NLD ဆုံးဖြတ်ချက် မှားယွင်းနိုင်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ခဲ့ ခြင်းသည် မှားယွင်းမှု ဖြစ်နိုင်ဖွယ် ရှိကြောင်း သုံးသပ် ပြောဆိုမှုများ ရှိနေသည်။

NLD ပါတီသည် ဒီမိုကရေစီ စံချိန်ကို ထိန်းသိမ်းရန် တခုတည်းသော ရွေးချယ်စရာမှာ ပါတီကို မှတ်ပုံမတင်ခြင်း ဖြစ်သော်လည်း ၎င်း နည်းလမ်းသည် မှားယွင်းနိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် အခန်းကဏ္ဍတခုအနေဖြင့် ပါဝင်သင့်သည်ဟုပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ဝေသည့် The Economist  အင်တာနက်သတင်းစာမျက်နှာတွင် ရေးသား ထားသည်။

NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ပါတီအတွင်း ဥက္ကဌ ဦးအောင်ရွှေက မှတ်ပုံတင်ရန် ညွှန်ကြားထားပြီး ရွေးကောက်ပွဲကို ၀င်လိုသူ များလည်း ရှိကြောင်း၊ သို့သော် ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် ပြည်သူလူထုနှင့် ပါတီဝင်များ၏ ဒီမိုကရေစီအရ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ပြောသည်။

“မှတ်ပုံမတင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်တည်မှု တရား၊ အရှိ တရားကို ဆုံးဖြတ်တာပဲ”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံရေးအပါအ၀င် ရွေးကောက်ပွဲဝင်ရေး နှင့် ပတ်သက်၍ ပါတီဝင်တချို့၏ ရပ်တည်မှုကို လက်ခံ ကြောင်း၊ သို့သော် အများဆုံးဖြတ်ထားသည့်အတိုင်း ပါတီ၏ ပုံရိပ်နှင့် အမည်သုံးခွင့် မရှိကြောင်း ဦးဝင်းတင်ကပြောသည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာများသည် ချက်ချင်းလက်ငင်း ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာများမဟုတ်ကြောင်း၊ လက်တွေ့ ဆန်စွာ စဉ်းစားမည်ဆိုလျှင် ရွေးကောက်ပွဲကို လက်ခံ၍ တဖြည်းဖြည်းခြင်းသာ ဒီမိုကရေစီကို ပြောင်းယူရမည်ဖြစ်ကြောင်းချင်းမိုင် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက ပြောသည်။

“ဦးသုဝေတို့ဆိုရင် လက်တွေ့ဆန်ဆန် စဉ်းစားပြီးတော့၊ ၀င်သင့်တယ်ဆုံးဖြတ်တယ်၊ ၀င်မယ်ဆိုရင်လည်း လိုက်လျောမှုတွေ တချို့ လုပ်ရမယ် ဆိုတာကို လက်ခံတယ်”ဟု ၎င်းဆိုသည်။

NLD ၏ ဆုံးဖြတ်ချက်သည် လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြစ်သော်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကို ပစ်ပယ် ရာရောက်နေကြောင်း၊ စစ်အစိုးရကဲ့သို့ ပြည်သူကို လျစ်လျူရှုလုပ်ကိုင်နေသည်ဟု ထင်ကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။

NLD ဗဟိုအလုပ်အမှုဆောာင်တဦးဖြစ်သူ ဦးဟံသာမြင့်က ပါတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလော လော ဆယ်တွင် အတိအကျမပြောနိုင်ကြောင်း၊ မကြာမီ အစည်းအဝေးတခုပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် တနလာင်္နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။
Comments (36)Add Comment
0
Wake Your Brain up - Thinks for 20 Years back
written by Octopus, April 05, 2010
Please memmorize this
General AUNG SUN Fought for Liberty & Killed .
SUU KYI Behind Bar for many years by COUNTRY.
All These they sacrified Just for COUNTRY.

