ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်

E-mail Print
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ - ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့် အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အလောင်းကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတယ်။ အသေးစိတ်အချက်အလက် တွေကို ပြောလို့မရပါဘူး။ တရားရုံးမှာ တင်ပြမယ်။ ဒီလူသတ်မှုကို အထက်က လူကြီးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားပါတယ်။ လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် မုဒိမ်းမှုမြောက်၊ မမြောက် ဆက်ပြီးစစ်နေပါတယ်။ စစ်ဆေးချက်အရ မုဒိမ်းမှု ပါနိုင်ပါတယ်။ ရက်ပိုင်းအတွင်း တရားရုံးတင်နိုင်မယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတဦးက ပြောသည်။

ဂျပန်နိုင်ငံသူ အသတ်ခံရမှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မှုခင်းဖော်ထုတ်ရေး အဖွဲ့များ အားဖြည့်ကာ စုံစမ်းစစ်ဆေးမှုများ တပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အသတ်ခံရသူ Ms.Shiramatsu သည် စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မှ ညောင်ဦးသို့ အဲပုဂံလေကြောင်းလိုင်းနှင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့နယ် ရွှေအိုးကြီးဟိုတယ်တွင် တည်းခိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ ခရီးသည်တင်ကားဖြင့် သွားရောက်ခဲ့သည်။

၎င်းသည် နေ့လယ် ၁ နာရီကျော်ခန့်တွင် ကိုမင်းသိုက်၏ ဆိုင်ကယ်ကို ငှားရမ်း၍ ညောင်ဦးသို့ ပြန်လာခဲ့ကြောင်း၊ ကားလမ်း ဘေးရှိ ရှုခင်းများကို ခရီးသည် အမျိုးသမီးက ဓာတ်ပုံ ဆင်းရိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ဆိုင်ကယ်ကယ်ရီ မောင်းသူ ကိုမင်းသိုက်က ခရီးသည်အမျိုးသမီးကို ကျောက်ပန်းတောင်း - ညောင်ဦးလမ်း တနေရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံအချို့က မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော ခရီးသည်အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း လမ်းခုလတ်တွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းက အမှုဖြစ်စဉ်တချို့ကို ရှင်းပြသည်။

ပုဂံ-ညောင်ဦး- ကျောက်ပန်းတောင်းမြို့များတွင် ဂျပန်နိုင်ငံသူ အသတ်ခံရမှုသတင်းက ပျံ့နှံ့နေပြီး ဒေသခံများက သေဆုံးသွားသော ဂျပန်အမျိုးသမီးအတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။

“ဒီဖြစ်ရပ်က ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ တယောက်တည်း လာလည်တဲ့ အမျိုးသမီး အသတ်ခံရလို့ နောက်ခရီးသည်တွေ လာရဲပါတော့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံ လာလည်တဲ့ဧည့်သည်ကို အိမ်ရှင်တွေက စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဘယ်လိုကြောင့်ပဲ သေသေ၊
ကိုယ့်ပိုင်နက်ထဲမှာ သေတာ ကိုယ့်မှာ လုံးဝ တာဝန် မကင်းဘူး။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်” ဟု ပုဂံ ဟိုတယ်တခုမှ အမည်မဖော်လိုသော မန်နေဂျာတဦးက သုံးသပ်သည်။

Ms.Shiramatsu Chiharu သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ သုံးလဗီဇာဖြင့် လာရောက်လည်ပတ်သူ ဖြစ်သည်။
Comments (21)Add Comment
0
bad news
written by moe, October 05, 2011
stupid guy,.အဲဒီလိုကောင် မျိုးကို ကောင်း ကောင်းစီ၇င်ပေးပါရန်၊ လူမျိုးမျက်နှာ အိုးမဲသုတ်တယ်။ ထောင် ချ ခဲ့ ရင် လဲ ပြန်လွတ်လာရင် ဒီလို မျိုး ထပ်ကျူးလွန်အုန်း မှာဘဲ. တ၇ားသူကြီးများ မှန်မှန်ကန်ကန် ဆုံးဖြတ် ကြပါ.
အိမ်နီးချင်းနိုင် ငံများ လည်းသိကုန် ပြီ.အ ကောင်းဆုံး တူ တဲ့ပြစ်ဒဏ်ပြန် ပေး ရန်အမိန့် ချသင့်ပါတယ်။

