ပွဲမစတင်မီ ရန်ကုန် ယူနိုက်တက် နည်းပြ ဦးမျိုးလှိုင်ဝင်းက “ကျနော်တို့ အသင်းက ၄:၄:၂ ကစားကွက်နဲ့ ကစားမှာပါ၊ တဘက် အသင်း ကတော့ ချင်းမိုင်ကို ကိုယ်စားပြုထားတဲ့ ကောင်းတဲ့ အသင်း တသင်းပါ”ဟု ဧရာဝတီ ကို ပြောသည်။ချင်းမိုင် FC သည် ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွင်း ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသည့် အသင်း ဖြစ်ကြောင်း သိရသည်။
ပွဲစလျှင်စချင်းပင် ရန်ကုန်ယူနိုက်တက် အသင်းက ဖိကစားထားပြီး ပထမပိုင်း ၂၅ မိနစ်မှာပင် ထိုင်းအသင်း ဂိုးဧရိယာ အတွင်းတွင် ထိုင်းအသင်း နောက်ခံလူ၏ လက်ဖြင့် ထိသွားသည့် အတွက် ရရှိသည့် ပင်နယ်တီ ကို ကျောနံပါတ် ၂ နောက်ခံ ကျော်ဒွန်းက သွင်း ယူခဲ့သည်။
ထို့နောက် မိနစ် ၃၀ တွင် တိုက်စစ်မှူး ကောင်းစည်သူ ထပ်မံ သွင်းယူခဲ့သည့် အတွက် ပထမပိုင်းတွင် ရန်ကုန် ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင် နေခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲပြီး ကစားရာ ရန်ကုန် ယူနိုက်တက် အသင်းက ၂ ဂိုးထပ်မံ သွင်းလိုက်သည့် အတွက် ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဂိုးသမားလည်း ဖြစ်သူ ရန်ကုန် ယူနိုက်တက် ဂိုးသမား အောင်အောင်ဦးက “ဒီနေ့တော့ တလုံးပဲ ဖမ်းလိုက်ရတယ်၊ အခု ရင်ဆိုင်ရတဲ့ ထိုင်း အသင်းက ကြံ့ခိုင်မှုပိုင်း အားနည်းတယ်”ဟု ပြောဆိုသည်။
အဆိုပါ ချစ်ကြည်ရေး ဘောလုံးပွဲကို ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ ပြည့် အားကစား ကွင်းတွင် ကျင်းပရာ ချင်းမိုင်မြို့နေ မြန်မာလူမျိုးများ တခဲနက် လာရောက် အားပေးခဲ့ ကြသည်ကို တွေ့ရသည်။
အဆိုပါ အားပေးသူ များသည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ဘောလုံး အသင်းဟု ထင်မှတ်ခြင်း မရှိတော့ဘဲ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းအလား လက်ခုပ်များ တီးပြီး အော်ဟစ် အားပေးကြသည်။
နည်းပြ ဦးမျိုးလှိုင်ဝင်းက “အခုလို ရန်ကုန် ယူနိုက်တက် အသင်းလို့ မမြင်တော့ဘဲ၊ မြန်မာ ဘောလုံး အသင်းလို အာေးပးတာ အရမ်း ၀မ်းသာတယ်၊ မြန်မာ အသံတွေ ကြားပြီး ကစားရတာ အရမ်းအားရှိတယ်”ဟု ဆိုသည်။
ထို့အပြင် ယခုကဲ့သို့ ရပ်ဝေးတွင် မြန်မာလူမျိုးများ အစုအဝေးဖြင့် တွေ့ရသည့် အတွက် ၀မ်းမြောက်ကြောင်း၊ ကျေးဇူးလည်း အထူး တင်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့မှ လိုက်ပါ အားပေးသူ မအေးခန့်ခန့် ကလည်း “မြန်မာ နိုင်လို့ အရမ်း ပျော်ပါတယ်”ဟု ပြောသည်။
