“ဇန်န၀ါရီ ၂ ရက်ကနေ ၄ ရက်နေ့ မနက်ပိုင်းအထိ ဈေးရောင်းပွဲ လုပ်သွားမယ်။ ၄ ရက်နေ့ နေ့ခင်းပိုင်းကစပြီး လွတ်လပ်ရေး နေ့အခမ်းအနားနဲ့ ဟောပြောပွဲတွေ ဆက်လုပ်သွားမယ်”ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။အဆိုပါ ဈေးရောင်းပွဲတွင် မည်သူမဆို လာရောက်၍ ဈေးရောင်းချနိုင်ကြောင်း၊ ရောင်းချရမည့် ကုန်ပစ္စည်းအပေါ်တွင်လည်း ကန့်သတ်ချက်မရှိကြောင်း သိရသည်။
NLD ရန်ကုန်တိုင်း အမျိုးသမီး အဖွဲ့ဝင် ဒေါ်ဝေေ၀သိန်း က“တရားဝင်ပစ္စည်းမှန်သမျှ ရောင်းချလို့ရတယ်။ အဲဒီက ရတဲ့ အမြတ်ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ပြန်လှူဖို့ပါ။ ဒီလို ဈေးရောင်းပွဲကျင်းပရတာကလည်း သူတို့အတွက် ရန်ပုံငွေ ရှာတဲ့ သဘောပါ”ဟု ပြောသည်။
ထိုဈေးရောင်းပွဲတွင် လာရောက်ရောင်းချမည့်သူများသည် ၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့နှင့် ၃၁ ရက်နောက်ဆုံးထား၍ ရွှေဂုံတိုင် ရုံးချုပ် ဗဟို အမျိုးသမီးအဖွဲ့ဝင် မအေးအေးမာ ထံသို့ လာရောက်စာရင်းပေးနိုင်ကြောင်း သိရှိရသည်။
“ပါတီရုံးချုပ်အတွင်းနဲ့ ရှေ့မျက်နှာစာမှာ ဆိုင်ခန်းတွေ ဖွင့်ပြီး ရောင်းချသွားမယ်။ တိုင်းနဲ့ပြည်နယ်က အဖွဲ့ဝင်တွေလည်း လာရောင်းကြမယ်။ အစားအသောက် ၊ အ၀တ်အထည် ၊ အမှတ်တရပစ္စည်း အစုံပါမယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD ပါတီသည် ၁၉၉၄ ခုနှစ်မှစတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့မှု ပေးခဲ့ပြီး ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ထောက်ပံ့ငွေ ပိုမိုပေးအပ်နိုင်ရေးအတွက် ယခုကဲ့သို့ ဈေးရောင်းပွဲတော်ကျင်းပ၍ ရန်ပုံငွေ ရှာရခြင်းဖြစ်ကြောင်း သိရသည်။
NLD လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များကလည်း ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို စစ်အစိုးရက အာဏာလွဲအပ်ခြင်းမရှိဘဲ၂၀၁၀ ရွေးကောက်ပွဲ ထပ်မံကျင်းပ ခဲ့ရာ NLD ပါတီက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLDနှင့်အခြား ၁၀ ပါတီကို စက်တင်ဘာ ၁၄ ရက်တွင် တရားမ၀င်တော့ကြောင်း ကြေညာခဲ့ရာ NLD ပါတီက ၄င်း၏ တရားဝင်မှုအတွက် နအဖ စစ်အစိုးရကို တရားရင်ဆိုင်လျက် ရှိသည်။
Set as favorite
Bookmark
Email this
Hits: 4354
Comments (12)

written by myo, January 05, 2011
try to understand the action . the fund intend to supprot the political Prisoners who fight for people democracy.the Gov will make more unfair work if NLD and DASSK are not around in MMr.if u want fair u support them.
written by ko kyaw kyaw soe, January 03, 2011
မွန်မြတ်တဲ့ လုပ်ရပ်ေ တွပါပဲ
ကျနော်ကေ တာ့ ဘာမှ မကူညီနို င်တာ ၀မ်းနည်း ပါတယ်။
ကျနော်ကေ တာ့ ဘာမှ မကူညီနို င်တာ ၀မ်းနည်း ပါတယ်။
written by DDD, January 03, 2011
ခလေးကလား ဆွဲထားတဲ့ လက်ရာနဲ့ post card တွေကို ရောင်းစားနေတာ အံသြမိပါရဲ့...




