ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

E-mail Print
ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် ယခု နှစ်ကုန်ပိုင်းတွင် တင်ပို့သည့်ဆန်များမှာ မကြာခဏပြန် ပို့ ခံရခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ပြောသည်။

Botahtaung-portအာဖရိကရှိ အိုင်ဗရီကို့စ် နိုင်ငံသို့တင်ပို့သော၂၅ မှတ်ဆန်(ကျိုးကြေသော ရာခိုင်နှုန်း၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်)တင် သင်္ဘော တစီးသည် အရည်အသွေးမမီသောကြောင့် ကမ်းကပ်ခွင့်မပေးသဖြင့် ဒီဇင်ဘာလ အတွင်းက ပြန်လှည့်ခဲ့ရကြောင်း ရန်ကုန်မြို့ဘုရင့်နောင် ဆန်ကုန်သည် တဦးက ပြောဆိုသည်။

နိုဝင်ဘာလ အတွင်းကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတနိုင်ငံသို့ တင်ပို့သော ၂၅ မှတ် ဆန် တန်ချိန် ၆၀၀၀ မှာ အရည်အသွေးမမီသခြင့် ၀ယ်ယူခြင်းမပြုခဲ့ကြောင်း ရန်ကုန်မှ တခြားသော ဆန်ကုန်သည် တဦးကလည်း ပြောသည်။

“အာရပ်ကိုသွားတဲ့ ဆန်ကတော့ ပြန်ညှိလို့ရသွားတယ်လို့ ကြားတယ်။ နောက်ပိုင်း ဒီလိုမျိုးဖြစ်တာတွေ များလာတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ပသို့ တင်ပို့သော မြန်မာဆန် အများစုမှာ ၂၅ မှတ်ဆန် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဆန်ဈေးကွက်ကိုသာ အဓိက ရောင်းဝယ်သော ရန်ကုန်ဆန်ကုန်သည် တဦးကလည်း ပြည်ပပို့ ဆန်ကုန်သည်များမှာ ပြည်တွင်း ဆန်ပေါက်ဈေးကြောင့် ဈေးမကိုက်သဖြင့် ဆန်ကို အရောအနှောထည့်သွင်းမှု ပြုလုပ်ခြင်းများပြားလာရာမှာ တဆင့် ထိုသို့ဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုသည်။

“အခုက ပို့ဖို့အတွက် ဆန်အဟောင်းကို ၀ယ်တယ်။ ပြီးရင် အကျိုးရောရင် ဆန်အသစ်နဲ့ ရောတယ်။ ဒီတော့ အစိုဓာတ်က မတူ တော့ဘူး။ ဒါကို သင်္ဘောတင်တဲ့ အချိန်ကျတော့ လမ်းမှာ မှိုတက်ရော”ဟု မြန်မာ ဆန်စပါးဈေးကွက်တွင် ရိတ်သိမ်းချိန်လွန် ပညာနှင့် ပတ်သက်၍ အထူးပြုလေ့လာနေသူ တဦးက ပြောသည်။

ပြည်တွင်း ဆန်ဈေးမှာ ဘုရင့်နောင် ဈေးကွက်၌ ဆန်သစ်မပေါ်မီ၂၅ မှတ် ဆန် တတန် လျင် ကျပ် ၂ သိန်း ၉ သောင်း ရှိပြီး ဆန်သစ် ပေါ်ပြီး ယမန်နေ့ကဈေးမှာ ကျပ်၂ သိန်း ၇ သောင်းရှိကြောင်း၊ Export (ပြည်ပပို့) ဆန် ဈေး တတန်ကို ဒေါ်လာ ၃၉၀ ၀န်းကျင် (ကျပ် ၃ သန်း ၉ သောင်းခန့်)ရှိကြောင်း သိရသည်။

