ထက်ထက်မိုးဦးအမှု ပထမဆုံး တရားလိုပြသက်သေ စတင်ကြားနာ

E-mail Print
ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံအမှုကို ရန်ကင်း တရားရုံးတွင် ယနေ့ ဆက်လက် ကြားနာရာ တရားသူကြီးက တရားလိုပြ သက်သေအား “မည်သည့် အရာကို အနုပညာဟု ခေါ်သနည်း” ဆိုသည့် မေးခွန်း ထုတ်ခဲ့ကြောင်း သိရသည်။

htet-htet-moe-oo---augလွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူး တခုတွင် မင်းသမီးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ ခြင်းကြောင့် ရန်ကင်း တရားရုံးတွင် ၂ လကျော်ကြာ တရား ရင်ဆိုင်နေရရာ ယနေ့ ပထမအကြိမ် တရားလိုပြ သက်သေ အဖြစ် ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ မ၀င်းဝင်းမာကို စစ်မေးရာတွင် တရားသူကြီး ဦးနေအောင်က အထက်ပါ မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။

“တရားသူကြီးက The Voice မှာပါတဲ့ ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမေးအဖြေ တွေကို ဖတ်ဖူးလားလို့ မေးတယ်။ အဲဒီမေးခွန်းတွေက အနုပညာနဲ့ ဆိုင်လား၊ ဘယ်ဟာကို အနုပညာလို့ ထင်လဲလို့ မေးပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

မဝင်းဝင်းမာက တရားသူကြီး၏ မေးခွန်းများသည် အနုပညာရှင်ဖြေရမည့် မေးခွန်းများသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားလိုက်သည်ဟု ဆိုသည်။

“ထက်ထက်မှာက နှလုံးရောဂါရှိတော့ သူ့ပရိသတ်တွေက သူ့ကျန်းမာရေး ကောင်း၊ မကောင်းဆိုတာ အရင် သိချင်ကြမှာပဲလေ။ နောက်၊ အိမ်ထောင်ရေး ဆိုတာလည်း သိချင်ကြမှာပဲ။ သာမန် အရပ်သူဆိုရင်တော့ ဘယ်သိချင်ကြမလဲလို့ ဖြေလိုက်တယ်” ဟု ပထမဆုံး တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရသော မဝင်းဝင်းမာက ပြောပြသည်။

၎င်းကို တရားသူကြီး ဦးနေအောင်က ယင်းမေးခွန်း တခုတည်းသာ စစ်မေးခဲ့ပြီး တရားခံရှေ့နေကသာ ကိုယ်ထိ လက်ရောက်မှုနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ်သတင်းထောက် အေးသူစံအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးအား တရားစွဲတင်ထားသည်။

ထက်ထက်မိုးဦးက ဇူလိုင် ၁၃ ရက်တွင် တရားရုံးသို့  ဆေးစာတင်ပြခဲ့ပြီး ယခုရုံးချိန်းအထိ လာရောက်ကြားနာခြင်း မရှိသေးပေ။

သတင်းထောက်အေးသူစံဘက်က တရားလိုပြ သက်သေအဖြစ် မ၀င်းဝင်းမာ၊ ကိုဘုန်းနေလ၊ ကိုသန့်စင်အောင်နှင့် မအေးမြကျော် တို့ကို တင်သွင်းထားပြီး လာမည့် ၃၁ ရက်နေ့တွင် တရားလိုပြ သက်သေများကို ဆက်လက် ကြားနာမည်ဖြစ်ပြီး ယနေ့တရားခွင်ကိုလည်း သက်ဆိုင်သူများသာ ၀င်ရောက်ခွင့်ပြုသည့် တံခါးပိတ် တရားခွင်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

