ဆင်ဖြူတော် နေပြည်တော်ကို သယ်ပြီ

E-mail Print
ရခိုင်ပြည်နယ် မောင်းတော မြို့နယ်အတွင်း လွန်ခဲ့သည့် ဇွန်လက ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူ တကောင်ကို ယမန်နေ့က နေပြည်တော်သို့ သယ်ဆောင် သွားပြီ ဖြစ်သည်။

“ဇူလိုင် ၃၁ ရက်နေ့က စစ်တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး ကိုယ်တိုင်လာပြီး ဒီက မြို့နယ် သံဃ မဟာနယက ဆရာတော်တွေကို ဆင်ဖြူ ပင့်မယ့်အကြောင်း လျှောက်ထားတယ် ၊ မနေ့မနက် ၉ နာရီမှာတော့ စစ်ရေယာဉ်နဲ့ တောင်ကုတ်ကို သယ်သွားပြီ၊ တောင် ကုတ်ကနေ နေပြည်တော်ကို ကားနဲ့သယ်မယ်လို့ သိထားရတယ်"ဟု မောင်းတော မြို့နယ် သံဃ မဟာ နယက ဆရာတော် တပါး က ဧရာဝတီသို့ မိန့်ကြားသည်။

ထိုဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့ပြီးနောက် ဘူးသီးတောင် မြို့နယ်ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) တပ်ဝင်း အတွင်း ထားရှိကာ ယဉ်ပါးရန် လေ့ကျင့် ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင် မြို့ခံတဦးက "အဲဒီ ဆင်ဖြူမမှာ သားလေး တကောင် ပါတယ်လေ။ ဘူးသီး တောင်ကို ရောက်ပြီး သူ့သားလေးနဲ့ ခွဲထားတော့ သူက သုံးလေး ငါးရက်လောက် အစာ မစားဘူး။ အခုတော့ သစ်တော ဌာနက လူတွေ ကျင့်ပေးတာနဲ့ တော်တော် ယဉ်နေပါပြီ"ဟု ပြောသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း ၊ မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း မောင်းတော မြို့နယ် သံဃမဟာနယက ဆရာတော်က မိန့်သည်။

“နေပြည်တော်ကို ပြောင်းပြီးမှ ဆင်ဖြူတကောင်မှ မရသေးဘဲ ၊ ရွေးကောက်ပွဲကျင်းပမယ့် ဒီနှစ်မှ ဆင်ဖြူရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး က အရမ်းဝမ်းသာနေတယ်လို့ တိုင်းမှူးက ပြောသွားတယ်"ဟု ၎င်းက မိန့်ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူတော် ရှာဖွေရေးကို စီမံကိန်းဖြင့် ၁ နှစ်ကြာရှာဖွေခဲ့ပြီးနောက် အရပ် ၇ပေ ၄ လက်မ ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ ၊ အသက် ၃၈ နှစ် ခန့်ရှိ အဆိုပါ ဆင်ဖြူမကို မောင်းတောမြို့နယ်အတွင်းမှ ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီးရမိ ခဲ့ပြီး ရန်ကုန်မြို့မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့သော်လည်း ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ထိန်းသိမ်းလိုက်သည့် ၂၀၀၄ ခုနှစ်မှစ၍ ယင်းဆင်ဖြူများသည်လည်း လျစ်လျူရှုခံထားရကြောင်း သိရသည်။

“အရင်သုံးကောင်ကတော့ ရန်ကုန်မှာပဲ ၊ အခုဆင်ဖြူမ ကတော့ နေပြည်တော်မှာ သူကောင်းပြုခံရမှာပဲ ၊ နေပြည်တော် ရောက်မှ နေ့ကောင်း ရက်မြတ်ရွေးပြီး  ဆင်ဖြူ ဘိသေက မင်္ဂလာတွေ ဘာတွေ လုပ်ဦးမယ်တဲ့"ဟု မောင်းတောမြို့နယ် သံဃာ့ မဟာ နာယ က ဆရာတော်က မိန့်ဆိုသည်။
Comments (17)Add Comment
0
re
written by MORENOShari34, August 15, 2011
Houses and cars are quite expensive and not everyone is able to buy it. But, loan are invented to help people in such kind of situations.
0
ဖြစ်မှ ဖြစ်ရလေ
written by ချော, August 05, 2010
ပညာမတတ် ဥာဏ်မရှိ အသိတရားကင်းမဲ့ တစ်ကိုယ်ကော င်းဆန်တဲ့ စစ်ဘိုချုပ်တွေ တိုင်းပြည် တိုးတက် ကောင်းစားေ၇းထက် ဆင်ရှာပြီး အရူး ထနေကြတယ် ကုရာနတိေ ဆးမ၇ှိ မြန်မာစ စ်ဘိုတွေရဲ့ ဆင်ဖြူရောဂါ စိတ်ကုန်တယ်
0
...
written by animal_lover, August 03, 2010
ဆင်ကို ဘာလို့ မုန်းနေကျတာလဲ? ဆင်က သူ့ကလေးနဲ့လဲ ခွဲရသေးတယ် လူမုန်းလဲ ခံရသေးတယ်။
0
...
written by DNOW88, August 03, 2010
တကယ်ြ ဖူတာပါဗျာ .. တကယ်ပါ .. ယုံကြပါနော် ... ရေ မချိုးရသေးလို့ပါ ... smilies/grin.gifsmilies/grin.gifsmilies/grin.gif
0
...
written by moe, August 03, 2010
ဖြူလဲမဖြူဘူး အုန်းခွံ‌ရောင်ြ ကီး။ ဆင်ဆိုတာ "‌ကောင်"လို့ သုံးရမှာ၊ ခု‌တော့.. .ဘာတဲ့ "‌တော်'" ဟာ..ဟ
ဘာ "‌တော်" လဲ၊ မထူးပါဘူး ပြိုပီး ဘုန်းကြီး သွား‌အောင်"ကြင်ယာ‌တော်" လုပ်လိုက်ပါလား။
ရှိ‌သေးတယ်၊ ဘာတဲ့..‌ရေ‌တော်၊ မိုး‌တော်၊ ထွန်တုံး‌‌တော် ဆိုဘဲ။
0
ဆင်ဖြူ
written by seinn, August 03, 2010
အမလေးေ တာ် ဆင်ဖြူတဲ့ ဆင်နီကြီးကိုများ
0
ရောဂါသည် တဲ့
written by နိုနို, August 03, 2010
အရေပြားေ၇ာဂါသယ် လို့ပြောတယ် http://anasiantouroperator.blo...inism.html
0