0
death sentence
written by april, October 04, 2011
Death sentence must be punished , after confess at court for guilty must be practiced death sentence
protect ,, touristsim industry
0
...
written by thandar, October 04, 2011
ထင်ရှားတဲ့ပုဂံဒေသကို နာမည်ပျက်အောင် မြန်မာကို နာမည်ပျက်အောင် လုပ်တဲ့လူကို ထိထိေ၇ာက်ေ၇ာက် အေ၇းယူသင့်တယ် မြန်မြန်သာစီ၇င်ချက်ချပါ
0
ငမိုက်သား
written by burmar gyi, October 04, 2011
ဘာသာရေးကို မေ့ထား၊လူမူ့ ရေးကို မသိ၊မျိုး ဂုဏ်ကိုဖျက်တဲ့ အဲဒီငမိုက်သားကို ကြီးလေးတဲ့ အပြစ်ဒဏ် မပေးဘူးဆိုရင်တောင် သေစားသေဒဏ် ပေးပါဗျို့ ၊ သူ့ စိတ်အလို့ ကြောင့် နိုင်ငံနဲ့ လူမျိုး၊ ဘာသာအဖတ်ဆယ် မရဘူး၊ နေရာတကာမှာ ပြောနေကြပြီ၊ မြင့်မြတ်တဲ့မြေမှာ မွှေးပေမဲ့သူနဲ့ မထိုက်တဲ့ အပြင် နှောင်လာနှောင်သား တွေကို ဥပမာပေးစေလိုပါတယ် ခင်ဗျား..... ထောက်ခံသူရှိရှိရင် ဆက်ရေး၊ဆက်ဖေါ်ပြ ပေးကြပါဦး.....
0
true
written by pn wara, October 04, 2011
မန်မာပြည်မှာ နိုင်ငံရေးသာ မလုပ်နဲ့.. .မုဒိန်းမှု... လူလူချင်း သေလောက်အောင် ရိုက်ပုတ် နှိပ်စက်မှုတို့က
ထောင်ဒဏ် ၉ လကနေ ၃ နှစ်လောက်ဘဲ ချမှာ. ..တရားသူကြီးနဲ့ ရဲကို အလိုက်ေ ကာင်းယင်...ဂျပန်မက
အကြံနဲ့ ဆိုင်ကယ် သမားကို မြူဆွယ်တယ် ဆိုပီး ကွင်းလုံးကျွတ် လွတ်အုံးမယ်။။
ထောင်ကျယင်လဲ မပူနဲ့ နိုင်ငံရေး သမားတွေကို အကုန်လုံး နယ်ဝေးထောင် ပို့ထားလို့... .မြို့ပေါ်ထောင်တွေ
ပိုနေတယ်... .အပေး အကျွေးေ ကာင်းယင် ထောင်မှူးနဲ့ ပြေလည်ယင်....အနားက ထောင်မှာ အေးအေးဆေး
ဆေး အပမ်းဖြေလို့ ရတယ်။ ကုသိုလ်ကောင်းယင် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ရာဇ၀တ်သား လွှတ်တဲ့အထဲ ပါအုံး
မယ်။။။။။ တကယ့်ပြည်သူ အကျိုးပြု ထင်ပေါ်သူ ဆိုယင် ထောင်ထဲ ၆၅ နှစ်လောက် ထည့်ထားမယ်။။။ မပူလေပါနဲ့။။တဲ့ဗျ- လူရွှင်တော် သံကြပ်ထိုးသလို ထောက်ခံတဲ့ အနေနဲ့ သံကြပ်ထိုးလိုက်ချင်တယ်- ဟုတ်လိုက်လေ-ဟုတ်လိုက်လေ့-လေ-လေး- မှန်လိုက်လေ-မှန်လိုက်လေ့-လေး-
0
ဂျပန်မလေးအသတ်ခံရမှ
written by kohtun, October 03, 2011
ဒါကတော့ တော်တော်ကြီးကို မိုက်ရိုင်းပါတယ်။
တသက်တကျွန်းသာ အမိန့် ချသင့်ပါတယ်။
0
bad news
written by ko yin, October 03, 2011
stupid guy,
the guy dont have any brain.
0
မြန်မာ အစ ပုဂံက
written by Ma Yu, October 03, 2011
နိုင်ငံတစ်ကြာ ဖစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြရရင် ဒီပြသနာ မျိုးတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးတာ တွေ့ရပါတယ်.
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ ဒေသတွေမှာ ပိုဖြစ်များတာ ကို သတင်းတွေမှာ မြင်တွေ့ခဲ့ဖူးပါတယ်. ဥရောပ နဲ့ တောင်အမေရိက နိုင်ငံတွေမှာလဲ ဖြစ်ပွါးခဲ့ဖူးပါတယ်. ( ထိုင်း nation on line သတင်းမှာ back date နဲ့ ပြန်ရှာနိုင်ပါတယ် ). ရာနှူံန်းပြည့်နီးပါး လူ့ အခွင့်ရေး လွတ်လပ်တဲ့ နိုင်ငံတွေရဲ့  ယဉ်ကျေးမှူ နဲ့ လူနေမှူ စနစ်ဟာ
ပွင့်လင်းတဲ့ အပြောအဆို အပြုအမူ အနေအထိုင်ကြားမှာ ကာလကြာရှည်စွာ ကျင့်သားရနေခဲ့ပါပြီ.
ကာမစိတ် ဖြစ်ပေါ်စေတဲ့ အပြုအမူ တွေ နဲ့ ဆက်ဆံပြောဆို တာဟာ သူတို့တစ်တွေ အတွက်တော့
လူ့အသိုင်းအ၀ိုင်း ရဲ့  ဆက်ဆံရေး သဘောလောက်သာ အနေနဲ့ အကျယ်တ၀င့် မရှိကြပါဘူး. သွားလာနေထိုင်မှူ
အပိုင်းမှာလဲ အချိန်မရွေး နေရာမရွေး တစ်ယောက်တည်း ကိုယ့်အကြောင်းကိစ္စ အလိုရှိသလို သွားလာ တတ်ကြပါတယ် . အထူးသဖြင့် ပင်လယ်ကမ်းခြေ ဒေသတွေမျာဆိုရင် ရေကူးဝတ်စုံ နဲ့ တစ်နေကုန် စားသောက်
သွားလာ နေထိုင် တတ်ကြပါတယ်.
ဒါတွေကို ကျမ တို့ ဗမာ လူမျိုးတွေရဲ့  ဘာသာရေးနဲ့ ယဉ်ကျေးမှူ ရှူထောင့်ကကြည့်မယ် ဆိုရင် လုံးဝဆန့်ကျင်
ဖက်ပါ. ဒေသဆိုင်ရာ လုံခြုံရေး ဆိုတာ ပြီးပြည့်စုံ ငြိမ်းချမ်းတယ်လို့ မရှိပါဘူး. ဒေသခံ ပြည်သူတွေရဲ့  ဖြူစင်တဲ့ ကူညီ
မှူ.နွေးထွေးစွာ ကြိုဆိုဆက်မှူ. စတဲ့ စေတနာမှန်တဲ့ ဆက်ဆံရေးက သာလျင် ခရီးသွားတွေရဲ့  ဆန္ဒကို ဖြည့်ဆည်းနိုင်
တာပါ.
လူ့ယဉ်ကျေးမှူ အပိုင်းမှာဆိုရင် ကျမတို့ မြန်မာနိုင်ငံဟာ အစဉ်အလာ ကြီးမားခဲ့တဲ့ သမိုင်းသက်သေနဲ့ ကမ္ဘာပေါ်မှာ ဗုဒ္စဘာသာမြန်မာ့ ယဉ်ကျေးမှူ ဆိုပြီး အတုယူစရာ စံချိုန်တင် ရပ်တည်လာခဲ့ ကြတာ နှစ်ရာချီ ကြာခဲ့ပါပြီ. လွန်စွာမှ ယဉ်ကျေးအ လိုက် သိတတ်တဲ့ ဒီယဉ်ကျေးမှူ ဆိုတာဟျာအဲဒီ ပုဂံ နဲ့ တကောင်း က စခဲ့တာပါ.
အခု ဒီ သမိုင်းကို အထင်မှားစရြာ ဖစ်အောင် စ ပြနေတာလား ကိုပုဂံသားတို့ရယ် .

