KIO နှင့် နအဖ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူး တဦးကျဆုံး

E-mail Print
နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်ဖွဲ့ဝင်များ ယနေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဒု ဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးသွားကြောင်း သိရသည်။

Kachin-Independence-Armyအဆိုပါ တိုက်ပွဲသည် KIO တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေရှိ ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့တောင်ဘက်တွင် နအဖ ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ခြေလျင်တပ်ရင်း(ခလရ) ၁၅ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည် ဟု KIO နှင့် နီးစပ်သူ တဦးက ပြောသည်။

နအဖ တပ်များက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် ၎င်းတပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲသည် KIO ၏ တော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်အနား ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၂ ရက်တွင် ၂၀၁၁ ခုနှစ် အတွင်း ပထမ ဦးဆုံး အကြိမ်ဖြစ်သည်။ စစ်ရေးအရ နှစ်ဘက် တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားသည့် အသံများ မကြားမိသေးပေ။

ကချင် တော်လှန်ရေး နေ့ကို KIO တပ်မဟာ (၃) မိုင်ဂျာယန် ဒေသတွင် ပြီးခဲ့သည့် တပတ်က ပြုလုပ်ကျင်းပခဲ့ပြီး KIO ဥက္ကဌ ဦးဇောင်းဟရား က ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အခမ်း အနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

KIO အဖွဲ့သည် KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ သည်။

ဤအဖွဲ့ကို ၁၉၆၁ ခု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ခြင်းသည်။   

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ ဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ၀င်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီး နောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင်ဘာ လ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် လည်း သတိပေးထားသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိအခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များအရ
သိရသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (10)Add Comment
0
မနှောက်နဲ.နော်....
written by စက်စမ်းယာဉ်, February 11, 2011
အော်....ဖြစ်မြှ ဖစ်ရလေ... ...ကချင်နိုင်ငံ တော် အစိုးရကို မောင် ရင်ထွေး က သွားနှောက်လိုက် တာ ထင် တယ်...
0
...
written by ??????, February 09, 2011
ငြိမ်းချမ်းသာယာသော မြန်မာ ပြည်ကြီြး ဖစ်ချင်ေ နပါပြီ
0
မဆန်းပါဘူး
written by လင်းလက်ကြယ်, February 08, 2011
ဗိုလ်သန်းရွှေ ပစားပေး မခံရတဲ့ ဗိုလ်ယဉ်ထွေးလို သူတွေကသာ ရှေ့တန်း ပို့ခံရတာ ။ သူနဲ့ ပဏာစားတဲ့ စစ်ဗိုလ် တွေများ နေပြည်တော်နဲ့ စီးပွားရေး လုပ်စား လို့ ရတဲ့ နေရာတွေမှာ ပျား အုံကို တွယ်နေသလို အလုအယက်ပေါ့ ။ ဆင်နဲ့ ကလော် ထုတ်တောင် ထွက်မဲ့ သူတွေ မဟုတ်ဘူး ။ ဗန္ဓုလ သွေး ဘယ်လောက် ပါသလဲ ဆိုတာ မှန်းလို့ ရတယ် ။ စစ်မှုမထမ်းမနေရ ဥပဒေ ပေါ်ထွက်လာမည့် နေ့ကိုသာ မျှော်လင့်ကြီးစွာ စောင့်နေ လိုက်ဦးမယ်။ သူတို့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ လွတ်အောင် ဘယ်လို လာဘ်တွေ ထိုးကြပြီး အချင်းချင်း ဂျောက်တွန်းကြ ဂယက်တွေ ထကြ မလဲဆိုတာ မစောင့်နိုင်တော့ဘူး ။ မြင်ချင်လှပြီ ။ smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
0
နဲတောင်နဲသေးတယ်
written by Hi, February 08, 2011
ပြည်သူလူထုကို အနှစ်၂၀ လုံးလုံး နှိပ်စက် ဥာဉ်းပန်းတဲ့ အဲဒီ ကောင် တွေကို အမြစ်ပြ တ်အောင်