written by Thet, August 03, 2010
They rescept & vow white animal not white but brown color also.
0
...
written by sweety, August 02, 2010
It is really really stupid. That's not a white elephant. May be all of them are color blind smilies/cheesy.gif
0
ပညာ မတတ် လေ အသိဥာဏ် မဲ့လေ ပဲ
written by မောင်ဗမာ, August 02, 2010
တိရိစ္ဆာန် ကို သူကောင်းပြု ပြီး အလုပ်မရှိ ကြောင်ေ ရချီုး သလို လူရီ စရာ အလုပ်တွေ လုပ်နေတဲ့ ဘိုချုပ်တွေ အတင်း အုပ်ချု ပ်ခံနေရတဲ့ တိုင်းပြည်ဟာ ဘယ်လို လုပ်ပြီး တိုးတက်မှု ရှိနိုင် မလဲဗျာ။
0
ယုံပါတယ်
written by ယုံသူ, August 02, 2010
ပုံထဲ့က ဆင်က ဖြူဖွေး နေတာဘဲနော်၊ သူများ မယုံရင် နေပါစေ ကျနော်တော့ ယုံပါတယ်။ ဆင်ဖြူပါ
0
ဘုန်းတော်ကြီးတွေကိ သတ်ဖြတ်ပြီး ဘုန်းတန်ခိုြး ကီးမယ် လို့မယုံကြည် နိုင်ဘူး
written by နဲာအဲာခိုဟ်MNDA, August 02, 2010
ဆင်ဖြူတော်မှာ အစွယ်နှင့် ဆင်ဖြူ ဖစ်ရမယ် အထီးလည်ြး ဖစ်ရမယ်။ ယခု ရရှိထား တာက ဆင်ဖြူမ ဖြစ်နေ
0
ဆုတောင်းနေပါရဲ့ ...
written by Burmese, August 02, 2010
ဆင်နင်း ခံရပြီး မသေပါစေနဲ့ လို့ ...။
0
ဘယ်လို လူတွေလဲ
written by ဘိုပြောင်, August 02, 2010
သူများ နိုင်ငံတွေက အင်္ဂါဂြိုလ် သွားဖို့ လုပ်နေပြီ ဒီလူတွေက ဆင်ဖြူ ရှာနေတယ်...
ဒါနဲ့များ "ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ဆီသို့" တဲ့ ဟာဟ
0
ဆင်ဖြူမရှင်
written by သမိုင်းဆရာ, August 02, 2010
မိဘုရားကြီး ဆင်ဖြူမရှင် နတ် ရွာစံ သွားပြီလို့ ထင်နေတာ။
0

written by Yarzar, August 02, 2010
ဒီထက်ပိုဖြူတဲ့ ဆင်လေးများ တွေ့အောင် ဖမ်းပေး လိုက်ကြပါ။ သြော် ဒုက္ခ ဒုက္ခ ဒုက္ခ ... သွပ်သွပ်သွပ်
0
ဆင်ဖြူလား ဆင်ဝါလား
written by ah wang, August 02, 2010
smilies/cheesy.gifsmilies/cheesy.gif ပြောတော့ ဆင်ဖြူတဲ့ ကျမပဲ မျက်စိ မကောင်းတာလား သူတို့ ပဲမျက်စိမကောင်းတာလားတော့ မသိဘူး မြင်နေ တာကတော့ ဆင်ဝါကြီးပဲ...(ရေနွေးပူ လောင်းရင်တော့ ဖြူသွားနိုင်တယ် ထင်တာပါ့)

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်