Now COUNTRY Left Behind them away?
0
Facist Than Shwe's election!
written by Ba Zaw, April 05, 2010
For those who are against of NLD's decision, should learn very well about of current military rules and facist POWER CRAZY Than Shwe's plan!And then we must unite each other to fight dictatorship but not to blaming one another in this time.
0
လက်ရှိနှင့် အနာဂတ် အကျိုး သက်ရောက်မှု ဖြစ်ထွန်းဖို့သာ အရေး ကြီး၏ ...
written by လင်းလက်ကြယ်စင်, April 05, 2010
တကယ်တော့ ဆုံးဖြတ်ချက် တစ်ခုကို သေသေချာချာ ကောက်ချက် ချရင် “မှားတယ်” ၊ “မှန်တယ်”ဆိုတာ ပြောရ ခက်ပါတယ် .. ။ ပြောနိုင်တာက “ဘယ်ဆုံြး ဖတ်ချက်က မြန်မြန်နဲ့ ပိုအကျိုးရှိ နိုင်မလဲ”ဆိုတာပါပဲ .. ။ လူတွေအား လုံးဟာ မိမိ အတွေ့ အကြုံ ၊ မိမိ ကိုယ်ပိုင် ခံစားချက် ၊ အတွေး အမြင်တွေနဲ့ ကောက်ချက်ချ ၊ ဆုံးဖြတ်ချက် ချကြတာ ဆိုတော့ မှားတယ် မှန်တယ် ဆိုတာထက်... လက်တွေ့နဲ့ ရေရှည်မှာ ဖြေးဖြေးချင်း အကျိုး သက်ရောက်ဖို့ကသာ ပို အရေးကြီးပါတယ် ..

