နအဖကို DKBA ဘက်မှ ကူတိုက်မည်ဟု KNU ပြော

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို နအဖတပ်များ တိုက်ခိုက်လာပါက DKBA ဘက်မှ ကူ၍ တိုက်ခိုက် သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောဆို လိုက်သည်။

DKBA-KNLADKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ၏ တပ်များနှင့် နအဖ စစ်အစိုးရ တပ်များအကြား နယ်ခြား စောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားခဲ့ ပြီးနောက် KNU ဘက်မှ ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“DKBA ကိစ္စတွေဆိုရင် သက်ဆိုင်ရာ နယ်မြေ အလိုက်က တပ်မဟာ တွေကပဲ စဉ်းစား ကြတယ်လေ၊ အခုကိစ္စမှာ ကျနော်တို့ စဉ်းစားကြတာက နှုတ်ခမ်းမွေးက မှန်တယ်၊ ဒါကြောင့်မို့လို့ တခုခု ဖြစ်လာရင် နှုတ်ခမ်းမွေး ဘက်က ကူတိုက် မယ်လို့ ဆုံးဖြတ် လိုက်ကြတာပါ”ဟု KNU ဒု ဥက္ကဋ္ဌ ဒေးဗစ် သာကပေါက ဧရာဝတီသို့ ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် နအဖ ဘက်မှ စစ်ဖက်ရေးရာ လုံခြုံရေး(စရဖ) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးကို ထပ်မံကမ်းလှမ်းခဲ့သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ငြင်းပယ်ခဲ့ကြောင်း ကရင်သတင်းစဉ်(KIC)တွင် ဖော်ပြထားသည်။

“ကိုယ့်ရဲ့တပ်တွေကို နယ်ခြားစောင့်တပ်ဖွဲ့ပြီး သူများကို အုပ်ချုပ်ခိုင်းတာကို ဘယ်သူကမှ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး”ဟု ဒေးဗစ် သာကပေါက ဆက်ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းချိန်တွင် ဒေသအတွင်း၌ နအဖ ဘက်မှ စစ်တပ်အင်အား ဖြည့်တင်းခြင်း၊ စစ်ရေး လှုပ်ရှားမှု တိုးလာခြင်းများလည်းရှိသည်ဟု ဒေးဗစ် သာကပေါ က ဆိုသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကလည်း ယခုတပတ်အတွင်း နအဖ တပ်များနှင့် တိုက်ပွဲများဖြစ်လာနိုင်သည်ဟု ဆိုကာ ဒေသခံ ရွာသားများကို သတိပေးထားခဲ့သဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဝေါ်လေ၊ ထီးပဲလေ၊ ပေါ်ကလော်၊ ထီးဝါးမယ်ထာ၊ ဒိုဝါ့၊ သေးဘောဘိုး စသည့် ရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရ မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။

တိမ်းရှောင်လာသူများမှာ စုစုပေါင်း ၇၀၀ ခန့်ရှိကြောင်း သို့သော်လည်း ထိုင်းအာဏာပိုင်များက ပြန်ခိုင်းသည့် အတွက် ယမန်နေ့မှ စတင်ကာ မိမိတို့ နေရပ်များကို ပြန်သွားကြကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။

“တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ရွာသားတွေကို သွားတွေ့ပြီး တိုက်ပွဲတွေမဖြစ်သေးဘူးဆိုရင်တော့ ပြန်သွားကြပါ၊ တိုက်ပွဲ ဖြစ်မှ ပြန်လာပြီး ခိုလှုံကြပါလို့ ပြောတယ်”ဟု KHRG ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

ကရင်ပြည်နယ် မယ့်အော်ဘိုးရွာမှ ရွာသားတဦးကလည်း“တော်တော်များများတော့ ကိုယ့်ရွာကိုယ် ပြန်သွားကြပါပြီ၊ မပြန်နိုင်တဲ့ ကလေးတွေနဲ့ မိခင်တွေလောက်ပဲ ကျန်ပါတော့တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များဘက်မှ အစားအသောက်နှင့် သောက်သုံးရေများ ထောက်ပံ့ခဲ့သည်ဟုလည်း သိရှိရသည်။

နောက်ဆုံးရသတင်းများအရ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး၏ တပ်များနှင့် နအဖ တပ်များအကြား တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
Comments (3)Add Comment
0
Unity
written by Karen, July 28, 2010
It is time for unity to protect karen people who have been abuse by Military becuase of lack of our karen soldier protection. TIME FOR UNITY OF KAW THU LAY, WAKE UP !!!!!!!!
0
အဘိုး နှုတ်ခမ်းမွေးနှင့် ရဲဘော်များသို့
written by ဖိုးခွါး, July 28, 2010
ကရင်ပြ ည်သူတွေရဲ့ ရင်ခွင်ထဲကို ပြန်လာခဲ့ကြပါ မပြီးသေးတဲ့ တော်လှန်ေ ရးကြီးကို အတူ လက်တွဲ ဆင်နွဲကြပြီ ယုတ်ညံတဲ့ ဒီစစ်အစိုးရရဲ့ နိဂုံးကို အတူေ ရးဖွဲ့ကြပါစို့။
0
စိတ်ဓါတ် စစ်ဆင်ရေး အရေး ကြီးတယ်။
written by Boedaw, July 27, 2010
ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြပါ။ နအဖ ကတော့ ကရင် အချင်းချင်း သတ်နြေ ကတာကို ထိုင်ကြည့်ချ င်နေမှာကတော့ မလွဲ ဧကန်ပဲ။
အာဏာနဲ့ တိုင်းပြည်ကို အုပ်ချု ပ်နေတဲ့ နအဖ နောက်လိုက်မဲ့ DKBA အဖွဲ့တွေ ကို မြန်မာပြည်သူ လူထုက နအဖ လို ပဲ ရွံ့ရှာ မုန်းတီးကြမှာ သေချာပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်