ချစ်သူရည်းစား ဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ်

E-mail Print
မြန်မာနိုင်ငံ အတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောသည်။

“ဒီလိုပုံစံနဲ့ လူကုန်ကူး တာက အခုမှ မဟုတ်ပါဘူး၊ တကယ်တော့ အဲဒီ နေရာတွေက မိန်းကလေး တွေက ဒီလိုလုပ်ဖို့ ပိုလွယ်တယ်လေ” ဟု ၎င်းက ဆိုသည်။

အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများရှိ မိန်းကလေး များကို ချစ်သူရည်းစား အဖြစ် ဟန်ဆောင်၍ လိမ်လည် လှည့်ဖျားကာ ပြည်ပနိုင်ငံ များသို့ ရောင်းစားသော လူကုန်ကူးမှု ပုံစံသစ်သည် ဖျော်ဖြေ ရေးလုပ်ငန်း များတွင် လုပ်ကိုင် နေသော မိန်းကလေး ငယ်များကို အဓိက ပစ်မှတ်တစ်ခု အနေနှင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင် နေသော ပုဂ္ဂလိက အဖွဲ့အစည်း တခုမှ စီမံကိန်း မန်နေဂျာ တဦးကလည်း ပြောသည်။

“ဒီလိုနေရာတွေမှာ လူကုန်ကူးခံရတဲ့မိန်းကလေးတွေက သနားဖို့ပိုကောင်းတယ်၊ ကိုယ့်ကို တကယ်ချစ်တာပဲ ဆိုတဲ့အတွေးနဲ့ ငွေကြေးရောလူရော ပေးဆပ်ကြတယ်၊ ပြီးတော့အယုံသွင်းပြီး ရောင်းစားခံရတယ်လေ”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖျော်ဖြေရေးလုပ်ငန်းများရှိ မိန်းကလေးငယ်အများအပြားသည် လိင်ဖျော်ဖြေရေး အလုပ်ဖြင့် ငွေရှာဖွေပြီး ၎င်းတို့၏ ချစ်သူ ရည်းစား အတွက် ထိုငွေကြေးများကို အကုန်အကျခံမှုများလည်းရှိကြောင်း ရန်ကုန်မြို့မင်္ဂလာဈေးရှိ JJ Clubတွင် ၃ နှစ်ကျော် လုပ် ကိုင်နေသော အမျိုးသား စားပွဲထိုးတဦးက ပြောသည်။

“Clubမှာ လာပျော်ပါးတဲ့ကောင်လေးတွေနဲ့ ဒီက ကောင်မလေးတွေက ရောင်းသူဝယ်သူ ဆက်ဆံရေးမဟုတ်ဘဲ သမီးရည်းစား ပုံစံ မျိုး ကြိုက်ကုန်တာတွေရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုသို့ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးများကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးရောင်းစားမှုများ အပြင် ငွေကြေး အထောက်အပံ့ယူသော ယောက်ျားများလည်း ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ရုံး(တာချီလိတ်)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာမိန်းကလေးတွေ နည်းလမ်းပေါင်းစုံနဲ့ လူကုန်ကူးမှုမခံရအောင် ဆောင်ရွက်နေကြတာပဲ၊ တဖက် နိုင်ငံ တွေမှာရောက်နေတဲ့ လူကုန်ကူးခံရတဲ့ လူတွေအားလုံးကို ပြန်မခေါ်နိုင်သေးပေမယ့် တ၀က်ကျော်ကျော်ကိုတော့ ကိုယ့် နိုင်ငံ ပြန်ရောက်အောင် လုပ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးငယ်များသည် လိင်ဖျော်ဖြေရေးအလုပ်ဖြင့် စားဝတ်နေရေးပြေလည်ရန် အဓိက ဖြေရှင်းကြသော်လည်း ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိသဖြင့် ၎င်းတို့ဘ၀အတွက် အိမ်ထောင်ဖက်ဖြစ်လာနိုင်ရန် ယောက်ျား တဦးတယောက် အပေါ် သံယောဇဉ်ဖြစ်ကြကြောင်း ရန်ကုန်မြို့ရှိ နိုက်ကလပ်တခုကို အမှီပြုပြီး ၆ နှစ်ကြာ လိင်ဖျော်ဖြေရေး လုပ် ကိုင်နေသော အမျိုးသမီးတဦးက ပြောသည်။