ယခု ရန်ကုန် ယူနိုက်တက် အသင်း ပိုင်သူ ဦးတေဇသည် ချင်းမိုင်မြို့နှင့် ရန်ကုန်မြို့ကို ပြေးဆွဲနေသည့် အဲပုဂံ လေကြောင်းလိုင်း ကိုလည်း ပိုင်ဆိုင်ထားပြီး ယမန်နေ့နံနက် ပိုင်းက ချင်းမိုင်မြို့တွင် အဲပုဂံ ရုံးခွဲ ဖွင့်ပွဲကို ကျင်းပခဲ့သေးသည်။
ရန်ကုန် ယူနိုက်တက် အသင်း၏ ခရီးစဉ်သည် အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။
အသင်းနည်းပြ ဦမျိုးလှိုင်ဝင်းက“ အသင်းပိုင်ရှင်က အပျော်ခရီးစဉ် အတွက် လွှတ်တာပါ၊ ဒီပွဲမှာ အရမ်းအားထည့် မကစားပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
နည်းပြအဖွဲ့တွင် ဦးမျိုးလှိုင်ဝင်းနှင့် အတူ ၁၉၉၃ ဆီးဂိမ်းတွင် ငွေတံဆိပ်ဆု ရခဲ့သော မြန်မာ့ လက်ရွေးစင်ဟောင်း ဖြစ်သည့် ဦးတင်မောင်ထွန်း၊ ဦးအေးနိုင်တို့ကိုလည်း တွေ့ရသည်။
ယခုကဲ့သို့ ချင်းမိုင် အားကစားကွင်းကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိသည့် အတွက် ၁၉၉၅ ခုနှစ် ကပြုလုပ်သည့် အရှေ့တောင် အာရှ ဘောလုံးပွဲကို အမှတ်ရကြောင်း၊ အဆိုပါ ပွဲတွင် ဗိုလ်လုပွဲတက်ရန် ကြိမ်းသေ နေသော်လည်း မထင်မှတ်သည့် အလှည့် အပြောင်း တခုကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ကို ပြန်လည် အမှတ်ရပါကြောင်း ဦးမျိုးလှိုင်ဝင်းက ဆိုသည်။
မြန်မာ နေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက် အသင်း၏ လက်ရှိ အဆင့်မှာ ရတနာပုံ အက်ဖ်စီ အသင်း၊ ဇေယျရွှေမြေ အသင်း၊ ကမ္ဘာဇ အသင်း၏ နောက် စတုတ္ထ နေရာတွင် ရှိသည်။
ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းတွင် ဘရာဇီးကစားသမား တဦးနှင့် နိုင်ဂျီးရီးယား ကစားသမား တဦး ထပ်မံအားဖြည့် ထားကြောင်း သိရသည်။
Comments (11)

written by မြန်မာ ဘောလုံး, July 27, 2010
ကိုယ်နိုင်မယ် ထင်တဲ့ အသင်းနဲ့ သွားကန်တာပဲ ..နိုင်မှာပေါ့ဗျာ..... .အနိုင်ကို လိုချင်တာလား.. အတွေ့အကြုံ ပညာကို လိုချင်တာလား... ကျတော်တို့ကတော့ ကိုယ့်မြန်မာ အသင်း ရှုံးချင်ရှုံးပါစေ. .တဘက်အသင်းက ဘာကြိးလဲ ဆိုတာ ကြည့်ပြိး ကျေနပ် ပါတာယ်.. ပညာ ရတယ်ပေါ့..ခုတော့ တခါတလေ ဆို မရှုံးသင့်တဲ့ အသင်းကိုတောင် ရှုံးနေတာ ဆိုတော့လဲ.... ..........
written by AA, July 26, 2010
အင်း.... ဟုတ်တယ်ဗျာ။ မျိုးလှိုင်ဝင်း ပြောတဲ့ စကားကတော့ လုံးဝ မမိုက်ပါဘူး။ နိုင်လို့တာပေါ့၊ ရှုံးရင် ဘယ်လိုများ နေမယ် မသိဘူး။ ရှုံးခဲ့ရင်တော့ အရှုံးပေး က စား တာပါလို့ ပြောမှာ သေချာတယ်။
written by ကောင်းမြင်, July 26, 2010
