နေပြည်တော်တွင် ကြက်၊ ငှက်တုပ်ကွေး ဖြစ်နေကြောင်း နှိုးဆော်ထား

E-mail Print
နေပြည်တော်တွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေသောကြောင့် နေပြည်တော် ဈေးကြီးများတွင် ကြက်သား မရောင်းချရန် ပိတ်ပင်ထားပြီး ကြက်၊ ဘဲများကို စားသုံးခြင်း မပြုရန် ယမန်နေ့က စာများကပ်ကာ နှိုးဆော်ထားကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပျဉ်းမနားဒေသခံတဦး သေဆုံးသည်ဟု သိရသော်လည်း အတည်ပြု၍ မရသေးပေ။

“မနေ့က စဖြစ်တယ်လို့သိရတယ်။ ပျဉ်းမနား စားသောက်ဆိုင်တဆိုင်က စားဖိုမှူး တယောက်သေတယ်လို့လည်း သတင်းကြားတယ်။ ကြက်သား အရောင်းတွေလည်း ပိတ်ထားတယ်” ဟု ပျဉ်းမနားဒေသခံ ကိုအောင်သူက ပြောသည်။

နေပြည်တော်စည်ပင်ရိပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များ တည်းခို နေထိုင်ရာတွင်လည်း ကြက်ငှက် တုပ်ကွေး သတိပေး စာတမ်းများ ကပ်ထားသည်ဟု ပြည်သူ့လွှတ်တော် အမတ်တဦးက ဆိုသည်။

“ပျဉ်းမနားက ပုရွက်ဆိတ်ကုန်းရွာမှာ လွှတ်တော် အမတ်တွေအတွက် တောင်ငူက မှာထားတဲ့ ကြက်တွေထဲမှာလည်း ဖြစ်တယ်လို့ သိရတယ်။ တိမွေးကုက ဆရာဝန်တွေ လာကြည့်ပြီး ကြက်တွေကို အကုန် မြေမြှုပ်သတ်ပစ်တယ်။ တောင်ငူကနေ ကြက် အ၀င်လည်း ပိတ်ထားတယ်” ဟု ဒေသခံ ကြက်ဒိုင်တခုမှ တာဝန်ရှိသူက ပြောသည်။

ထိုသတင်းကြောင့် လွှတ်တော်အမတ်များလည်း စိုးရိမ်နေကြသည်။

“ကျနော်တို့တည်းတဲ့ ရိပ်သာမှာ စာကပ်ထားတယ်။ ကြက်၊ ဘဲ မစားဖို့။ တခြား ဆေးစစ်တာတွေ ဘာတွေတော့ မလုပ်သေးဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

ဇန်နဝါရီ လအတွင်းပိုင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကြက်၊ ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသဖြင့် ကြက်၊ ဘဲများ အရောင်းပိတ်ကာ ကြက်ကောင်ရေ ၁ သောင်းကျော် သုတ်သင်ခဲ့သည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ဆောင်းခိုငှက်များကနေ ကြက်ငှက်တုပ်ကွေးရောဂါများ သယ်ဆောင်လာဖွယ်ရှိကြောင်း၊ ယင်း ဆောင်းခိုငှက်များမှာ ဇန်န၀ါရီလကုန်အထိ ဆက်လက်နေထိုင်သွားဖွယ် ရှိကြောင်း မြန်မာ ငှက်နှင့် သဘာဝ ဆိုင်ရာ အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးစိုးညွန့် က ဆင်ဟွာ သတင်းဌာန သို့ ပြောသည်။

ရန်ကုန်မြို့ရှိ ကြက်၊ ဘဲ ဒိုင်များတွင်လည်း ဆေးဖြန်းခြင်းများ ပြုလုပ်နေပြီး သတိပေးနှိုးဆော်ခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။

၂၀၁၁ ဇန်န၀ါရီလအတွင်း မြန်မာ၊ အီဂျစ်၊ ဘင်္ဂလား ဒေ့ရှ်၊ ဂျပန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့်မြောက်ကိုရီးယား နိုင်ငံတို့၌ ကြက် ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၄ ကြိမ်ရှိခဲ့သည်ဟု သိရသည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း၊ ၁၅ နိုင်ငံတွင် လူသို့ကူးစက်မှု ၅၁၇ ဦးရှိပြီး ၃၀၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments (1)Add Comment
0
လွတ်တော် အမှတ်တွေ သတိထား
written by khinmg, February 07, 2011
တနေ့သာ စားရိတ် ၅၀၀၀- ကို ကြက် ဘဲ သား မပါလို့ ၃၀၀၀ ပဲ ပေးဘို့  ရွှေမန်းစိသို့  အကြာင်းကြားပေါ့ သို့ မဟုတ် တာဝတိံ ကို ကြက် ယာဉ် ဘဲယာဉ် တွေစီးပြီး သွားနေရဦးမယ်။ smilies/grin.gif ပြည်သူေ တွတော့ ကန်စွန်း ချင်မောင် နဲ့ နှစ်ပါး သွားနေလို့  ဝေးမယ် ထင်ပါတယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်