နယ်ခြားစောင့်တပ် ဖွဲ့ရန် DKBA နေပြည်တော်သွား

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး အတွက် နေပြည်တော်၌ အစိုးရ အာဏာပိုင်များကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

dkba-soldiers-10နေပြည်တော်သို့  ဗိုလ်မှူးကြီး စောချစ်သူ အပါအ၀င် တပ်ရင်းမှူး မောင်ဝင်းနှင့် ဗိုလ်မှူး ဆန်းလေးတို့က သြဂုတ် လဆန်းပိုင်းမှ စတင်၍ ၁၀ ရက်ခန့် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

DKBA တပ်မဟာ (၉၉၉) အနေဖြင့် နယ်ခြားစောင့် တပ်ကို လက်ခံခဲ့သည့် အတွက် မြန်မာကျပ်ငွေ သိန်း ၅ ထောင်ကိုလည်း လက်ခံရရှိသည်ဟု သိရကြောင်း ဖဒိုစောအောင်မော်အေးက ဆိုသည်။

ယခုတပတ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ၌ DKBA တပ်များက နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အခမ်းအနား ပြုလုပ်ရန်ရှိကြောင်း၊ သို့သော် DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇနသည် ကျန်းမာရေး အခြေအနေကြောင့် ထိုအခမ်းအနားသို့ ကြွရောက်နိုင်ခြင်း ရှိမရှိ မသေချာကြောင်း၊ ဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ 

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။

နယ်ခြားစောင့်တပ်ကို DKBAတပ်ဖွဲ့ဝင် အများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင် များက ယင်းအစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

ယခုလဆန်း ၆ ရက်နေ့တွင် DKBA တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံသောကြောင့် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက်များနှင့်အတူ လာရောက် ပူးပေါင်းခဲ့သည်။ ထွက်ပြေးလာသူများ၏ အဆိုအရ ဆက်လက် ထွက်လာမည့်သူများလည်း ရှိသေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြ၀တီမြို့နယ်၌ စစ်အစိုးရတပ်များက အင်အားတိုးချဲ့ပြီး တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ချထားကြောင်း သိရသည်။ 

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကြောင်းကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (2)Add Comment
0
...
written by Saw Nay Min Naing, August 18, 2010
Govement buy Chit Thu.not DKBA not karen. They can not buy karen peoples.
နအဖ ကို သစ္စာ စောင့်သိသူ စောချစ်သူ။, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်