ပြည်ပ တင်ပို့မည့် ဆန်ကို အရည်အသွေးစစ်ဆေးနိုင်သော လက်မှတ်ရ ကုမ္ပဏီများတွင် စစ်ဆေးတင်ပြ ထောက်ခံချက် ရယူပြီးမှ တင်ပို့ရခြင်းဖြစ်ကြောင်း၊ မြန်မာ ပို့ကုန် ဆန်များကို ဆွန်ဇာလန်နိုင်ငံ အခြေစိုက် အရည်အသွေး စိစစ်ရေးအဖွဲ့ SGS က အများဆုံး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ ထိုသို့ တင်ပို့ရသော်လည်း တနည်းနည်းဖြင့် အရည်အသွေးမီ ကြောင်း ထောက်ခံချက်ရရှိရန် ကြိုးစားကြလေ့ ရှိကြောင်းလည်း သိရသည်။

“ဒီက ကုန်သည်တွေက ပူးပေါင်းတာကို အင်မတန်ကျွမ်းကျင်တာကိုး။ အဓိက အရည်အသွေးညံ့လို့ ပြဿနာဖြစ်နေတာ”ဟု ၀ါရင့် ဆန်ကုန်သည် တဦးက ဆိုသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဂါနာနိုင်ငံသို့ တင်ပို့သော၂၅ မှတ်ဆန် တန်ချိန် ၁၅၀၀၀ ကျော်မှာ အရည်အသွေး မမီ ဟု ဆိုကာ ငြင်းပယ်ခံခဲ့ရပြီး တရားစွဲဆို ရင်ဆိုင်ရန် အထိဖြစ်ခဲ့သေးသည်။

ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်၌ မြန်မာနိုင်ငံအနှံ့ အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ နှင်းများ လွန်စွာကျဆင်းခဲ့ခြင်းများကြောင့် စပါး အလေအလွင့်များနိုင်ပြီး စပါးထွက်နှုန်း ကျဆင်းနိုင်ကြောင်း ပြည်တွင်း ဆန်စပါး သုတေသီတဦးက ခန့်မှန်းသည်။

ဆန်တင်ပို့မှုနည်းပါးခြင်း၊ ဆန်အသစ်များ ဈေးကွက်အတွင်း ၀င်ရောက်လာခြင်းတို့ကြောင့် ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ကြမ်း ဈေးနှုန်းမှာ လတ်တလေကျဆင်းနေကြောင်း ဆန်ကုန်သည်များက ဆိုကြသည်။

၂၀၁၀ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလ အကြား ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Comments (3)Add Comment
0
SGS မှာ အဲလိုရလား
written by jokerlay, January 07, 2011
တနည်းနည်းဖြင့် အရည်အသွေးမီ ကြောင်း ထောက်ခံချက်ရရှိရန် ကြိုးစား
တယ်ဆိုတော့ SGS က လူကြီးတွေကို ပိုက်ဆံပေးပြီး လက်မှတ်ယူတာလား
လာစစ်တဲ့ ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ပိုက်ဆံပေးပြီး ပို့လို့ရအောင်လုပ်ခိုင်းလိုက်တာလား
သတင်းကြားတာတော့ SGS က ဆန်သင်္ဘော စစ်တဲ့ခေါင်းဆောင်ဆိုရင် တစ်ီိးစစ်ရင်
၁၀ သိန်းလောက်အောက်ဆုံး ရတယ်ပြောနေတာပဲ
ဒါဆို SGS က ၀န်ထမ်းတွေ တော်တော် လခကောင်းမယ်ထင်တယ်နော် smilies/grin.gif
0
i
written by khin, January 07, 2011
good to hear
0
...
written by PureEvil.K, January 06, 2011
ပဒေသရစ် ခေတ် ကတည်းက အကျင့်တွေ အရိုး စွဲလာတဲ့ ဗမာလို့ မပြောရဘူး။
မှန်ကန်တဲ့ လမ်းကို မလျှောက်ဲ့ ဖြတ်လ မ်းနည်းက အလွယ်လိုက်ချင်တဲ့စိတ်ဓာတ်ကသေတဲ့ အထိပါတော့မှာ,
QUALITY ဆိုတာ ဂျိုနဲ့ လားလို့ခုထိ ထင်နေတဲ့ လူတွေ အတွက်၊ခုလိုဖြစ်ရပ်က နဲတောင် နဲသေးတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်