စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ထားရှိရန် NLD တိုက်တွန်းမည်

E-mail Print
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်အစိုးရအပေါ် ပိတ်ဆို့အရေး ယူမှုများကို ဆက်လက် ထားရှိရန် အမေရိကန် အပါအဝင် အနောက် နိုင်ငံများကို တိုက်တွန်းသည့် ကြေညာချက်တစောင် မနက်ဖြန် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရအပါအဝင် ၎င်းတို့နှင့်နီးစပ်သူများကို ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုသည် NLD ၏ စာရင်းပြုစု မှတ်တမ်းတင်ထားချက်များအရ ၎င်းတို့ကိုသာ ထိခိုက်စေပြီး မြန်မာလူထုအပေါ် အကျိုးသက်ရောက်မှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီဝင်တဦးက အနောက်နိုင်ငံများမှ ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ၎င်းတို့ ပစ်မှတ်ထားသည့် စစ်အစိုးရ အပါအဝင် ၎င်းတို့နှင့် နီးစပ်သူများကိုသာ အတိအကျ ထိခိုက်စေလိုကြောင်း ပြောသည်။

၎င်းက “စစ်အစိုးရကို အထိနာစေတဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးတွေကို အနောက်နိုင်ငံတွေက ဆက်လက် ထိန်းသိမ်းထားသင့်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကို အထိနာစေတဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးကိုတော့ ရုတ်သိမ်းသင့်တယ်” ဟု ဆိုသည်။

မြန်မာ့အရေးလေ့လာသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများအကြားတွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် စကားနိုင်လုနေကြဆဲဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံရေးသမားအများစုကမူ စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံတွင် စွမ်းအင် အခန်းကဏ္ဍများ၌ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမိုနီးစပ်သွားစေသည်ဟု သုံးသပ်ကြသည်။

