပြီးတာတွေပြီးပါစေတော့။ နောင်တစ်ခါ မဖြစ်ဘို့ အရေးကြီးတယ်နော်----
written by toetoe821, October 04, 2011
်ဘောလုံးကြိုက်တဲ့  ကျွန်တော်တို့ ရွှေမြန်မာတွေ အဖို့ အတွက်ကတော့  တော်တော်လေးကို ထိရောက်တဲ့ ဒဏ်ခတ်ခြင်းပါ ရှုံးနိမ့် ခြင်း ကိုဘယ်သူမှမယူလိုပါဘူး ဒါပေမယ့်  ခံနိုင်အောင်ကြိုးစားပြီးတော့  အားပေး ကြပါ နော်တစ်ခေတ်မှာ ရွှေမြန်မာတွေဟာ ထိပ်တန်းကိုရောက်လာတော့ မှာပါ
written by Mr Ball, October 04, 2011
ကောင်းတယ် လျှော်လိုက် အဲဒီကောင်တွေကန်လို့လဲ ဘာမှထူးတာမှမဟုတ်တာ ရာသက်ပန် မကန်ရရင်ပိုကောင်းသေးတယ်။
written by I MYANMAR, October 04, 2011
People should learn from this, throwing stones, shoes, water bottles is not the way to let world know who we/Myanmar are. I think it's wrong. Every young and energatic teens around the world can watch world cup on TV and now when we/myanmar had a chance to see it right infront of your own eyes (even just a qualifier game) but what you did was just telling the world how stupid we are. It's a SHAME to us.....
written by ko nyi, October 04, 2011
အဲဒီလို မိမဆုံး မ ဖမဆုံး မ ကောင်တွေကြောင့်လဲ....ဒို့မြန်မာတွေ လူ့အသိုင်းအဝိုင်းကြားမှာ မျက်နှာငယ်ရတာပေါ့... ....လူလိုမသိတဲ့ အဲလိုကောင်တွေရှိနေသမျှ ဒို့မြန်မာနိုင်ငံအတွက် ရင်လေးတယ်..........
written by ဧရာချစ်သူ, October 03, 2011
ကိုရွှေမြန်မာတွေများ..... လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ
written by Myanmar Pyithar, October 03, 2011
FIFA knows who is responsible and accordingly punish them.
U Zaw Zaw should know that to be reponsible MFA president is much more difficult than doing business and carrying Junta Generals' ball.
Next time, you want to get credit, better think not to discredit the country and people.
Everything is possible, when there is a will, there is a way.
Don't always think about money, and don't give out money to people (treat them as begger).
Try the way to alleviate people's standard (in all aspect such as education, health, and welfare).
This time, it's present great opprtunity for you to atone your past sins by doing all you can to alleviate people's standard. Remember, when you die, money you amessed will be spend by others but you will carry all the sins with you. And don't forget that death is only certainty.

written by annonymous, October 01, 2011
မြန်မာ လုပ်ရပ်က ရှက်ဖို့ ကောင်းပါတယ်.. ဦးဇော်ဇော် အတွက် ဒေါ်လာ သုံးသောင်း ဆိုတာ နည်းပါတယ်။
written by မင်းမင်း, October 01, 2011
ဒီငွေလော က်ကေ တာ့ဦးဇော်ဇော် အတွက်ဖြစ်ဖြစ် MFFအတွက်ဖြစ်ြ ဖစ်အ စိုးရ ကဘဲေ လျာ်လျော် ဘာမှ
မပြော ပလောက် ဘူးဘဲ ထားပါတော့။ ဒီကမ္ဘာ့ဖ လားနောက် တစ်ကြိမ်က မ္ဘာ့ဖလား(၂)ကြိမ် ၀င်ပြိုင်ခွင့်မ ရတဲ့ကိစ္စ ၊နောက်
မြန်မာလူ မျိုးဆို တာအ ရိုင်းအ စိုင်းကောင်တွေ၊ဘော လုံးရှုံးရင် အုတ်နီခဲ၊ရေ သန်.ဘူး၊ဖိ နပ်တွေ၊သံ ချွန်တွေနဲ.ကွင်းထဲကို
ပစ်ပေါက်တတ် သူတွေအဖြစ် ကမ္ဘာ့ဘော လုံးသမိုင်းမှာ မှတ်ကျောက် တင်ခံရတာပေါ့။ အစိုးရ မကောင်းတာ မပြောနဲ.နော်၊
အဲဒီ လူတွေ ကိုယ်တိုင် နိုင်ငံသား တစ်ဦးချင်းစီ တာဝန်ယူ ထိန်းသိ မ်းသင့်တဲ့ နိုင်ငံဂုဏ် သိက္ခာကို မထိန်းတာ။
အစိုးရကို မကျေနပ်ရင် အစိုးရကို လုပ်လေ၊ ပါတီထော င်ပြိုင်။NLD၀င်၊ နယ်စပ်လာ၊ သူပုန်(လွ တ်မြောက်ေ ရးသမား)တွေ
ရှိတယ်လေ။ တစ်ခုခု လုပ်ပေါ့။ စ ကတည်း ကိုယ့်နိုင်ငံေ ဘာလုံး အသင်းက ဂူအမ်လို အသ င်းကိုဘဲ နိုင်တတ်တာ မသိဘူးလား။ MNL မှာဂိုးသွ င်းနေတာလည်ြး ပ ည်ပ ကစားတွေချ ည်းဘဲလေ ။လူရမ်းကားတစ် သိုက်ကြောင့် နိုင်ငံ ဂုဏ်သိက္ခာကျရတယ်။အစိုးရ ကိုမကြိုက် တာနဲ.နိုင် ငံကို ချစ်တာမကွဲလေသ မျှတော့မြန်မာတွေ ခံရဦး မှာဘဲ။ ကျနော်တို.လူမျိုး အချို.အချို.တွေ နိုင်ငံသားကောင်း စိတ်ဓာတ်ေ မွးနိုင်ကြပါစေ။

Write comment
| < Prev | Next > |
|---|