ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ

E-mail Print
မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်ပြီး စစ်တပ်အတွင်း တာဝန်ထမ်းဆောင် နေစဉ်တွင်လည်း နိုင့်ထက်စီးနင်း ပြုကျင့်ခံရမှုများ ရှိကြောင်း ကလေးစစ်သားဟောင်း တဦးက ပြောသည်။

A-child-soldier-wearing-a-Burmese-army-uniformကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ကူညီမှုကြောင့် မကြာမီက တပ်ထွက်လက်မှတ် ရရှိခဲ့သည့် မောင်မင်းဆွေဦးက “ကျနော် တပ်ထဲမှာ ရှိတုန်းက ဗိုလ်ကြီး ဇင်မင်းထွန်းကပဲ ကျနော့်ကို အသုံးစရိတ်ဆိုပြီး တပတ်ကို ကျပ် ၂၀၀၀ ပေးတယ်။ ကျနော်ရတာ အဲဒါလေးပဲ။ ကျနော့်လစာ ဘယ်လောက်နှုန်းရမှန်းလည်း ကျနော် မသိဘူး။ ထောက်ပံ့ကြေး ဘယ်လောက်ရမှန်းလဲ မသိခဲ့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသက် ၁၄ နှစ်အရွယ်ရှိ ၈ တန်းကျောင်းသား မောင်မင်းဆွေဦးသည် တောင်ငူမြို့ အင်းဝဘဏ်ရှေ့ရှိ ကြက်တောင်ကွင်းတွင် ကြက်တောင်ရိုက် ကစားနေရာမှ အမည်မသိ တပ်ကြပ်ကြီးတဦး၏ စည်းရုံးမှုကို ခံခဲ့ရပြီး တပ်ကြပ်ကြီး မျိုးသန့်လက်သို့ ထပ်မံလွှဲပြောင်း ခံခဲ့ရသည်။

မောင်မင်းဆွေဦး၏ လစာကို အထက်အရာရှိက ထုတ်ယူခဲ့ပြီး တပ်မှထွက်ခွာချိန်တွင်လည်း မောင်မင်းဆွေဦး ပိုင်ဆိုင်သည့် ကိုယ်ပိုင်သေတ္တာနှင့် ပစ္စည်းများကို တပ်ရင်းမှူး ဗိုလ်မှူး မိုးလွင်က ပြန်လည်ယူဆောင်ခွင့် မပြုခဲ့ကြောင်း သိရသည်။

မောင်မင်းဆွေဦး၏မိခင် ဒေါ်ခင်ဆွေဦးက “ကျမတို့ကို တပ်ထွက်လက်မှတ်သွားယူလိုက်ပါ၊ အထက်က ချပေးထားပြီဆိုပြီး အရာခံဗိုလ် ဆန်းဝင်းက အိမ်ကိုလာပြီး အကြောင်းကြားလို့ သွားယူတယ်။ တပ်ရင်းမှူးက တပ်ထွက်လက်မှတ်ကို တော်တော်နဲ့ ထုတ်မပေးဘဲ ကျမတို့ကို မော်တော်ယာဉ်ထားတဲ့ အခန်းထဲမှာ ထည့်ထားတယ်။ အဲဒီအထဲမှာပဲ ကြောက်ကြောက်လန့်လန့် ၁၄ ရက်လောက်နေခဲ့ရပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ကျမှ တပ်ထွက်လက်မှတ်ရတယ်။ ကလေးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း ပြန်ထုတ်မပေးဘူး။ ဒါတွေက မင်းနဲ့မဆိုင်တော့ဘူး၊ ကျန်တဲ့ရဲဘော်တွေကိုပဲ ခွဲဝေပေးရမယ်လို့ ပြောလိုက်တယ်” ဟု ပြောသည်။

မောင်မင်းဆွေဦးက “တပ်ကြပ်ကြီး မျိုးသန့်က ကျနော့်ကို ကျောက်ဆည်မြို့က လေကြောင်းရန် ကာကွယ်ရေးအလုပ်ရုံတပ်ရင်း လကရ (၇) ကို ခေါ်သွားတယ်။ ကျနော်က စစ်သားမလုပ်ချင်ဘူးလို့ပြောတော့ အဲဒီ လကရ (၇) က ဒု အရာခံဗိုလ်က ကျနော့်ကို ပြန်ပို့မလိုလိုနဲ့ မန္တလေးမြို့က စစ်သားစုဆောင်းရေးကို ခေါ်သွားတယ်။ မန္တလေး စစ်သားစုဆောင်းရေးက အသက်ငယ်လို့ လက်မခံတော့ ရွှေဘို စစ်သားစုဆောင်းရေးကို ထပ်ခေါ်သွားပြီး ကျနော့်ကိုရောင်းတယ်” ဟု ရှင်းပြသည်။

ရွှေဘို စစ်သားစုဆောင်းရေးတပ်မှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ လေ့ကျင့်ရေးတပ် အမှတ် (၄) တွင် အခြေခံစစ်ပညာ သင်ကြားခဲ့ရကာ လကရ (၇) တွင် ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ရပြီး တနှစ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ ILO ရုံး၏ ဆောင်ရွက်ပေးမှုကြောင့် တပ်မှ ထွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

“တပ်ထဲမှာ နေတုန်းက နေ့တိုင်း အမှိုက်လှည်း၊ သစ်ပင်ရှင်း၊ အလုပ်ကြမ်းတွေ လုပ်ရတယ်။ အထက်က အရာရှိတွေ မကျေနပ်ရင် အရိုက်အနှက်လည်း ခံရတယ်။ ကျနော် တပ်ထွက်လက်မှတ်သွားယူတော့ အရာရှိရိပ်သာမှာ ကျနော့်လို ကလေး ၃ ယောက် ထပ်ရောက်နေတယ်လို့ တပ်သားတယောက်က ကျနော့်ကို ပြောလိုက်သေးတယ်” ဟု မောင်မင်းဆွေဦးက ပြောသည်။