စစ်အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နှစ်စဉ် ဧပြီလတွင် သက်တမ်းတိုးသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် စစ်အစိုးရနှင့် အပေါင်းအပါများအား ဥရောပနိုင်ငံများသို့ ဝင်ခွင့် ပိတ်ပင်ခြင်း၊ ဥရောပနိုင်ငံများတွင် အခြေချနေထိုင်သည့် စစ်အစိုးရ၏ မိသားစုဝင်များ၊ နီးစပ်သူများကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် ကလည်း စစ်အစိုးရ အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အချိန်စောသေးသည်ဟုလည်းကောင်း၊ စစ်အစိုးရအနေဖြင့် NLD ပါတီကို တရားဝင်ပါတီအဖြစ် အသိမှတ်ပြုရန် အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးသွားမည် ဟုလည်းကောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။
Comments (10)Add Comment
0
Most of above are joke comments
written by S win, February 10, 2011
Myanmar people?all are eye and ear blocked in country.who can promise if sanction were removed people can get chance to improve?want blow out of laugh.brainless
0
ေနာက္ဆံုးေ တာ့လဲ လူထုေ တြဘဲ ထိမွာဘဲ
written by ?????????, February 09, 2011
စစ်အ စိုးရကို စီးပွားပိတ်စို့မှုတွေ လုပ်ပြီး လူထုအတွက် စီးပွားရေးတွေ ပြန်ဖွင့်ပေးလဲ ဘာမှ ထူး လာမှာ မဟုတ်ပါဘူး
ဘာလို့လဲ ဆိုတော့ ဒီကောင် တွေက ရတဲ့ခွင်တွေ အကုန်လိုက်နိုက်နေတာ..
ပြန်ဖွင့်ေ ပးတဲ့ (ပြည်သူ့အ တွက် ဆိုတာ)် ဟာလည်း နောက်ဆုံးတော့ သူတို့ အတွက်ဘဲ ဖြစ်သွားတာမှာဘဲ...
0
အဓိကကျ တာ စနစ်ပဲ အခြေခံအုတ်မြစ်မရှိရင် အဆောက်အဦး မဖြစ်
written by နေမင်းထွန်း, February 09, 2011
စနစ်တခုကို အောင်မြ င်အောင် မတည်ဆောက်နိုင်တဲ့ မြန်မာ စစ်အစိုးရ လက်ထက်မှာ ဘာပဲ လုပ်လုပ်
လူထုကို အကျိုး သက်ရောက်မှာ မဟုတ်ဘူး
အာဏာမြဲ တခုတည်းကို အကျိုး သက်ရောက်ေ စတဲ့အတွက် လူတစုပဲ အမြဲချမ်းသာနေမှာပါ
လူ့အ ခွင့်အရေးကို နားလည်မှ စနစ်ကောင်းကိုတည်ဆော က်နိုင်မှ လူအ များချမ်းသာမယ်။
0
စစ်အုပ်စုေ တြွ ကီးစိုး နေသရွေ့ စီးပွါးရေးပိတ်ပိတ် ပွင့်ပွင့် လူထုက ဆင်းရဲနေမှာပဲ
written by ဆက်လုပ်, February 09, 2011
NLD ကမှန်တယ် ဒါတွေ အားလုံး နအဖမှာပဲ လုံးဝ တာဝန်ရှိတယ်
သူတို့ တရား မျှတပြီး လူ့အခွင့် အရေး မချိုးဖေါက်တော့ ဘူးဆို၇င်
လူတွေ အားလုံး စိတ်ချမ်းသာ၇မှာပါ
0
စဉ်းစားပါအုံး
written by nyingal, February 08, 2011
ကိုယ့်ပါတီက အုပ်ချုပ်ခွင့်မရတာနဲ့ ဒီလိုလုပ်သင့်လား ဆိုတာ.. သေချာလည်း စဉ်းစားပါအုံး...
မြန်မာပြည် သူ လူထုက ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ကိုယ့်တိုင်းပြည်တိုးတက်ပြီး.. လူနေမှု အဆင့်အတန်းမြင့်မား ဖို့ကိုပဲ မျှော်လင့် တာပါ... ဒီလိုလုပ်လို့ ဘာအကျိုး အမြတ်ရှိမလဲ ဆိုတာ ထည့်စဉ်းစားစေချင်ပါတယ်..
စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပြားေ ရးသမားေ တွအနေနဲ့လည်း... သူတို့အ တွက်အမြတ် ထုတ်တ ယ်ဆိုပေ မယ့်လည်း.. ကိုယ့်နိုင် ငံတွင်းက လူထုတွေကို အလုပ်အကိုင် ဖန်တီးပေး ထားနိုင်တာပဲ မဟုတ်လား...