သာမန်ပြည်သူ ပြည်သား တစ်ယောက် အတတ်နိုင်ဆုံး အလုပ်က လမ်းမပေါ် ထွက်ပြီး အသက်စွ န့်နိုင်တာ မဟုတ်ပါဘူး .. (အထူးသဖြင့် လွတ်လပ် တရား မျှတခြင်း မရှိသောနေရာ) .. ရက်စက်စွာ ပြုမူ ဆက်ဆံတဲ့ နိုင်ငံမှာ နေထိုင် နေရတဲ့ ပြည်သူ ပြည်သား တစ်ယောက် အလုပ်နိုင်ဆုံးအရာက သူ့ဆန္ဒ အရင်းမှန်ကို ဆန္ဒမဲပေးပြီး ထိုမဲ မှန်ကန်စွာ ထွက်ပေါ် လာနိုင်ရေး အတွက် အမှန် တရားကို သက်ဆိုင်ရာ နေရာတွေမှာ ၀ိုင်းဝန်း စောင့်ရှောက်ခြင်းပါပဲ .. ။
0
စဉ်စဉ် စားစားတော့... လုပ်စေချင် ဘာတယ်..
written by စိတ်, April 05, 2010
ခေါင်းဆောင်(ဒေါ်စု)မပါဝင် နိုင်တာနဲ့... .ပါတီ မအောင်မြင်နိုင်ဘူးလို့ စဉ်စား တာကတော့..
နဲနဲ အမြင် ကျဉ်းမြောင်း သွားသလိုပဲ.... ဥပဒေအရ မပါဝင်နိုင် တာေ တာင်မှ.. .ပြည်သူတွေရဲ့.. .ရင်ထဲ မှာကတော့..
ဒေါ်စုဟာ NLDရဲ့.. ..ခေါင်းဆောင် တဦး ဆိုတာကတော့.....အမြဲ ရှိနေမှာပဲလေ....
အခု ခြေ အနေကတော့. ...ဒေါ်စုကို ချုပ်ကိုင်ထားရင်. ..ဒေါ်စု မပါရင်.. .NLD ဟာ ဘာမှလုပ်လို့ မရဘူးလို့.. .သတ်မှတ် ထားတဲ့...
စစ်အစိုးရရဲ့.. .အမြင် အတိုင်း... ...NLDကလိုက်လုပ်နေသလို ဖြစ်နေတယ်....
ပြည်သူတွေက....ဒေါ်စုကိုပဲ ထောက်ခံပြီး.. ...ပါတီ(NLD)ကို မထောက်ခံ ဘူးလို့. ...NLD ကိုယ်တိုင်က...
ကြော်ငြာပြီး ပြောနေ သလိုပဲ......
သဘော်တခုက... .တကယ်လို့.. .ဒေါ်စုက.. .သူဘာသာသူ ...ပါတီ ထောင်မယ် ဆိုရင်...
NLDက ဘာတခုကိုမှ မလုပ်နိုင်တော့ဘူလား...
ကျန်တဲ့. .ခေါင်းဆောင် တွေကရော..ဘာမှမလုပ်နို င်တော့ဘူးလား....
အခု အချိန်ဟာ. ..ဗိုလ်ချု ပ်အောင်ဆန်း တွေးခဲ့တဲ့...လုပ်ခဲ့ တဲ့...အ တိုင်း..အ တုယူပြီး..
လိုက် လုပ်ဖို့သင့်တဲ့..အ ချိန်ပဲလို့ တော့ထင်မိတယ်.......
0
Right Decision !
written by Nanda, April 05, 2010
Please try to see clearly between People and power.
NLD made the right decision.
0
...
written by htetkhaung, April 04, 2010
some people wrote critical essay to N.L.D.i wanna say to them... how much trust on THAN SHWE?
0
ဦးအောင်နိုင်ဦး သုံးသပ်ချက် မှားနေပ်သည်။
written by မြနဒီ, April 03, 2010
ဦးအောင်နိုင်ဦး ရဲ့ အယူအဆ ကို လက်မခံနိုင်ပါ။ ( NLD လုပ်ရပ်သည် ပြည်သူ လူထု၏ အကျိုး စီးပွားကို ပစ်ပယ် ရာရောက်နေကြောင်း၊ ) ဆိုတဲ့ သုံးသပ်ချက် မှားပါသည်။ နအဖ ရဲ့ Road Map သည် ပြည်သူ လူထု၏ အကျိုး စည်းပွားကို ပစ်ပါယ်ထါး တဲ့ ၂၀၀၈ ဖွဲ.စည်းပုံကြီး ကို ကိုင်စွဲ ထါးသည့်အတွက် ပြည်သူ ကိုယ်တိုင်က ဘယ်လိုမှ လက်မခံနိုင် ပါ။
0
...
written by yemintun, April 03, 2010
ပြည်တွင်းကို ပြန်ပြီး စစ်အစိုးရနဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းချင်ပါတယ်၊
0
NLD is right.
written by Blue Flower, April 03, 2010
Sorry,
NLD did the RIGHT decision.
To register under UNJUST Laws, is it FAIR?
Why do we have to dance by the military's tune?
Sorry to follow the UNFAIR laws and regulation.
If military keep their speech- 90 election Law- there would be no 2008 constitution and 2010 Election laws. Correct?
Please sympathy on people's side. They suffers for long time under military boots.
Who made the problems? The persons who UNBELIEVABLE started the problems.
Deal?
Please dare to face.
0
ခင်ဗျားတို့ ဝင်ပါလား
