MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

E-mail Print
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ  ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံပိုင်လေကြောင်းလိုင်း MAI သည် ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ စင်ကာပူ အခြေစိုက် Highsonic Enterprises က ၄၁ ရာခိုင်နှုန်း ငွေကြေးထည့်ဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ပြည်ပခရီးစဉ်များ ပျံသန်းခွင့်ရရှိသည့်အပြင် Ground Handling ခေါ် ပြည်ပမှ ဆင်းသက်သည့် လေယာဉ်များကို အခွန်ကောက်ယူခွင့်အပြင် ခရီးသည် ၀န်ဆောင်မှုနှင့် လေဆိပ်လုပ်ငန်းများကို ရန်ကုန်နှင့် မန္တလေး လေဆိပ်များတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ယခုအခါ ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ အနေဖြင့် ၀င်ငွေကောင်းသည့် အဆိုပါ Ground Handling ခေါ် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိတော့ဘဲ ပြည်တွင်းလေကြောင်းလိုင်းအသစ်ကိုသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ  Ground Handling ခေါ် ၀န်ဆောင်မှု လုပ်ငန်းများကို ယခုအခါ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ဝင်ငွေရရှိနေသည်ဟု Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

အတည်မပြုနိုင်သော သတင်းများအရ  MAI  လေကြောင်းလိုင်းကို ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ ၀ယ်ယူရာတွင် စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ရင်းနှီးသည့် “၀” ပြည်သွေး စည်း ညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက် “၀” စီးပွားရေးလုပ်ငန်းရှင် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့က နောက်ကွယ်မှ ငွေကြေးထည့်ဝင်ထားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ရန်ကုန်အဲယားဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လေယာဉ်ခရီး စဉ် တိုးချဲ့ပျံသန်းရန် လုပ်ကိုင်နေစဉ် လေယာဉ်ပျံသန်း ပြေးဆွဲခွင့်လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခြင်းခံခဲ့ရသည်။

ထိုသို့ ဖျက်သိမ်းခြင်းမှာလည်း UWSA အဖွဲ့နှင့် ပတ်သက်၍ စစ်အစိုးရက ဖျက်သိမ်းခြင်းဖြစ်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုမှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် လေကြောင်းလိုင်းကို ၁၉၅၀ ခုနှစ်မှ ဖဆပလ အစိုးရလက်ထက်တွင် စတင်ပြေးဆွဲခဲ့ပြီး Union of Burma Airways (UBA) ဟု အမည်တွင်ခဲ့သည် ၁၉၇၀ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်က Burma Airways Corporation (BAC) ပြောင်းလဲခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ စစ်အစိုးရကMyanma Airways (MA) ဟု ထပ်မံပြောင်းလဲခဲ့ပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲသည်။

လက်ရှိ ပြေးဆွဲနေသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ဦးတေဇပိုင် Air Bagan ၊ ဦးအောင်ကိုဝင်း၏ MAI လေကြောင်းလိုင်းနှင့် Air Mandalay လေကြောင်းလိုင်းတို့ ဖြစ်ပြီး ပြည်တွင်း ပြည်ပသို့ ပြေးဆွဲလျက်ရှိသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူရန် ခက်ခဲသည့်အပြင် ခရီးသည်လည်း နည်းပါးသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေကြောင်း Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူက ပြောသည်။
Comments (2)Add Comment
0
စားခွက်လုပွဲ
written by ဆင်းရဲသား, January 09, 2011
ပြည်သူ လူထုတွေ ငတ်ပြတ်ေ နပါပြီ။ မင်းတို့က စားခွက် လုနေတုံးပဲလား။
0
cb bank
written by 8888UG, January 07, 2011
u khin mg aye is cb bank chairman,but he is under control than shwe.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်