0
...
written by soesoe, October 02, 2011
ဘာတွြေ့ ဖစ်ကုန်တာလဲ
ဒီခေတ်
0
...
written by Hawk, October 02, 2011
တားဆီးဖို့ လိုနေပါပြီ၊ တစ်ချို့ ဟိုတယ်တွေဆို ကင်မရာတွေ (မသက်ဆိုင်တဲ့) တပ်ထားတာတွေေ တာင်ရှိတယ်။ ဒီလို မျိုးဖြ စ်ရပ်တွေ ရှိတာ ကျွန်တော်တို့ နိုင်ငံအတွက် တစ်ကယ်ကို ဂုဏ်သိကာ ထိခိုက်ပါတယ်
0
if that so....,
written by kyaw 1969, October 02, 2011
So How about the Mr kanji nagaei killed..?
0
အိမ်ရှင်
written by မြန်မာ, October 01, 2011
မြန်မာတွေဟာ လူယဉ်ကျေးေ တွပါ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အ ပုပ် မခံရအောင် ပြသဖို့ လိုတယ်။
0
hi
written by lwan, October 01, 2011
ဂျပန်မလေး အတွက် ဆို့နစ် ကြေကွဲခဲ့ ရတယ်ဗျား။
ဒီကောင့်ကို ငါကိုယ်တိုင် သတ်ချင်တယ် ။
0
မိုက်ရိုင်း ထွားကြိုင်းတဲ့လူ
written by nay linn, October 01, 2011
နဂိုကမှ ကိုယ့်နို င်ငံကို မကောင်းပြော ချင်တဲ့လူ များနေတာ
နောက် သူများ တကာ မလာချင်ပဲနေမယ်
0
...
written by raxazh, October 01, 2011

