“ကျနော်တို့ မနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီလောက် တွေ့ခွင့်ရတယ် ၊ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်အတွက် တရားရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လုပ်သွားဖို့ ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက်လည်း ဆွေးနွေးကြ တယ်"ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ခြံဝင်း အတွင်း တွေ့ခွင့်ရစဉ် အဆိုပါ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။
ထို့နောက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ်NLDပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချ ထားခဲ့သည်။
“သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ အရ နအဖကို ဆက်လက်တရားစွဲဖို့ လုပ်သွားမှာပါ။ ကျနော်တို့ နအဖကိုလည်း ဇွန်လ ၂၁ ရက်နေ့က နို့တစ်စာ ပေးထားပါတယ် ၊ နို့တစ်ပေးပြီး ရက်ပေါင်း ၆၀ ပြည့်ရင် သူတို့ဘက်က တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန် သည်ဖြစ်စေ တရားစွဲဆိုခွင့်ရှိပါတယ်။ ဒါ ဥပဒေအရ ၊ လိုအပ်ချက်အရ နို့တစ်ပေးတာပါ"ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နအဖထံ ပေးပို့ခဲ့သည့် နို့တစ်စာတွင် NLD အနေဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမျိုးသားရင်ကြားစေ့ရေးကို ပိတ်ဆို့လိုက်ခြင်း မဟုတ်ကြောင်း ၊ NLD သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အမြဲအဆင့်သင့်ရှိနေကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၉ ရက် တရက်တည်းတွင်ပင် နအဖကို တရားစွဲသည့် အခြားအမှုတခုမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ၄င်းတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ခွင့်ရှိကြောင်း အက်ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းအမှုကိုလည်း တရားရုံးဝန်ထမ်းများက လက်ခံရန် ငြင်းဆန်ထားသည်။
အဆိုပါအမှုနှင့်စပ်လျဉ်း၍လည်း ဦးဉာဏ်ဝင်းက"အဲဒီအမှုအတွက်လည်း ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဥပဒေ အကြောင်းအရ ပိုပြီးနည်းစနစ်ကျအောင် လုပ်နေပါတယ် ၊ ဥပဒေ အတိုင်းဆိုရင်တော့ ဒီအမှုတွေကို ကြားနာရမှာပါ"ဟု ပြော သည်။
ယမန်နေ့ က တွေ့ဆုံမှုတွင် ပါတီတရားဝင်ရပ်တည်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုကိစ္စရပ်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ရေကူး ၀င်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
ထို့နောက် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် ၏ ရှေ့နေများက ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပယ်ချ ခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အတွက် အထူးအယူခံ အမှုကို မေ ၁၀ ရက်တွင် ဗဟိုတရားရုံးချုပ်သို့ ထပ်မံတင်သွင်းခဲ့သော်လည်း ယခုအထိ ရုံးချိန်းမရသေးကြောင်း သိရသည်။
Comments (6)

written by kokozin, July 18, 2010
ဟုတ်မှလဲ လုပ်ပါ NLD ရယ်. ဒေါ်စု တောင် ဒီမိုကရေ စီ ဆိုပီး အိမ်ထဲမှာဘဲ အသက်ြ ကီးနေပြီ။ ဘာမှ ဖြစ်မလာဘူး။ ဒေါ်စု လွတ်အောင် တောင် မလုပ်နိုင်ဘဲ အစိုးရကို တရားစွဲမယ် ဆိုတော့  ရယ်စရာ ပျက်လုံးဘဲ ...
တရားလို ကနေ တရားခံ ပြန်ဖြစ်သွားဦးမယ်။ NLD ဘ၀ က စုပ်လဲဆူး စားလဲ ရှူး ဖြစ်နေပြီ။ ပြည်ပက NLD ဆရာ တချို့ ကတော့ high boss တွေ ဖြစ်နေကြပြီ။ ပြည်တွင်းက NLD လေးတွေကေ တာ့ ရောင်းစရာ ကုန် ၊ ပေါင် စရာ မရှိ ၊ထမင်းင တ်နေကြပြီ ၊ကံ မကောင်းရင် ထောင်ထဲ ရောက်ပြန်ရော။ ကိုင်း ဘာလုပ်သ င့်သလဲ .?
တရားလို ကနေ တရားခံ ပြန်ဖြစ်သွားဦးမယ်။ NLD ဘ၀ က စုပ်လဲဆူး စားလဲ ရှူး ဖြစ်နေပြီ။ ပြည်ပက NLD ဆရာ တချို့ ကတော့ high boss တွေ ဖြစ်နေကြပြီ။ ပြည်တွင်းက NLD လေးတွေကေ တာ့ ရောင်းစရာ ကုန် ၊ ပေါင် စရာ မရှိ ၊ထမင်းင တ်နေကြပြီ ၊ကံ မကောင်းရင် ထောင်ထဲ ရောက်ပြန်ရော။ ကိုင်း ဘာလုပ်သ င့်သလဲ .?
written by ပုည, July 15, 2010
မနိုင်နိုင်ေ သးလို့ ငြိမ်ခံေ နမဲ့အစား တရားမျှတမှု အတွက် ဒီလို ဆက်ပြီး တိုက်ရဲတာ ဂုဏ်ယူတယ်
မတရားသော အမိန့် အာဏာ ဟူသမျှ ဆန့်ကျင်ကြ ဆိုတဲ့စ ကားကိုသာပြန်ကြားမိတယ်
မတရားသော အမိန့် အာဏာ ဟူသမျှ ဆန့်ကျင်ကြ ဆိုတဲ့စ ကားကိုသာပြန်ကြားမိတယ်
Write comment
| < Prev | Next > |
|---|








Winning a lawsuit is not the NLD's true aim. Even kids know that SPDC militia does not freaking care about any (national, international) lawsuits against them, and that who the law(lawlessness)-makers and -shakers in current Burma are. To remain in the public eyes and remind the public that NLD exists (and tries its best against all odds to survive and thrive) is one expected result.