မြန်မာအလုပ်သမားများကို ဆိုင်ကယ်လိုင်စင် ထုတ်မပေးရန် ဆန္ဒပြ

E-mail Print
ထိုင်းနိုင်ငံ ရနောင်မြို့မှ ထိုင်း ဆိုင်ကယ် တက္ကစီသမားများ ဦးဆောင်၍ လူ ၁၀၀၀ ခန့်က မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဆိုင်ကယ်မောင်း လိုင်စင်များ ဆက်လက် ထုတ်ပေးခြင်း မပြုရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာ အလုပ်သမားများကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းသည် လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့် ယာဉ်တိုက်မှု စသည်တို့ကို ပိုမိုလုပ်ဆောင်ရန် အားပေးသည်နှင့် တူ သည်ဟု ဆိုကာ ဇူလိုင်လ ၂၀ ရက်နေ့က ရနောင်းခရိုင် ကုန်လမ်းသယ်ယူ ပို့ဆောင်ရေးရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆို ခြင်းဖြစ်ကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

thai_protesters_motobike“အခု မြန်မာပြည်သားတွေ ဆိုင်ကယ်စီးခွင့်ရသွားတော့ ကျနော်တို့ ဆိုင်ကယ်တွေကို မစီးတော့ဘူး။ သူတို့ အချင်းချင်း ပဲ စီးကြတယ်။ သူတို့ပါ တက္ကစီဆွဲကြတယ်။ ဒါဟာ ကျနော်တို့ရဲ့ စီးပွားရေးကို ထိခိုက်စေတယ်။ ပြီးတော့ သူတို့ လူမျိုးတွေကို ခေါ်တင်ပြီး လူပို့တာတွေ လုပ်ကြတယ်။ ဒါကြောင့် ကျနော်တို့က ယာဉ်မောင်းလိုင်စင် ထုတ်ပေးတာကို ရပ်ပစ်ဖို့ တောင်းဆိုတာ”ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ဖိစုန်ချိုင်းက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ စနော်နာကလည်း မြန်မာအလုပ်သမားများကို လိုင်စင်ထုတ်ပေးခြင်းသည် ထိုင်း တက္ကစီ သမားများ၏ စီပွားရေးကို ထိခိုက်စေသည့် အပြင် ရပိုင်ခွင့်များကိုပါ ခွဲဝေပေးနေရခြင်း ဖြစ်သည်ဟုဆိုကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းတက္ကစီသမားများနှင့် ဒေသခံများက ယခုကဲ့သို့ တောင်းဆိုခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ ဆိုင်ကယ်စီးသူ မြန်မာများမှာ ၂ နိုင်ငံ အာဏာပိုင်များ သဘောတူညီချက်အရ သတ်မှတ်ထားသော ဥပဒေအရ လိုင်စင်များဖြင့် စီးကြခြင်း ဖြစ်ကြောင်း၊ အကယ်၍ ဥပဒေဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူပြီး တားဆီးနိုင်ကြောင်း ရနောင်းမြို့မှ မြန်မာနိုင်ငံသား ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီးတဦးက ဆိုသည်။

ရနောင်းတွင် လက်ရှိ ဆိုင်ကယ်စီးသူ မြန်မာနိုင်ငံသား အနည်းဆုံး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက “တချို့ကိစ္စတွေမှာ ဒေသခံတွေရဲ့ အခွင့်အရေးကို ထိပါးတာလည်း ရှိတတ်တယ်လေ။ လူတိုင်းတော့ ဆိုင်ကယ် မဝယ်နိုင်လောက်ဘူးဗျ။ မြန်မာတွေ ထိုင်းမှာ စီးပွားရှာနေခိုက်မှာ ထိုင်းဥပဒေကိုတော့ လိုက်နာရမှာပေါ့ဗျာ” ဟု ပြောသည်။

ဒေသခံ တက္ကစီသမားများက ဤသို့ ဆန္ဒပြ ကန့်ကွက်သည်ကို ကြိုဆိုကြောင်း၊ ထိုင်းလမ်းသရဲများကို ပိုက်ဆံပေးကာ ရန်ရှာခိုင်းသည်ထက်စာလျှင် တော်သေးသည်ဟု ထင်ကြောင်း၊ ထိုင်းတက္ကစီသမားများ စွပ်စွဲသကဲ့သို့ အချင်းချင်း အခကြေးငွေဖြင့် ပို့ဆောင်ပေးမှုများလည်း ရှိနိုင်ကြောင်း၊ တချို့ ထိုင်းဆိုင်ကယ် တက္ကစီများက လုယက်ခြင်း၊ အမျိုးသမီးများကို ထိပါးနှောင့်ယှက်ခြင်းများရှိ၍ မြန်မာ အချင်းချင်း လက်သိပ်ထိုး အငှားလိုက်မောင်းပေးခြင်းလည်း ရှိကြောင်း ဦးမြင့်ဝေက ဆက်လက်ပြောကြားသည်။