မြန်မာ ဘောလုံး အဆင့်အတန်း မြင့်မားလာအောင် ပရော်ဖက်ရှင်နယ် ကလပ်တွေ ထူထောင်။ နေရှင်နယ်လိဂ် ပြိုင်ပွဲတွေ လုပ်ခဲ့တဲ့ တပ်ချုပ်ကြီးရဲ့ အစီ အမံကြောင့် ထိပ်ဇယား ထဲမှာတောင် မရှိတဲ့ ရန်ကုန် ယူနိုက်တက်က အခုလို ပြတ်ပြတ် သားသား အနိုင်ယူခဲ့တာပါ၊ ဒါတောင် အပျော်ခရီး ထွက်ရင်း အား မထည့်ဘဲ ကစားခဲ့ တာနော်၊ ဒီပုံ အတိုင်းဆို လာမယ့် ဆီးဂိမ်မှာ မြန်မာ ဘောအသင်း ရွေတံဆိပ် ရနိုင်တယ် ဆိုတာ ပေါ်လွင်နေပြီ၊ ၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံက ဖလား လုပွဲမှာ ပေါလ်ရေဘ၀ဲက မြန်မာအလံ ကပ်ထားတဲ့ အစာပုံးထဲ ၀င်စားတဲ့ သတင်းတွေ ကျနော်တို့လည်း ဖတ်နိုင်ေ တာ့မှာဘဲ၊ ကဲ- ရန်ကုန်ဆရာေ တရေ- အခု ချင်;မိုင်ကနေ အောင်ပွဲနဲ့ ပြန်လာမယ့် မြန်မာ့ဂုံဆောင် ဘောလုံး သမားတွေကို အနမ်းလေးတွေ ပေးပြီး ကြိုခိုင်းဖို့ တပ်ချုပ်ကြီး အမိန့် ထုတ်တာလေး ရေးပြပါလား ဆရာရေ၊
written by Jinghpawthu, July 26, 2010
မြန်မာ နိုင်တော့ အရမ်း ပျော်ပါတယ်။ မြန်မာတွေ တော်ကြပါတယ်။
ယူနိုတ်တက် အသင်ြး ဖစ်ဖြစ် ဘာ အသင်းဖြ စ်ဖြစ် ပြည်ထောင်စုမြ န်မာနိုင်ငံမှ ထွက်ရှိလာတဲ့ အသင်းဆိုတော့ “ဒို့မြန်မာ” ပေါ့လေ။ ကြည့်ရတာ အားလည်း ရတယ်။ မြန်မာတွေ ပထမဦးဆုံး ဘော်လုံး ဂိုးသွားတော့ အတိုင်းမသိ ဝမ်းသာခဲ့မိတယ်။ နောက်ထပ် ဂိုးဝင်သွားတော့ အော်လိုက်မိတယ် “ ဂိုးသွင်းကော င်းတဲ့ တို့ကိုကို” ပေါ့။ အရမ်း ပျော်တယ်၊ ချစ်သူနဲ့ တွေ့ရင်တောင် ဒီလောက်ပျော်၊ စိတ်လှုပ်ရှားမယ် မထင်ဘူး။

written by yonelay, July 26, 2010
မျိုးလှိုင်ဝင်း ပြောတဲ့ စကားက တော်တော်ရီရတယ်ဗျာ ။ အောင်မြင်မှု တောင် မရသေးဘူး စကားက အောက်ခြေလွတ်
ချင်နေပီ။
ချင်နေပီ။
written by ကိုဝေမိုးအောင်, July 25, 2010
မြန်မာအသင်း နိုင်တယ်ဆို တော့ ပျော်တာပေါ့
မြန်မာတွေပဲဟာ။
ဒါပေမယ့် “ အသင်းပိုင်ရှင်က အပျော် ခရီးစဉ် အတွက် လွှတ်တာပါ၊ ဒီပွဲမှာ အရမ်း အားထည့် မကစားပါဘူး” ဆိုတဲ့ မျိုးလှိုင်ဝင်း စကားကတော့ လှပါတယ် ဆိုမှ ရေမချိုးရသေးဘူး လို့ ပြောသလြို ဖစ်နေ သလားလို့ ။

written by Aut Swae, July 25, 2010
Irrawaddy make this a big news as proud for Myanmar
written by ရေသန့် , July 25, 2010
ဟုတ်ပါတယ်... တကယ်တော့ အခြေနေ အကြောင်းေ ကြာင်းေ တွကြောင့် ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်နေ ရောက်နေ အမိ မြန်မြာ ပည်ကြီး နဲ့ တကွ မြန်မာ နိုင်ငံသားတွေ ကိုဖြင့် မြန်မာ တိုင်း၇င်းသား တိုင်းက တကယ် သံယောဇဉ် ရှိပြီး တကယ် ချစ်ကြပါတယ်....အယူအဆ မတူကြတာတွေ အာဃာတ ဆိုတာတွေ မဖြစ်မနေ အခြေ အနေတွေကြောင့် ထွက်ခွာလာသူတွေတောင် မတူညီတဲ့ လူမျိုး ဘာသာ စကား ယဉ်ကျေးမှု ဓလေ့စရိုက် တွေကြားမှာ ဘယ်လိုပဲ လိုက်လျော ညီထွေဖြ စ်အောင် ကြိုးစားပြီး မေ့မေ့ ပျောက်ပျောက် နေပါစေ... ."မြန်မာ" ဆိုတဲ့ အသြံ ကားရင်ဖြင့် ခေါင်းထောင်လို့  မကြည့်နို င်တောင်မှ နားစွင့်လို့ ...နေမှာ သေချာပါတယ်။
