လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် အတွင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကာ လယ်မြေများ သိမ်းယူခဲ့သည့် အတွက် တောင်သူ လယ်သမား ၂၀၀ ကျော်တို့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပြီး လယ်မြေများ ပြန်လည်ပေးအပ်ရန် တောင်းဆို ကြသည်။

၂၀၀၈ ခုနှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ ရွာပေါင်း ၇ ရွာ ကျော်မှ လယ်ယာမြေ ဧက ၅၅၀၀ ကျော်ကို စီးပွားရေးကုမ္ပဏီကြီး ၁၁ ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်ရမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက အမိန့် ပေးခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမားများက စီးပွားရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကန်ထရိုက် စပါးစိုက်ပျိုးရေး လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့သော်လည်း ကုမ္ပဏီများက လယ်တဧကအတွက် ကျပ် ၅ သောင်းမှ ၁ သိန်း ထုတ်ပေးကာ လယ်ယာမြေများ ပြုပြင်မည်ဟုဆို၍ လယ်မြေများကို သိမ်းယူပြီး ဒေသခံ တောင်သူဦးကြီး များကို လယ်လုပ်ခွင့် မပေးတော့ကြောင်း သိရသည်။

“ကန်ထရိုက်လယ်ယာစနစ်နဲ့ လယ်လုပ်ရမယ်၊ လယ်တဧကကို စပါးတင်း ၁၀၀ ထွက်အောင် စိုက်ရမယ်။ လိုအပ်တဲ့ လယ်ထွန်စက်တို့ ဘာတို့ ပံ့ပိုးမယ်၊ ပြီးတော့ စိုက်ပျိုးစရိတ်အတွက် ၂ ကျပ်တိုးနဲ့ ငွေချေးပေးမယ် ဆိုပြီးပြောတယ်။

ထွက်တဲ့ ဆန်စပါးကို ၆၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ယူမယ်၊ ၄၀ ရာခိုင်နှုန်းကို လယ်သမားက ရမယ်ပေါ့။ ဒါပေမယ့် အမှန်တကယ်ကျတော့ လယ်သမားတွေကို ငွေပေးပြီး လယ်လုပ်ခွင့်မပေးတော့ဘူး။ ကျနော်တို့ လယ်သမားတွေက လယ်လုပ်ခွင့်မရတာ ၂ နှစ်ကျော်သွားပြီ။ ဒါကြောင့် ဆန္ဒပြတာပါ’’ ဟု ဆန္ဒပြတောင်သူတဦးက ပြောသည်။

ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်မည်ဟု အကြောင်းပြ၍ လယ်မြေ သိမ်းယူသည့် စီးပွားရေး ကုမ္ပဏီများ ထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လွှတ်တော် အမတ်များဖြစ်ကြသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရွှေနဂါးမင်း ကုမ္ပဏီ၊ ဒေါက်တာခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ၊
ဆန်ကုန်သည် ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီတို့ အပြင် ဦးတေဇ၏ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီ၊ ရွှေဟိန်းထက်ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ၀န်းရံခ ကုမ္ပဏီ၊ ဂွတ်ဘရားသား ကုမ္ပဏီ၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပါဝင်ပြီး လယ်မြေ အသိမ်းခံခဲ့ရသော ကျေးရွာများထဲတွင် ညောင်ပင်ရွာ၊ လေးထောင့်ကန်၊ သုံးခွ၊ ရေကျော်၊ ထောင်ဗလုပ်၊ ဆစ်ပင်၊ အထက်ရွာ၊ အောက်ရွာ၊ တောင်သုံးလုံးတို့ ပါဝင်ကြောင်း သိရှိရသည်။

တချို့ လယ်ယာမြေများတွင် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည် ဖော်သော်လည်း လယ်သမားများ အရှုံး ပေါ်နေကြောင်း တောင်သူများက ပြောသည်။

အရှေ့ပိုင်း ခရိုင်ရုံးရှေ့တွင် ဆန္ဒပြနေသော လယ်သမားများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်း ဖြစ်ပြီး အသိမ်းခံ လယ်မြေများ ပြန်လည်ရရှိရန် ဥပဒေ လမ်းကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဖိုးဖြူနှင့်အတူ လယ်သမားများ အရေး လိုက်ပါဆောင်ရွက်နေသူ တဦးက ဆိုသည်။

“၁၉၇၅ ခုနှစ် လယ်ယာဥပဒေနဲ့ ကျနော်တို့ ဆောင်ရွက်မယ်။ ဥပဒေ ဘောင်ထဲက လုပ်သွားမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စာတင်မယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ မြေစာရင်းဌာနတွေကို စာတင်မယ်’’ ဟု လယ်သမားအရေး လိုက်ပါကူညီနေသူက ရှင်းပြသည်။

ဆန္ဒပြ လယ်သမားတဦးက မိသားစု စားဝတ်နေရေးအတွက် လယ်သမားများ လယ်မြေ မဖြစ်မနေ ပြန်လည် ရရှိရန် လိုအပ်ကြောင်း ပြောသည်။

“ဒီလယ်မြေမှာ လယ်လုပ်ခွင့်မရရင် ကျနော်တို့ မိသားစုငတ်ပြီ။ သူတို့ ကုမ္ပဏီတွေက ပေးထားတဲ့ ငွေပြန်ပေးမယ်။ ကျနော်တို့ လယ်ကို ကျနော်တို့ကို ပြန်ပေးပါ’’ ဟု ညောင်ပင်ရွာမှ အဆိုပါ လယ်သမားက ဆိုသည်။

နံနက် ၁၀ နာရီကတည်းက သင်္ဃန်းကျွန်း အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လယ်သမားများထံသို့ နေ့လယ် ၁၂ နာရီခန့်တွင် သက်ဆိုင်ရာ အာဏာပိုင်များ ရောက်ရှိလာပြီး ပြဿနာကို ပြေလည်မှု ရရှိသည်အထိ ဖြေရှင်း ပေးမည်ဟု ဆိုကာ လူစုခွဲခိုင်းကြောင်း သိရှိရသည်။
Comments (3)Add Comment
0
...
written by Billy, January 08, 2011
အေးဒမြ ဆိုတာ ဒါဆို ခေါ်လားမှ မသိတာ ..
0
စိတ်ကိုပျက်ရော
written by လယ်သမားမိသားစုမှ ပေါက်ဖွားလာသူ, January 07, 2011
ကျနော် တို ငယ် ငယ် တုန်းက လည်း လယ်သမား တွေ က တာဝန်ကျေ မချပေးနိုင် ရင် လယ် သမား တွေ ကို လယ်ထဲ ထိ လာဖမ်း ပြီး မြို့ပေါ်က အချူပ် ခန်း ထား ထား တာ ကိုယ်တွေ ပါပဲ ၊ရီစရာ ဖြစ်နေပြီ ၊စိုက်ပျိုး ရိတ် သိမ်းလဲ ပေးရသေးတယ် လယ် ပါ သိမ်းတယ် ဆို တော့.....အင်း ...တော် တော် ကြောက် စရာ ကောင်းတဲ့ လူတွေ၊လူမှ ဟုတ်ရဲ့ လား ၊ဘာမှ မသိတဲ့ ရိုးသားတဲ့ တောင်သူ လယ်သမားတွေကို...
0
ပြောရရင်တော့ဗျာ
written by zaw moe aung, January 06, 2011
english လက်ထက်က ထက်တောင် ပိုဆိုးနေပါေ ပါ့လား... အရပ်ကရို့ရေ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်