နိုင်ငံကို တကယ်ချစ် တယ်ဆိုရင် ကိုယ်လုပ်ချင်တာထက် နိုင်ငံတိုးတ က်ဖို့ကိုပဲ စဉ်း စားစေချင်ပါတယ်
0
စီးပွားရေး ပိတ်ဆို့ တာ ဒို မ မူ ပါ၊၊
written by ko lin, February 08, 2011
To -NLD Uncles
စစ်အစိုးရ က သီ ချင်း တောင် ဆို တာ တောင် မ ပြတ် ပါ၊"""စီးပွားရေး ပိတ်ဆို့ တာ ဒို မ မူ ပါ၊၊ ဒဲ ဒဲ ။။""၁၀ စု နစ် သာ ကျော် သွား ပါ ပြီ၊၊ ဘာ မ ထိ ထိ ရောက် ရောက် မ ဖြစ် လာ ပါ ၊ ပြည် သူ လူ ထု သာ ပို ပြီး အထိ နာ သာ ပါ၊၊ဒီ နည်း နဲအ စိုး ရ ကို ဖြုတ် ဖို့ ကြံ ရင် တော့ ..NLD ရေ ................huu huu..
0
NLD is Right
written by mimi, February 08, 2011
If the Government releases 2000 political prisoners, If the Government allows the NLD join in the Goevernment, If the the Government dicuss with the NLD, Yessssssssssssssssssssssssssssssssssssss, the NLD should not support this economic section. Buttttttttttttttttttttttttttttttttttttttttttttttttttttt
ttttttt, if the Government does not recognize the NLD, whateverrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr the NLD does, the NLD is right because the whole Myanmar people elected the NLD in 1990.............................
0
လုပ်ကြပေါ့ဗျာ
written by အလယ်လူ, February 08, 2011
ကောင်းပါတယ် လုပ်ကြပေါ့ဗျာ
ဒါပေမဲ့ စဉ်းစားစေချ င်လှတယ်ဗျာ. .ဒီလို စီးပွားရေ ပိတ်ဆို့မှုတွေကို ဘယ်သူတွေကိုထိခိုက်လဲဆိုတာ
ခုဆိုရင်မြန်မာ နိုင်ငံ သား တော်တော် များများ ပြည်ပနိုင်ငံတွေကို ထွက်ပြီး ကျွန်ခံ နြေ ကပါရပါပြီ
ဒါဟာဒီလို စီးပွားရေ ပိတ်ဆို့ မှုတွေေ ကြာင့်လို့ ပြောလို့မရပေမဲ့ အများကြီးသက်ဆိုင်ပါတယ်ဗျာ
ကျွန်တော်တို့ ဘာ ကြောင့် ပြည်ပ ထွက်ကြရတာလဲလို့ မေးရင်ပြည်တွင်းမှာ အလုပ်အက င်ရှားပါးမှု ဝင်ငွေ နိမ့်ကျမှု
တွေကြောင့် လို့ေ ဖြရမှာပါ ..ဟုတ ပါရဲ့လား..
ဘာကြော င့်ဝင်ငွေိမ့်ကျနေရတာလဲ...ရှင်းပါတ ယ်ဗျာ နိုင်ငံတကာရင်းနှီးမြှုနှံ မှုတွေ မရှိလို့ပါ
အဲဒီလိုရင်းနှီ မြှုပ် နှံမှုတွေမ လုပ်ကြ ရအောင် တိုက် တွန်းကြပေါ့ဗျာ
ပိုမွဲကြတာပေါ့ မထူးပါဘူး..
0
...
written by naga, February 07, 2011
မြန်မာလူထုအပေါ် အကျိုးသ က်ရောက်မှု မရှိ ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ် အနည်း အများတော့ ထိရောက် တာပေါ့ စဉ်းစဉ်း စားစားလည်း လုပ်ကြပါခင်ဗျာ
0
ပြည်သူ ကမြေဇာပင် မဟုတ်ဘူး
written by လူမောင်, February 07, 2011
ကျုပ်က နိုင်ငံရေး သမား လည်း မဟုတ်။ ပညာရှင်လည်း မဟုတ်တော့ သေချာတော့ မသိဘူး။
ရိုးရိုးလေးစဉ်းစားကြည့်ရင် ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာရင် အလုပ်သမားတွေအလုပ် ပိုပေါ လာမယ်။
အနောက်နိုင်ငံတွေ ကို လယ်ယာထွက် ကုန်တွေ တင်ပို့နိုင်ရင် လယ်သ မားတွေ ၀ င်ငွေတိုးမယ်။
ခရီးသွားတွေ လာရင် ဆိုက်ကား စီးရင် ဆိုက်ကားသမား ပိုက်ဆံရမယ် ။မြင်းလှည်း စီးရင် မြင်းလည်း
သမား ပိုက်ဆံရ မယ်။(စစ်တပ်။စီပွားရေးသမားတွေကချ မ်းပြီးေ နပြီ) ပြည်သူက ကုန်းကောက်စရာ မရှိဘူး။
ပြည်သူကို မထိဘူး ဆိုတာ ဘာကိုပြော တာလည်း။
နိုင်ငံရေး ကို သပ်သပ် လုပ်စေချင်တယ်။ ပြည်သူ ကိုမြေ ဇာပင်လို မလုပ်ပါနဲ့။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်