ရာဇ၀တ်မှု များသည် အမှန် ဖြစ်ပွားသည့် နှုန်းအတိုင်း အထက်သို့ တိတိကျကျ စာရင်း မတက်ရောက်ခြင်းများလည်း ရှိနေသေးကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းများဌာနမှ အရာရှိတဦးက ပြောသည်။
“အထက်က စီမံချက်တွေချပြီး သေသေချာချာ စိစစ်ခိုင်းတာတွေ၊ အမှုဖြစ်ပွားမှုနှုန်းတွေကို မြို့နယ်အလိုက် တင်ပြခိုင်းတာတွေကို အခု ၃၊ ၄ လ အတွင်း လုပ်လာတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။
သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ကွမ်းခြံကုန်းတွင် ဓားပြတိုက်၊ လူသတ်မှုများ ဖြစ်ပွားပြီးနောက် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ရန်ကုန်မြို့တွင်း ရာဇ၀တ်မှုများကို ယခုကဲ့သို့ စိစစ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တပတ်အတွင်း ကောက်ယူထားသော စာရင်းများကို ထုတ်ပြန်ချက်အရ မှောင်ရိပ်ခိုမှုနှင့် မူးယစ်ရမ်းကားမှု ၂၀၀ ကျော်၊ ခိုးမှု၊ မသင်္ကာမှု ၄၀ ကျော်၊ လက်နက်မှု ၂၀ ကျော်၊ ယစ်မျိုးနှင့် မူးယစ်ဆေးဝါးမှု ၁၀ မှု၊ ပြည့်တန်ဆာမှု ၅၀၊ လောင်းကစားမှု ၂၀ ကျော်တို့ ပါဝင်ကြောင်းသိရသည်။
“တလအတွင်း အမှုဘယ်လောက် ဖော်ထုတ်ရမယ်ဆိုတဲ့ စီမံချက်တွေကို မြို့နယ်တွေအလိုက် တင်ခိုင်းတာရှိတယ်။ ဒီလို လုပ်တာ ဘာပြဿနာတက်လဲဆိုတော့ အမှုပြည့်အောင်ဆိုပြီး အကုန်ဆွဲထည့်ကုန်တာရှိတယ်။ ဥပမာ မသင်္ကာမှုလိုမျိုးပေါ့။ အဲဒီလို အမှုတွေက များလာတယ်” ဟု ပန်းဆိုးတန်းမြို့နယ်ရှိ ဒုရဲအုပ်တဦးကပြောသည်။
“ကွမ်းခြံကုန်း ဓားပြတိုက်၊ လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ရာဇ၀တ်မှု အသေးတွေကစပြီး ဖော်ထုတ်ဖို့၊ သူတို့ ဖြစ်စေချင်တာက မြို့နယ်အလိုက် တက်လာတဲ့ အမှုစာရင်းတွေ စုစည်းတင်ပြပြီး အခု နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကနေ ထိထိရောက်ရောက် ကိုင်တွယ်နေတယ်ဆိုတာကို ပြချင်တာလည်းပါတယ်” ဟု အဆိုပါ ဒုရဲအုပ်က ဆက်လက်ပြောသည်။
မြို့နယ်အတွင်းရှိ လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းများက ရဲဌာနအသီးသီးကို လိုင်းကြေးပေး၍ လုပ်ကိုင်နေသော်လည်း အထက်မှ စီမံချက်ချမှတ်သည့် အခါမျိုးတွင်မူ ဖမ်းဆီးမှုများ ပြုလုပ်ရကြောင်းလည်း ၎င်းက ရှင်းပြသည်။
“တချို့ အမှုတွေက ရဲစခန်းမှာတင် ပျောက်သွားတာရှိတယ်။ သက်ဆိုင်ရာရဲအရာရှိနဲ့ ပေါင်းပြီး တရားခံနဲ့ တရားလို ကျေအေးလိုက်တဲ့ အမှုမျိုးတွေရှိတယ်။ အဓိကကတော့ မြန်မာပြည်မှာ အထက်ကို အဆင့်ဆင့်တက်လေ အချိန်ကုန်၊ ငွေကုန်လေဆိုတော့ ဒီနည်းနဲ့ ဖြေရှင်းကြတာများတယ်။ ဒီတော့ မှုခင်းစာရင်းထဲ မသွင်းဘဲ အောက်ခြေမှာတင် ပျောက်နေတဲ့ အမှုသေးတွေ ထောင်နဲ့ ချီရှိနေတယ်” ဟု ဥပဒေအရာရှိတဦးက ပြောသည်။
ယခုကဲ့သို့ မှုခင်းများဖြစ်ပွားနှုန်း မြင့်တက်လာခြင်းကို တရားဝင် သတင်းထုတ်ပြန်ခြင်းသည် ရဲဌာနချုပ်အနေနှင့် မှုခင်းဖော်ထုတ်မှုများ တိုးတက်လုပ်ဆောင်နေကြောင်း ပြသမှု ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ် ၉ ရပ်ဖြင့် မှုခင်းလျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 7049
Comments (4)

written by DNOW88, July 15, 2010
အော် ... ခလေးက နို့ဆာလို့ ငိုတာကို နို့မတိုက်ပဲ ငိုလို့ ဆိုပြီး ထပ်ရိုက် သ လိုဖြစ်နေပြီ .. ဒီလို ရာဇဝတ်မှုတွေ ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတဲ့ အရင်း အမြစ်ကို ရှာပြီး ပြုပြင်မ ယ်တော့ မစဉ်းစားဘူး .. ဘယ်လောက်ပဲ ဖမ်းဖမ်း အဓိက ကျတဲ့ စားဝတ်နေရေး ချို့တဲ့ နေသ၍ ရာဇဝတ်မှုတွေက ဆက်ဖြစ်ေ နဦးမှာဘဲ .. ဒီတော့ ကိုခင်ရီရေ ထပ်ရို က်နေမ ယ့်အစား နို့တိုက် ဖို့ကိုလဲ နဲနဲစ ဉ်းစားကြပါဦး လို့ ....