ချေမှုန်းပ စ်ပါလို့ ကော်မန့် ပေးလိုက်ပါတယ် ခင်ဗျား.
0
မြေဇာပင်
written by demojudge, February 08, 2011
တပ်ရင်းမှုးကတော့ ဓါးစာခံ ဖြစ်သွား တာပေါ့။ အစိုးရ စစ်တပ်က နဂို ကတည်းက ရန်စပြီး စမ်း ချင်နေတာ။ အရင်ထိုးကျွေးသလို လုပ်လိုက်တာ။ ပြီးတော့မှ တိုက်မ ယ်ပေါ့။ အဲတော့ အစ ဦးဆုံး သူများ နယ်မြေထဲ လွှတ်ခံရတဲ့ ကောင်တွေက တော့ ကံဆိုးပြီပေါ့။
0
...
written by naynay, February 08, 2011
နအဖေ တွက. .၇ုပ်ရှ င်ထဲက ဂျပန်နဲ.ဘဲ ရမယ်.. ....ဟဟဟ
0
မပြီးဆုံးဘူး
written by REAL TRY, February 08, 2011
တိုင်းရင်းသားတွေက စတိုက်နေတာ မဟုတ်ပါဘူး။ တကယ်တော့ နအဖတွေက တိုင်းရင်းသားတွေကို လိုက်ပြီးတို က်နေတာပါ။ နအဖေ တွကမှ တကယ့် သောင်းကျန်းသူ အစစ်ပါ။ ပြည်တွင်းထဲက သယံဇာတ တွေကြောင့် လောဘစိတ်တွေ မထိန်းနိုင်ပဲ လွတ်လပ်ရေးကို အတူတကွ ရယူလာခဲ့တဲ့ ကိုယ့်ရဲ့ တိုင်းရင်းသား ဆွေမျိုး ညီအကို ရင်းတွေကို ဝေစ မပေးချင်လို့ အိမ်ပေါ်ကနေ အတင်းနှင်ထုတ်နေ တာပါ။ ဘယ်လောက်ထိ နာကျဉ်းဖို့  ကောင်းပါသ လဲ။
0
အာဏာရှင်ေ တ်ာလှန်ရေးကိုအားပေးပါသည်။
written by ဂျူပီတာ, February 08, 2011
ဘယ် လိုနည်းနဲ့ဖြစ်ဖြစ် မျိုးမချစ် မျိုးမစစ်တဲ့ အာဏာရှင်တွေကို နာမည်မရ အညတရ ဘ၀နဲ့ေ တ်ာလှန်ရဲတဲ့ သူတွေကို လေးစားပါတယ်။ တောထဲ တောင်ထဲမှာ ကလေးတွေ ခံစား နေရတဲ့ စစ်ဒု က္ခ၊မပြ ည့်စုံတဲ့ ကျန်းမာရေး စောင့်ရှော က်မှု၊ လေ့လာ ခွင့်မရ တဲ့အသိ ပညာရေးတွေ စတဲ့ ဆင်းရဲမှု အထွေထွေက လွတ်အောင်၊ တိုင်းပြည် အဆင့် အတန်းမှီ တိုးတက်အောင်အ တွက် ရတဲ့နည်းနဲ့ သွေးမနည်းဘဲ ရောက်နေတဲ့အ ရပ်ကနေ တော်လှန်ချေမှုန်းကြပါ။
0
လာ မနောက်နဲ့နော် သိသွားမယ်
written by လမ်းတလား, February 08, 2011
တိုင်းရင်းသား တွေကို အထင်သေးလို့ မရဘူး ဆိုတာ သိပြီလား? စဉ်းစဉ်း စားစား လုပ်ပါလား
0
သနားပါတယ်၊ မောင်ယဉ်ေ ထွးရယ်၊
written by မင်းလွန်းတင်, February 08, 2011
အစိုးရတပ် ဆိုပြီး ရုပ်ရှင်က ဇာတ်လိုက်တွေလို သူတို့ကို သူတို့ေ သွး နထင် ရောက်နေတာ၊ တိုင်းရင်းသား သူပုန်တွေ လက်နက်တွေက လေးခွ မဟုတ်ဘူး ဆိုတာ သိသွားပြီး၊ တပ်ရင်း နံပါတ်များပြီး စစ်သည် အင်အား မရှိတဲ့ဗ မာ့တပ်မတော် တပ်ရင်းမှူး ရှေ့တန်း သွားတာ တပ်စိပ် ၂ စိပ်လုံခြုရေး ဟဲဟဲ၊ သနားပါတယ်၊ ရင်းမှူး မောင်ရင်ေ ထွးရယ်၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်