စားချင်ရင်လည်; ၀ယ်စား ရရဲ့သားနဲ့
0
မပြုမူသင်.သော အ၇ာများ
written byူလင်းလင်း, October 01, 2011
မြန်မာ ဆိုတာ ဒီလိုပဲ ၇ှိနေတာလားလို. တိုင်းတပါးက ထင်ခဲ.မယ် ဆို၇င်
ဒါ ကနိုင်ငံေ၇းနဲ .ဆိုင်လာပါပြီ အမျိုးသားေ၇းပေါ. မပြောပဲ သိနေ၇မယ်. စောင်.ထိ မ်းနေ၇မယ်. တာဝန်ပါ
ဒီလူက ဒီလော က်လေးတောင် မတွေးတက် တာကတော .အသိဥာဏ် တိုးတက်မူ.မ၇ှိသလား ပညာ မတက်လို.လား
ဒီကိတ်စက သေးသေးလေး မဟုတ်ပါဘူး
မြန်မာ အိုမန်ပွဲနေ. ပ၇ိတ်သတ်ေ တွလို ကိုဖြစ် ချင်တာတခုပဲ သိတယ် နောက်မှာနို င်ငံသိက်ခါ ဘယ်လော က်ကျလဲ
စဉ်းစားေ စချင်တယ် မလုပ်ခင်ကပေါ. ကို လုပ်လို.ကိုခံ ဆိုလုပ်ကျပါ ဘာမဟုတ် တာလေးနဲ.တော. နိုင်ငံ သိက်ခါ မခံပါ၇စေနဲ.
0
မှန်တာလုပ်၊ ဟုတ်တာပြော
written by 17,0, October 01, 2011
အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံ အချို့က မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော ခရီးသည် အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း လမ်းခုလတ် တွင်ပင် သေဆုံးခဲ့ကြောင်း ကျော က်ပန်းတောင်း ရဲစခန်းက အမှုဖြစ်စဉ် တချို့ကို ရှင်းပြသည်။"

