‘ဆန်စိ’ ဆိုသည်မှာ ရှမ်းတိုင်းရင်းသား ဘာသာအရ “ခြင်္သေ့” ဟု အဓိပ္ပာယ်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၏ အမှတ် တံဆိပ် ဖြစ်သောကြောင့် USDP အားမဲပေးရန် ပြောဆို စည်းရုံးခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး ကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ ဘက်စုံ စီမံကိန်းသို့ သွားရောက် ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။
အစိုးရစရိတ်သုံးစွဲ၍ သွားရောက်သည့် ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဦးသိန်းစိန်သည် ယခုကဲ့သို့ မဲဆွယ် စည်းရုံးမှု ပြုလုပ်ခြင်း သည် ၎င်းတို့ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃) ၊ အပိုဒ် ၁၂ (က) ၅ အရ နိုင်ငံတော် ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲ သည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိပါက ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ဖော်ပြထားသောကြောင့် ယင်း ဥပဒေကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်ကြောင်း တွေ့ရသည်။
ပညာရေး ဒုတိယ ၀န်ကြီး ဦးအောင်မျိုးမင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းများအား လှည့်လည် စစ်ဆေး နေချိန်တွင် USDP ကို မဲပေးရန် ပြောဆိုသွားခဲ့ကြောင်း သိရသည်။
“အနာဂတ်နိုင်ငံတော်မှာ ကျောင်းသူ ကျောင်းသားတွေ သွေးထွက်သံယိုဖြစ်တာ မမြင်စေချင်ရင် ကြံ့ဖွံ့ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကိုလာရင်း ပြောသွားတယ်”ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသူတဦး က ဆိုသည်။
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် အပါအ၀င် ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကို လည်း ယခုကဲ့သို့ ပြောဆိုသွားကြောင်း တက္ကသိုလ် အသိုင်းအ၀န်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည်လည်း မြို့နေလူထုထက် ပိုမိုများပြားသည့် ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာအုပ်စုများသို့ သွားရောက်၍ USDP အတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“အဓိကကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းမှာရှိနေတဲ့ ကျေးရွာလေးတွေကို ဦးစားပေးပြီး စည်းရုံးရေးဆင်းတာ၊ ကြည့်မြင်တိုင် တဖက်ကမ်းက ဇလုတ်ညွှန့်တို့ ၊ ဆိပ်ကြီးခနောင်တို တို့ ၊ အလံ တဖက်ကမ်းဆိုရင် လည်း ကျောက်ဝိုင်းကြီး ကျောက်ဝိုင်းလေး ရွာတွေကို ဆင်းတာ”ဟု ရန်ကုန်တိုင်းမှ USDP ပါတီဝင် တဦးက ပြောသည်။
ရန်ကုန်မြို့တည်ထောင်စဉ် ကတည်းက ဂရမ်ပိုင် ထုတ်ပေးထားခြင်းမရှိသော ကျေးရွာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ဌာနမှူးများနှင့် ညှိနှိုင်းပြီး အိမ် ဂရမ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်း ခရီးစဉ် အတွင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောဆိုစည်းရုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အစိုးရ ခင်းပေးထားသည့် ကျောက်ချောလမ်းအဆင့် ကျေးရွာလမ်းများအား ကတ္တရာလမ်းခင်းပေးခြင်း၊ စည်ပင်သာယာရေး ကော်မတီမှ တူးဖော်ပေးထားသည့် ရေကန်များကို နေရာ ၃ နေရာ ထားပြီး အုတ်ကန်ပြုလုပ်ပေးကာ ကျေးရွာအတွင်း ရေဖြန့် ဝေ ပေးသွားမည် ဖြစ်ကြောင်း၊ အစိုးရ စီမံကိန်း အနေနှင့် လုပ်ဆောင်ထားသည်များကို USDP က ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျောက်ချောလမ်းတွေကို ကတ္တရာလမ်းခင်းပေးမယ်၊ ရေကန်တူးပြီး ကျေးရွာထဲကို ရေသွယ်လို့ ရအောင်လုပ်ပေးမယ်။ ဒီအတွက် ကြံ့ဖွံ့ပါတီကို မဲပေးရမယ်လို့ ပြောသွားတယ်”ဟု ခနောင်တို ကျေးရွာမှ ရွာသားတဦးက ပြောသည်။
USDP အနေနှင့် ပါတီရန်ပုံငွေ လျာထားမှုများ ရှိနေသော်လည်း ပြည်နယ်နှင့်တိုင်းအလိုက် ရန်ပုံငွေ ချထားပေးခြင်း မရှိသေး သောကြောင့် စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိပိုင်ငွေကြေးဖြင့်သာ သုံးစွဲရသကဲ့သို့ စည်းရုံးရေးဆင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ပေးထားသည့် ကားဖြင့် သွားရောက်ခြင်းမရှိသကဲ့သို့၊ စည်ပင်ဝန်ထမ်းများအား ခေါ်ယူ သွားခြင်းမရှိကြောင်း ကျေးရွာများသို့ ရောက်ရှိရာတွင်လည်း USDA အသင်းဝင်ဟောင်းများသာ ကြိုဆိုကြကြောင်း အထက်ပါ ရန်ကုန်တိုင်း USDP ပါတီဝင်က ပြောသည်။
USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
Comments (10)

written by Karen, August 03, 2010
We need Generation Wave for NO VOTE campaign in Yangon.