ထက်ထက်မိုးဦးသည် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
Comments (15)Add Comment
0
....
written by ????, August 20, 2010
လူတိုင်းမှာ အားနည်းချက်၇ှိတာပဲလေ ... အမေး မခံချင်ရင် ပြည့်စုံအောင်နေပေါ့ လို့ အယ်ဒီတာ တစ်ယောက်က ရေး ထားတာကို စာစောင် တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ တစ်ခုပဲေ မးချင်ပါတယ် လောကကြီးမှာ ပြီးပြည့် စုံတဲ့သူ အပြော လွတ်တဲ့သူ ဘယ်သူ ရှိလဲလို့  ဒေါသ အလျောက် လက်တုံ့ ပြန့် တာ မကောင်းပေးမဲ့ ဒီလြို ဖစ်သွားတာ ခပ်ကောင်းကောင်းလို့ ဆိုရမှာပဲ နောက်ဆို ဒီလို မသင့် လျှော်တဲ့ မေးခွန်းမျိုး Interviewer တွေ မေးရဲေ တာ့မှာ မဟုတ်ဖူး၊ ကလောင်သွား ဆိုတာ အင်မတန် ထက်ပါတယ် ဒီလို အတ င်းအဖျ င်းမေးခွန်းတွေ အတင်း အဖျင်း စာစောင် တွေနဲ့ ကုန်ဆုံးေ စမဲ့အစား အကျိုး ရှိစွာ အသုံးချကြပါလို့ တိုက်တွန်းချင်ပါတယ်။
Response to Htet Htet Friend.., Low-rated comment [Show]
ထက်ထက်မိုးဦး, Low-rated comment [Show]
0
...
written by ????, August 19, 2010
တရားသူကြီး မေးတာ ဘာဖြစ်လို့ လဲ နည်းလမ်း ကျသားပဲ အနုပညာရှင်တွေကို အင်တာဗျူး လုပ်တဲ့သူဟာ အနုပညာ ဆိုတာ ဘာလဲ ဆိုတာ သိထား နားလည်ထား ရမှာပေါ့။ အနုပညာ ဆိုတာ မင်းသား မင်းသမီးတွေရဲ့ ကိုယ်ရေး ကိုယ်တာ အတင်း အဖျင်းမှ မဟုတ်ပဲကွယ်။
0
Htet Htet
written by Jack, August 18, 2010
လက်တွေ့ ဆုံးမ လိုက်တာပဲ ကြိုက်တယ် အားပေးတယ် မြန်မာပြည်မှာ ဥပဒေ မစိုးမိုးသေးတော့ ဒီလိုပဲ ဆော်ရမှာပဲ
0
Who is right?.. Who is wrong?
written by့ထက်ထက်, August 18, 2010
ထက်ထက် မိုးဦးကို မေးထားသော မေးခွန်းများကို ဖတ်ခဲ့ရပါသည်။ အနုပညာရှင်တယောက် အတွက် မေးသင့်သော မေးခွန်းဟု ဆိုလျှင် မမှားနိုင် သောလည်း မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု အရ ထိုသို.သော မေးခွန်းများကို သတင်းေ ထာက်များ သုံးလေ့ မရှိပါ။ ထက်ထက် ဘက်မှလဲ မမျှော်လ င့်သော မေးခွန်းများ အတွက် အလျင်စလို လက်တုန့်ပြန်ြ ခင်းကြောင့်လဲ မသင့်လျော်သော အပြုအမူတခု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။
0
good
written by sn, August 18, 2010
good question
0
စာနာတ တ်ကြပါစေ
written by sukan, August 18, 2010
ဘာဘဲဖြစ်ဖြစ် ကိုယ်ချင်း စာနာစိတ်တွေနဲ့ မေတ္တာ ထားတတ်ကြမယ် ဆို၇င်တော့ အနုပညာသမား အတွက်ေ၇ာ စာပေသမား အတွက်ပါ.ပ၇ိတ်သတ် အတွက် မှတ်သားစ၇ာ စံနမူနာကောင်း တခု ကျန်၇စ်ခဲ့မယ် ထင်တယ်.။
0
...
written by heinhtetsoe, August 18, 2010
အရိုက် မခံချင်ရင် မဟုတ်တာတွေ သွား မမေးနဲ့ ပေါ့...smilies/grin.gif
0
....
written by ????, August 18, 2010
မင်းသမီးဖက်က နာတာတော့ မဟုတ်ပါဘူး စကတည်းက မမေးသင့်တဲ့ မေးခွန်းကို ဘာလို့ သွားမေးလဲ ဒီလို မေးခွန်းမျိုးက ကိုယ့်ကိုေ မးရင်လဲ ကြိုက်မှာ မဟုတ်ဘူး ကိုယ်ထိလ က်ရောက်ကျူးလွန်တာတော့ မေ ကာင်းဘူးပေါ့ ဒါပေမဲ့  မင်းသမီးလဲ လူပဲ သူလဲ စိတ်ဆိုးတတ်မှာပေါ့
0
Look with fare
written by Angel, August 18, 2010
Hi all, If you are Htet Htet Moe Oo, how will you feel and feedback to Ma Aye thu san.
Pls look with fare .
0
no need to complain this justic.
written by maylay, August 18, 2010
don't worry htet 2.after this case you also c an sue to aye thu san.pl dissuce with your lawer how to feed back to her.
0
...
written by moe, August 17, 2010
"တံခါးပိတ် တရားခွင်" ဆိုကတဲက အ‌ဖြေကို ခန့်မှန်းလို့ ရ‌နေပါပြီ၊ ထက်ထက်မိုးဦးက ဘယ်သူ့ ရဲ့ ..... ဘာမို့  လို့ လဲ။
0
မတရားသည့် မေးခွန်း
written by Paytoo, August 17, 2010
အဲဒီ တရားသူကြီးက တရားခံဘက်က လဒ်ငွေ သိန်း ဘယ်လောက်တောင် ယူထားပြီးပြီလည်း မသိဘူး။ သူ့မေးခွန်းက ဘယ်သူ့ကို မေးရမဲ့ မေးခွန်း ဆိုတာတောင် မသိတော့တဲ့ တရားသူကြီးပါလား။ ငွေများ ငွေနိုင် ဆိုတာနဲ့ တူတယ်။
0
why?
written by hnin, August 17, 2010
ဗုဒ္ဓဘာသာဝင်ေ တွဖြစ်ပြီး ဘာလို့ သူတို့
ဗုဒ္ဓ တရားတော်နဲ့ အညီ မကျင့်သုံး ခဲ့ရတာပါလိမ့်??

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်