ဆိုင်ကယ်ဝယ်စီးသူ မြန်မာနိုင်ငံသား ကိုအချိုင်က “ယာယီပတ်စ်ပို့ လုပ်ထားတဲ့ ကျနော်တို့ ဒုက္ခကလည်း မသေးဘူးဗျ။ ဘာလုပ်လုပ် အပြောခံရတယ်။ ကျနော်တို့က ဥပဒေက ခွင့်ပြုလို့ ဝယ်စီးတာဗျာ” ဟု ပြောသည်။

ရနောင်းခရိုင် ကုန်လမ်းသယ်ယူ ပို့ဆောင်ရေးရုံးမှ အရာရှိ မစ္စ ချူတီနန့် ဆရီယာနန့် က ထိုင်းဆိုင်ကယ် တက္ကစီသမားများ၏ တောင်းဆိုချက်ကို လာမည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဆွေးနွေးသွားမည်ဟု အကြောင်းပြန်ထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းထားသော ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေအရ ဗီယက်နမ် ဒုက္ခသည်များ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီမှ နုတ်ထွက်လာသူများနှင့် မိသားစုများ၊ တရုတ်ဖြူ ကူမင်တန် စစ်တပ်မှ အရာရှိများနှင့် အဖွဲ့ဝင်ဟောင်းများကို မော်တော်ဆိုင်ကယ် ဝယ်ယူခွင့်နှင့် စီးနင်းခွင့် ပြုထားကြောင်း သိရသည်။

ယင်းဥပဒေအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း အကျုံးဝင်သဖြင့် ဆိုင်ကယ် ဝယ်ယူစီးနင်းခွင့်ရှိကြောင်း မစ္စ ချူတီနန့် ဆရီယာနန့် ကဆိုသည်။

ချင်းမိုင်မြို့မှ ယာယီပတ်စ်ပို့ ကိုင်ထားသူ မြန်မာ ၃ ဦးသည် ဆိုင်ကယ်ဝယ်ထားပြီးမှ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ရုံးက ယာဉ်မောင်းလိုင်စင် ထုတ်မပေးသဖြင့် အဆိုပါရုံးမှ ဝန်ထမ်းတချို့ကို ဥပဒေချိုးဖောက်သည်ဟု ဆိုကာ ထိုင်း တရားရုံးတခုတွင် တရားစွဲဆိုထားကြောင်း သိရသည်။
Comments (5)Add Comment
0
ဘယ်လိုပြောရမလဲဗျာ
written by Ko Ko, July 25, 2010
မြန်မာတွေ တရားဝင် လိုင်စင်နဲ့ ဆိုင်ကယ်စီးတော့လဲ ပြောကြ ပြန်တယ် ၊ စက်ဘီး ၀ယ်စီးပြ န်တော့လဲဖ မ်းကြပြန်တယ်၊
လိုင်စင် မရှိတော့လဲ ရဲက ဖမ်းပြန်ရော၊ တရားဝင် passport ရှိပြန်တော့လဲ အခွင့်ရေးက ဆုံးရှုံးပြန်တယ် ၊ ကျွန်တော်တို့ လူကြီးတွေ ဒီအခ က်အခဲတွေ ကူညီဖြေရှင်းပေးကြပါဦး၊
0
အားလုံး သိတဲ့အတိုင်း
written by sawhtoosaw, July 23, 2010
မြန်မာပြည်သား အခွင့်အရေး ဆိုရင် ဘာကြောင့်ဒီလောက် ကန့် ကွက်ေ နကြတာလဲ။ မဲဆောက်မှာတုန်းက လည်း ဒါမျိုးဖြ စ်ဖူးပါတယ် ဒါပေမယ့် အဲဒါက မြဝ တီက ကားလိုင်းနဲ့ ပက်သက်ပြီး သူတို့ တွေ ဆန္ဒပြကြ ပါတယ်။ အခုလည်း လုပ်ပြန်ပြီး ရနောင်းမှာ။ ကိုဗမာ တွေဆိုင်ကယ်စီးတာ ထိုင်းတွေစီးတာေ လာက်မ များပါဘူး။ ကိုဗမာတွေအားလုံး မဝယ်နိုင် ပါဘူး။ ဘာမှတောင် မလုပ်ရသေးဘူး ဒီလောက်ေ တာင်ဖြစ်နေ လိုက်ကြတာ လွန်ရော။ အေးပေါ့လေ နောက်ဆုံးတော့ တစ်ချို့ လူတွေေ ပြာကြသလို "ရှင်တို့ ရဲတွေကိုး" ....
0
dont understand
written by thurein, July 23, 2010
The article says there are at least 200 motorbike users in Renound, and the the boycott had about 1000 people taking part in it. These 200 motorbike users must be so scared by now.

Funny!
0
...
written by ကျော်စိုး, July 23, 2010
စိတ်ဝင်စားစရာပဲ။ ဒါမျိုး သတင်း များများ ဖေါ်ပြပေးပါ။
0
ဘာမှကို မပြော တတ်တော့ ပါဘူး။
written by แ€ฑแ€œแ€ฌแ€€แ€•แ€ซแ€œ, July 23, 2010
ဟူးးးးးးးးးးးးးးးးးးးးးးးးးး

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်