written by ဇော်ဇော်, April 03, 2010
ခင်ဗျားတို့  မြန်မာပြည်ထဲ ၀င်ပြီး ပါတီ ထောင်ပါလားဗျာ
0
...
written by Kyaw Moe Naing, April 03, 2010
Who is Aung Naing Oo? Do we need to listen to him? Who gave him the title of The specialist for Burma?
0
...
written by Shin Zaya, April 03, 2010
I agree that NLD should enter the election. NLD should fight every battles.
Even NLD is not well prepare or not and NLD will win 40:60 or not.
The main thing is army is not enemy.
Neighborhood is not fully democracy.
In the past, we select the NLD and NLD ask to army for full democracy so both side cannot negotiate
and people suffered for only army government.
Now NLD prepared again for these history for people.
..., Low-rated comment [Show]
0
Agree
written by Ko Thet, April 03, 2010
agree with economics.
0
်မှားတယ် မဆိုနိုင်ပါ။
written by မေမြန်မာ, April 03, 2010
အများစုရဲ့ ဆန္ဒကို အတည်ပြုတာ ဒီမိုကရေစီ ခေါ်ပါတယ်။
ဆောင်းပါးရှင် တယောက်၊ လေ့လာသူ တယောက် နဲ့ လူ အနည်းငယ်က ပါတီ မှတ်ပုံ တင်သင့်တယ် ယူဆ ကြပေမယ့်၊ အန်အယ်လ်ဒီ အဖွဲ့ချုပ်၊ နယ်ရုံးခွဲ များနဲ့ ပြည်နယ်နဲ့ တိုင်းများမှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ လူငယ်အဖွဲ့ နှင့် အမျိုးသမီးများ အဖွဲ့၊ အားလုံးရဲ့သဘောထားနဲ့ ဆုံးဖြတ်ခဲ့တယ် ပြောပါတယ်။ ဒါဟာ ဒီမိုကရေစီ စနစ်ပါ။ တိုင်းရင်းသား အဖွဲ့ အများစုကလည်း အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို လက်ခံ ကြိုဆို ထောက်ခံကြပါတယ်။ တိုင်းရင်းသား အဖွဲ့ အများစုက အနာဂတ်မှာ အန်အယ်လ်ဒီ နဲ့ ညီညီ ညွတ်ညွတ် လက်တွဲ အလုပ် လုပ်နိုင်ကြမယ် ဆိုတာ ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဝမ်းသာစရာ အချက်ပါပဲ။
0
Is NLD' Decision Wrong?
written by Chit Thein Than, April 03, 2010
I don't think the NLD's decision not to register as a political party is wrong. The SPDC's electoral laws make it decide that way as it (SPDC) instructs all political parties either to cow according to their dictates or to defy it. The NLD correctly chose the latter option.
At a glance it seems that reregistration is the only way for NLD to survive, but how would it survive under the constraint of repressive measures taken by the SPDC since the NLD won the elections in 1990. It is worse now. The SPDC was following the Ma Sa La's method of outlawing all other political parties and making it the only legal one the only difference this time being other parties must obey and follow the SPDC' terms.
The ethnic parties like Shan NLD, Arakanes and Mon parties also do not register. I think it's the correct decision the NLD made. We have to see the impact and results in the future. One thing is sure: the upcoming general election is not open, fair and inclusive.
စိတ် ညစ် သူ, Low-rated comment [Show]
0
မမှားပါဘူး.. ကိုအောင်နိုင်.. ရယ်
written by update, April 03, 2010
NLD ကို ရွေးကောက်ပွဲ မှတ်ပုံ မတင်တာနဲ့ ပတ်သက်ပြီး မှားတယ် ဆိုတဲ့