Where is Generation Wave ?
Wake up . .......... Let's do it again.
With Wishes,
Where is Generation Wave ?
Wake up . .......... Let's do it again.
With Wishes,
written by george, August 02, 2010
Before they refused that they did not kill the students
but now It means, they confess that they had killed the students
and we won't kill anymore if the students vote for us
However, they will surely kill
Ge
written by moe, August 01, 2010
အင်း...ကျုပ်တို့ ဆီ လာပြောရင် "ဆန်စိ" တော့ မရဘူး။ "လည်စိ" ဘဲ ညှစ်ခံရမယ်လို့ ။
written by SL, July 31, 2010
ဆန်စိ ကို မပေးဘဲ တခြားဆန်များကို မျှော်ကိုးပြီး မှား ယွင်းစွာ မဲပေးတာ တွေ့ရရင် “(ဆန်စိ မဟုတ်ဘဲ) ဆွဲစိ”ခံရမယ်-လို့
သတိပေး လိုခြင်းကိုလည်း မမေ့ကြနဲ့ပေါ့။ အမှားကို အမှန်လုပ်၊ အမှန်ကို အမှား လုပ်တတ်တာ
လုပ်နိုင် တာလည်း သူတို့ရဲ့ အစဉ်အလာ တစ်ခု မဟုတ်လားဗျ။
သတိပေး လိုခြင်းကိုလည်း မမေ့ကြနဲ့ပေါ့။ အမှားကို အမှန်လုပ်၊ အမှန်ကို အမှား လုပ်တတ်တာ
လုပ်နိုင် တာလည်း သူတို့ရဲ့ အစဉ်အလာ တစ်ခု မဟုတ်လားဗျ။
written by Thurabhikkhu, July 31, 2010
န.အ.ဖ လို့ ခေါ်တဲ့ လက်ရှိ စစ်တပ် အစိုးရ၊ ကြံ့ဖွင့်ပါတီတို့၊ ရွေးကောက်ပွဲ ကော်မရှင်တို့
ဆိုတာတွေဟာ နာမည်သာ ကွဲနေ တာ။ အားလုံး အတူတူတွေ၊ သိသိနဲ့ ပြည်သူကို လိမ်၊ ကမ္ဘာကို လိမ်နြေ ကတာ။ နည်း ပေါင်းစုံနဲ့
လိမ်လည်၊ြ ခိမ်းချောက်ပီး လုပ်တာတောင် ရှုံးခဲ့ယင်( အကယ်ရွေ့ ၂၀၁၀ တွင် ရွေးကောက်ပွဲ
လုပ်ပေး ခဲ့ပါလျှင်)ြ ပည်သူတွေ ဒုက္ခ လှလှ ရောက်ကြဦးမှာပါ။
ဒါထက် ရောက်စရာ ရှိသေးသလား မေးခဲ့ပါလျှင် တစ်ရက် ၃-နာရီ ပေးနေသော မီြး ဖတ်တော က်ခြင်း၊
တစ်လုံး ၅-သိန်းနှင့် ရောင်းချပေးနေေ သာ ဖုန်းလိုင်းများ ဖျက်ဆီးခြင်း စသော. ..စသော ဒုက္ခများြ ဖစ်ပါသည်။
ဆိုတာတွေဟာ နာမည်သာ ကွဲနေ တာ။ အားလုံး အတူတူတွေ၊ သိသိနဲ့ ပြည်သူကို လိမ်၊ ကမ္ဘာကို လိမ်နြေ ကတာ။ နည်း ပေါင်းစုံနဲ့
လိမ်လည်၊ြ ခိမ်းချောက်ပီး လုပ်တာတောင် ရှုံးခဲ့ယင်( အကယ်ရွေ့ ၂၀၁၀ တွင် ရွေးကောက်ပွဲ
လုပ်ပေး ခဲ့ပါလျှင်)ြ ပည်သူတွေ ဒုက္ခ လှလှ ရောက်ကြဦးမှာပါ။
