စီးပွားရေး ပိတ်ဆို့မှု အိုဘားမား အတည်ပြု

E-mail Print

စစ်အစိုးရ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှု တနှစ်တိုးရန် အမေရိကန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမားက ယမန့်နေ့တွင် အတည်ပြု လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သည့် ၃ လကတည်းက အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးတွင် ပိတ်ဆို့ အရေးယူရေး ထောက်ခံမဲအများစုဖြင့် မဲခွဲဆုံးဖြတ်ကြပြီး အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန် အထက်လွှတ်တော်က ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၁ မဲဖြင့် ဆုံးဖြတ်ခဲ့သည်။

us president barack obama“လက်ရှိ အာဏာရနေတဲ့ နအဖက အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီး အဓိပ္ပာယ် မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတယ်” ဟု အထက်လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်က ပြောသည်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို လွှတ်တော် နှစ်ရပ်မှ အမတ် သုံးပုံ နှစ်ပုံကျော်က ထောက်ခံခြင်းသည် စစ်အစိုးရ၏ ယခုနှစ်ကျင်းပမည့် တရားမမျှတသည့် ရွေးကောက်ပွဲမှတဆင့် အသိအမှတ်ပြုခံရရန် ကြိုးစားနေမှုကို ငြင်းပယ်ကြောင်း ပြသခြင်း ဖြစ်သည်ဟု မက်ကော်နယ်က ဆိုသည်။

မွန်တားနား ပြည်နယ်မှ အထက်လွှတ်တော်အမတ် မက်စ် ဘောကပ်စ် က “တဖက်သတ် ကုန်သွယ်ရေး ပိတ်ဆို့တာဟာ အကောင်းဆုံး နည်းလမ်း ဟုတ်မဟုတ်ဆိုတာကို အမြဲ မေးခွန်း ထုတ်ခံရပါတယ်။ မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့တာကို ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျတို့ကလည်း အတူ လုပ်ဆောင်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဒီစီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူလူထုအပေါ် စစ်အစိုးရရဲ့ အမြတ်ထုတ်ယူနေမှုကို ပိုမိုခက်ခဲသွားအောင် လုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြောသည်။ 

အထက်လွှတ်တော် အမတ် ဘာဘရာ ဖိန်းစတိန်းက စစ်အစိုးရသည် အနှစ် ၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အစွမ်းကုန် ဖျောက်ဖျက်ရန် ကြိုးပမ်းနေကြောင်း၊ နေအိမ် အကျယ်ချုပ် မတရား ချခဲ့သည့်အပြင် အကျယ်ချုပ် သက်တမ်းကို လည်း ဥပဒေနှင့် မလျော်ညီဘဲ ထပ်တိုးခဲ့ကြောင်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနည်းတူ ငြိမ်းချမ်းစွာ အမျိုးသား ရင်ကြားစေ့ရေးကို ရရှိဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိနေဆဲပါ။ ဒီမိုကရေစီနည်းကျပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံ ဖြစ်ဖို့ အတွက် ကျွန်ုပ်တို့က အတူတကွ ရပ်တည်ပြီး ထောက်ခံနေတယ်ဆိုတာ မြန်မာ ပြည်သူလူထု သိစေချင်ပါတယ်” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီမှ ဂျိုးဇက် ခရော်လီက “စစ်အစိုးရဟာ ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်ဆိုတာ ကမ္ဘာက ထုတ်ဖော်ပြောနေတာ ကြာပါပြီ။ ဒါတွေကို စစ်အစိုးရအနေနဲ့ တာဝန်ယူစေဖို့ ကျနော်တို့ အားထုတ်ရပါမယ်။ ပထမအဆင့်အနေနဲ့ အမေရိကန်ပြည်ထောင်စုက စစ်အစိုးရရဲ့ လူသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မြန်မာစစ်အစိုးရ အပေါ် ပြဋ္ဌာန်းထားသည့် စီးပွားရေးအရ ဒဏ်ခတ်သည့် ဥပဒေကို ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီး နောက်ပိုင်း ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံအတွင်း တင်သွင်းမှုကို တားမြစ်ခြင်း၊ စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ ဘဏ်များမှ ငွေကြေး အထောက်အပံ့များ မရရှိစေရန် ပိတ်ပင်ထားခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းတို့ပါဝင်သည်။

Comments (2)Add Comment
0
...
written by sai, July 29, 2010

Mya Thuzar, I like your comment .
0
ဘာမှဖြစ်မလာ ၂၀၀၃ခု မှ ယနေ.တိုင်။
written by Mya Thuzar, July 29, 2010
အမေရိက န်နိုင်ငံဟာ ဒီမိုကရေစီအ ရေးမှာ အရောင်း အ၀ယ် လုပ်တတ်တာ အမှန်ပါ၊ သူတို.အတွက် အကျိုး မရှိ၊ တွက်ခြေ
မကိုက်ရင်၊ အရေးတကြီး အလေး မထားတတ်တာ အများ အသိပါ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်