သုံးသပ်ချက်ကို လက် မခံနိုင်ပါဘူး။ တစ်ကယ်တန်းဆို နအဖ ဘက်က တစ်ခုမှ မလိုက်ရောပဲ

နဲ့ NLD ကိုပဲ ၀ိုင်း ပြောနေစရာ မလိုပါဘူး ၀င်စရာ မလိုဘူး။ ပြီးတော့ ခေါင်းဆောင် မပါတဲ့ အဖွဲ အစည်းကရော

အောင်မြင်မှု ရှိပါ့မလား။ စောင့်ကြည့်ပါအုံး ဘယ် ဆုံးဖြတ်ချက် မှန်တယ် ဆိုတာကို ကျမတော့ ဒါပဲ ပြောချင်ပါတယ်။



0
...
written by ပိုးဥ, April 02, 2010
ကိုယ်ဖြစ် ချင်တာတွေကို ရှေ့ တန်းတင်ပြီး မပြောကြပါနဲ့ ။ ပါတီ ခေါင်းဆောင်ကို ဖယ်ထုတ်၊ ပြည်သူ လူထု အတွက်၊ ဒီမိုကရေစီ အတွက် ထောင်ထဲမှာ စတေးခံနေကြတဲ့ သူတွေကို ဖယ်ထုတ်ပြီး ပါတီကို မှတ်ပုံတင်ရမယ် ဆိုတော့ ဒါဟာ မတရားမှု လုံးလုံး ဖြစ်သွားပါပြီ။ ကိုယ့်အတ္တ ကိုယ် ရှေ့ တန်းတင် သလို ဖြစ်သွား ပါလိမ့်မယ်။ ရှင်းရှင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စွမ်းဆောင် နိုင်မှုတွေကို ယုံကြည်လို့  လူတွေက NLD ကို ထောက်ခံ နေကြတာပါ။ ဒီတော့ ခေါင်းဆောင် မရှိတော့မယ့် ပါတီရဲ့ အဆုံး အဖြတ်ကို ပြည်သူတွေက လိုက်နာ ချင်ပါ့မလား ဆိုတာလဲ ထည့်စဉ်းစာြး ကပါဦး။ ဒါကြောင့် မတရားတဲ့ ဥပဒေ၊ မတရားတဲ့ အုပ်ချုပ်မှု အောက်ကို တိုး မဝင်သင့်ပါဘူး။ လက်ရှိ NLD ဆုံးဖြတ်ချက်သာ အမှန်ဆုံးပါ။
0
Yes, I agreed
written by REALITY, April 02, 2010
Ye , I agreed that NLD's decision might not be good for the party and parliamentary seats .
But, It is absolutely the best for the people and Burma.
Long live people's power!! Long live NLD!!! Long live Democratic Burma!!!
And, my great thanks and love to all NLD members who voted " NO " on March 29 2010 and supporters.
You all have been recorded in the history of Burma as good peoples who passed the great test.
Cheers!!!!!!!!!
0
...
written by သက်, April 02, 2010
ဒီကိစ္စကို သတ္တိ ကောင်းကောင်းနဲ့ ထုတ်ဖေါ်တာကို ချီးကျူး ပါတယ်။ ဒီကိစ္စကို ပြောချင်ပေမဲ့ မပြောရဲသူတွေ အများကြီး ရှိပါတယ်။
0
လက်တွေ့ လုပ်တော့ကောဘာထူးတ ရှိလို့ လဲ
written by Sam, April 02, 2010
တဖြည်းဖြည်း ခြင်းသာ ဒီမိုကရေစီကို ပြောင်း ယူရမယ်တဲ့ ၊ အနှစ် ၂၀ လက်တွေ့  စောင့်နေရပြီ၊ ဘာတွေ ထူးခြားလာ လို့ လဲ။ ကြိုက်ရင် သွားပြီး ......... ......
0
အပေးအယူ
written by soe tint, April 02, 2010
အပေး အယူ လုပ်တယ် ဆိုတာ အလျော့နဲ့ အတင်း ၂ မျိုးစလုံး လုပ်ဘို့ စိတ်ဓါတ် ရှိတဲ့ လူတွေချင်း စကားပြော အဖြေရှာတာ ကမ်းကုန်အောင် လျော့ထား တာကိုမှ ထပ် လျော့ရအုံးမယ် တဖက် ကလည်း လျော့ပေးဘို့ လုံးဝ မစဉ်းစားတဲ့ အပြင် လိုချင်တာမရ ရင် ဖမ်းပြီးရင်း ဖမ်းဘို့ အသင့်ြ ပင်ထားတဲ့ ဥပဒေ လက်နက်နဲ့  ဆိုတော့ အင်း မကြာမီ လာတော့မယ့် အချိန်ရဲ့ အဆုံး အဖြတ်ပေါ့ တိုင်းပြည်ြ ကီးရေ
0
အစကောင်းမှ အနှောင်း သေချာမည်...
written by zayaroo, April 02, 2010
(NLD) ကို မှတ်ပုံ တင်စေချင်တဲ့ သူတွေ ရဲ့ သဘောထားက နအဖ အစိုးရဆီက တိုးတက် ပြောင်းလဲမှူတွေ ဖြစ်လာ မလားလို့ မျှော်လင့်တဲ့ သူတွေ များပါတယ်..အမှန်က နှစ်ပေါင်း နှစ်ဆယ် လုံးလုံး တစက် ကလေးမှ ပြောင်းလဲ လိုက်လျော့ခဲ့တာ မရှိဘူး၊ ယုံကြည်စရာ လဲ မရှိဘူး ဆိုတာ စဉ်းစားသ င့်တယ်။ ပြည်သူ လူထု ကောင်းစားဖို့ စေတနာထက် သူတို့ အဏာ တည်မြဲရေးကိုပဲ လိုလား နေတာ ၂၀၀၇ ရွှေဝါရောင် အရေးခင်းက ထင်ရှား လွန်းတယ် .မှတ်ပုံ တင်လည်း အစိုးရက သူလုပ်ချင်တာပဲ လုပ်မှာပဲ.. မှတ်ပုံ မတင် လိုက်တာဟာ နှစ်ပေါင်း များစွာ အေးစက် နေပြီး ဖြစ်တဲ့ နိုင်ငံရေးကို ထိပ်တိုက်စိန်ခေါ် လိုက်ခြင်းပဲ။ နိုင်ငံတကာ နဲ့ ပြည်သူ လူထုကိုလဲ NLD ပါတီ မတရား အဖျက် ခံရတော့မယ် နိုင်ငံရေး နိုးကြား မလားလို့ လှုံဆော်လိုက်တဲ့ သဘောပဲ။ ဆုံးဖြတ်ချက်က ချပြီးသွားပြီး ..ကောင်းတယ် ဆိုးတယ်ကို ဝေဖန် ရေးသားနေတာ ထက် ဒီအချိန်မှာ NLD ကို ၀န်းရံသင့်တယ်. အဲဒီလို ဝေဖန် ပြောဆိုနေတာ ဟာ ပြည်သူ လူထုကိုတွေဝေပြီး ဘာလုပ်ရမှန်း ဘာကိုရွေးချယ်ရမှန်း မသိအောင် လုပ်နေတာနဲ့ တူတယ်..
0

