ရှစ်လေးလုံး ၂၂ ပြည့် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

E-mail Print
ရှစ်လေးလုံး အရေးတော်ပုံ ၂၂ ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ ရန်ကုန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

8888-22မင်္ဂလာ တောင်ညွှန့် မြို့နယ် အရှင် အာဒိစ္စ၀ံသ ကျောင်းတိုက်တွင် ကျင်းပသော ယင်း အခမ်းအနားသို့ NLD ပါတီဝင်များ အပြင် ရွေးကောက်ပွဲ ၀င်ရန် ပါတီမှတ်ပုံ တင်ထားသည့်  ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ် ပါတီ စသည့် နိုင်ငံရေး ပါတီဝင်များ ပါဝင်သည့် ပရိတ်သတ် ၃၀၀ ကျော် တက်ရောက် ခဲ့ကြကာ ပင့်သံဃာ ၇၅ ပါးကို ၀ါဆိုသင်္ကန်း ကပ်လှူခဲ့ပြီး  ရှစ်လေးလုံး အရေးတော်ပုံ အတွင်း ကျဆုံးခဲ့သူ များအား အမျှအတန်း ပေးဝေ ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၉၈၈ သြဂုတ်လ ၈ ရက်တွင် မြန်မာ တနိုင်ငံလုံးက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် (မဆလ) တပါတီစနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို စတင် တောင်းဆိုခဲ့ကြသည့်နေ့ကို ရှစ်လေးလုံး လူထုလှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ထားသည်။

Comments (4)Add Comment
0
never forget them
written by Tuumar, August 09, 2010
never forget as long as i live.
0
...
written by kokopoliticalanalyzer, August 09, 2010
22 years on more and more lives are affected and crushed.
Down with the military dictatorship in Burma!
0
ပြောချင်စိတ်မရှိတော့ပါ
written byုသို့, August 09, 2010
၈လေးလုံးလို မမေ့သင့်တဲ့ နေ့မှာ Irrawaddy က အခန်းတခုလေး လုပ်ပေးတာ ကျေးဇူးတင်ပါတယ်..
ဝါရှင်တန်မှာတော့...
၈ လေးလုံးက ပေါက်ဖွားလာတဲ့ လူတွေကတော့ ပါတီပွဲနဲ့ သောက်ပျော် နေကြတယ်ဗျာ...
ကားဆိုရင် Lexus တဲ့..
အရက်ဆိုရင် Black ဆိုပဲ..

အာရုဏ်ဆွမ်း အမျှဝေပွဲကို ကြွပါခင်ဗျာ ဆိုတော့..အစောကြီး အိပ်ရာ မထနိုင်ဘူး တဲ့
ညနေ ဗမာသံရုံးရှေ့ ဆိုတော့... ဘာလုပ်ဖို့လဲဆိုပဲ..
မေးမိတဲ့ ဒီဖေကိုယ် အပြစ်ေ တွပါ...
ပြောချင်စိတ်လဲ မရှိတော့ပါ..
0
အထင်အမြင် မှားမည်စိုး
written by ကောင်းမြင်, August 09, 2010
ရွေးကောက်ပွဲ ၀င်မယ့် ကိုအေးလွင်တို့ ပါတီက လုပ်တာ ဖြစ်တယ်၊ (၈၈)ကျောင်းသား ခေါင်းဆောင် ဆိုတာက မြန်မာပြည်လူထုက မင်းကိုနိုင်။ ကိုကိုကြီး။ မင်းဇေယျာ စတဲ့ နအဖကို အတိုက်အခံ လုပ်နေဆဲ ထောင်ကျ နေဆဲ ကျောင်းသားတွေသာ ဖြစ်တယ်တာ မြင်၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်