နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ကြ သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ စစ်အစိုးရ ကမ်းလှမ်း ထာေးသာ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို သဘောမတူ သောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။ လက်ရှိတွင် DKBA တပ်ဖွဲ့မှ လူဦးရေ ၂၀ ခန့်သည် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက် များနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး ဆက်လက် ထွက်လာမည့် သူများလည်း ရှိသေးကြောင်း သိရသည်။
ဘက်ပြောင်း လာသော DKBA တပ်ဖွဲ့ဝင် များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်း၌ တာဝန် ထမ်းဆောင် နေကြသူများ ဖြစ်သည်။
အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော DKBA တပ်ဖွဲ့နှင့် စစ်အစိုးရအကြား နှစ်ဘက် တင်းမာနေကြောင်း သိရသည်။
ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။
ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြန်လည် ပူးပေါင်းခြင်း မရှိသော်လည်း အဆက်အသွယ် ရယူထားကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။
“တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင် တယောက်နဲ့ တယောက် နားလည်ရမယ်။ ဘယ်လို အထောက်အကူတွေ လုပ်ပေးရမလဲ၊ အဲဒါတွေရှိ တယ်” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိတွင် တိုက်ပွဲများဖြစ်မည့် အခြေအနေ မရှိသေးကြောင်းလည်း ဗိုလ်ကြီး ဘူးဖောက ဆက်လက် ပြောသည်။
အတည်မပြုနိုင်သော သတင်းများ အရ ပြီးခဲ့သည့် သီတင်းပတ်တွင် မြ၀တီမြို့နယ်အတွင်း၌ နအဖ စစ်အစိုးရတပ်များ အင်အားတိုးချဲ့ပြီး နအဖ တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ရှိကြောင်း သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်အကြောင်းကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Set as favorite
Bookmark
Email this
Hits: 6076
Comments (2)

written by Ko Lynn, August 11, 2010
If he has financial arm to fight against SPDC arm forces. It would be interesting although civial war is not good. There could be chances to get financial arm as Burma - Thai border has been closed. Border tarde used to finance KNU a lot. So.... why not
Write comment
| < Prev | Next > |
|---|