written by Ma Nge, April 02, 2010
ကျွန်မကတော့ ၀င်စေချင်တယ်.. ၀င်သင့်တယ် ထင်တာဘဲ။ ၀င်ရင်လည်း နိုင်ဖို့ သေချာသလောက် ရှိနေတာ။ အစိုးရက NLD ပါပါ မပါပါ ဒီဟာကို ဆက်လုပ်သွားမှာဘဲ။ တကယ်ဆို သူတို့က NLD ပါလာမှာ ကိုတောင် ကြောက်နေ ကြတာပါ။ အခုတော့ သူတို့ အလိုကျ ကြံ့ဖွံပါတီကိုပဲ အာဏာ ထိုးအပ လိုက်ရတော့မယ် ဖြစ်သွားမှာ။ NLD ရဲ့ Strategy ဟာ ရွေးကောက်ပွဲကို နိုင်အောင်လုပ်၊ 90 တုန်းကလို အပြတ် အသတ် မဟုတ်ရင်တောင် တစ်ခြား နိုင်တဲ့ တိုင်းရင်းသား ပါတီ တွေနဲ့ Coalition ဖွဲ့၊ ပြီးတော့မှ Amendment တွေ ဆွဲပြီး Constitution ကို ဖြေးဖြေး ခြင်း ပြင်ပေါ့။ တပ်က အမတ်နေရာ တော်တော များများကို ယူထားတယ်ဆိုပေမယ့် နိုင်ငံရေးမှာ အပေးအယူ အလျှော့အတင်း လုပ်ပြီး ကစားတတ်ရင် ကိုယ့်ဘက်ပါအောင် ဆွယ်လို့ ရနိုင်ပါတယ်။
0

written by နေမိုး, April 02, 2010
ဗိုလ်ချုပ်တွေက အန်အယ်ဒီကို ဦးကျိုးအောင် ချိုးနေတာကို ထင်သာ မြင်သာကြီး တွေ့ နေရတာကို မှားတယ် မှားတယ် လို့ သံကြောင်တွေ မအော်သင့်ပါဘူး။ အန်အယ်ဒီက ကိုယ့်အသက် ဆက်နိုင်အောင် ကိုယ့်ထမင်း ကိုယ်စားရင်း ရှင်သန် နေရတာကို ဗိုလ်ချုပ်တွေ အတွက် ဘကြီးတော်နွား ကျောင်း ပေးရမယ့် ရွေးကောက်ပွဲ ဥပဒေတွေ၊ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကို လက်ခံ ပေးရဦးမယ် ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အခုအချိန်က ပြတ်သားရမယ့် အချိန် ရောက်နေပြီဆိုတာ သိနားလည် သင့်ပါတယ်။
0
who win this withing 20 years?
written by rightvision, April 02, 2010
My view of point is NLD should pe register in election.You all want 100% power but they don`t want to pay 100% power.....So , should be adjust......if you have some of power ..you can do something..may be want to change rule and regulation..want to change fully democracy...anything can.I think ,some of generals at malitary who they also want to change to democray but they also scare they life in currelty condition.you have chance to take 75% power.after that upgrate to 100%.
0

written by KNMSPACE, April 02, 2010
ဆုံးဖြတ်ချက်မှားတယ် ဆိုရင် ပြောနေတဲ့သူတွေ ကိုယ်တိုင် ပြည်တွင်း ပြန်ဝင် လိုက်ပါ။ ဦးသုဝေပါတီ အတွက် လူလိုနေမှာပါ။ ဘာလဲ နအဖကို ထောက်ခံတာ ပြည်သူ အကျိုး စီးပွားလား။

