SSA-S တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ သတင်းပေးမှုများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဇန်မြို့နယ်မှ ၄၀ ကီလိုမီတာခန့် အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံတွင် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၇ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSA-S မှ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။စိုင်းဆိုင်မိဏ်းက ဆက်လက်၍ “သူတို့ချက်မယ့် ဘိန်းအစိမ်း ပိဿာပေါင်း ၁၀၀ ကို ကျနော်တို့ ဖမ်းဆီးရမိပါတယ်။ ဘိန်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အရည် ၅ ပုံးကိုလည်း သိမ်းဆည်းရမိပါတယ်။ ပြီးတော့ သူတို့ရဲ့ လက်နက် တချို့ကိုလည်း သိမ်းဆည်းရမိပါတယ်” ဟု ပြောသည်။
တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု မသိရသေးကြောင်း၊ ယင်း စက်ရုံအတွက် လုံခြုံရေးယူပေးနေသော ပအိုဝ်းတပ်ဖွဲ့ဝင် ခန့်မှန်ခြေ အင်အား ၅၀ ခန့်ရှိပြီး SSA-S ဘက်မှ တပ်ဖွဲ့ စစ်ကြောင်းတကြောင်းစာ ရှိကြောင်း၊ SSA-S ဘက်မှ ကျဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။
တောင်ကြီးမြို့တွင်ရှိသော PNO ရုံးကို ဧရာဝတီက ဆက်သွယ်၍ မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုသူ ခွန်အောင်စိုးက အခြေအနေများကို ဘာမျှ မသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။
ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည်။
အပစ်အခတ်ရပ်စဲပြီးနောက် PNO သည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကို ထိန်းချုပ်ထားသည်။ စစ်အစိုးရက PNO ကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNO သည် ပတ္တမြားနဂါး ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။
ဦးနေ၀င်းထွန်းသည် PNO ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပြီး ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
PNO ပိုင် ကုမ္ပဏီသည် ရှမ်းပြည်နယ်ရှိ မိုင်းရှုး၊ ကချင်ပြည်နယ်ရှိ ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်းရှိ ကောလင်း၊ မန္တလေးတိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက်ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လွှဲပြောင်းလှူဒါန်းခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 9032
Comments (2)

written by An observer, March 04, 2011
How can I know if this information you report is true? How can you trust what the so called SSA spokesperson say? The most likely is, this is just a political propaganda of SSA, as they always did attacking on the Pa-Oh people politically and physically. They try to discredit the Pa-Oh people internationally, and attempt to project the Pa-Oh as drug producing group, which is not true, because the Pa-Oh has proper, solid and strong business, such mining, agriculture, tourism, transportation, factories and so on. They do not need to depend on drug. The SSA do not have any proper business. I wonder and am so curious how they can feed their soldiers and support the approximate 10,000 of their troops, which they, themselves always claim the biggest non-cease fire rebel army. Where do they get all the money? They are the group that most likely to deal with drug, smuggle "Yaba" to neighboring countries.
Write comment
| < Prev | Next > |
|---|