အထက်ပါ ဖေါ် ပြချက်သည် အဖြစ်အ ပျက်မှန်လား ၊ အမှုေ လျာ့အောင် လုပ်ဆောင်ခြင်းလား သိချင်ပါသည်။
0
...
written by ဧရာဝတီချစ်သူ, October 01, 2011
ကွယ်လွန်သူ အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်းေ ကြကွဲ မိပါသည်။ ထိုဖြစ် စဉ်ကြို ကည့်လျှင် ကျွန်တော်တို့ တိုင်းပြည်၏ စာရိတ္တ ရေးတွင် မည်၍ မည်မျှ ယိမ်း ယိုင်နေသည်ကို တွေ့မြင်နိုင် မည်ဖြစ်ပါသည်။
0
...
written by koko, September 30, 2011
မြန်မာပြည်မှာ နိုင်ငံရေးသာ မလုပ်နဲ့.. .မုဒိန်းမှု... လူလူချင်း သေလောက်အောင် ရိုက်ပုတ် နှိပ်စက်မှုတို့က
ထောင်ဒဏ် ၉ လကနေ ၃ နှစ်လောက်ဘဲ ချမှာ. ..တရားသူကြီးနဲ့ ရဲကို အလိုက်ေ ကာင်းယင်...ဂျပန်မက
အကြံနဲ့ ဆိုင်ကယ် သမားကို မြူဆွယ်တယ် ဆိုပီး ကွင်းလုံးကျွတ် လွတ်အုံးမယ်။။
ထောင်ကျယင်လဲ မပူနဲ့ နိုင်ငံရေး သမားတွေကို အကုန်လုံး နယ်ဝေးထောင် ပို့ထားလို့... .မြို့ပေါ်ထောင်တွေ
ပိုနေတယ်... .အပေး အကျွေးေ ကာင်းယင် ထောင်မှူးနဲ့ ပြေလည်ယင်....အနားက ထောင်မှာ အေးအေးဆေး
ဆေး အပမ်းဖြေလို့ ရတယ်။ ကုသိုလ်ကောင်းယင် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ရာဇ၀တ်သား လွှတ်တဲ့အထဲ ပါအုံး
မယ်။။။။။ တကယ့်ပြည်သူ အကျိုးပြု ထင်ပေါ်သူ ဆိုယင် ထောင်ထဲ ၆၅ နှစ်လောက် ထည့်ထားမယ်။။။ မပူလေပါနဲ့။။။
0
...
written by kst, September 30, 2011
ဟုတ်တယ်က မ်ဘာက သိအောင်ကို စီ၇င်ရမယ်၊ လူမျိုးမျက်နှာ အိုးမဲသုတ်တယ်။
0
rape and killed japan woman
written by ye htut, September 30, 2011
Dont u have mother and sisters KO MIN THEIK,.dont be shame for your mother land?

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်