TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။
လျှော့ချ ဖြတ်တောက်မှုများတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာအတွက် အထောက်အကူပြု ပစ္စည်းများအပြင် စိုက်ပျိုးရေးနှင့် တခြား သက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍများရှိ အထူးအသုံးစရိတ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၇၀၀၀ ခန့် ထွက်ပြေးခဲ့ကြပြီး မကြာသေးမီက ဖလူးနှင့် ဝေါ်လေ ဒေသဘက်မှ ထွက်ပြေးလာကြသော ဒုက္ခသည်များသည် ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းနေရာချထားမှုများ၊ ပြန်ပို့မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း TBBC ၏ သတင်းလွှာတွင် ရေးသားထားသည်။
ရန်ပုံငွေ လျှော့ချခံရခြင်းနှင့် ပတ်သက်၍ TBBC ၏ လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆန်က “အလှူရှင်တွေ ရှိသည့်တိုင် အရှည်သဖြင့် ဆက်ပြီး ထောက်ပံ့နိုင်မလားဆိုတာ စိုးရိမ်မိပါတယ်။ ရေရှည်မှာ ထိုင်းဘက်ကို ရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ခက်လာနိုင်ပါတယ်” ဟု ပြောကြားသည်။
မယ်လအုန်း ဒုက္ခသည်စခန်းမှ အိမ်ရှင်မတဦးက ဒုက္ခသည်စခန်းတွင် ဝါး၊ သစ်နှင့် သက်ငယ် ဓနိများ ယခုနှစ်အတွက် လုံလောက်စွာ မရသဖြင့် နေအိမ်ကို မပြင်ဆင်နိုင်ကြောင်း ပြောသည်။
TBBC အနေဖြင့် အကန့်အသတ်ဖြင့် ပေးဝေမည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို အလွန်အမင်း အကူအညီလိုအပ်နေသည့် ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် ကြပ်မတ်ဖြန့်ဝေမည်ဟုလည်း သတင်းလွှာတွင် ဖော်ပြထားသည်။
Set as favorite
Bookmark
Email this
Hits: 2845
Comments (2)

written by Refugee, January 07, 2011
TBBC always com plane a bout not enough of fund. But they are the reaches NGO in Thai Burma Border because they pay higher salary to their staff 30000 baht to 100000 baht every TBBC staff got one care as their own. One things they can do is reduce staff, car use, office use pay as other NGO buy this ways u TBBC can save a lot to help refugee. They said they help refugee but their benefit is first they just working on the refugee. When they come to camp they behave like god and some much correction. Please those who help TBBC do some things a bout that for refugee
Write comment
| < Prev | Next > |
|---|