“သာမန်မိန်းကလေးတွေလို ဘ၀ကြင်ဖော်လိုချင်လို့ ရည်းစားထားကြတာပေါ့၊ ယောက်ျားတွေ အများကြီးထဲမှာ ကိုယ် ယုံကြည်ပြီး ချစ်ခဲ့တဲ့လူတယောက်ကိုတော့ ဘယ်မိန်းမမဆို ယုံလွယ်ကြတာပဲလေ၊ ကျမတို့လို မိန်းကလေးတွေ အတွက် ဒီလို လိမ်ညာမှုမျိုး တွေ ပိုခံရတယ်လေ၊ လူ့အသိုင်းအ၀ိုင်းနဲ့ မအပ်ဆက်တော့ မေတ္တာငတ်လာတယ်၊ ဒီလိုမိန်းကလေးတွေကို ယုံအောင်ပြော လွယ် တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသမီးငယ် ၈၅ ဦး သည် တရုတ် နိုင်ငံ ယူနန် ပြည်နယ်နှင့် တရုတ်ပြည်အရှေ့ပိုင်း ဒေသများတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်၊ လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် ခိုင်းစေရန် ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း လူ ၆၄ ဦးပါဝင်သော လူကုန်ကူးသည့်အဖွဲ့အားစစ်ဆေးရာ မြန်မာ အမျိုးသမီး ငယ် ၄၉ ဦးကို တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းပြီး တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် အဓမ္မရောင်းစားခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ထုတ်ပြန်သော စာရင်းများမှ သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့သူ မြန်မာအမျိုးသမီးငယ်တဦးကို တရုတ်အမျိုးသားနင့် လက်ထပ်ရန် မြန်မာကျပ်ငွေ ၉၆၀၀၀၀ ဖြင့် သွေးဆောင်စည်းရုံးပြီး ကြိုတင်ငွေ ကျပ် နှစ်သိန်းဖြင့် နယ်စပ်သို့ ခေါ်ဆောင်လာသော လူပွဲစားနှစ်ဦး ကို မူဆယ် တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း တရုတ်နယ်စပ်တွင် အဖွဲ့ဝင် ၃၀ ပါဝင်သော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့ကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ရာ ယူနန်ပြည်နယ်တွင် ပြန်လည်ရောင်းစားမည့် လိမ်လည် လက်ထပ် ယူထားသော မြန်မာအမျိုးသမီးငယ် ၁၈၀ ကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန် ထားသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင် ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေးထိုးထားသည်။
Comments (7)Add Comment
0
...
written by ပိုးမှုံ, July 18, 2010
မြန်မာနိုင်ငံမှာ အမျိုးသမီးေ ရးရာအဖွဲ့ ကြီး တခုလုံး ရှိနေပြီး ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးတွေ များလာ တယ်ဆိုတာ အမျိုးသ မီးရေးရာအဖွဲ့ ကြီးက ဘာအလုပ် တွေ လုပ်နေလည်း ၊ ဟန်ပြ ဖွဲ့ ထား တာလားဆိုတာ စဉ်းစားကြ ည့်လို့ ရပါတယ်..။ အဲဒီအမျိုး သမီးတွေကို သွားရောက် ပျာ်ပါး နိုင် တာလည်း အဲဒီအမျိုးသ မီးရေးရာအဖွဲ့ က လူကြီးတွေ အဖွဲ့ ဝင်တွေရဲ့  သား.. လင်ယောက်ျား ..တွေသာ အများဆုံး သွား ပျော်ပါးနိုငတဲ့ နေရာ ဖြစ်တယ်..။ အမျိုးသ မီးရေးရာ အဖွဲ့ က လူကြီးဆိုတဲ့ မိန မတွေကလည်း စစ်ခေါင်းေ ဆာင် စစ် အုပ်စု ရဲ့ မိန်းမတွေဆိုတာ အကုန် သိပါတယ်။ နိုင်ငံကို တိုးတ က်တဲ့ နိုင်ငံ စံပြ ဖြစ်ေ စခြင်ရင် ပါးစပ်နဲ့ အော်မနေပါနဲ့ .. .. ဆိုင်းပုဒ်တွေ ထောင်ပြီး ပြနေလို့ လည်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး...