“DKBA တွေ ထိုင်နေတဲ့ ကုန်သွယ်ရေး ဂိတ်တွေမှာ သူတို့ရဲ့ အလံတွေကို ဖြုတ်ချပြီးတော့ မြန်မာ နိုင်ငံတော် အလံကို တင်တဲ့ အပြင် ၉၉၉ ဂိတ်ကိုလည်း ဒေါနတောင် ဂိတ်ဆိုပြီး နာမည်ပြောင်းလိုက်တယ်”ဟု DKBA နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြော သည်။ ယင်း ၉၉၉ ဂိတ်ကို ပိတ်ထား၍ ဂိတ်ရှေ့တွင် တပ်တွေချထားပြီး မည်သူ့ကိုမှ အပြင် ပေးမထွက်ကြောင်းလည်း ၎င်းက ဆိုသည်။
၉၉၉ ဂိတ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဖက်ကမ်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံ ပစ္စည်များ အများဆုံ တင်သွင်း နေ သော ဂိတ်များလည်း ဖြစ်သည်။
DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။
သို့သော် နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံသဖြင့် ခွဲထွက်ခဲ့သည်။
အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် ယင်းသို့ ခွဲထွက်သွားသော DKBA တပ်ဖွဲ့ နှင့် စစ်အစိုးရကြား နှစ်ဘက် တင်းမာနေကြောင်းလည်း သတင်းများအရ သိရှိရသည်။
ယမန်နေ့ကလည်း ကော့ကရိတ်မြို့နယ် ဘိုတာ တောင်ကုန်းအနီးတွင် စစ်အစိုးရ အကြီးအကဲများ စီးနင်းလာသည့် စစ်ကားများကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ၀င်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တန်းသည် မြဝတီမြို့သို့ လာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် အပါအ၀င် တချို့တာဝန်ရှိသူများလည်း ထိုကားတွင် လိုက်ပါလာကြောင်း သတင်းများ အရ သိရှိရသည်။ ကရင်သတင်းရပ်ကွက် အဆိုအရ ထိုပစ်ခတ်မှုတွင် စစ်အစိုးရတပ်မှ တပ်သား၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်အစိုးရ ယာဉ်တန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KNLA က ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်မှူးကြီး စိုးစိုးက ယာဉ်တန်းသည် DKBAထိန်းချုပ်သော ၅၅၅ တံတား ဧရိယာတွင် ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားသောကြောင့် KNLA က ထိုဧရိယာသို့ ဝင်၍ မရကြောင်း ဧရာဝတီသို့ ပြောသည်။
အတည်မပြုနိုင်သော သတင်းများအရ ယနေ့ မြ၀တီမြို့တွင် စစ်အစိုးရ အကြီးအကဲများ အပါအ၀င် DKBA ဘက်မှ ခေါင်းဆောင် တချို့နှင့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်သည့် အစည်းအဝေး တခု ပြုလုပ်နေကြောင်း သိရသည်။
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာတပ်များမှ ပြင်ပသို့သွား လာရာတွင် ယူနီ ဖောင်းဝတ်ဆင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်း မပြုလုပ်ရန် တို့ကိုလည်း ယခုတပတ် အင်္ဂါနေ့မှ စတင်၍ အမိန့်ထုတ်ပြန်ထား ကြောင်း သိရသည်။
တချိန်တည်းတွင်ပင် ကော့ကရိတ်မြို့နယ်တွင် စစ်အစိုးရတပ်များ တိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသား ၁၀၀ ခန့် ထိုင်း နိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးလာကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။
ဖုတ်ဖရမြို့နယ် ခရိုင်တာဝန်ရှိသူတဦးက“စစ်ပြေးဒုက္ခသည်တွေ အနည်းအကျဉ်း ထွက်ပြေးကြတယ်၊ ဘာပဲဖြစ်ဖြစ် ထိုင်းစစ်သား တွေ အပါအ၀င် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပြေး လာသူတွေကို ကူညီဆောင်ရွက်ပေးသွားမယ်”ဟု ဆိုသည်။
နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်း ရှိကြောင်း သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ် ကြေညာနိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Set as favorite
Bookmark
Email this
Hits: 11612
Comments (6)

written by komg, August 08, 2010
To LA
ဗိုလ်ချုပ်တွေက မကြောက်ပဲ ဒေါသ ထွက်လို့ မင်းတို့အားလု့းံ မီးလောင်တိုက် သွန်းနေအုံးမယ်...
ဗိုလ်ချုပ်တွေက မကြောက်ပဲ ဒေါသ ထွက်လို့ မင်းတို့အားလု့းံ မီးလောင်တိုက် သွန်းနေအုံးမယ်...
written by saw, August 07, 2010
The way to make their army stronger:
To make the ethnics Army group to be border security around the country:
To own nuclear and scare the neighbour and get more expect in unfamous way:
To make their power not to hand over to other political party:
How many years they have spent the time already?
To achieve their strategies they put in their plan at least................ 20 Years........
To make the ethnics Army group to be border security around the country:
To own nuclear and scare the neighbour and get more expect in unfamous way:
To make their power not to hand over to other political party:
How many years they have spent the time already?
To achieve their strategies they put in their plan at least................ 20 Years........
written by မျိုးချစ်လူငယ်, August 07, 2010
မင်းသား ရမ်ဘိုကိုသာ ခေါ်တဲ့ပီး လောင်ချာနဲ့ ထုခိုင်း လိုက် လို့ကတော့ အားလုံး သေချာပေါက် မာလကီး ယားမှာ သေချာတယ်။ တိုင်းရင်း သားတွေကို အချင်းချင်း သွေးခွဲ ဖိနှိပ် အုပ်ချုပ် ချင်တဲ့ စစ်ဗိုလ်ချုပ် တွေ…
written by Saw T. Luke, August 07, 2010
I agree that a country must have only one army as a nation,not multiple-armies of different nationalities.
I strongly disagee with the way Myanmar Armed forces is dealing with different ethnic armed groups. Instead of force,they should use dialogue and reach mutual compromise for common good of all ethnic groups.I strongly want all ethnic groups having equal rights,not oppression by force.
I strongly disagee with the way Myanmar Armed forces is dealing with different ethnic armed groups. Instead of force,they should use dialogue and reach mutual compromise for common good of all ethnic groups.I strongly want all ethnic groups having equal rights,not oppression by force.
Write comment
| < Prev | Next > |
|---|