written by Tun Min Hein, January 01, 2011
without Money How can they continue to run the party. some of burmese brains are need to wash !
written by Paing, January 01, 2011
I mean really, are you not ashamed of what you are saying???? It is a pity that in every generation, there are always people like You shameless, selfish and ignorant to the reality of our country. Shame on you and your group who are just paid to be destructive to the only person who is trying to save us "Myanmar People" from Hell!!!!
Shame On You!!!!!!!
Shame On You!!!!!!!
written by naung naung, January 01, 2011
အစိုး၇ xxx
အေးအေး ဆေးဆေး မင်းတို့သခင် ခိုးထားတဲ့ အရိုး အရင်း ကျန်တာလေးကို
စားပြီး ပါးစပ် ပိတ်နေပါ
နင်တိြု့ မိုနေတာ ငါတို့ရဲ့ ချွေး သွေး တွေပဲ
အေးအေး ဆေးဆေး မင်းတို့သခင် ခိုးထားတဲ့ အရိုး အရင်း ကျန်တာလေးကို
စားပြီး ပါးစပ် ပိတ်နေပါ
နင်တိြု့ မိုနေတာ ငါတို့ရဲ့ ချွေး သွေး တွေပဲ
written by ဖြိုးမာန်သီဟ, January 01, 2011
သူများ ကောင်းရာ ကောင်ကျိုး လုပ်နေတာ မနာလိုဖြစ် နေမဲ့အစား စိတ်ထားကောင်းလေး မွေးပြီး
မုဒိတာ ပွါးရင် သေရင် ပါသွားအုံးမယ်
NLD အဖွဲ့တို့ ဆက်လုပ်
အများ ကောင်းကျိုး အတွက် လုပ်တာ ဘယ်သူရရ ကျေနပ်တယ်
သူများ လေ တက်တာ မြင်တယ်၊ ခင်ဗျားတို့ ခေါင်းပေါ် ချီးပါချနေတဲ့ ခင်ဗျားတို့ xxxတွေ ကျတော့
မလှန်၇ဲဘူး မဟုတ်လား
မုဒိတာ ပွါးရင် သေရင် ပါသွားအုံးမယ်
NLD အဖွဲ့တို့ ဆက်လုပ်
အများ ကောင်းကျိုး အတွက် လုပ်တာ ဘယ်သူရရ ကျေနပ်တယ်
သူများ လေ တက်တာ မြင်တယ်၊ ခင်ဗျားတို့ ခေါင်းပေါ် ချီးပါချနေတဲ့ ခင်ဗျားတို့ xxxတွေ ကျတော့
မလှန်၇ဲဘူး မဟုတ်လား
written by aaa, January 01, 2011
မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် နည်းလမ်း ရှာရာ မတွေ့ရှိသဖြင့် ဈေးရောင်းပွဲတော် ကျင်းပတော့ မည်။ ဒီပုံမျိုးနဲ့ ဒီမိုကရေစီ ရဖို့ မရှိ။
written by မောင်ဝိုင်း, January 01, 2011
ဓါတ်ပုံရောင်းစားတာ မကျေ နပ်ရင် မဝယ်ရုံပဲ။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါ။ ဒါကိုတော့ ပြောချင်သေးတယ်။ တိုင်းပြည်တစ်ခုလုံး ရောင်းစားနေတာ ကျတော့ လုပ်စား တယ် မပြောေ တာ့ဘူးလား။