အဖွဲ့ ချူပ် ဆုံးဖြတ် ချက်ဟာ ပြည်သူ အကျိုး စီးပွား ဖြစ်ပါတယ်။
0

written by htay tint, April 02, 2010
၁ - အန်အယ်ဒီမှ လူထု ကိုယ်စားလှယ် အားလုံး ဖြတ်ညှပ်ကပ် ရွေးကောက်ပွဲ ဝင်ခွင့်မရှိ ဘဲ
၂ - အန်အယ်ဒီ အဖွဲ့ ဝင်များ အဖမ်းခံ ထောင်ချခံ နေရသော လူများ ထောင်ထဲက မထွက်သေးဘဲ
အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားလို့  ဦးအောင်နိုင်ဦးက ဆိုသည်လား ။
၃ - အန်အယ်ဒီ အနေဖြင့် စစ်ကျွန် လုပ်ချင်တာတောင် ရုရှာ စိန်ကြယ်သီးတတ် စစ်ဘောင်းဘီဝ တ်တွေက ယုံကြည် ပါ့ မလား ။
တွေ့ ဆုံဆွေးနွေးရေးလမ်းစဉ် ခေါင်းဆောင်ကြီး အောင်နိုင်ဦးအနေဖြင့် ပြည်သူ့  ကိုယ်စားလှယ် ဦးသုဝေပါတီ နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ဝင်ပြပြီး ပြည်ပသို့ ပြန်မထွက်လျှင် သူရဲကောင်း စာရင်းမှာ မှတ်တမ်း တင်ပါမယ် ။


0

written by itchyhand, April 02, 2010
waht do you mean by practical ?. you will not get what you want by following the orders of unjust and give up your belief.
0
Ko Aung Naing Oo , please you should say practically . . . . .don't say theroycally.
written by Shahrukh Kyaw, April 02, 2010
I don't understand why he say like that.We have already wait over twenty years . The junta never give up for their crazy power . The junta will control under other name . They have already kept so many kinds of weapons to kill the public . What should we do under their unjust law? General Than Shwe will not change his endless and tasty power . He will alive until the end of world .
0
...
written by titan, April 02, 2010
ဦးအောင်နိုင်ဦး ဝင်ချင်နေတယ် ဆိုရင်လည်း ပါတီ ထောင်ပြီး လုပ်လိုက်ပါ လိုချင်တာတွေ ရလာမှာပေါ့.
0
ကျနော် ပြည်တွင်းက သတင်းထောက်ပါ
written by NO, April 02, 2010
ဒေါ်စုနဲ့ NLD မှားတယ်လို့ ပြောတဲ့ လူတွေ မြန်မာပြည်ကို ပြန်လာပြီး မြန်မာ လူထုတွေကို အင်တာဗျူး လုပ်လိုက်ကြည့် ကြပါဗျာ။ ဒါပါပဲ
0
စစ်အစိုးရ လက်အောက်တွင် ခြောက်လခန့်လာရောက် နေကြည့်စေချင်
written by NO, April 02, 2010
ဗမာပြည် အကြောင်း၊ မြန်မာပြည် အကြောင်း ကောင်းကောင်း မသိဘဲနဲ့ ရေးနေ၊ သားနေကျတဲ့ နိုင်ငံခြား သားတွေ လာနြေ ကည့်စေချင်တယ်။ The Economist မဂ္ဂဇင်းက သတင်း ထောက်များနှင့်အယ်ဒီတာ များကိုလည်း ယခု စစ်အစိုးရ လက်အော က်တွင် အနည်းဆုံး ၁၀ ရက်မှ ၆ လခန့်ထိ လာရောက်နေကြည့်စေချင်ပါတယ်။


မြန်မာ့အရေး လေ့လာသူ ဆိုတဲ့ ဦးအောင်နိုင်ဦး လည်း မြန်မာပြည်ကို ပြန်လာပြီး ပြည်သူတွေ နှင့် အတူ လက်ရေ တပြင်တည်း နေကြည့်စေချင်ပါတယ်။


NLD တွေ အနှစ် ၂၀ လုံး ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ မသိဘဲနဲ့ NLD မှား တယ်လို့ ပြောရင်
----- နောင်တချိန် ခင်ဗျားတို့ တရားခံ



ဂျပန်တွေ ၁၉၄၃ မှာလဲ လွတ်လပ်ရေးပေးခဲ့တာပဲ၊ တကယ်လွတ်လပ်ခဲ့ရဲ့လား၊ စစ်သားစစ်ဗိုလ်တွေ အာဏာရလာရင် ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူးဆိုတာ နားလည်ကြပါဗျာ။
NLD အစွန်းေ၇ာက်တယ်, Low-rated comment [Show]
0
NLD ဆုံးဖြတ်ချက် လုံးဝ မမှားယွင်းနိုင်
written by Mai Naww Hment , April 02, 2010
NLD ရဲ့ ရဲရင့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဟာ ပါတီ အတွက်ရော ပြည်သူလူထု အတွက်ပါ တကယ် အကျိုးရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် လုံးဝ မမှားယွင်း နိုင်ပါ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်