written by 18နှစ်, July 14, 2010
၁၈နှစ်ြ ပည့် သူ တိုင်း ပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ရာဇဝတ်မှု ကျူးလွန် ပိုင်ခွင့် တွေများ နအဖရဲ့ အခြေခံဥပဒေမှာ ရှာတွေ့ မိလို့ များလား။
written by Lucid, July 14, 2010
ရာဇဝတ်မှုတွေ မတိုးပဲ နေပါတော့မလား။ အလကားနေ ဒီကောင်တွေက အမှုပဲ ရှာတင်နေတာကိုး။
ဒါမှလဲ ဝင်ငွေတိုးမယ်လေ။ သူများတွေကို အချုပ်ထဲ ထည့်... ရိုက်နှက် ညှင်းပန်း နှိတ်စက်..
ငိုစား၊ ရယ်စား...ငယ်တဲ့အမှု ပိုက်ဆံ မတတ်နိုင်လို့ ဖြစ်ဖြစ်၊ သောက်ညင်ကတ် ပုဒ်မ ဖြစ်ဖြစ်
ကြီး သွားဖို့သာ ပြင်ထား.... အဲဒါ နအဖ စစ်အစိုးရ အုပ်ချုပ်နေတဲ့ တိုင်းပြည်က ရဲတပ်ဖွဲ့ပဲ။
ဒါမှလဲ ဝင်ငွေတိုးမယ်လေ။ သူများတွေကို အချုပ်ထဲ ထည့်... ရိုက်နှက် ညှင်းပန်း နှိတ်စက်..
ငိုစား၊ ရယ်စား...ငယ်တဲ့အမှု ပိုက်ဆံ မတတ်နိုင်လို့ ဖြစ်ဖြစ်၊ သောက်ညင်ကတ် ပုဒ်မ ဖြစ်ဖြစ်
ကြီး သွားဖို့သာ ပြင်ထား.... အဲဒါ နအဖ စစ်အစိုးရ အုပ်ချုပ်နေတဲ့ တိုင်းပြည်က ရဲတပ်ဖွဲ့ပဲ။
written by Thazin Pyu, July 14, 2010
မှုခင်းတွေ များ နေရတာကတော့-
(၁) ဆင်းရဲမွဲတေမှု --
(၂) အဂတိ လိုက်စားမှု --
(၃) တရားဥ ပဒေ ၏ မထိရောက်မှု တွေကြောင့် ဖြစ်ပါတယ်---
အား လုံးကိုခြုံပြောရရင်တော နိုင်ငံရေးစံနစ် မှားယွင်း နေမှြုေ ကာင့်ဖြစ်ပါတယ်။
ချက်ချင်းလက်ငင်း အကျိုး ရှိစေ ချင်ရင်တော့ မီဒီယာ တွေကို လုံးဝ လွတ်လပ်ခွင့် ပေးရပါမယ်။
(၁) ဆင်းရဲမွဲတေမှု --
(၂) အဂတိ လိုက်စားမှု --
(၃) တရားဥ ပဒေ ၏ မထိရောက်မှု တွေကြောင့် ဖြစ်ပါတယ်---
အား လုံးကိုခြုံပြောရရင်တော နိုင်ငံရေးစံနစ် မှားယွင်း နေမှြုေ ကာင့်ဖြစ်ပါတယ်။
ချက်ချင်းလက်ငင်း အကျိုး ရှိစေ ချင်ရင်တော့ မီဒီယာ တွေကို လုံးဝ လွတ်လပ်ခွင့် ပေးရပါမယ်။
Write comment
| < Prev | Next > |
|---|