written by myanmar, December 31, 2010
စားဝတ်ေ နရေးဟာ လူတွေရဲ့ အဓိက အရေးဖြ စ်လေတော့၊ ဒါကို သဲတစ်ပွင့်၊ ရေတစ်ေ ပါက်ြ ဖည့်စီးေ ပးနေတဲ့ NLD ကိုရော၊ သေရေး အတွက် အကူ အညီေ ပးနေတဲ့ ဦးကျော်သူရဲ့  လုပ်ရပ်ကိုရော၊ သာဓုေ ခ်ါပါတယ်.. NLD အနေနဲ့ ရှာလို့ ရတဲ့ငွေ ကိုအ များ အကျိုးလဲသုံး၊ ကူညီေ ဆာင်ရွ က်နေတဲ့ အဖွဲ့ ဝင်တွေအတွက်လဲ မျှဝေ၊ ပေးရမှာပေါ့၊ ဘယ်သူက ဗိုက်မှောက်ပြီး လုပ်နိုင် မတုန်း၊ လုပ်ပေး နေတဲ့သူ ရှိတာ ကိုဘဲ ကျေးဇူး တင်ရမှာ၊ ကိုယ်က ဘာ လုပ်နိုင်လို့ တုန်း၊ ဝေဖန်တာကေ တာ့ရှိ မှာဘဲ NLD.. ဘုရားလောက် လူသား အကျိုးဆောင်တဲ့သူ မရှိတာ တောင်၊ ကတုန်း ကတိုက်က ရှိသေးတာ.. ကိုယ့်လန်း ကိုယ်လျှော က်ဗျို့ ....
written by poe, December 31, 2010
ပြည်သူတွေက ကြည်ကြ ည်ဖြူဖြူ ၀ယ်ယူအားပေး ချင်ကြတာ NLD လဲပါပါတယ်
ဘာကြော င့်ဖြစ်ဖြစ် လူတွေ၇ဲ့ စေတ နာမှန်ကို မပိတ်ပင် ကောင်းဘူး
ပို့စကဒ်ေ ၇ာင်းတဲ့ ငွေဟာ တိုင်းပြည်၇ဲ့ ဘဏ်ဏာငွေ မဟုတ်ပါ
ဆွေစဉ်မျိုးဆက် သုံးမကုန်အောင် နိုင်ငံတော်ပစ်စည်း မိမိပစ်စည်း
ထင်ပြီး အလွဲသုံးစား လုပ်နေတဲ့ လူတွေ ထက် အများကြီး သိတ်ခါ
ရှိတယ်၊ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေ ကိုယ်တိုင် ကြည်ကြ ည်ဖြူဖြူ
လှုချင်လို့ လာဝယ်နြေ ကတာပဲလေ
အေ မစုနဲ့ အဖွဲ့ကို အားေ ပးချင်လို့ သူငယ်ချင်းတွေ ငွေလိုက်စုနေပြီး
အများအ ကျိုးအတွက် လုပ်တာ လှိုက် လှိုက်လှဲလှဲ အားပေးဘို့ အဆင့်သင့် ဖြစ်နေပါပြီ။
ဘာကြော င့်ဖြစ်ဖြစ် လူတွေ၇ဲ့ စေတ နာမှန်ကို မပိတ်ပင် ကောင်းဘူး
ပို့စကဒ်ေ ၇ာင်းတဲ့ ငွေဟာ တိုင်းပြည်၇ဲ့ ဘဏ်ဏာငွေ မဟုတ်ပါ
ဆွေစဉ်မျိုးဆက် သုံးမကုန်အောင် နိုင်ငံတော်ပစ်စည်း မိမိပစ်စည်း
ထင်ပြီး အလွဲသုံးစား လုပ်နေတဲ့ လူတွေ ထက် အများကြီး သိတ်ခါ
ရှိတယ်၊ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေ ကိုယ်တိုင် ကြည်ကြ ည်ဖြူဖြူ
လှုချင်လို့ လာဝယ်နြေ ကတာပဲလေ
အေ မစုနဲ့ အဖွဲ့ကို အားေ ပးချင်လို့ သူငယ်ချင်းတွေ ငွေလိုက်စုနေပြီး
အများအ ကျိုးအတွက် လုပ်တာ လှိုက် လှိုက်လှဲလှဲ အားပေးဘို့ အဆင့်သင့် ဖြစ်နေပါပြီ။
Write comment
| < Prev | Next > |
|---|







