NLD ထိပ်ပိုင်း တချို့နှင့် ပဲခူးတိုင်း အဖွဲ့ဝင်များ တွေ့ဆုံ

E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ ပါဝင်သည့် ဗဟို အလုပ်အမှူဆောင် အဖွဲ့ဝင်များသည် ပဲခူးတိုင်း အနောက်ခြမ်း လက်ပံတန်းမြို့တွင် မြို့နယ် ၈ မြို့နယ်မှ ပါတီဝင်များ နှင့် ယနေ့ နံနက် ၁၀ နာရီတွင် တွေ့ဆုံခဲ့သည်။

လက်ပံတန်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အေး၏ နေအိမ်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း လူအင်အား ၇၀ ခန့်တက် ရောက်ကြောင်း ဦးဉာဏ်ဝင်း က ဧရာဝတီသို့ပြောသည်။

“NLDရဲ့ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်အကြောင်း၊ တစည်းတလုံးတည်း ရှိတဲ့ အကြောင်းလေးတွေ ပြောဖြစ်ပါတယ်”ဟု ၎င်းက ဆို သည်။

နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများသည် ခွဲခြား၍ မရကြောင်း၊ လူမှုရေး အခြေခံသည့် လူထုနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်မည်ဖြစ် ကြောင်း၊ အဖွဲ့ချုပ် ဗဟို အနေဖြင့်လည်း အောက်ခြေ ပါတီဝင်ထုဖြင့် ယခင်ကအတိုင်း ထိတွေ့ဆက်ဆံသွားမည့် အကြောင်းများကို  ဆွေးနွေးကြသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

လက်ပံတန်းမြို့နယ် အတွင်းရေးမှူး ဦးကျော်မင်းကလည်း ယခုကဲ့သို့ ပါတီခေါင်းဆောင်များနှင့် ထိတွေ့ဆွေးနွေးရသည်ကို တက် ရောက်လာသည့် ပါတီဝင်များက အားရကျေနပ်ကြောင်း၊ စစ်အစိုးရက ဥပဒေများဖြင့် ပါတီမရှိတော့ကြောင်း ပြောဆိုနေသော် လည်း ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှု ဖြင့် ဆက်လက်ရပ်တည်နေပါကြောင်း ပြောသည်။

ယင်းတွေ့ဆုံမှုကို အာဏာပိုင်များမှ တစုံတရာ အနှောင့်အရှက်ပေးခြင်းမရှိဘဲ ညနေ ၃ နာရီတွင် အစည်းအဝေး ပြီးဆုံးသွား ကြောင်း သိရသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်