။ စစ်အုပ်စု အကြီးအကဲ မိသားစုတွေက စံပြလု ပ်ပြရပါမယ်.. ။ စစ်အုပ်စု အကြီးအကဲ မိသားစု တွေ ကျတော့ ကာရာအိုကေမှာ ပျော်ပါး.. တလင် တမယား ပြထား ကြပေမဲ့ လည်း နောက်ကွယ်မှာ လင်ငယ်ထား.. မယားငယ်ထား၊ မကောင်းတဲ့ မိန်းမတွေ လိုက်စား နေကြတာ.. ဘယ်သူမှလည်း လေးစား ကြည်ညို နေမှာ မဟုတ်ပါဘူး..။ အမျိုးသမီးေ ရးရာအဖွဲ့ က အမျိုးသ မီး ကြီးတွေ အညတရ မိန်းကေ လးတွေရဲ့  အရေးကိုလိုက်မလု ပ်ပေးရင်နေပါ.. ကိုယ့်အိမ်မှာကိုယ့်ယောက်ျားကို အဲဒီလိုေ နရာတွေ ပျော်ပါးရေးကို ထိန်းချုပ်နိုင်မယ်.. ဖျော်ဖြေရေး ဆိုင်များ ဖွင့်ခွင့်ကို တရား ဥပဒေနဲ့ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မယ် ဆိုရင် ကိုယ့်ေ ယာကျာ်းရော ဘ၀ပျ က်နေကြရတဲ့ မိန်း ကလေးတွေ၊ လူကုန် ကူးမှု ခံနေကြရတဲ့ မိန်းကလေးတွေကိုပါထိန်းချုပ်နိုင်မှာပါ..။
0
...
written by apollo-sai, July 18, 2010
လူကုန် ကူးတဲ.သူတွေကြို ကိုးမိန်.ပေးသင်.တယ်
0
ရတာဘဲ လုပ်ရတော့တာပေါ့
written by Thein Kha, July 18, 2010
မြန်မာ တနိုင်ငံလုံးမှာ လုပ်စရာ စီပွားရေး အားလုံးကို စစ်အစိုးရနဲ့ အပေါင်းအပါတွေက အကုန်လုံးလ က်ဝါဒကြီး အုပ်ထားတော့ လုပ်စရာမရှိ တဲ့အဆုံး လူကုန်ကူးတာကိုဘဲ လုပ်ရတော့တာပေါ့။ ဒါတောင် နောက်ပိုင်းမှာ ဦးပိုင်လီမီတက်တို့ ဘာတို့ ကနေ လက်ဝါးကြီး အုပ်လာနိုင်တယ်။ သတိထားကြ။
0
စစ်အာဏာရှင်
written by Free Lance, July 17, 2010
smilies/angry.gifစစ်အာဏာရှင် ရှိနေ သရွေ့ Human Right ကို ချောင်ထိုးမှာဘဲ
စစ်အာဏာရှင်ရှိနေ သရွေ့ အမျိုးသမီး အရေး ချောင်ထိုးမှာဘဲ
စစ်အာဏာရှင် ရှိနေ သရွေ့ တိုင်းရင်းသား အရေး ချောင်ထိုးမှာဘဲ
စစ်အာဏာရှင် ရှိနေ သရွေ့ Democracy အရေး ချောင်ထိုးမှာဘဲ
0
...
written by kogyikhi, July 17, 2010
ဒီလိုဖြစ်ရ ပ်တွေက နိုင်ငံရဲ့ခေါင်းဆောင်တွေညံ့လို့ တကိုယ်ကောင်း ဆန်နေလို့ စီပွား ရေးကြ ပ်တည်းတော့ မဖြစ်သ င့်တာတွေ ဖြစ်ကုန်ကြတာပေါ့
0
...
written by thakhinnyein, July 16, 2010
မြန်မာပြည် စစ် အစိုးရ ဘာလုပ်နေလဲ။
0
Find the root of this problem and solve it
written by Pho Maung, July 16, 2010
Deep poverty is main reason for human trafficking.

Stupid and selfish government does not know (does not make any effort) how to improve living standard of Myanmar people and how to make them rich, so it will keep on happening, trust me.

Thanks to any NGO who try to help girls suffered in this matter, but what NGO have done is only tip of ice berg.

Only if root problem can be solved, we can minimize this human trafficking problems. "NO OTHER SOLUTION"

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်