လက်နက်များ ပြန်လည် မအပ်နှံပါက ထွက်ပြေး သွားသော တပ်ဖွဲ့ဝင် များ၏ မိသားစုများကို ပြင်းပြင်း ထန်ထန် အရေးယူ မည်ဟု DKBA က ခြိမ်းခြောက် နေကြောင်း ကရင် လူငယ် အစည်းအရုံး (KYO) မှ တာဝန်ရှိသူ တဦးက ပြောသည်။“ကျနော်တို့ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုဗိုလ် မျိုးမျိုးနဲ့ သူ့တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ နှိပ်စက်ခံ နေရတယ်။ ၂ နှစ် ၃ နှစ်အရွယ် ကလေး ငယ်က စပြီး ဇနီး မယားတွေ မိအို ဘအိုတွေ အားလုံးကို လက်ထိပ် ခတ်ပြီး စစ်ဆေး မေးမြန်း ရိုက်နှက် တာတွေ လုပ်နေတယ်။ လက်နက် တွေကို ပြန်မအပ်ရင် ဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် အရေး ယူတာကို ခံရမယ်လို့ ကြိမ်းမောင်း နေတယ်” ဟု KYO မှ ကိုစောမိုရှေးက ဧရာဝတီသို့ ပြောသည်။
ဘက်ပြောင်းလာသူ တပ်ကြပ်ကြီး အောင်သိန်းက “ကျနော်တို့ KNU ဘက်ကို ရောက်သွားတယ်လို့ သိတာနဲ့ တပြိုင် နက် ကျနော့်မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲတည့်ပြီး ခြိမ်းခြောက်တာတွေ နှိပ်စက်တာတွေ လုပ်နေ တယ်”ဟု ဆိုသည်။
တပ်ကြပ်ကြီး အောင်သိန်း၏ ကလေးများမှာ အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ရှိကြသည်ဟု သိရသည်။ ဖမ်းဆီးနှိပ်စက် ခံနေရသူများမှာ အနည်းဆုံး ၁၅ ဦးနှင့် အထက်ရှိမည်ဟု ၎င်းက ပြောသည်။
၎င်းတို့၏ မိသားစုဝင်များမှ ကလေးများကိုပါ လက်ထိပ်ခတ်ကာ စစ်ဆေးမေးမြန်းနေသည်ဟု DKBA နှင့် နီးစပ်သူများ ကလည်း ပြောသည်။
ဘက်ပြောင်းလာကြသော DKBA တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စခန်းတခုတွင် တာဝန် ထမ်းဆောင်နေကြသော (၉၉၉) တပ်မှ ဖြစ်သည်။
ဒုဗိုလ် မျိုးမျိုး၊ တပ်ကြပ်ကြီး အောင်သိန်း၊ တပ်ကြပ် စောဝင်းနေ၊ တပ်သား မိုးခူး၊ တပ်သား စိုးလယ်ဖိုး၊ တပ်သား အောင်စိန် နှင့် တပ်သား စိုးထိုက် တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က KNU/ KLA တပ်မဟာ (၇) သို့ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ကြသည်။
၎င်းတို့ နှင့်အတူ AK 47 သေနတ် ၃ လက်၊ M.16 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ 9 mm ပစ္စတို ၁ လက်နှင့် ကျည်ဆန်များ ပါလာခဲ့သည်။ M-79 လောင်ချာ တလက်မှာမူ လမ်းခရီးတွင် ရေထဲသို့ ပြုတ်ကျ ကျန်ရစ်ခဲ့ သည်ဟု သိရသည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ သူတို့တွေက ကရင်အချင်းချင်း မတိုက်တာ့ပါဘူး၊ မသတ်ဖြတ်တော့ပါဘူးဆိုပြီး ငြိမ်းချမ်းရေးစကားတွေလည်း ပြောတယ်။ သူတို့ ဆီ မှာ မနေချင်တော့လို့  ဘက်ပြောင်းလာတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နှိပ်စက် ညှဉ်းပန်းတာကတော့ အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ကျနော် ပြောချင်တယ်” ဟု ဆိုသည်။
ယခင်ကလည်း DKBA မှ ဘက်ပြောင်းသွားသူများတွင် လက်နက်ခဲယမ်းများ ပါလာပါက ကျန်ရစ်သည့် မိဘ၊ မိသားစု ဝင် များထံ၌ ကျပ်ငွေ သိန်း ၂၀၊ ၃၀ စသည့်ဖြင့် DKBA က အလျော်တောင်းခြင်းမျိုး ရှိခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ခြင်း သည် နအဖ နည်းကို အတုခိုးခြင်းဖြစ်ကြောင်း၊ နအဖ စစ်တပ်မှ တပ်ပြေးများ ပြန်မိလျှင် ထောင်ချခြင်း၊ လက်နက် ပါသွားပါက လိုက်လံ သတ်ဖြတ်ခြင်းအထိ ရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်လက်ပြောသည်။
DKBA တပ်ဖွဲ့ဝင်များအတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောကွဲလွဲမှုများ၊ အထက်အရာရှိများက ပြေလည်နေကြ သော်လည်း လက်အောက်ငယ်သားများက ရိက္ခာပင် မလုံလောက်သဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် KNU ဘက်သို့  မကြာခဏ ထွက်ပြေးနေခြင်း ဖြစ်သည်ဟု သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
Comments (3)

Write comment
| < Prev | Next > |
|---|








Don't ever think that you are man and brave that you do such kind of cruelty. That is the way of the coward do. The more you do this the more you are weaker the the coward. Don't ever think you hold gun and you are strong. You are weaker than the innocent mentally. Be merciful so that other will have mercy on you.