ဒါထက် ရောက်စရာ ရှိသေးသလား မေးခဲ့ပါလျှင် တစ်ရက် ၃-နာရီ ပေးနေသော မီြး ဖတ်တော က်ခြင်း၊
တစ်လုံး ၅-သိန်းနှင့် ရောင်းချပေးနေေ သာ ဖုန်းလိုင်းများ ဖျက်ဆီးခြင်း စသော. ..စသော ဒုက္ခများြ ဖစ်ပါသည်။
written by U Oo, July 31, 2010
ဘိုပြောင် ...ရွေးကော က်ပွဲဥ ပဒေ ပြန်ဖ တ်ပါ. ..ကျောင်း သားတွေမဲေ ပးခွင့်မ ရှိသေးဘူးလေ...အသက်ြ ပည့်မှ ရမယ်.. သူတို့ပြောတိုင်းနားမထောင်ပါနဲ့..အ ကုသိုလ် အဖြ စ်မခံပါနဲ့
written by kogyikhi, July 30, 2010
ဖြစ်သင့်တာမဖြ စ်ရခြင်း။ မကြားချ င်တာ ကြားနေရ ခြင်း ။ မမြင်တာတွေမြင်နေ ရခြင်းတွေဟာ။ ကျနော်တို့ တွေကိုက မြန်မာနိုင်ငံမှာလူဖြ စ်နေရလို့ မသိ ပါဘူး ဗျာ။ တို့တွေရဲ့ မျှော်လင့်ချက်တွေ ဘယ်တော့မှများ ပြည့်မလဲ မသိပါဘူး။
written by ဘိုပြောင်, July 30, 2010
"အနာဂတ်နိုင်ငံတော်မှာ ကျောင်းသူ ကျောင်းသားတွေ သွေးထွက် သံယိုဖြ စ်တာ မမြင်စေချင်ရင် ကြံ့ဖွံ့ ပါတီကို မဲထည့်ပါ ဆိုပြီး ဒုဝန်ကြီးက ကျောင်းကို လာရင်း ပြောသွားတယ်"
ဒါဆိုရင် ကြံ့ဖွံ့ ပါတီကို မဲမထည့်ရင် ကျောင်းသားတွေကို ပစ်သတ်မယ် ဆိုတဲ့ သဘောလား......
ဒါဆိုရင် ကြံ့ဖွံ့ ပါတီကို မဲမထည့်ရင် ကျောင်းသားတွေကို ပစ်သတ်မယ် ဆိုတဲ့ သဘောလား......
written by အိုက်ဆေ, July 30, 2010
ရွာငံမှာ ဆန်စိ သွားပြော လို့ကတော့ ဟိုက ဓနုတွေက ဆန်စိ ဘာလုပ်ရမှာလဲ ဆန်အိပ် ပေးဆိုပြီး ပြောလာလိုက်မယ် ...
ဘယ်နှယ်ဗျာ ... ကိုယ့်နိုင်ငံက မြို့မှာ ဘာလူမျိုး နေလဲ ဆိုတာတောင် မသိပဲနဲ့ ဝန်ကြီးချုပ် လုပ်နေသေးတယ် ...
ရွာငံမှာ ဓနုတွေကြီးပဲ ... ရှမ်းစကား သွားပြော ဘာသိမှာလဲ ...
ဘယ်နှယ်ဗျာ ... ကိုယ့်နိုင်ငံက မြို့မှာ ဘာလူမျိုး နေလဲ ဆိုတာတောင် မသိပဲနဲ့ ဝန်ကြီးချုပ် လုပ်နေသေးတယ် ...
ရွာငံမှာ ဓနုတွေကြီးပဲ ... ရှမ်းစကား သွားပြော ဘာသိမှာလဲ ...
Write comment
| < Prev | Next > |
|---|








အ၀ီစိ မှာ ဂျိုးမကပ် ချင်ရင် ဝေးဝေးသာ ရှောင်ကြပါ ခင်ဗျာ........
ကိုယ်က သူတို့ကို မဲမပေးလဲ သူတို့ဘာသာ သူတို့ မဲပေးပြီး
နိုင်တယ် လုပ်မှာပါဘဲ... .မထူးတဲ့ ဒီဇာတ်မှာ အချောင်
ငရဲ ၀င်မယူကြပါနဲ့