USDP ကြိုတင် မဲစာရင်းများကောက်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ရန်ကုန်တိုင်းရှိ မြို့နယ်များနှင့် တခြား ပြည်နယ်နှင့် တိုင်းများတွင် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ စာရင်းများ ကောက်ယူ နေကြောင်း သိရသည်။

“လူဦးရေ စာရင်းကို ရယကက လာကောက် တာပါ၊ ၁၈ နှစ်ပြည့်ပြီး ဘယ်နှယောက် ရှိလဲ၊ ကျားမ ဘယ်နှယောက် ရှိလဲ ဆိုပြီး လာကောက်တယ်၊ ဘာလုပ်ဖို့ ကောက်တာလဲ မေးတော့ အထက်က ကောက်ခိုင်း တယ်ပဲ ပြောတယ်” ဟု တောင် ဥက္ကလာပ မြို့နယ်မှ အမျိုးသမီး တဦးက ဧရာဝတီသို့ ပြောသည်။

လူဦးရေ စာရင်း ကောက်ခံ ရာတွင် ကြိုတင်မဲ အတွက်ဟု တိုက်ရိုက် မပြော သော်လည်း သွယ်ဝိုက်သော နည်းဖြင့် စည်းရုံး ပြောဆိုမှုများ ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲပေးစဉ် ကလည်း အလားတူ စာရင်း ကောက်ပြီးနောက် မဲရုံသို့သွားရန် မလို၊ ကြိုတင်မဲ ပေးပြီးပြီဟု ရာအိမ်မှူးက လာပြော ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက် ပြောသည်။

ရန်ကုန်မြို့တွင် ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် လှိုင်သာယာ မြို့နယ်များရှိ ရပ်ကွက်များ၌ လူဦးရေစာရင်းများကို  စတင်ကောက်နေကြောင်း သိရသည်။

ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းခြင်း၊ ရေမြောင်း ဖော်ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်းစသည့် လုပ်ဆောင်မှုများနှင့်အတူ လူဦးရေစာရင်းများကို ကောက်ယူ၍ ရွေးကောက်ပွဲတွင် USDP အား မဲပေးကြရန် စည်းရုံးနေသည်ဟု ဆိုသည်။

ရန်ကုန်ရှိ တက္ကသိုလ်များတွင်လည်း ပညာရေး ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်းကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများ ရှိကြောင်း သိရသည်။

ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းသူတဦးက “ဒုဝန်ကြီးက လာပြီးတော့ ပြောတယ်။ ပြောတာတွေက အစုံပဲ။အဓိက ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးရင် လူရွေးမမှားကြဖို့၊ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ ဒါတွေပဲ ပြောတယ်။ ဒါပေမယ့် ကျောင်းသားတွေက သူပြောနေတာကို အလေးမထားဘဲ ဟာသလုပ်နေကြတယ်” ဟု ဆိုသည်။

ဇူလိုင် ၁၉ ရက်မှစ၍ ဦးအောင်မျိုးမင်းသည် ရန်ကုန်ရှိ တက္ကသိုလ်များသို့ သွား၍ USDP အတွက် မဲဆွယ် စည်းရုံးရန်ရှိကြောင်း၊ ဒဂုံတက္ကသိုလ်သို့ လာရန်ရှိသော်လည်း ရက်အတိအကျ မသိရသေးကြောင်း ဒဂုံတက္ကသိုလ်မှ ဆရာမတဦးက ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်လည်း USDP ကို ထောက်ခံရေးအတွက် ရပ်ကွက်များတွင် လမ်းခင်းပေးပြီး မဲရရေးကို နေ့စဉ် စည်းရုံးရေး ဆင်းနေကြောင်း စည်ပင်ဝန်ထမ်းတဦးက ပြောကြားသည်။

အာဏာပိုင်များ အနေဖြင့် လူဦးရေစာရင်း ကောက်ခံခြင်း၊ မဲဆွယ်စည်းရုံးခြင်းတို့ကို ယခုရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြောင်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ခံတဦးက ပြောသည်။

“ကျနော်တို့ တာချီလိတ်အပြင် တခြားမြို့နယ်တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်း တခုလုံးမှာ သန်းခေါင်စာရင်းတွေ လိုက်ကောက်နေကြတယ်၊ ၀န်ထမ်းတွေ ပြောတာကတော့ ရွေးကောက်ပွဲအတွက် ကြိုတင် မဲစာရင်းကောက်တာပါလို့ ပြောကြတယ်” ဟု ၎င်းက ရှင်းပြသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူစာရင်း အတိအကျကောက်ခံခြင်း၊ မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် အမြန်လုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒေသအာဏာပိုင်များက ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင်ရှိသော လူမှုရေး အဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် အစိုးရ၀န်ထမ်းများ အားလုံးကို တပတ်လျင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ခေါ်ယူ၍ ရွေးကောက်ပွဲတွင် USDP အတွက် စည်းရုံးပြောဆိုကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင်လည်း အာဏာပိုင်များနှင့် USDP အဖွဲ့ဝင်များက ကြိုတင် မဲစာရင်းများ ကောက်ခံနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ဘက်တွင် USDP ကို ထောက်ခံမှုရစေရန် ရပ်ရွာက ရိုသေလေးစားသော ပုဂ္ဂိုလ်များကို USDP ခေါင်းဆောင် နေရာပေး၍ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမှ ဒေသခံတဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေးပါတီများအနက် USDP တခုတည်းသာ စည်းရုံး ဟောပြောခွင့်ရနေပြီး တခြားသော နိုင်ငံရေးပါတီ အများစုမှာ လွတ်လပ်စွာ စည်းရုံးခွင့် မရှိဟု နိုင်ငံရေးပါတီများက ဆိုသည်။

လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections-ANFREL) အဖွဲ့မှ စောင့်ကြည့်လေ့လာသူ မစ္စတာ ဘီဒါယက် ဒတ်စ် (Bidhayak Das) က “ကြိုတင်မဲပေးဖို့အတွက် အိမ်ထောင်စုစာရင်း ကောက်ခံတာက ရွေးကောက်ပွဲ ကော်မရှင်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ တခြားသော ဘယ်နိုင်ငံရေးပါတီနဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဲဒီလိုလုပ်ဖို့ ဥပဒေက ခွင့်ပြုထားခြင်းမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ များ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သော ANFREL အဖွဲ့သည် အာရှ၏ ပထမဆုံးသော ဒေသတွင်း ချိတ်ဆက်ထားသည့် လူထု အခြေပြု လူမှုအဖွဲ့အစည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့သည်။

မြန်မာစစ်အစိုးရသည် ၂၀၀၈ တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲအတွက် မဲကောက်ခံစဉ်ကလည်း ကြိုတင်မဲများကို အတင်းအကျပ်ကောက်ခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲတွင်လည်း ထိုအတိုင်းဖြစ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

“USDAကနေ USDP အဖြစ်ပြောင်းလိုက်တာကလည်း မကွဲပြားဘူး။ အဲဒီပြောင်းလဲမှုကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားရမယ်။ USDAရဲ့ ဖြစ်တည်မှုက ရပ်တန့်သွားပြီလား ဒါမှမဟုတ် USDPရဲ့ အုပ်ချုပ်မှု ဖွဲ့စည်းပုံက အရင်အတိုင်းပဲ ဆက်ရှိနေမလား၊ ဒါမှမဟုတ် ဖွဲ့စည်းပုံ ပြောင်းသွားပြီလားဆိုတာတွေ ရှိလာတယ်။ တခုကနေ တခုကို ပြောင်းလဲတဲ့ နေရာမှာ တည်ဆောက်ပုံ ပြောင်းသွားတာကိုလည်း အသိပေးသင့်ပါတယ်” ဟု ဘီဒါယက် ဒတ်စ်က ပြောသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
Comments (5)Add Comment
0
ဝလုံး
written by mee mee, July 24, 2010
smilies/grin.gifမပြုံးဘဲ ဝါးလုံးကွဲ အောင် ရယ်လိုက်ချင်သေးတယ်။ ဗိုလ်သန်းရွေ ရေ သိပ်ကြောက်တယ် ဆိုရင်လဲ ရွေးဂေါက်ပွဲ လုပ် မနေနဲ့ ပွဲဆူတယ်။ ကလေးတွေလိုဘဲ ပြောလိုက် " တားတားက ဘုရင် ကလွဲ လို့ ဘာမှ အလုပ်ဘူးနော် ဒါဘဲ ဒါဘဲ ဆိုပြီး ခြေဆောင့် ငို ပါလား လို့ အကျန်လေး ပေးချင် လိုက်တာ
0
သူ့ကျွန် ခံရတာကမှ ကောင်းစား ဦးမယ်
written byေ၇ှာင်လေဝေးဝေး စစ်အစိုးရဘေး, July 24, 2010
ပြောတော့ သူ့ကျွန် မခံနဲ့တဲ့ အကိုတော်တွေရာ သူ့ကျွန် ခံရတာကမှ ကောင်းစား ဦးမယ်ဗျာ အခုတော့ ကို့ယ် လူမျိုး အုပ်ချုပ်ကာမှ လုံးလုံး ဝဲစား ဖြစ်နေရတဲ့ ဘဝတွေပါဗျာ
0
173871576
written by shwekyimyo@mail.com, July 23, 2010
စစ်အစိုးရရဲ့ ရွေးကော က်ပွဲဟာ ကိုယ်ပါ ကိုယ်မေး၊ ကိုယ်ပါ ကိုယ်ဖြေ၊ ကိုယ်ပဲ စစ်တဲ့ စာမေးပွဲလို ဖြစ်နေပြီ။ ဒီလိုသာဆိုရင် USDP ပါတီ သာလျှင် အနိုင်ရတော့မှာလား....။
0
အဆိပ်ပင်... ရေမလောင်း မိကြပါနဲ့.....
written by Ko J J, July 23, 2010
USDP ဘဲခေါ် ကြံ့ဖွတ်ဘဲ ခေါ်ခေါ် ဒီလူတွေက စစ်အစိုးရ အဓမ္မဝါဒီ သမားတွေနဲ့ ဖွဲ့ထားတာ
မြန်မာပြည် ကိုသာမက ကမ္ဘာကိုပါ လိမ်နေတဲ့သူတွေဘဲ. ..ညစ်ပတ်စုတ်ပဲ့တဲ့ ဥာဏ်တွေနဲ့ မြန်မာပြည်ကို စစ်ကျွန်
သက် ရှည်အောင် လုပ်နေအုံးမှာပါဘဲ....
Population census is nothing to do with USDP, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်