ဇူလိုင်လ ဒုတိယပတ် အတွက် ထုတ်ဝေခဲ့သည့် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် အပိတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူတဦးက ပြောသည်။ယင်း ဆောင်းပါးသည် စစ်အစိုးရက ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို ထောက်ခံရေးသားထား သော်လည်း “မြန်မာ မိတ်ဆွေများကို ရှင်းပြသကဲ့သို့ လက်ဝင်ခြင်း မရှိ”ဟူသော စာသားသည် မြန်မာ စစ်ဗိုလ်များကို စိတ်ဆိုး ဒေါသထွက်စေနိုင်ကြောင်းနှင့် ဆောင်းပါးပါ အခြား အချက်အလက်များသည်လည်း မြန်မာစစ်တပ်သည် ဒီမိုကရေစီ စနစ်ကို မကျင့်သုံးလိုဟု အဓိပ္ပာယ် ထွက်နေကြောင်း စာနယ်ဇင်းသမားတဦးက ဆိုသည်။
“စာပေစိစစ်ရေးက ခွင့်ပြုလိုက်ပြီးသားကို အထက်က ဖတ်မိပြီး ပြန်ကန့်ကွက်လို့ အပိတ်ခံရတာလို့ ကြားတယ်”ဟု သတင်း ဂျာနယ်တစောင်မှ အယ်ဒီတာ တဦးက ပြောသည်။
အောင်ထွဋ် သည် ဂျာနယ်ကို ဦးစီးထုတ်ဝေနေသူ ဦးနေ၀င်းမောင်၏ ကလောင်ခွဲဖြစ်ကြောင်း သိရသည်။
The Voice Weekly ဂျာနယ်သည် ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် အယ်ဒီတာ့ အာဘော်များကို အများဆုံး ရေးသားခဲ့သော်လည်း ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းသည် စစ်အစိုးရ၏ လက်အောက်၌ နိုင်ငံရေး နေရာတခု ရရှိရန် ကြိုးစားနေကြသော နိုင်ငံရေးသမားများအတွက် ဥပမာတခုဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
ဦးနေ၀င်းမောင်သည် Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိပြီး ယင်းမဂ္ဂဇင်းသည် ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်၏သားဖြစ်သူ ဒေါက်တာ ရဲနိုင်ဝင်း၏ အမည်ဖြင့် ထုတ်ဝေခွင့်ကတ် ရရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန် အခြေစိုက် ၀ါရှင်တန်ပို့စ် သတင်းစာက ဦးနေ၀င်းမောင်ကို ပညာတတ် စစ်အသိုင်းအ၀ိုင်းကြားတွင် မွေးဖွားလာသော စစ်အရာရှိ၏ သားတဦး၊ စစ်တပ်အသိုင်းအ၀ိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသူတဦးဖြစ် ထုတ်ဖော်ရေးသားခဲ့သည်။
ယခုအခါ The Voice Weekly ဂျာနယ် ၂ ပတ် အပိတ်ခံရမည့် အစား ၁ ပတ်သာ ပိတ်ပါရန် စာပေစိစစ်ရေးသို့ အသနားခံစာ တင်ခဲ့သော်လည်း ခွင့်မပြုကြောင်း စာနယ်ဇင်းသမားတဦးက ဆိုသည်။
“နောက်ပိုင်းမှာ စိစစ်ရေးက ပိတ်တယ်ဆိုတာမျိုး အဖြစ်မခံတော့ဘူးတဲ့။ ကိုယ့်ဂျာနယ် အကြောင်းကြောင်းကြောင့် မထွက်နိုင် ပါဘူးဆိုတာကို ကိုယ့်ဘာသာ ကြေညာရမယ်လို့ပြောတယ်” ဟု အယ်ဒီတာ တဦးက ပြောသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်တွင်လည်း The Voice Weekly ဂျာနယ်နှင့် The First Music News ဂျာနယ်တို့ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သည်။ ပိတ်ရခြင်း အကြောင်းရင်းကို စာပေစိစစ်ရေးက ထုတ်ပြန်ခြင်း မပြုသော်လည်း သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတဦးတို့ အချင်းများသည့် ကိစ္စနှင့် ပတ်သက်သည်ဟု သတင်းဖော်ပြ ချက်များအရ သိရသည်။
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ဇူလိုင်လဆန်းပိုင်းမှ စ၍ သတင်းဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက်သွားမည် ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည် ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ်များကိုလည်း တင်းကျပ်စွာ အရေးယူမည်ဟူသော သတင်းများ ပြည်တွင်း စာနယ်ဇင်းလောကတွင် ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အား ကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားသည်။
Comments (5)

written by စိတ်မရှည်သူ, July 21, 2010
အရူး ကို လင် လုပ်နေရ သလိုဘဲ ။ ခုတမျိုး တော်ကြာ တမျိုး ။
written by hugebear, July 21, 2010
များများဖား....
ဖားတာ တစ်ချက်မှား လို့ကတောဲ့...
နောင်တ ရဖို့ ကောင်းပြီနော်...
ဖားတာ တစ်ချက်မှား လို့ကတောဲ့...
နောင်တ ရဖို့ ကောင်းပြီနော်...
Write comment
| < Prev | Next > |
|---|









It means " You " Antigov people, blaming all the time to Voice and Ag Htut.
Nothing to explain to gov or military people because they think they already win.
He is explaining to you. Can't you see it????