အတိုက်အခံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်နေသည့်တိုင် မြန်မာနိုင်ငံတွင် ကလေးစစ်သားအဖြစ် စုဆောင်းမှုများ ရှိနေဆဲဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းအတွင်းတွင်ပင် တိုင်ကြားချက် ၂၂ ခုကို လက်ခံရရှိထားကြောင်း ရန်ကုန်မြို့ရှိ ILO ရုံးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးတာဝန်ခံ မစ္စတာ စတိဗ် မာရှယ် (Steve Marshall) က “ကလေးစစ်သား ထပ်မံစုဆောင်းမှုတွေ ဘာ့ကြောင့် မရပ်သေးလဲဆိုတာကို ကျနော်လည်း မသိပါဘူး။ ပြောနိုင်တာတခုကတော့ အစိုးရက ဒီပြဿနာကို ကိုင်တွယ်ဖို့ စစ်တပ်အထက်အရာရှိတွေပါဝင်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းထားပါတယ်။ အရာရှိတွေအားလုံးကိုလည်း အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်မှာ စုဆောင်းမထားရေးနဲ့ပတ်သက်ပြီး တရားဥပဒေအရ လိုက်နာဆောင်ရွက်ဖို့အတွက် သတိပေးချက်တွေလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပြဿနာက ဒီထုတ်ပြန်ချက်ဟာ ရည်ရွယ်ချက်တရပ်ကြောင့် ပေါ်ထွက်လာခဲ့သလိုပဲ ဖြစ်နေပြီး ဘာကြောင့် ကလေးစစ်သားတွေကို ဆက်လက်စုဆောင်း နေရလဲဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်” ဟု ပြောသည်။

ကလေးစစ်သား အဓမ္မစုဆောင်းခံရမှုများကို ILO ရုံးနှင့် လက်တွဲဆောက်ရွက်ပေးနေသည့် ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ကလေးစစ်သား စုဆောင်းမှုများသည် တပ်အရာရှိများကိုယ်တိုင် ပါဝင်နေသည့် လူကုန်ကူးမှုတရပ်သဖွယ် ဖြစ်နေခြင်းကြောင့် မပပျောက်နိုင်ခြင်း ဖြစ်နေရသည်ဟု ပြောသည်။

နအဖစစ်အစိုးရက အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သား အဓမ္မစုဆောင်းခံရမှုကြောင့် ILO ရုံးသို့ တိုင်ကြားမှုများမှာ တနှစ်ထက်တနှစ် မြင့်တက်နေဆဲဖြစ်သည်။

ရန်ကုန်မြို့ရှိ ILO ရုံးမှ ကလေးစစ်သားအမှု စတင်ကိုယ်တွယ်ခွင့်ရခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တိုင်ကြားမှု ၁၃ မှု၊ ၂၀၀၈ ခုနှစ်တွင် ၃၁ မှု၊ ၂၀၀၉ ခုနှစ်တွင် ၈၁ မှုနှင့် ၂၀၁၀ ခုနှစ်တွင် ၂၁၀ မှု ရှိလာသည်အထိ တိုင်ကြားမှုများသည် တိုးမြင့်လာခဲ့ကြောင်း သိရသည်။
Comments (4)Add Comment
0
ဒါမျိုးတွေက ရိုးနေပြီ
written by ရွှေဘိုထွန်းကို, July 09, 2011
ရွှေဘိုေ လ့ကျင့်ေ ရး(ဂ)ထဲမှာ ကလေးစစ်သား ဆိုတာ မမြင်ချင်အ ဆုံးပဲ၊ကြ ရင်းကြ ည့်ရင်းနဲ့ ရင်ထဲမေ ကာင်းလွန်းလို့
အန်ချင် သလိုတောင် ဖြစ်လာတယ်
0
ခင်ဗျားမို့လို့ အရှက် မရှိ
written by ဖထီးပေါ့လေ.., March 11, 2011
တပ်မဟာ ၅ က က၇င် ကလေးင ယ်တွေကို သွားေ မးပါလား.. ။ ဘာလို့ စစ်သား လာ လုပ်တာလဲလို့..။
ငါ့ အဖေကို သတ်လို့ ရွာက ထွက်ပြေးပြီး ကော်သူးေ လထဲ ၀င်တာလို့ြေ ဖလိမ့်မယ်..။
0
...
written by ဖထီး, March 05, 2011
အစိုးရတပ်မှ မဟုတ်ပါဘူးဝေ့ ငါတို့ကေအ င်ယူလည်း ကလေးတွေကို သူတို့ထဲဝ င်ခိုင်း လွန်းလို့ ငါ့သား ကိုတောင် ဆယ်တ န်းကျချင်သ လောက်ကျ ကျောင်း မထွက်ပဲ ဖြေခိုင်းတားရတယ် နင်တို့တွေ ဒါကိုလည်းပြောပါဦးဝေ့ ဘယ်သူမှ မကောင်းေ တာ့ ငါတို့တွေ နေလို့ မကောင်း ဘူးဝေ့
0
လူမဆန်ခြင်း
written by ဧရာဝတီသား, March 04, 2011
ဒီလောက် လူ မဆန်တဲ့ လုပ်ရ ပ်တွေကို ခုထိ မရပ်နိုင်ကြေ သးဘူး
မြန်မြန် ဆန့်  ကျင်တော် လှန်ကြပါတော့

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်