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), July 25, 2010
သူငယ်ချင်း သုံးယောက်ကို တွေ့ဖူးတယ်။ တစ်ယောက်က စာ အရမ်းတော်တယ်။ ကြီးလာတော့ နိုင်ငံခြားမှာ နေရာကောင်းကောင်း လစာကောင်းကောင်းနဲ့ အလုပ်လုပ်ပြီး မိသားစု အဆင်ေ ပြနေတယ်။ တစ်ယောက်က ငယ်ငယ်ကတည်းက စီးပွားရေး သိပ်စိတ်ဝ င်စားတယ်။ သူ့အဖေ စီးပွားရေး တွေကို အခု ဦးစီးပြီး သူဌေးဖြစ်နေတယ်။ နောက်ဆုံးတစ်ေ ယာက်ကတော့ ဘောလုံးကန် သိပ်ကောင်းတယ်။ ကျောင်းလက်ရွေး စင်ြ ဖစ် တဲ့ အတွက် ငယ်ငယ်တုန်းကတော့ သူက မျက်နှာ အပွင့်ဆုံးပေါ့။ ခုတော့ ခေါ်ကန်မဲ့သူရှိရင် ဘောလုံး ကန်တယ်။ မရှိရင် ပညာလည်း မတတ်တော့ ကြုံရာကျပန်း လုပ်နေရတယ်။ မိသားစုကတော့ အရမ်း ကျပ်တည်းတာပေါ့။
ဘောလုံးကို ရှုံ့ချနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ဘောလုံးကို ၀ါသနာ ပါတယ်။ ဒါပေမဲ့ ထိုင်းကို အနိုင်ရလို့ ဘာမှ မဖြစ်လာပါဘူး။ ဒီလို အပျော်တမ်း အသင်း မပြောနဲ့ နိုင်ငံ့ လက်ရွေးစင်လို အသင်းမျိုး အနိုင်ရတာတောင် ဘာမှ ပြည်သူေ တွအတွက် ခဏတာ စိတ်အပန်း ဖြေတာက လွဲလို့ ဘာမှ မဖြစ်လာ ပါဘူး။
အားကစား ဆိုတာ တကယ်တော့ အားမှ ကစားတာလို့ ပြောခဲ့တဲ့ ပျက်လုံးတွေဟာ မြန်မာနိုင်ငံ အတွက်တော့ အမှန်ပါ။ ပျက်လုံး မဟုတ်ပါဘူး။ အခြေခံစားဝတ်နေရေးကို နေ့စဉ်ရုန်းက န်နေရတဲ့သူေ တွအဖို့ တကယ်လည်း အားမှ ကစား နိုင်တာပါ။
ဆိုလိုရင်းက နိုင်ငံတ စ်နိုင်ငံ အခြေခံ တိုးတက်ဖို့ ပြည်သူတွေ အရင်စဉ်းစားကြပါ။ ပြည်သူတ စ်ယောက်ချင်းစီရဲ့ ၁ လ ၀င်ငွေ ဟာ ၃ လ သုံးနိုင်ရင် အခြေခံပြ ည့်မှီပြီလို့ဆိုနိုင်ပါတယ်။ ဒါမှ အသက် ၆၀ ကျော်တဲ့အခါ သုံးဖို့ကို ချန်ထားနိုင်မှာပါ။ အဲ့ဒီလို အခြေခံ ပြည့်မှီ လာတဲ့အခါ အားကစားကို အရေးပေး လာနိုင်ပါတယ်။ အဲ့ဒီအခါ နိုင်ရင် တကယ့်ကို ၀မ်းသာကြရမှာပါ။

Write comment
| < Prev | Next > |
|---|

ဘယ်လို စကားမျိုး ကြားချင်လို့လဲ.. အပျော် ကန်တဲ့ ဟာကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ကန်ပါတ ယ်လို့ လိမ်စေချင်နေတာလား.. တကယ်ကြည့်ခဲ့ တဲ့သူတွေက အဲလို လိမ်ရင် ဒေါသ ထွက်မှာဗျ.. ဘယ်တော့မှ တဖက်ထဲ မတွေြး ကပါနဲ့..
နှစ်ဖက်မြင်စေချင်သူ..