ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

E-mail Print
စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

u-thu-wai-2011ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။

ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။
Comments (17)Add Comment
0
စိတ်ထား ညစ်ပတ်
written by t t, January 08, 2011
စိတ်ထား ညစ်ပတ် တဲ့သူတွေ.စိတ်ထား ချီးပေတဲ့ သူတွေ..ပါ
0
သူခိုးကြီးများအတွက ဆုတောင်း
written by aung, January 06, 2011
နှစ်၂၀လုံး တိုင်းပြည်က ထွက်သမျှကို ခိုးလာတာ အား မရသေးဘူး အခု ဖုန်းလိုင်တောင် ခိုးနားထောင်ချင်သေးတယ် သူခိုးန က္ခတ်နဲ့ယှဉ်ပြီး မွေးလာကြတာ ထင်တယ် (အဲလောက် အခိုး ပက်စက်တဲ့ သူခိုးကြီးများ နောကိဖြ စ်လေရာ ဘဝတိုင်းမှာ မြန်မာနိုင်ငံအား အလုပ်အေ ကျွးပြုရသော ကျေးကျွန်များဖြစ်ကြပါစေ)မေ့သွားလို့ ကျေးကျွန် မဖြစ်ခင် ငရဲ အထပ်ထ ပ်တွင် ဘယ်လိုမှ ခံစားလို့ မရနိုင်သော ဝေဒနာများ ခံစားရ ပါစေ
0
...
written by Tin Mg Than, January 06, 2011
Sa Pha Ya!
Just intercept Daw Kyaing Kyaing 's Phone that top secret
0
Wish to be in listed
written by Winn Oo, January 06, 2011
I wish to be in listed to be tapped to my phone because I have not had a line or hand phone even though I served and took retirement from my Government service and also applied from the post after buying the forms and envelopes near the Post and Telecommunication Department of Panspdan more than 10 times.
0
.........နားလည်ပေးကြ ပါခင်ဗျား..........
written by ချစ်သူ, January 06, 2011
smilies/wink.gifsmilies/wink.gifsmilies/wink.gifsmilies/wink.gifsmilies/wink.gifအော်...ဒါလား သူ့အ ကျင့်စရိုက်က မွေးရာပါ မို့လို့ လုပ်လက်စနဲ့ ဆက်လုပ်လိုက်ပါစေဗျား ။
နောက်မှ သူ့ထိုက်နဲ့ သူ့ကံ သွားပါလိမ့်မယ။် ၀၌ဆိုတာ သံသယာ မကူးပါဘူး။ ဘယ်လောက်အထိ လုပ်နိုင်မလ ဆိုတာ စောင့်ကြည့် လက်စနဲ့ကြ ည့်လိုက်ဦးမယ်။ တစ်နေ့သော အချိန်က ရောက်လာေ တာ့မှာပါဗျားsmilies/wink.gifsmilies/wink.gifsmilies/wink.gifsmilies/wink.gifsmilies/wink.gif
0
Privacy
written by Taw Thar, January 06, 2011
Next they will pass a legislation enforcing to install CCTV cameras inside everyone's bedroom and toilets, at your own costs, of course.
0

written by Naing Win, January 06, 2011
it's open secret.
0
ဖုန်းလိုင်း
written by min thike, January 06, 2011
ဒီလောက်ထိ ရက်စက်ြ ကမ်းကြုတ်ပြီး ကောက်ကျစ် စဉ်းလဲမှုက အပြည့်။ ပညာမဲ့ မျက်က န်းတွေကို လူသတ် လိုင်စင်ေ ပးထား။ လူထုက ဘောင်းဘီမြ င်လည်ြးေ ကာက်၊ ပုဆိုးမြင်လ ည်းကြောက်၊ ဆယ် အိမ်မှုး၊ ရာအိမ်းမှုး၊
နောက်ဆုံး ကားစပယ်ရာတောင် ကြောက်နေ ကရတဲ့အထဲ ကိုယ်ဆွေ ကိုယ်မျိုးေ တွနဲ့ ရေခြာြးေ မခြား ဖုန်းလေး အလွမ်းပြေေ လးတောင် မပြောရဲ အောင် ဆွံအကြ ရတော့မယ်။ ကဲဘာများ ကျန်သေးလဲ။ ဘာများထပ်ေ ကြာက်စရာ ကျန်သေးသလဲ။ အစိုးရ ဟုေ ခ်ါသော သူခိုး ဓမြ ၊ လူသတ်၊ မဒိန်းကောင်များကရော ဘာများ ထပ်ပြီး ယုတ်မာကော က်ကျစ် အောက်တန်းကျကြဦးမလဲ ဆိုတာ စောင့်ကြည့်သွားဦးမယ်။
0
ဒါတွေနဲ့ဘဲ ပြီးနေတာ
written by 98, January 06, 2011
ွဒါတွေနဲ့ဘဲ အချိန်ကုန်၊ ငွေကုန်၊ တိုင်းပြည် ဆင်းရဲ၊ အသုံးကျတဲ့ နေရာမှာ ဦးနှောက်သုံးဖို့ အချိန်ေ၇ာ ငွေပါ မကျန်တော့ဘူး
0
Real try
written by star, January 05, 2011
ရည်းစားနဲ့  တဏှာ အကြောင်း ပြောရင်ကော နားထောင်အုံးမလားsmilies/grin.gif
0
ဝဋ်လည်နေတယ် သတိထား
written by ၀ီကီလိရဲ့ သား, January 05, 2011
သူများလုပ်ရပ် သိချင်တော့ ကိုယ့်လုပ်ရပ်ေ တွလဲ ပေါ်နေတဲ့
ခေါင်းခြုံ ဖင်ပေါ် နေတဲ့ အစိုးရ
0
ခိုးတာကို ၀ါသနာ ပါတဲ့ နအဖ
written by TG, January 05, 2011
တိုင်းပြည် ဘဏ္ဍာကိုလည်း ခိုး၊ ပြည်သူ ဆန္ဒကိုလည်း ဓါးပြ တိုက်ပြီး ခိုး၊ တိုင်းပြည် အာဏာကိုလည်း ခိုး၊ ဖုန်းမှ ပြောသည့်စကားကိုလည်း ခိုး၊ အခိုးကြီးတဲ့ ဗိုလ်သန်းရွေ... မြန်မာ နိုင်ငံကို ရွှေနိုင်ငံ တဲ သတိ ထားအုံး အစ ဖော်နေပြီ နောက်ဆို -သန်း- တစ်လုံး ထ ပ်ထဲ့ပြီး -သန်းရွှေ နိုင်ငံ- ထပ် လုပ်မလား
0
သူခိုးတွေ
written by guest, January 05, 2011
နိုင်ငံခြားဖုန်းတွေကို ခိုးနားထောင်တာက အရင် ကတည်းကပါ။ ခုလည်း လုပ်နေတာပဲ။ သူခိုးကျင့် သူခိုးကြံေ တွလေ။
သူတို့က အောက်တ န်းစားတွေ။ အဆင့်အတန်း ဆိုတာကို နားမလည်ဘူး။ လူတစ်ေ ယာက်ရဲ့ personality တွေကို လိုက်ပြီး ကန့်သတ်ချင်တယ်။
0
နိုင်ငံခြားမှ ခေါ်ဆို မှုများအား ခိုးနားထောင်ဆဲပါ။
written by သိနေသူ, January 04, 2011
နိုင်ငံခြားမှ ဖုန်းခေါ် ဆိုမှုများအား ယနေ့တိုင် ခိုး နားထောင်ဆဲဖြစ်တာ ကျွန်တော်တို့ လူမျိုး တွေ သိကြမှာပါ။ နားမလ ည်တဲ့သူ တချို့ကတော့ သိမှာ မဟုတ်ပါ။
ဖုန်းခိုး နားထောင်ပြီဆိုလျှင် လိုင်းမှာ Echo ရိုက်ခ တ်နေပြီး ကြည်လင်မှု မရှိပါ။
ထိုသို့သောအချိန်တွင် တောင်းပန်၍ သော်လည်းကောင်း ဆဲဆို၍ေ သ်ာလည်းကောင်း ပြူလုပ် လိုက်ပါ။ ခိုးနား ထောင်မှု ခေတ္တရပ် ဆိုင်း သွားကာ ဖုန်းလိုင်း ပိုမိုကြ ည်လင် လာပါလိမ့်မယ်။ မယုံလျှင် စမ်းသပ်ကြည့်စေလိုပါသည်။
0
Journalist
written by Platinum, January 04, 2011
Really surprised they say the landlines of the journalists in Myanmar are not tapped.
In fact, they have been bugging all my phones without the exception of the landline since before the MI was dissolved, proving the saying: “walls have ears” is true.
The eavesdroppers sometimes seem to lose their patience when we speak a language beyond their comprehension, like English or an ethnic dialect. In these cases, they often interfere creating some strange unbearable noises.
I once shouted in anger saying: “Why the hell are you creating that noise? You can ask me later if you have anything questions about our talks?” Then, I had my landline cut off for about nine months.
Sometime at the peak of monk-led protests during 2007, two or three sources of mine from provinces told me that the eavesdroppers answered my phone intercepting their calls, and told them “to stop giving information to you father axe-handle”. They were not intimidated and I still keep hearing from them.
Anyway, we don’t mind being eavesdropped as long as the phone line is not cut off. We are quite used it.
Axe Blade
YANGON
4/1/2011
0
တော်တော် အားနေ တယ် ထင်ပါ့
written by ဇကွဲ, January 04, 2011
ငါတို့ တိုင်းပြည်လေးနဲ့ နိုင်ငံသားေ တွလည်း သနားပါတယ်။ ဘာလုပ်လုပ် လွတ်ကို မလွတ်လပ်တော့ဘူး။ ခုလည်း ကြည့်၊ ဖုန်းတောင် ခိုးနားေ ထာင်ဦးမတဲ့ smilies/angry.gifsmilies/angry.gifsmilies/angry.gifsmilies/angry.gif
0
အတော်ကို ၀ါသနြာ ကီးတဲ့ နအဖ
written by လင်းလက်ကြယ်, January 04, 2011
ဖြစ်နိုင်ရင် သူတို့က မြန်မာပြ ည်သူ ပြည်သားတွေ ရှူတဲ့ အော က်စီဂျင်ကို တောင် ထိန်းချုပ် ချင်ကြဦးမှာ ။
အံ့သြ ကုန်နိုင်ဘွယ် လူ့အခွင့် အရေး ချိုးဖေါက်တဲ့ နေရာမှာ ကမ္ဘာမှာ ထိပ်ဆုံးက လိုက်တဲ့ နအဖပါ ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်